468x60 Ads
Sunday, October 14, 2012
မြိတ်ခရိုင် တရားရုံကို ရိုက်ချိုးဖျက်ဆီး ဝင်ရောက်ပြီး ဘိန်းစာမှုန့်ဖြူးသွားခဲ့တဲ့ ရမ်းကားမှုကြီး
၂၀၁၂ ခုနှစ် အောက်တိုဘာလ၊ ၁၂ ရက်နေ့ နေ့လည် တွင် မြိတ်မြို့ ခရိုင် နှင့် မြို့နယ် တရားရုံတွဲဖွင့်ထားသည့် ရုံးအား အမည်မသိ မူးယစ်ဆေးဝါး သမားများ တံခါး ရိုက်ချိုးဖျက်ဆီး ဝင်ရောက်ပြီး ၊ စားပွဲခုံများဖျက်ဆီးပြီး ငွေ ၅၀၀၀၀ ကျပ် ယူဆောင်သွားသည့် အပြင် ဘိန်းစာမှုန့်များ ပစ်ဖြန်းထားခဲ့သည်ဟု နှီးစပ် ရဲတပ်ဖွဲံဝင်တစ်ဦးဆီမှ သတင်းရရှိပါသည်။
တရားရေး မဏ္ဍိုင်ကိုတောင် အတင့်ရဲစွာတက်ရောက်ဖျက်ဆီးနေခြင်းသည် မြိတ်မြို့တရားဥပဒေ စိုးမိုးရေးဆောင်ရွက်ချက်များတွင် ကြီးမားသည့် ချို့ယွင်းမှုများရှိနေပါသည်။ ဥပမာ- တရားရုံးရှေ့နေ ဦးသက်ဦးဆိုသူမှာ အတင့်ရဲစွာ တရာခံ အများစု နှင့် အချို့မှာ မတရား အမှုတွဲအတွင်းအတင်းဆွဲသွင်းပြီး အိမ်သို့ခေါ်ယူ ခြိမ်းခြောက်ပြီး ငွေတောင်းခံနေကြောင်း တရားသူကြီးများပင် ၄င်းအား ကြောက် ရွံ့နေရကြောင်း သိရပါသည်။
ဥပဒေ စိုးမိုးရေး ဆောင်ရွက်လျက်ရှိသည့် တရားရုံးပေါ်သို့တိုင် တက်ရောက်ရမ်းကားခဲ့သူများအား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းသိရပါသည်။
နယ်စပ်ရေးရာ ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှ OIC ရုံးကိစ္စ ရှင်းလင်း
အိုအိုင်စီ ရုံး လာဖွင့်မယ့် ကိစ္စနဲ့ စစ်တွေမှာ ဆန္ဒပြ ကန့်ကွက်မူတွေ ရက်ဆက်ဆိုသလို ပေါ်ပေါက်ပြီးတဲ့ နောက် ပိုင်းမှာ အိုအိုင်စီနဲ့ ရုံးဖွင့်လှစ်ရေး အတွက် သဘောတူ လက်မှတ်ရေးထိုးထားတဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနက ညွှန်ကြားရေးမှူး ချုပ်ဟာ စစ်တွေကို ရောက်ရှိလာပြီး ရခိုင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ သွားခဲ့တယ်လို့ သိရပါတယ်။နယ်စပ်ရေးရာ ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှဟာ နေပြည်တော် ကနေ စစ်တွေကို ရောက်ရှိလာပြီး ရခိုင်ခေါင်းဆောင် ၁၀ ဦးကို ပြည်နယ် နယ်စပ်ရေးရာ ရုံးသို့ ဖိတ်ခေါ်ကာ စစ်တွေမှာ အိုအိုင်စီ ရုံးဖွင့် ကိစ္စ အပေါ် ဆွေးနွေးသွားခဲ့ပါတယ်။
အခု ညွှန်ကြားရေးမှူးချုပ်ရဲ့ ခရီးစဉ်ဟာ ရခိုင်မှာ အိုအိုင်စီနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တဲ့ အတွက် လာရောက် လေ့လာ စုံစမ်းတဲ့ ခရီးစဉ် ဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အမျိုးသား လွှတ်တော် အမတ် ဒေါက်တာ အေးမောင်ကို ပြောပါတယ်။
ဆွေးနွေးပွဲမှာ တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ် ၁၀ ဦးထဲမှာ ရခိုင်ပါတီက လွတ်တော် အမတ်တွေ အပြင် ဒေသ အန်ဂျီအို တစ်ခု ဖြစ်တဲ့ ဝန်လက် ဖေါင်ဒေးရှင်းက ကိုယ်စားလှယ် တခိျု့နဲ့ မြို့မိ မြို့ဖ တခိျု့လည်း တက်ရောက် ခဲ့တယ်လို့ ဆိုပါတယ်။
အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ ခုလို ပြည်သူတွေရဲ့ လိုလား တောင်းဆိုတဲ့ အပေါ်မှာ တကူး တက လာရောက် ပြီး ဆွေးနွေး အဖြေရှာတာ ကတော့ ရခိုင်ဒေသမှာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။
Saturday, October 13, 2012
တပ်မတော်သားတစ်ဦးရဲ့  နှလုံးသားမှ စကားသံလေးများ
ရင်ထဲ မကောင်းဖူး သူငယ်ချင်း ကျည်တတောင့်
ထမင်းတနပ် ပြည်သူ့ ငွေ ဖြုန်းတီးတာ အခုချက်ချင်းရပ်
တဲ့ လားကွာ သူငယ်ချင်းတို့ မင်းတို့ နားလည်ပါ့မလား
ပြည်သူ့ စစ်သား တို့ စစ်သားဘဝ........
ုဖြုန်းတီးတယ် လို့ မင်းတို့ ပြောရင် ဖာကန့်  မှာ ပဒေသာ
မိုင်း အတွဲ လိုက်မိပြီး တလဘဲ ရှိသေးတဲ့ မင်္ဂလာဆောင်
ကျသွားတဲ့ သူနဲ့  အင်အား ၄၈ ယောက်
မင်းတို့ ဘာလို့ မရေးလဲကွာ မတန်လို့ လား....
သူငယ်ချင်း ကျည် တတောင့် ရဲ့နောက် ပေးဆပ်မှုက
အသက်တချောင်းနော် မင်းတို့ ပြောသလို မရပ်ခင်
ရဲရဲနီအောင် ခန္ဒာက သွေးကို မြေကျစေနိုင်တယ်
ဒါမဲ့ စစ်ခွေးမို့ မျက်ကွယ်ပြုနေ ကြလား .....
မင်းတို့ ရဲ့ ငြိမ်းချမ်းရေး ဖော်ထုတ်မှု ကို ငါလေးစားတယ်
သူငယ်ချင်း မင်းတို့ ထက် ငါတို့ ပို လိုချင်တာပေါ့
တဖက်သတ်ဆန်တဲ့ ဖိအားပေး ရင်ကို မစော်ကားပါနဲ့ 
အောက်ကျတယ်လို့ တွေးမိရင်တောင်....
ဒီမှာ သူငယ်ချင်း ငါတို့ စစ်သား ကရင်ပြည်နယ်
မငြိမ်းချမ်းမီ ပေးဆပ်ခဲ့တဲ့ ခြေထောက်ပိုင်ရှင်တွေ ခုချိန်
လက်မှတ်ရေးထိုး အသီးပွင့်ရတော့ သူတို့ ပျော်ရွင်တယ်
သူ့ ခြေထောက်ကို သူ မေ့ပလိုက်နိုင်တယ်...
