468x60 Ads

Thursday, October 25, 2012

နာမည် တစ်ခုရဖို့ ယခုအချိန်ထိ ကြိုးစားဆဲဟု ဆိုသူ ဆုပန်ထွာ

 သရုပ်ဆောင် ဆုပန်ထွာက သီချင်း သီဆိုသည့် ဘက်တွင် ပိုအားစိုက် ရပြီး နာမည်တစ်ခု ရရန် ယခုအချိန် အထိ ကြိုးစားနေဆဲ ဖြစ်ကြောင်း ပြောသည်။
”ပန်ပန့် ဘဝမှာ ဒီအနုပညာနဲ့ ပတ်သက်ပြီး အမှတ်ရ စရာတွေ တစ်ပုံကြီးပါ။ ပန်ပန် ဒီအနုပညာ လမ်းကြောင်းပေါ်မှာ ခြေချပြီး ခိုင်ခိုင်မာမာ နဲ့ ခုချိန်ထိ နေရာလေး တစ်ခု ရလာတာ ကုသိုလ် ကံကောင်းတယ် ဆိုတာ ထက် ရိုးသားစွာ ကြိုးစားတယ်။ ဇွဲမလျှော့ဘဲ ခြေလှမ်း မှန်မှန်နဲ့ လျှောက်တယ်။ အရင်က ကြိုးစားသလို ခုချိန်ထိ ကြိုးစားနေတုန်းပါပဲ။ အနုပညာ အလုပ်က အခြား စီးပွားရေး အလုပ်တွေနဲ့ မတူဘူး။ ဝါသနာ ပါရုံနဲ့ လုပ်လို့ ဘာမှဖြစ်မလာဘူး။ တော်ရုံတန်ရုံပဲ ပေးဆပ်ရင်တော့ ဘာမှ ပြန်မရနိုင်ဘူး။ လူသစ်များ ကြိုးစားမှုနှင့် ပတ်သက်၍ ”ကိုယ့်တုန်းက စီနီယာတွေ၊ ဆရာသမားတွေရဲ့ လက်တွဲခေါ်ယူမှု ရှိတဲ့အတွက် ဘာမှ သင်ယူခွင့် မရခဲ့ပေ မယ့် မြင်ရုံနဲ့ ကြိုးစားတဲ့ အတွက်ကြောင့် ဖြစ်လာတယ်လို့ ယုံကြည်တယ်။ ပန်ပန်ကတော့ နောက်တက်လာတဲ့ လူငယ်တွေကို ကိုယ်ချင်းစာတယ်။ ဘာပဲပြောပြော ဒီလူငယ် မောင်နှမတွေကို ပန်ပန်ပြောချင်တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်ပဲ အရေးကြီးဆုံးပါ။ ကြိုးစားပါ။ ကိုယ့်ရဲ့ ကံတရားနဲ့ ကိုယ့်ရဲ့ စေတနာထား တတ်မှု ဟာ ရောင်ပြန် ဟပ်လာမှာပါ။ အသစ်တွေကို ကြိုဆိုတယ်” ဟု ဆုပန်ထွာ က ဆိုသည်။
”မျိုးဆက်သစ်တွေကို ကြိုဆိုနိုင်ဖို့ ပန်ပန်တို့ အကြီးတွေက လုပ်နိုင်ရမယ်။ ကိုယ့်နေရာကို လုယူတယ်လို့ မမြင်ဘဲ ကိုယ့်လောကထဲကို ကိုယ့်ရဲ့ မျိုးဆက်သစ် တစ်ယောက် ထပ်တိုးလာတယ်။ ဒီလိုပဲ ခံယူပြီးတော့ လက်ဆင့် ကမ်းခေါ်ယူရမယ်”ဟု မျိုးဆက်သစ်ကို ကြိုဆိုကြောင်း ပြောသည်။

0 comments:

Post a Comment