468x60 Ads

Thursday, October 25, 2012

ဒီလိုလူမျိုးတွေကိုဘာလုပ်သင့်ပါသလဲ....


ကျွန်နော် ဒီမနက် www.myawady.com.mm မှာ  သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ် ၊ ဘာအကြောင်း လဲ ဆိုတော့ ကမ္ဘောဒီးယား ဘုရင်သီဟာနုရဲ့  ဓါတ်ပုံ တစ်ပုံကို တရုတ်အမျိုးသမီး တစ်ဦးက ဆုတ်ဖြဲ လိုက် လို့အဲဒီအမျိုးသမီးကို ကမ္ဘောဒီးယား တရား၇ုံးကနေပြီးတော့   ပြည်နှင်ဒဏ်ပေးလိုက်တဲ့ အကြောင်းလေးကို ဖတ်ပြီးတဲ့ အချိန်မှာ ဒီပို့စ်လေးကိုရေးမယ့် စိတ်ကူးလေးဖြစ်လာတာပါ.. ဘာလဲဆိုတော့ သူတို့ နိုင်ငံ တွေမှာ သူတို့ လူမျိုး သူတို့နိုင်ငံ အကြီးအကဲ တစ်ယောက် ကို ဘယ်လို တန်းဖိုးထားတယ် ဘယ်လောက် ၇ိုသေတယ်ဆိုတာကို ကြည့်ပြီးတော့ ကျွန်တော် တို့ မြန်မာလူမျိုး၊ ပြည်ပြေး ၊သစ္စာဖောက် နိုင်ငံရေးနားမလည်ပဲနဲ့  နိုင်ငံရေးလုပ်နေသူတွေ ၊အသားထဲ ကလောက်ထွက်တဲ့သူတွေ ဘယ်လောက်ထိ မိုက်ရိုင်းလဲ ဆိုရင် အောက်ကပုံကို ကြည့်ကြပါဗျာ..
မြန်မာလူမျိုးများ လေးစားတန်ဖိုးထားတဲ့ နိုင်ငံတော်အလံ ကို ခြေထောက်နဲ့ နင်းထားတဲ့ $ စား တစ်ယောက်






နိုင်ငံတော်အလံ ခြေထောက်နဲ့  နင်းနေကြသေား မူဆလင် တစ်စု
မြန်မာလူမျိုးတို့ အလေးအမြတ်ထားရာ အမြဲ တမ်းဦးထိပ်ပန်ဆင်ထားတဲ့ နိုင်ငံတော်အလံ ကို မြေမှာ ခင်းပြီး ခြေထောက်နဲ့  နင်းထားတဲ့ပုံဆိုရင် ဘယ်လောက်မိုက်ရိုင်းသလဲ ဆိုတာ စဉ်းစားကြည့်လို့ရပါတယ်.. ဒီလို လုပ်သူတွေဟာ တခြားလူမျိုးတွေ မဟုတ်ပါဘူး   မြန်မာပြည်မှာမွေးတဲ့   မြန်မာနိုင်ငံ သားစစ် စစ်တွေပါ..သူတို့စားဝတ်နေရေးအတွက် ဒီလိုမျိုးတွေလုပ်မှ အဆင်ပြေမယ်ဆိုတာ မှန်ပေမယ့် လည်း မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့တော့ ဒီလိုမျိုး မလုပ်သင့်ပါဘူးလို့ ယူဆရသလို စိတ်မကောင်း လည်းဖြစ်မိပါတယ်.. သူများနိုင်ငံမှာ တိုင်းတပါးသားက သူတို့လူမျိုး သူတို့ အကြီးအကဲ တစ်ယောက်ရဲ့ ပုံ ကို ဆုတ်ဖြဲ လိုက် လို့ ပြည်နှင်ဒဏ်ပေးလိုက်တယ် ဆိုရင် ကျွန်နော်ပြောခဲ့တဲ့ $ စားနိုင်ငံရေးသမားတွေရော ဘာလုပ်သင့်သလဲ …
နိုင်ငံတော်သမ္မတကြီး၏ ပုံကို မီး၇ှို့နေသောဘုန်းကြီးတစ်ပါး
နိုင်ငံတော်သမ္မတပုံတူ

ဆန္ဒပြရန်သယ်ယူလာသော သမ္မတကြီးပုံတူ
အဲ့ဒီလိုပဲ နိုင်ငံ တော်အကြီး အကဲ နိုင်ငံ တော် သမ္မတတစ်ယောက်ရဲ့ ပုံ ကို မီး နဲ့ ရှို့ ဆဲ ဆို နေကြသူတွေ ကို ကြည့်လိုက်ရင်လည်း သူများနိုင်ငံမှာနေပြီးတော့ ကိုယ့်မွေးရပ်မြေ ကိုယ့်နိုင်ငံ  ကို ပြန်ပြီး စော်ကား မိုက်ရိုင်းနေကြတာတွေလည်း ၇ှိပါသေးတယ် ဒီထဲမှာ သင်္ကန်းဝတ်ထားတာကို အကြောင်းပြပြီး ဒေါ်လာကို ပဲ မျက်စိထဲ မြင်တဲ့ ဘုန်းကြီးတွေလည်း ပါတယ် ဆိုတာအောက် ပုံ ကသက်သေတစ်ခုပါပဲ (တကယ့် သင်္ကန်းဝတ်ပြီး သာသနာပြုနေကြသောရဟန်းသံဃာတော်များကို မဆိုလိုပါ) ကိုယ့်နိုင်ငံ သမ္မတ ကို ကိုမှမလေးစား အားမကိုးရင် ဘယ် သူက လာပြီး လေားစားတော့မှာလဲ ဆို တာ ဒီ လို နိုင်ငရေး လုပ်နေတဲ့ လူတွေ ပညာနည်းနည်းတတ်တယ်ဆိုရင် စဉ်းစားသင့်ပါတယ်..အခုတော့ ဒီလို လူမျိုးတွေကြောင့် ဗုဒ္ဓဘာသာထွန်းကားတဲ့ကျွန်တော်တို့ မြန်မာနိုင်ငံဟာ နိုင်ငံ တကာအလယ်မှာမျက်နှာ ညိုးခဲ့ ရပါတယ်..တကယ်တော့ နိုင်ငံရေးလုပ်နေတဲ့ သူတွေကို ကြည့်လိုက်ရင် နှစ်တွေဘယ်လောက်ကြာကြာ နိုင်ငံ က မတိုးတက်မကောင်းစားပဲ နိုင်ငံ ရေးလုပ်တဲ့သူတွေပဲ တိုးတက်ကောင်းစားသွားကြတာချည်းပဲ ဆိုတာ  ဒီ လင့်လေးမှာ (http://www.oppositeyes.info/2012/10/blog-post_6789.html) သွားရောက်ဖတ်၇ှု့နိုင်ပါတယ်…အဲဒါကြောင့် ကျွန်တော် တို့ မြန်မာလူမျိုးအနေနဲ့ ကျွန်တော် ဖော်ပြခဲ့ ပြီးတဲ့ ကမ္ဘောဒီးယား နိုင်ငံ က အဖြစ်အပျက်လေးကို နမူနာယူပြီးတော့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး သိက္ခာကျအောင် လုပ်နေတဲ့ ဒီလို မျိုး ပြည်ပြေး  အသားထဲ ကလောက်ထွက်တဲ့ သူတွေကို လည်း ပြင်းပြင်းထန်ထန် ဆန့်ကျင် ၇ှုတ်ချကြပါလို့ အကြံပြုရေးသားလိုက်ရပါသည်ခင်ဗျား..။


0 comments:

Post a Comment