အဲ့ခြေထောက်ပြတ်နေတဲ့ လူရဲ့ ရင်ထဲက ထွက်လာတဲ့စကား
ငါ့လို လူမျိုးတွေ နောက်ထပ် ထပ်မဖြစ်တော့ ဖူး
ငါမြင်ခဲ့ရတဲ့ ကရင်လူမျိုးတွေ တိုးတတ်တော့မယ်တဲ့
ဒီအမှန်တရားတွေ သူငယ်ချင်းတို့ တွက် ဟာသဖြစ်နေလား...
မင်းလက်လှမ်းမီ သမျှ လိုက်ဖတ်ကြည့်ပါဦး ငါတို့ လူမျိုး
တွေ လက်နက်ကိုင်အဖွဲ့ စည်းတွေ ပထမဆုံး တောင်းဆို
ကြတာ ပြည်နယ်ခွဲ ထွက်ရေး ဆိုတာကြီးဘဲ ဆိုတာ
တွေ သူငယ်ချင်း သိခဲ့ရဲ့ လား....
အဲ့တာဘာလဲ မြန်မာနိုင်ငံဆိုတဲ့ နေရာကနေ တစစီ
အကွဲကွဲပြားပြား ဖြစ်သွားနိုင်မဲ့ အနေထားကို ဘဲ
အဲ့လို မဖြစ်ချင်တော့ အသက်တွေပေးပြီး ညှိယူကြရတယ်
ငြိမ်းချမ်းရေးဆိုတာ မဖေါ်ဆောင်ခင်...
အဲ့ပေးဆပ်လိုက်တဲ့အသက်တွေ မင်းမြင်ရဲ့လားသူငယ်ချင်း
အမှန်တရားတခု ပြောပြမယ် သူတို့ အင်အားကောင်းနေသမျှ
ုငြိမ်းချမ်းရေး ဆိုတာစဉ်စားမယ်ထင်လား သူငယ်ချင်း
နောက် ငြိမ်းချမ်းရေးရသွားတော့ စစ်သားဆိုတာ အပယ်ခံပါဘဲ....
ငါတို့ ရင်ထဲ ငါတို့ စိတ်ထဲမှာ လိုအပ်လို့ ပျော်ပျော်ကြီးစတေးခံ
ဒီတိုင်းပြည်ကိုချစ်လို့  ငါတို့ မြေ ငါတို့ ရေ ကို တလက်မလောက်
ခွဲထွက် သွားမှာ ငါတို့ မင်းထက်ပိုကြောက်တယ်သူငယ်ချင်း
ဒါကြောင့် အပယ်ခံတွေ မုန်းတီးတာတွေမတွေးနိုင်ဖူး...
့သူတို့ စဉ်စားတာ ဒီနယ်မြေ တွက် လို့ တွေးနေပေမဲ့ ငါတို့ 
တနိုင်ငံလုံး အနေထား နဲ့ အမြဲ ဆင်ခြင်တွေးတော်နေခဲ့
အတတ်နိုင်ဆုံး ညှိနှိုင်းခဲ့တယ် သူငယ်ချင်း မင်းတို့ ပြခဲ့
တာကျတော့ အစိုးရတဖက်သတ် စွဲချက်တွေနော်...
ထိုးစစ်ရပ် ထိုးစစ်ရပ် ဆိုတာအော်နေပြီ သူငယ်ချင်းတို့ 
ပြောနေပေမဲ့ တကယ် သတင်းတတ်လာရင် ကြည့်လိုက်ပါ
ငါတို့ ခံဘက်ပါ ငါတို့ ဘက်က သေကြတာပါ
သည်းခံခဲ့ကြတာတွေ သူငယ်ချင်းသိခဲ့လား...
ဒီလက်တဆုတ်စာ ကို ကြောက်လို့ တော့မဟုတ်ဖူး
သမ္မတကြီးကိုလေးစားလို့ ဒီမိုကရေစီနဲ့ အတူ
ငြိမ်းချမ်းရေး လမ်း အတူလျောက်ချင်လို့  စောင့်နေခဲ့တာ
လက်တွဲခေါ်ခဲ့တာ သိလားသူငယ်ချင်း ...
ဒါပေမဲ့ တဖက် အဖွဲ့ စည်းကတော့ မင်းပြောတဲ့ ကျည်ကို
သုံးပြီးမင်းနိုင်ငံကို ကာကွယ်မဲ့ စစ်သားရဲ့ အသဲနှလုံးကို
ကျည်ဖူးနဲ့ အတူ အသက်ကိုပါ ပြုန်းစေခဲ့တယ်
မသိခဲ့ပါဖူး သူငယ်ချင်း....
နောက်ဆုံးတခု ငါတို့  ပြည်သူ ငွေကို အလွဲသုံးစားလုပ်နေတာ
မဟုတ်ဖူး ဖြုန်းနေတာမဟုတ်ဖူး ကျည်တတောင့် ထပ်
အဆမတန် တန်ဖိုးရှိတဲ့ အသက်ကို ရင်းပြီးစတေးနေတာ
အပိုပါလို့ မဟုတ်ဖူး သူငယ်ချင်း..
မင်းတို့ ပြောသလို ငါတို့ လည်းပြောတတ်တယ်
ဒါပေမဲ့ ငါတို့ နိုင်ငံကြီး တစဆီ ပြိုကွဲမှာကိုကြောက်လို့ 
ပါးစပ်ပိတ်ပြီး စော်ကားခံပြီးနေခဲ့ ငါတို့ 
ခံစားချက်တွေ ဖယ်ထားကြတယ်သူငယ်ချင်း.........
စစ်ပွဲနဲ့ အတူ မိဘ သားမယား ဇနီးက အစ ခွဲခွာပြီး
သူငယ်ချင်းတို့ စကားတွေ ရင်ထဲ စို့ နေအောင်မျက်ရည်ဝဲနဲ့ 
ရန်ကုန်လမ်းမဟုတ်တဲ့ စစ်မြေပြင်မှာ ငြိမ်းချမ်းရေး
မရခင်အထိ ငါတို့ ရှိနေဦးမှာဘဲ သူငယ်ချင်း...
ငါတို့ လည်း ငြိမ်းချမ်းရေး မင်းတို့ ထက်ငတ်မွတ်တယ်
ဆိုတာ တနေ့ မင်းတို့ သိလာမှာပါ လောလောဆယ်တော့
စော်ကား သမျှ ကို ကြေကွဲ မျက်ရည်တွေနဲ့ အစားထိုးထား
လိုက်ပြီး အိုသူငယ်ချင်း။
လေးစားစွာဖြင့်
ဖိုးသားလေး
ထိုင်းနိုင်ငံတောင်ပိုင်း မှာ ဆွမ်းခံသွားရင် ဒီလိုသွားရတယ်...
နိုင်ငံတော်သမ္မတကြီးထံ သို့ ပေးပို့သောတိုင်စာ
ဖားကန် မှာ KIA သတ်လို့ သေသွားရတဲ့ ဦးမင်းနိုင် ရဲ့ ညီမ တော်သူတစ်ယောက် က သမ္မတကြီး ဆီ နဲ့ KIA လူကြီး တွေ ဆီ ကို တိုင်စာ ကို ပေးပို့ ခဲ့ကြောင်းသိရပါတယ်။ ဒီလို သတ်လို့ သေးသွားတဲ့လူတွေ ဘယ်လောက်များ၇ှိနေပြီလဲ မသိဘူး။  အော်........( ငြိမ်းချမ်းပါစေမြန်မာပြည်......)
