468x60 Ads

Thursday, October 25, 2012

အပျိုကြီးမဟုတ် (မှားလို့ ) မလုပ် ပါဘူးဆိုတဲ့ ဂန္ထဝင်

 အနုပညာလမ်းပေါ် ဆက်လျှောက်နေပြီး ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ပါဘူး လို့ပြောတဲ့ ဂန္ထဝင်က အခုလက်ရှိ ရိုက်ကူးရေးမှာ အသစ်အသစ် တွေကို ဦးစားပေးပြီး ရိုက်လာကြတယ်လို့ ဆိုပါတယ်။ ”အစ်မက ကားရိုက်ကိုပါရင်ပြီးရောဆိုတဲ့ ကားမျိုးတော့မရိုက်ဘူး။” ဟု ဂန္ထဝင်က ပြောပါတယ်။ ပရိသတ်တွေနဲ့ လမ်းမှာဆုံတဲ့ အခါ ပရိသတ်ဆီ က ကြားတဲ့အသံကိုလည်း ဂန္ထဝင်က… ”ပရိသတ်တွေက ပြောကြတယ်။ သူတို့ရဲ့ စိတ်ထဲမှာ ၁ဝ နှစ်ဆိုတာကို မနေ့တစ်နေ့က လိုပဲလို့ ထင်ကြတာ။ ‘မင်းနဲ့မှချစ်တတ် ပြီ’ သီချင်းကိုလည်း မနေ့တစ်နေ့က လို့ပဲထင်ကြတာ။ အစ်မအနုပညာ လုပ်သက်ကြာနေမှန်းသိတဲ့လူ ကျတော့လည်း အခုထိ ငယ်ရုပ်လေးအတိုင်းပဲ၊ ဝလည်းမလာဘူး လို့ ပြောကြတာ။ ”လို့ပြန်ပြောပြပါတယ်။ အချစ်ရေးနဲ့ ပတ်သက်၍တော့ဂန္ထဝင်က …. ”အိမ်ထောင်ပြုရမယ့်အရွယ်တော့ရောက် ပြီ။ ဒါပေမဲ့ ဖူးစာဖက်   တော့မတွေ့သေးဘူး။ အဲဒီလိုပဲပြောရမှာပါပဲ။ အခုထိတော့ အပျို ကြီးပဲပေါ့။ အစ်မရည်းစားတော့ထားဖူးပါ တယ်။ သူနဲ့ကိုယ်နဲ့ အကြောင်းမပါလို့ ကွဲ သွားတယ်ပေါ့။ အခုချိန်မှာတော့ တစ်ယောက်တည်းပါပဲ။ ကံပါရင်တော့  ဖူးစာဖက်တွေ့မယ် လို့ပဲမှတ်ထားလိုက်တယ်” လို့ဆိုပါတယ်။ ဂန္ထဝင်က လတ်တလောမှာတော့ နေရဲမာန်ရဲ့ ဗီစီဒီအခွေမှာ သရုပ်ဆောင်ထားပါတယ်။

0 comments:

Post a Comment