468x60 Ads

Tuesday, July 24, 2012

မိုရာကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း ဖာဂူဆန် ကိုယ်တိုင် အတည်ပြု

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က မိမိတို့ အသင်းသည် ဘရာဇီးလ် လူငယ် ကစားသမား လူးကက်စ် မိုရာကို စိတ်ဝင်စားကြောင်း အတည်ပြု ပြောကြားလိုက်သည်။

သို့သော်လည်း အစောပိုင်းက Mirror သတင်းဌာနတွင် ဖော်ပြထား သကဲ့သို့ မိုရာအား ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီ ဆိုခြင်းကိုမူ ဖာဂူဆန်က ငြင်းဆန်ခဲ့သည်။ Mirrorက ဘရာဇီးလ် အိုလံပစ် အသင်းမှ အသက်(၁၉)နှစ် အရွယ် ကွင်းလယ် တိုက်စစ် ကစားသမားလေးကို မန်ယူက ပေါင်စတာလင် (၂၇)သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း ရေးသားခဲ့ခြင်း ဖြစ်သည်။ မန်ယူသည် ဆော်ပေါ်လို အသင်းမှ ကစားသမားလေး အတွက် ဘရာဇီးလ်သို့ အသင်း ကင်းထောက်ချုပ် ဂျင်လော်လာကို စေလွှတ် ဆွေးနွေးစေခဲ့သည်။
ဖာဂူဆန်က "ကစားသမား အတွက် ကျွန်တော်တို့ ဘာသဘော တူညီမှုမှ မရသေးပါဘူး။ ကျွန်တော်တို့ အသင်းဘက်က မိုရာကို စိတ်ဝင်စားကြောင်း ပြသခဲ့ပါတယ်။ ဒါပေမဲ့ အတိအလင်း သဘော တူညီမှု မရသေးတဲ့ အခြေအနေမှာ ကျွန်တော်တို့ ဘက်ကတော့ ဘာမှ မပြောနိုင်သေးပါဘူး။ ဒီနွေမှာ ကျွန်တော်တို့ ရှင်ဂျီ ကာဂါဝါနဲ့ နစ်ခ်ပါဝဲလ်တို့ ကစားသမား နှစ်ယောက်ကို ခေါ်ယူပြီးပါပြီ။ ကစားသမား နှစ်ယောက်လုံး အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်ပါတယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့ ကစားသမားသစ်တွေ ခေါ်ယူဖို့ ရွေးချယ်နိုင်မယ့် အနေအထား အားလုံးကို လေ့လာနေပါတယ်" ဟု ပြောကြားသွားသည်။

မိုရာသည် လတ်တလောတွင် အိုလံပစ် အသင်းနှင့် အတူ လန်ဒန်သို့ ရောက်ရှိနေသည်။ အစောပိုင်းက မိုရာ ကိုယ်တိုင်က ၎င်းသည် မန်ယူ၏ စိတ်ဝင်စားမှုအတွက် ကျေနပ်ပျော်ရွှင်မိကြောင်း ဖွင့်ဟ ထားခဲ့သည်။

0 comments:

Post a Comment