ဘုရားစေတီတွေကို ဗုံးခွဲဖို့ ကြံစည်သူ ၃ ဦးကို ဖမ်းမိ
ဘီဟား ပြည်နယ် ရဲတပ်ဖွဲ့ကို ဒီကိစ္စ အကြောင်း ကြားပြီး မဟာဗောဓိမှာ လုံခြုံရေးတွေ တိုးမြှင့် ချထားမယ်
 အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ နဲ့ ဘီဟား ပြည်နယ် ဗုဒ္ဓဂယာက မဟာဗောဓိ စေတီတော်မှာ ဖောက်ခွဲမှုတွေ လုပ်ဖို့ စီစဉ်နေသူ အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ဝင် ၃ ယောက်ကို ဖမ်းမိ ခဲ့တယ်လို့ နယူး ဒေလီရဲမှူးကြီး နီရက်(ဂျ) ကူမာရ်က သတင်း ထုတ်ပြန် လိုက်ပါတယ်။
ရဲက စစ်ဆေး မေးမြန်းချက်တွေ အရ သူတို့ဟာ မကြာခင် ကျင်းပ တော့မယ့် ဟိန္ဒူ ဘာသာရေး ပွဲတော် ကာလတွေ အတွင်း ဖောက်ခွဲမှုတွေ လုပ်ဖို့ အစီ အစဉ် ရှိတဲ့ အကြောင်း ထုတ်ဖော် ခဲ့တယ်လို့ ဆိုပါတယ်။
ဒီ ၃ ယောက်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ အတွင်းက အိန္ဒိယ တောင်ပိုင်း ပူးနေးမြို့မှာ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှု တွေမှာ ပါဝင် ပတ်သက် သူတွေလည်း ဖြစ်တယ်လို့ သိရ ပါတယ်။
သူတို့ကို အခုလို ဖမ်းမိလိုက်တာကြောင့် သူတို့နဲ့ ဆက်စပ် သူတွေကိုလည်း ဆက်လက် ဖေါ်ထုတ် ဖမ်းဆီးနိုင်မယ့် အကြောင်းနဲ့၊ ဘီဟား ပြည်နယ် ရဲတပ်ဖွဲ့ကို ဒီကိစ္စ အကြောင်း ကြားပြီး မဟာဗောဓိမှာ လုံခြုံရေးတွေ တိုးမြှင့် ချထားတဲ့ အကြောင်း ဒေလီရဲက သတင်းထောက် တွေကို ပြောကြား ပါတယ်။
ကေအိုင်အိုနဲ့ ထပ်တွေ့ဖို့ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ စာပို့
ငြိမ်းချမ်းရေးဆွေးနွေးဖို့ တွေ့နေပေမယ့် တိုက်ပွဲတွေ ရှိနေဆဲ
 ကချင်ပြည်နယ်တွင်းမှာ ငြိမ်းချမ်းရေး ရနိုင်ဖို့ အတွက် မြန်မာအစိုးရဘက်က သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဘက်ကနေပြီးတော့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်ကို ထပ်မံတွေ့ဆုံနိုင်ဖို့ စာရေး အကြောင်းကြားထားတယ်လို့ သိရပါတယ်။
ဒီစာကို အောက်တိုဘာလ ၁၀ရက်နေ့က ပို့ခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲကို မူဆာ် သို့မဟုတ် ရွှေလီမှာ လုပ်ဖို့ ကမ်းလှမ်းထားတာဖြစ်တယ်လို့ ဆွေးနွေးပွဲဖြစ်မြောက်ရေး ကြားကနေ ဆောက်ရွက်ပေးနေတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ PCG ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ က ဦးလမိုင် ဂွန်ဂျာက ပြောပါတယ်။ကေအိုင်အိုဘက်ကလည်း စာကို လက်ခံရရှိကြောင်းနဲ့ စာပါ အကြောင်းအရာတွေနဲ့ပတ်သက်လို့ ကေအိုင်အို ဗဟိုကိုတင်ပြ အစည်းအဝေးထိုင်ပြီး အကြောင်းပြန်မယ်ဆိုတဲ့ အကြောင်း အောက်တိုဘာလ ၁၁ ရက်နေ့က စာပြန်ခဲ့တယ်လို့ ဆိုပါတယ်။
ကေအိုင်အိုနဲ့ အစိုးရကြားတွေ့ဆုံခဲ့တာ ၉ ကြိမ်ရှိခဲ့ပြီး နောက်ဆုံအကြိမ်က ပြီးခဲ့တဲ့ ဂျွန်လ ၂၀ရက်နေ့က ဖြစ်ပါတယ်။ဒီကြားထဲမှာတော့ နှစ်ဘက်ကြား တိုက်ခိုက်မှုတွေ နေ့စဉ်လိုလိုရှိနေခဲ့ပါတယ်။
အခုတကြိမ်တွေ့ဆုံရာမှာ အစိုးရစစ်တပ်ဘက်က တပ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ချနိုင်တဲ့ အာဏာရှိသူ ပါလာနိုင်မယ်လို့ ယူဆတာကြောင့် ထူးခြားမှုရှိနိုင်တယ်လို့ ဦးလမိုင် ဂွန်ဂျာကပြောပါတယ်။
Friday, October 12, 2012
2012 နိုဗယ် ငြိမ်းချမ်းရေးဆု ....
၂၀၁၂ ခုနှစ်အတွက် ငြိမ်ူချမ်းရေး နိုဗယ်ဆု ကို  ဥရောပသမဂ္ဂ (EU)  က ရရှိသွားခဲ့ကြောင်း သတင်းရရှိပါသည်။
နိုဗဲလ်ငြိမ်းချမ်းရေး ဆုများနဲ့ ပတ်သက်လို့ လေ့လာသုံးသပ်သူ တဦးဖြစ်တဲ့ Harpviken ကတော့ ဒီနှစ် အတွက် အာရှ တိုက်ကသာ ရမယ်ဆိုရင် သမ္မတ ဦးသိန်းစိန် ဟာ နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင်ဖြစ်လာနိုင်
ဒီကိစ္စနဲ့ပတ်သက်လို့လည်း သမ္မတ ဦးသိန်းစိန်အနေနဲ့ နိုဗဲလ်ငြိမ်းချမ်းရေး ဆု ရသင့်၊ မရသင့် ကို ဧရာဝတီ ဘလော့ဂ် စာမျက်နှာမှာ စစ်တမ်း ကောက်ယူ ခဲ့တာမှာ ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နေ့လယ် ပိုင်း အချိန်ထိ ဆန္ဒမဲပေး ချက်ပေါင်း ၁၈၇၀ ရှိပြီး ရသင့်တဲ့ ထောက်ခံမဲ ၉၀၅ မဲနဲ့ ၄၈.၄% ရှိနေပြီး၊ မရသင့်ပါဘူးဆိုတာက ၇၂၃ မဲနဲ့ ၃၈.၆၆% ရှိနေပါတယ်။ စိတ်မ၀င်စားပါ ဆိုတဲ့ မဲစာရင်းကတော့ ၂၄၂ မဲနဲ့ ၁၂.၉၄ % ရှိနေပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းက နိုဗဲလ်ငြိမ်းချမ်းရေး ဆု ခန့်မှန်းစာရင်းမှာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ လောက် စစ်အုပ်ချု့ပ်ရေး ကို အဆုံးသပ်လိုက်ပြီးနောက် ပြုပြင်ပြောင်းလဲရေးသမားကြီးအဖြစ် လူသိများတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်း စိန်ဟာ ပါဝင်လာတဲ့သတင်းတွေ ပေါ်ထွက်လာပါတယ်။
ဒီနှစ်အတွက် ဆုရွေးချယ်ခြင်းခံရဖို့ အမည်စာရင်း တင်သွင်းခံထားတာ အဖွဲ့အစည်းပေါင်း ၄၃ ခု၊ လူပုဂ္ဂိုလ်
တွေ နဲ့ စုစုပေါင်း ၂၃၁ ခု ရှိတယ်လို့ ဆိုပါတယ်။
CNN သတင်းဌာနက နိုဗဲလ်ငြိမ်းချမ်းရေး ဆုများနဲ့ ပတ်သက်လို့ လေ့လာသုံးသပ်သူ တဦးဖြစ်တဲ့ Harpviken ကတော့ ဒီနှစ် အတွက် အာရှ တိုက်ကသာ ရမယ်ဆိုရင် သမ္မတ ဦးသိန်းစိန် ဟာ နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင်ဖြစ်လာနိုင်သလား လို့ သူက မှတ်ချက်ပေးထားပါတယ်။
ဖိနှိပ်တဲ့ အစိုးရနောက်ခံ သမိုင်းကြောင်း ရှိတဲ့ ဦးသိန်းစိန်ဟာ စစ်အာဏာရှင်က နေ ရုန်းထွက်လာသူဖြစ်ပြီး သူ သမ္မတ ဖြစ်လာပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အဓိက ဦးဆောင်လုပ်လာသူ ဖြစ်တယ်လို့ သူက ဆိုထားပါတယ်။
မြောက်ကိုရီးယား အကြမ်းဖက်သမားများကတာင်ကိုရီးယား သမ္မတ ချန်ဒူးဝှန်အားဗုံးခွဲတိုက်ခိုက်ခဲ့သောပုံရိပ်များ
၁၉၈၃ ခုနှစ်က ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှန်အား ရည်ရွယ်၍   မြောက်ကိုရီးယား အကြမ်းဖက်သမားများက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုအပြီး ထိခိုက် ဒဏ်ရာရ   သေဆုံးနေသူများ၏ မြင်ကွင်းပုံများကို နှစ်ပေါင်း ၃၀ ခန့်အကြာတွင်မှ ပြည်သူလူထုသို့ ပထမဆုံး
အကြိမ် ထုတ်ဖော်ပြသလိုက်သည်။
ကြာသာပတေးနေ့ထုတ် တောင်ကိုရီးယား Chosun Ilbo သတင်းစာ မျက်နှာဖုံးတွင် စတင်ဖော်ပြလိုက်သည့် ဓာတ်ပုံ၏ ဂရပ်ဖစ်တွင် ခန္ဓာကိုယ် ရုပ်ပျက်ဆင်းပျက်၊ သွေးသံတရဲရဲဖြင့် ဂူဗိမာန်၏ အကျိုးအပဲ့များအကြား အလဲလဲအပြိုပြိုဖြစ်နေပုံနှင့် သုံးရုံး ဝန်ထမ်း တဦးက   အော်ဟစ်နေပုံဖြစ်ကြောင်း   NDTV သတင်းတရပ်တွင် ရေးသားထားသည်။
အဆိုပါ အောက်တိုဘာလ ၉ ရက် ဗုံးခွဲတိုက်ခိုက်မှု၏ အဓိက ပစ်မှတ်ဖြစ်သည့် သမ္မတ ချန်ဒူးဝှန်မှာ ဂါရဝပြုရန် အာဇာနည်ကုန်းသို့ မိနစ်အနည်းငယ် နောက်ကျမှ ရောက်လာ၍ လွတ်မြောက်ခဲ့ရသော်လည်း ဗုံးပေါက်ကွဲမှု ကြောင့် သေဆုံးသူ ၂၁ ဦးရှိသည့်အနက် တောင်ကိုးရီးယား ဝန်ကြီးလေးဦးနှင့် သံအမတ်ကြီး အပါအဝင် ကိုရီးယားနိုင်ငံသား ၁၇ ဦး သေဆုံးသွားခဲ့ရသည်။
ပေါက်ကွဲမှု ဖြစ်ပြီးနောက် ထိခိုက်ဒဏ်ရာရ သေကြမှုများနှင့် အပျက်အစီးများကို မှတ်တမ်းဓာတ်ပုံအဖြစ် ကိုရီးယားအစိုးရ ဓာတ်ပုံသတင်းထောက် Kim Sang-Yeong က ရိုက်ယူခဲ့သည်။
သို့သော် ကွယ်လွန်သူများ၏ ကျန်ရစ်သူ မိသားစုများ စိတ်ဒုက္ခမရောက်ရန်အလို့ငှါ ချန်ဒူးဝှန်၏   တောင်းဆိုချက် အရ ထိုဓာတ်ပုံများကို နှစ်ပေါင်း ၃၀ ကြာ ထိန်းသိမ်းထားခဲ့ရာမှ ယခု ဂရပ်ဖစ်ဖြင့် စတင်ဖော်ပြလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ မြောက်ကိုရီးယား ဗိုလ်မှူးတဦးနှင့် ဗိုလ်ကြီး နှစ်ဦးဟု ယူဆရသည့် မသင်္ကာသူ များအား မြန်မာရဲတပ်ဖွဲ့နှင့် တပ်မတော်က ဖမ်းဆီးနိုင်ခဲ့သည်။ ၎င်းတို့အနက် နှစ်ဦးမှာ ကြိုးမိန့်ကျခံခဲ့ရပြီး လုပ်ကြံမှုအား ဝန်ခံ ဖြောင့်ချက်ပေးသည့် ကန်မင်ချူးမှာ   သေဒဏ်အစား   ထောင်တသက်သို့ ကျခံစေခဲ့ပြီး ၂၀၀၈ ခုနှစ်တွင်မှ အင်းစိန်ထောင်တွင် နှစ်ရှည်အကျဉ်းသားအဖြစ် အသဲကင်ဆာဖြင့် ကွယ်လွန်သွားခဲ့သည်။ ထိုဗုံးဖောက်ခွဲမှုမှစ၍ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန် ဆက်ဆံရေး   ဖြတ်တောက် ထားလိုက်ပြီး ၂ဝဝ၇ ခုနှစ်တွင်မှ ပြန်လည်ထားရှိခဲ့သည်။
ကိုရီးယား တောင်/မြောက် နယ်စပ်တနေရာရှိ ၁၉၈၃ ဗုံးပေါက်ကွဲမှု အတွင်း သေဆုံးခဲ့ရသူများ၏ အထိမ်းအမှတ် နေရာသို့ မြန်မာသမ္မတ ဦးသိန်းစိန် သွားရောက်ဂါရဝပြုခဲ့သလို စက်တင်ဘာ လကုန်ကတည်းက ခေတ္တအလည် အပတ် ရောက်ရှိနေသော ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ ကလည်း သွားရောက် မေတ္တာပို့ အမျှအတမ်းပေးဝေ ခဲ့ကြောင်း ဆိုးလ်မြို့တွင်   နေထိုင်သူ   မြန်မာတစ် ဦး ကပြောပြခဲ့ပါသည်။
မြန်မာ့ရုပ်ရှင်နေ့မှာ နိုင်ငံရေး သူရဲကောင်းဆု ပါ ပေးအပ်မယ်
လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကျရောက်မယ့် မြန်မာ့ ရုပ်ရှင်နေ့ အခမ်းအနားမှာ ထူးထူးခြား
ခြား ဆု တွေ ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံရေး ဆောင်ရွက်မှုတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြတဲ့ အနုပညာရှင်များကို ရုပ်ရှင် သူရဲကောင်း ဆု တွေ ချီးမြှင့်ဖို့ ရှိတယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားကလည်း ကြေညာသွားခဲ့ပါတယ်။
ရုပ်ရှင်လောကသားတွေထဲက ထောင်ကျခံပြီး နိုင်ငံရေး လုပ်တဲ့သူတွေအတွက် ဂုဏ်ယူနေတဲ့ အစည်းအရုံး ဥက္ကဌ စကားအရ ဇာဂနာကတော့ ဒီဆုအတွက် ကျိန်းသေနေပြီလို့ ပြောဆိုနေကြပါတယ်။
အဲဒီထဲမှာတော့ လူရွှင်တော် ဇာဂနာ၊ နာရေး ကူညီမှုအသင်း( ရန်ကုန်)က ဦးကျော်သူ၊ သရုပ်ဆောင် ရဲတိုက်တို့ဟာ ဆုရ နိုင်ခြေများတယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ရှိပါတယ်။
ဒီအပြင် လူမှုရေး ထူးချွန်ဆု များကိုတော့ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့အတွက် လူမှုရေး လုပ်ငန်းတွေ မှာ ရံပုံငွေ ရှာဖွေ ပေးခဲ့ကြ တဲ့ အနုပညာရှင်တွေကို ပေးအပ်ဖို့ ရှိပါတယ်တဲ့။ အဲဒီဆုတွေအတွက်လည်း လူတွေက သိပြီးဖြစ်နေမှာပါ။
ဒီဆုတွေနဲ့ပတ်သက်လို့ ပြေတီဦး၊ ခန့်စည်သူ၊ အိနြေ္ဒကျော်ဇင် စသူတွေလည်း ရဖို့ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
နောက်ထပ်ပေးမယ့် ဆုတမျိုးကတော့ မြန်မာ့ဂုဏ်ဆောင်လို့ စည်သူဘွဲ့ရ အနုပညာရှင်တွေဖြစ်ကြတဲ့ ဘိုကလေး တင့်အောင်၊ ဒါရိုက်တာ မောင်မြင့်မြတ်၊ ဒါရိုက်တာ ကြည်စိုးထွန်း၊ မင်းသမီးကြီးတွေ
ဖြစ်ကြတဲ့ ဒေါ်စံရှားတင်၊ဒေါ်မြင့်မြင့်ခင်၊ ဒေါ်နွဲ့နွဲ့စန်း စတဲ့ အနုပညာရှင်တွေကိုလည်း တသက်တာ ရုပ်ရှင်ဆုတွေ ချီးမြှင့်ဖို့ ရှိပါတယ်။
အဆိုပါ မြန်မာရုပ်ရှင်နေ့ အခမ်းအနားမှာတော့ အခုလို ဆုချီးမြှင့်မှုတွေအပြင် ဖျော်ဖြေပွဲတွေ၊ အသံတိတ် ဇာတ်ကားတွေ၊ စတာတွေနဲ့ တင်ဆက်သွားဖို့လည်း ရှိပါတယ်တဲ့။ ၁၉၂၀ အောက်တိုဘာလ ၁၃ ရက်နေ့ မှာ မြန်မာ့ပထမဆုံး ရုပ်ရှင်ဖြစ်သော အဖြူအမဲ အသံတိတ် ဇာတ်ကားဖြစ်တဲ့ "မေ တ္တာနှင့် သူရာ" ဇာတ် ကား ကို ရန်ကုန်ရှိ ဗိုလ်ချုပ်အောင်ဆန်းဈေး (ယခင် ဖရေဇာ)အနီးက ရွိုင်ရယ် ရုပ်ရှင်ရုံမှာ ပထမဆုံး စတင်ပြသခဲ့တာကြောင့် အဲဒီနေ့ကို မြန်မာ့ရုပ်ရှင်နေ့လို့ သတ်မှတ်ခဲ့ကြတာပါ။
အခုဆိုရင် မြန်မာ့ ရုပ်ရှင်သက်တမ်း ၉၂ နှစ် ပြည့်ပါပြီ။ အဆိုပါ မေတ္တာနှင့် သူရာ ဇာတ်လမ်းက ဆရာကြီး ပီမိုးနင်းရဲ့ ဇာတ်လမ်းဖြစ်ပြီး မြန်မာ့ ရုပ်ရှင် ဖခင်ကြီးလို့ ဆိုရမယ့် London Art ဦးအုံးမောင်က မင်းသား ဦးညီပုနဲ့ အတူအခြားသရုပ်ဆောင်တွေနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး အသံတိတ်ရုပ်ရှင် လည်း ဖြစ်ပါတယ်။
အသံတိတ် ရုပ်ရှင်ဇာတ်လမ်းဖြစ်လို့ အဲဒီခေတ်က မြန်မာ့ ဆိုင်းဝိုင်းကြီးတွေနဲ့ ဖျော်ဖြေတီးမှုတ်၊ ဇာတ်လမ်း အသံ သရုပ် ဆောင်မှုတွေ ခံစားလို့ ရအောင် ဖန်တီးခဲ့ကြတာပါ။
Danger မူးယစ်ဆေးအဖွဲ့မှ မြိတ် ရဲတွေ နှင့် အုပ်ချုပ်ရေးအဖွဲ့များအား ရာဇာသံပေး အကြမ်းဖက်ပြီ
 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ မနက် ၂ နာရီ ခန့် တွင် မြိတ်မြို့ပေါ်ရှိ ကားမှန်များအား Danger အဖွဲ့မှ ခဲများပစ်ပေါက်ခွဲသွားကြပါသည်။
ဆိုင်ကယ်စီး လူရမ်းကား၊ မူးယစ်ဆေးဂိုဏ်း Danger အဖွဲ့ ဦးဆောင်သူများကို မြေနီလမ်း အိမ်ပေါ်တက် အကြမ်းဖက်တိုက်ခိုက်မှုဖြင့် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၅ ရက် သစ်ထူးလွင် အင်တာနက် သတင်းများတွင် ပါဝင်လာသောကြောင့် ဦးဆောင်သူအချို့ကို ရဲတပ်ဖွဲ့မှ ခေါ်ယူထားသည့်အတွက် Danger အဖွဲ့မှ သူတို့ ခေါင်းဆောင်များ ပြန်လွတ်ပေးရေး ရာဇာသံပေးသည့်အနေဖြင့် မြိတ်မြို့ပေါ်ရှိ ကားများအား တစ်ညတည်း ၁၆ စီးခန့် လိုက်လံ ဖျက်ဆီးသတိပေးလိုက်ကြောင်း ၄င်းအဖွဲ့နှင့် နီးစပ်ရာ သတင်းရပ်ကွက်မှ သိရှိခဲ့ရပါသည်။
ကျနော် ဈေးသည်တွေကို ပစ္စည်းသယ်ပေးတဲ့ ဘေးတွဲဆိုင်ကယ်သမားပါ ည ၁ နာရီ ခွဲ ခန့် ဂုဏ်ရုံလမ်း ကနေ ၊ ကမ်းနားဘက်သွားတာ လမ်းမှာ အကျီင်္အနက်ရောင်ဝတ် ဆိုင်ကယ် အဖွဲ့တစ်ဖွဲ့တွေ့တယ်ကျနော် လမ်းဘေးဆင်းနေရတယ်ဗျ။ ကြောက်ရတာပေါ့ဗျာ မြိတ်မှာ ဒီကောင်တွေ အန္တရာယ် အရမ်းကြီးနေ တာတောင် ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့ ဒီအတိုင်ကြည့်နေတာ အံ့သြသင့်မိတယ် ဟု ပြည်သူတစ်ဦး၏ ကြောက်ရွံ့စွာ ရင်ဖွင့်သံပါ။
မြိတ်ရဲတပ်ဖွဲ့ နှင့် အုပ်ချုပ်ရေးအဖွဲ့များဘက်မှ တစ်စုံတစ်ရာအကြောင်းပြန်ကြားဖြေဆိုခြင်းမရှိပါ။
ရှမ်းတော်လှန်ရေးတပ်သားများအတွက် စံပြကျေးရွာ တည်မည်
ရှမ်းလက်နက်ကိုင် တော်လှန်ရေးတပ်သားတွေနဲ့ မိသားစုတွေအတွက် စံပြကျေးရွာကြီးတရွာ တည်ဆောက်သွားမယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရ အကြား မနေ့က လားရှိုးမြို့မှာ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပြီးနောက် စံပြရွာ    အကောင်အထည်ဖော်ဖို့အတွက်    အစိုးရနဲ့ ပူးတွဲကော် မတီဖွဲ့ပြီးဆောင်ရွက်သွားမယ်လို့   ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ပြောခွင့်ရ ဗိုလ်မှူး စိုင်းလက ပြေကြားလိုက်တာပါ။
“ဒီကော်မတီက အာဏာရှိတဲ့ပုဂ္ဂိုလ်တွေပေါ့။ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ဦးအောင်မြတ်ကိုယ်တိုင်ပါဝင်မယ်။ အရှေ့လယ်ပိုင်းတိုင်းမှူးလည်းပါမယ်။ အရှေ့မြောက်တိုင်း တိုင်းမှူးလည်းပါမယ်။ ကျနော်တို့ဘက်ကတော့ ဘယ်သူတွေပါမယ်ဆိုတာ ပြန်ပြီးညှိနှိုင်းရဦးမယ်။ ဒီအောက်မှာ ထပ်ပြီး ကော်မတီအဆင့်ဆင့်လည်း လာဦးမယ်။ ကော်မတီဖွဲ့စည်းပြီး
ရင်တော့ ပညာရှင်တွေနဲ့ကွင်းဆင်းပြီးဆောင်ရွက်သွားဖို့ ညှိနှိုင်းခဲ့ကြတယ်။ ”
သံလွင်အရှေ့ခြမ်း ၀ဒေသနဲ့ အခြားဒေသမှာ တကွဲတပြားရောက်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ ၃၆ က တပ်မိသားစုဝင်တွေရော၊ တိုက်ပွဲမှာ ဒဏ်ရာရပြီး ဒုက္ခိတဖြစ်သွားတဲ့ ရှမ်းစစ်သည်တွေပါ နေထိုင်ဖို့
အတွက် အိမ်ခြေ ၃၅၀ ရှိမယ့် စံပြရွာရွာကြီးတရွာကို အစိုးရနဲ့ ပူးပေါင်း
ဆောင်တည်ဆောက်ကြမှာ ဖြစ်ပါတယ်။
ကြံကြံဖန်ဖန် မီးအုန်းလုံးဘောပွဲ...
အနယ် ယှဉ်ပြိုင်ကစားကြပုံတွေကို အားပါးတရကြေငြာပြောကြားလေ့ ရှိကြပါတယ်...
သို့ သော်လည်း တစ်ကယ့် အဆင့် မြင့် ဘောလုံးကစားသမား ဂယ်ရီလီနီကာနဲ့ အန်ဒီဂရေး တို့ 
အနေနှင့် အကယ်၍သာအင်ဒိုနီးရှားနိုင်ငံမှ ဤဘောလုံးပွဲမျိုးတွင်ပါဝင်ယှဉ်ပြိုင်ကစားရပါက၎င်း
တို့ အနေဖြင့် ထိုကစားသမားများနှင့် ခြေရည်တူကန်နိုင်မှာမဟုတ်ဘူးဆိုတာ သိသွားကြမှာအ
အသေအချာပါပဲ....
ထိုအင်ဒိုနီးရှားမှ အထူးဘောလုံးပွဲတွင်ပါဝင်ကစားလိုသူတွေအနေနှင့် မကစားမှီ ၂၁ ၇က်မျှကြာ
အောင် ၀တ်ပြုဆုတောင်းခြင်း၊ ဥပုတ်ဆောက်တည်ခြင်းများအပြင် မီးနှင့် ယဉ်ပါးစေရန်လေ့ ကျင့်
ခြင်းများပြုလုပ်ကြရသောကြောင့် ဖြစ်ပါတယ်....
အားလုံးလေ့ ကျင့် မှုပြီးစီးကာအဆင်သင့် ဖြစ်မှပင် ထိုကစားသမားများအနေဖြင့် ၂ ရက်ကြာ
ကန်ရသည့် ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရတာဖြစ်ပါတယ်... 
မီးတောက်နေသည့် ထိုဘောပွဲဟာ မိနစ် ၆၀ ကြာမြင့် လေ့ ရှိပြီး ကစားသမားများအနေဖြင့် ပွဲပြီး
သည်အထိ မီးအုန်းဘောလုံး ၄ လုံးခန့် အသုံးပြု ရလေ့ ရှိကြပါတယ်...
ယှဉ်ပြိုင်ကစားနေသည့် တစ်ချိန်လုံးအုန်းသီးဘောလုံးမီးလောင်နေစေရန် ၂ ရက်မျှရေနံဆီစိမ်
ထားရပါတယ်...
ခြင်းကိုပြုလုပ်ကြပါတယ်...
ယှဉ်ပြိုင်သူများဟာ မီးလောင်နေသည့် ဘောလုံးအား ခြေဗလာဖြင့် ပင် ဆွဲယူတို့ ထိကစားခြင်း၊ အလွတ်တည်ကန်ဘောများကန်ခြင်း စသည်တို့ ဖြင့် ကမ္ဘာ့ ဖလားဘောလုံးသမားများကဲ့ သို့ ပင်
 အလိမ်အခေါက်အကွေ့ အပတ်များကိုခြေဗလာဖြင့် ကန်ကာ ဂိုးသွင်းခွင့် ရအောင်ယှဉ်ပြိုင်ကြပါ
လာမ်ကျောင်းအိပ်ကျောင်းစား စာသင်ကျောင်းများတွင် ယှဉ်ပြိုင်ကစားကြပြီး လူကြိုက်များလျှက်
ရှိနေပါတယ်...
တစ်ဖက်လျှင် ၅ ယောက်စီပါဝင်သည့် အသင်း ၂ သင်းဟာ အင်ဒိုနီးရှားရိုးရာ ကိုယ်ခံပညာတစ်
မျိုးဖြစ်သည့် ပန်ဆက်ဆီလက် ပညာနှင့် ဆက်စပ်သည့် အဆိုပါ အုန်းမီးလုံးဘောလုံးပွဲကို ယှဉ်
ပြိုင်ကစားကြလေ့ ရှိပါတယ်...
ကရီဒီဒေသ လာဘိုယိုအရပ်မှာကန်သည့် ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် ကစားသမားများဟာ ပွဲမစ
ခင်၊ ၂၅ မီတာအလျားအနံရှိသည့် ဘောလုံးကွင်းထဲမ၀င်မှီ၎င်းတို့ ၏ခြေထောက်များ မီးမလောင်
ကျွမ်းအောင် ၀တ်ပြုဆုတောင်းကြရပါတယ်...
ထိုကဲ့ သို့ ပွဲမ၀င်ခင် ဆုတောင်းခြင်းနှင့် သဲသဲမဲမဲယှဉ်ပြိုင်ကစားခြင်းတို့ ကပင် ကစားသမားများ
ရည်ရွယ်ပါတယ်...
ဒီလိုမီးလောင်နေသည့် အုန်းသီးကိုခြေဖြင့် ကန်ကာကစားသည့် အတွက်လည်း ကစားသများ
အနေဖြင့် အရေပြားအပူဒါဏ်ခံနိုင်၊ မီးလောင်ခံနိုင်မည့် အခြေအနေကိုပိုမိုခံနိုင်ရည်စွမ်းရှိလာစေ
ဖို့ ရည်ရွယ်တာလည်းဖြစ်ပါတယ်... 
ကန်နေတာများ အေးရာအေးကြောင်း..
 အပြင်းအထန်ကြိုးစားယှဉ်ပြိုင်ချက်ကတော့ အင်္ဂလန် ပီရီးမီးယားလိဂ်ထက်ပိုပါလိမ့် မယ်...
အင်ဒိုနီးရှားနိုင်ငံ၊ ကေဒီရီ မှ လာဘိုယို ဘော်ဒါကျောင်းမှ မီးဘောလုံးကစားပွဲပါ...
သတ္တိရှိမှကန်နိုင်မှာနော်...
အပြိုင်အဆိုင်၊ ယှဉ်ပြိုင်နွှဲ.... ကန်တဲ့ မီးဘောပွဲ...ဂိုးသမားအတွက်တော့ သက်သာမယ်မထင်...
မီးလောင်နေတဲ့ အုန်းသီးကိုဘောလုံးအဖြစ်လုပ်ပြီးကစားတာမို့ အခုလို ဘောကန်ဖိနပ်
မပါပဲ ခြေဗလာသက်သက်နဲ့ ဘောလုံးကိုကြာရှည်ထိနေဖို့ ဆိုတာ မလွယ်ပါ....
မီးဘောလုံးတစ်ခုဖန်တီးဖို့ အုန်းသီးတစ်လုံးကို ရေနံဆီနှင့် ၂ ရက်တိတိစိမ်ထားရပါမယ်...
မိမိနောက်ကအောင်မြင်မှု မအောင်မြင်မှု များ ကပ်ပြီးပါလာမည် ဆိုသူ မိုးဟေကို
အနုပညာ အလုပ်ကို ဝါသနာပါ၍ လုပ်ချင်သည့် စိတ်အပြည့်ဖြင့် လုပ်ခဲ့ခြင်း ဖြစ်ပြီး အောင်မြင်မှု၊ မအောင်မြင်မှုများသည် မိမိ အနောက်က ကပ်ပြီးပါလာ မည်ဖြစ် ကြောင်း မိုးဟေကိုက ဆိုသည်။
”အဓိက ကတော့ ကိုယ် ဝါသနာပါတဲ့ အလုပ်ကို လုပ်ခွင့်ရတဲ့ အတွက် ပျော်ပါတယ်။ အစ်မတို့ ဖြတ်သန်း ခဲ့ရတဲ့ အတွေ့အကြုံတွေ ကတော့ အစုံပါပဲ။ သင်ခန်းစာ ယူစရာရှိလည်း ယူတယ်။ မှတ်သားစရာ ရှိတာလည်း မှတ်သားတယ်။ ကိုယ့်အလုပ်လေးကို ပုံမှန် အေးအေး ဆေးဆေးလုပ်ပြီး မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေတယ်။ စိတ်ရှုပ်စရာ တွေလည်း ခေါင်းထဲမှာ မထည့်ထားဘူး”ဟု အောင်မြင်မှုနှင့် ပတ်သက်၍ သူ့အယူအဆကို ပြောပြသည်။
သရုပ်ဆောင် အပြင် အဆိုဘက် ဝါသနာပါသော မိုးဟေကိုက ”ကားရိုက် ပြီးတာနဲ့ သီချင်းအတွက် အသံသွင်းဖို့ အပြင် ပြန်မထွက်ချင်တော့ဘူး။ အိမ်မှာပဲ မိသားစုနဲ့ အတူတူ နေဖြစ်တယ်။ ဝါသနာတော့ ပါတယ်။ ဒါတွေက ဒုတိယ အဆင့်ပါ။ အချိန်ပေးနိုင်ပြီး အချိန်ရရင် တော့ လုပ်ဖြစ်မှာပါ။ သီချင်း ဆိုတဲ့ အလုပ်က ကိုယ် ကျွမ်းကျင် တဲ့ အလုပ်လည်း မဟုတ်ဘူး။ သီချင်းနဲ့လည်း နေ့တိုင်း ထိတွေ့မှုမရှိဘူး။ သီချင်း ဆိုရတာ ခက်ခဲမှုတွေ ရှိတယ်။ အဲဒါကလည်း ကိုယ့်အတွက် စိတ်ဖိစီး မှုတွေရှိ တယ်” ဟု ပြောပြသည်။
ကမ္ဘောဒီးယားကို လည်း အနိုင်ရခဲ့ပြန်ပါပြီ ..
မြန်မာအသင်းသည်ယခုပွဲတွင်ကစားသမားအချို့ကိုပြောင်းလဲပွဲထုတ်ခဲ့သည်ကိုတွေ့ရသည်။  မြန်မာအသင်းတွင် တိုက်စစ်မှူး ဟူ၍ ကောင်းစည်သူ တစ်ဦးတည်းသာ ရှိရာ ယခုပွဲတွင် ကောင်းစည်သူကို အနားပေး ခဲ့သောကြောင့် မြန်မာအသင်း၏ ပွဲထွက် လူစာရင်းတွင် တိုက်စစ်မှူး တစ်ဦးမျှ ပါဝင်ခြင်း မရှိခဲ့ဘဲ ကြည်လင်းက တိုက်စစ်မှူးအဖြစ် တာဝန်ယူခဲ့သည်ကို တွေ့ရသည်။ ခံစစ်ဘယ်အစွန် ကစားသမား သိန်းသန်းဝင်းကိုကွင်းလယ်ဘယ်တောင်ပံတွင်နေရာပေးခဲ့ပြီးရန်အောင်ကျော်၊ခင်မောင်လွင်၊   ကျော်ဇေယျာဝင်းတို့ဖြင့် ကွင်းလယ်ကို စုဖွဲ့ခဲ့ကာ ဒေးဗစ်ထန်ကို ညာခြမ်းတွင် ပုံမှန်အတိုင်း ပွဲထွက်စေခဲ့သည်။ ခံစစ်ဘယ်အစွန်တွင်ပြည့်ဖြိုးအောင်ကို အသုံးပြုခဲ့သည်မှ လွဲ၍ ရန်အောင်ဝင်း၊ အောင်ဟိန်းကျော်၊ ဇော်မင်းထွန်း တို့ဖြင့် အမာခံ ခံစစ်အစုအဖွဲ့ကိုပင် အသုံးပြုခဲ့ကာ ဂိုးသမား အဖြစ် သီဟစည်သူကိုပင် အသုံးပြခဲ့သည်။
ပွဲစသည်နှင့် မြန်မာသည် လျှင်လျှင်မြန်မြန် တိုက်စစ်ဆင်ခဲ့ပြီး ဂိုးသွင်းယူ နိုင်ရေးအတွက် အားထုတ်ခဲ့သည်။ ပွဲချိန်(၃)မိနစ်မှာပင် မြန်မာတို့ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပြီး ထိုပြစ်ဒဏ်ဘောကို ကျော်ဇေယျာဝင်း ကန်သွင်းရာ ဂိုးဘားပေါ် ကျော်သွားခဲ့သည်။ မြန်မာ အသင်းသည် ပွဲအစပိုင်းတွင်ဒေးဗစ်ထန်၏ညာခြမ်းမှအဓိကထိုးဖောက်ခဲ့သည်။ဒေးဗစ်ထန်၏  ဖြတ်တင်ဘောများမှာ   ကောင်းမွန် ခဲ့သော်လည်း တိုက်စစ်ကစားသမားများ ဖြစ်သည့် ကြည်လင်းနှင့် ကျော်ဇေယျာဝင်းတို့ အသုံးမချနိုင်ခဲ့ပေ။ ပွဲချိန်(၁၇)မိနစ်တွင် ဒေးဗစ်ထန်၏ ဧရိယာအပြင်မှ အမြောက်ကျော်ကန်ချက်မှ လှပသော်လည်း ဂိုးဘားကို ထိခဲ့သောကြောင့် မြန်မာအသင်းအတွက် အပိုင်ဂိုးတစ်ဂိုး နစ်နာခဲ့သည်။ ဆက်တိုက် ဆိုသလိုပင် ကြည်လင်းနှင့် ကျော်ဇေယျာဝင်း အပေးအယူလုပ်ပြီး ကြည်လင်း ခင်းပေးရာမှ ကျော်ဇေယျာဝင်း လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရသော်လည်း အံ့အားသင့်ဖွယ် လွဲချော်ခဲ့သည်။ ပွဲချိန်(၂၃)မိနစ်ခန့်တွင် မြန်မာအသင်း ထောင့်ကန်ဘော (၃)ကြိမ်ဆက် ရရှိခဲ့သော်လည်း အချည်းအနှီး ဖြစ်ခဲ့ရသည်။ ထို့အတူ ကျော်ဇေယျာဝင်း၏ ဧရိယာ အပြင်မှ ကန်ချက်မှာလည်း လွဲချော်ခဲ့ပြန်သည်။ မြန်မာအသင်းသည် ပထမပိုင်း တစ်လျှောက်လုံး တရစပ် တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း အပိုင်အခွင့်အရေး ဖန်တီးနိုင်မှု နည်းပါးခဲ့သည်။ ရရှိခဲ့သည့် အခွင့်အရေးများမှာလည်း အံ့အားသင့်ဖွယ့် လွဲချော်ခဲ့သောကြောင့် ဂိုးရရှိရေး ရုန်းကန်နေခဲ့ရခြင်း ဖြစ်သည်။
ဂိုးရရှိရန် လိုအပ်နေသည့် မြန်မာအသင်းသည် ဒုတိယပိုင်းစသည်နှင့် တရစပ် တိုက်စစ်ဆင်ကာ အနိုင်ဂိုး ရရှိရေးအတွက် အပြင်းအထန် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ပွဲချိန်(၄၆) မိနစ်တွင် ခင်မောင်လွင် ကန်ခွင့်ရခဲ့ပြီး ထိုကန်ချက်မှာ ဂိုးဘေး ကပ်ထွက်သွားခဲ့ သောကြောင့် မြန်မာတို့ အခွင့်အရေးတစ်ရပ် ဆုံးရှုံးခဲ့ရသည်။ မိနစ်(၅၀)တွင် ညာခြမ်းမှ ဒေးဗစ်ထန်၏ဖြတ်တင်ပေးပို့မှုမှ တဆင့် ကြည်လင်း လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့် ရသော်လည်း ၎င်း၏တိုက်ချက်မှာ ဂိုးဘေးထွက် သွားခဲ့သည်။ ညာနောက်ခံအဖြစ် တောက်လျှောက် ပွဲထွက်ခဲ့သည့် ရန်အောင်ဝင်း ဒဏ်ရာရရှိ သွားခဲ့သောကြောင့် နည်းပြချုပ် ပတ်ဆောင်ဟွာက သက်နိုင်ကို ၀င်ရောက် ကစားစေခဲ့သည်။ ပွဲချိန်(၅၄)မိနစ်တွင် ကမ္ဘောဒီးယားတို့ ဂိုးရရန် နီးစပ်ခဲ့သေးသည်။ ညာခြမ်းမှ ချင်၏ ပြစ်ဒဏ်ဘောကို မြန်မာနောက်ခံလူများ ကြားမှ အူဒွန် အပိုင်ခေါင်းတိုက် ခဲ့သော်လည်း တိုက်ချက် မသပ်ရပ်ခဲ့သောကြောင့်သာ မြန်မာတို့ သက်သာရာ ရခဲ့ခြင်း ဖြစ်သည်။ ဂိုးကံခေနေခဲ့သည့် မြန်မာအသင်းသည် ပွဲချိန်(၅၉)မိနစ်တွင် အဖွင့်ဂိုး ရရှိခဲ့သည်။ ထိုဂိုးကို ဒေးဗစ်ထန်၏ ဖြတ်တင်ဘောမှ ကြည်လင်းက သပ်သပ်ရပ်ရပ် ခေါင်းတိုက်သွင်းယူ ပေးခဲ့ခြင်း ဖြစ်သည်။ (၆၄)မိနစ်တွင် ကောင်းစည်သူ ဖြတ်ထိုးပေးရာမှ ကြည်လင်း ပြေးပိတ်ရန် ကြိုးပမ်းသော်လည်း နောက်ခံလူ ဦးသွားခဲ့သည်။ ပွဲချိန်(၆၁)မိနစ်တွင် ခြေစွမ်းအနည်းငယ် ကျဆင်းနေသည့် ကျော်ဇေယျာဝင်းကို တိုက်စစ်မှူး ကောင်းစည်သူနှင့် လူစားလဲမှု ပြုလုပ်ခဲ့သည်။ တိုက်စစ်မှူးစစ်စစ်ဖြစ်သည့် ကောင်းစည်သူ ၀င်ရောက် လာသည့်အတွက် တိုက်စစ်နေရာမှ ကြည်လင်းမှာ နောက်ချန်တိုက်စစ် အဖြစ် ပြောင်းလဲကစား ခဲ့သောကြောင့် ကြည်လင်းမှာ ပိုမိုခြေစွမ်းပြလာ နိုင်သည့်အပြင် မြန်မာအသင်း၏ တိုက်စစ်မှာလည်း ပိုမိုကောင်းမွန် လာခဲ့သည်။ ဂိုးပေါက်ပွင့်သွားပြီ ဖြစ်သည့်ုမြန်မာအသင်းသည် ပွဲချိန်(၆၅)မိနစ်တွင် ဒုတိယဂိုး ထပ်မံရရှိခဲ့သည်။ လူစားဝင် တိုက်စစ်မှူး ကောင်းစည်သူကတိုက်စစ်သို့ လိုက်ပါလာသည့် နောက်ခံလူ ဇော်မင်းထွန်း၏ ဖြတ်ထိုးပေးမှုမှ ပြေးဝင်လာပြီး တစ်ချက်ထိန်းကာ ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ (၆၉)မိနစ်တွင် ရန်အောင်ကျော် တစ်ကိုယ်တော် အစွမ်းဖြင့် လိမ်ခေါက်ကန်သွင်းမှု ကောင်းမွန်သော်လည်း ဂိုးသမား ကာကွယ် သွားခဲ့သည်။ ပွဲချိန်(၇၇)မိနစ်တွင် ကွင်းလယ်မှ ထိုးပေးလိုက်သည်ကို ကြည်လင်း တစ်ဖက်ဂိုးသမားကို လိမ်ခေါက်ပြီး လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းသော်လည်း အံ့အားသင့်ဖွယ် လွဲချော်ခဲ့သည်။ (၈၅)မိနစ်တွင် ခြေစွမ်းပြနေသည့် ကြည်လင်းနေရာတွင် ရာဇာဝင်းသိန်း ၀င်ရောက် ကစားခဲ့သည်။ ပွဲချိန်(၈၆)မိနစ်တွင် ဒေးဗစ်ထန်-ရာဇာဝင်းသိန်း တွဲလုံးမှ ကောင်းစည်သူ အခွင့်အရေး ရခဲ့သော်လည်း ဂိုးသမား လက်ဦးခဲ့သည်။ ပွဲချိန် (၉၁)မိနစ်တွင် မြန်မာတို့ ပွဲသိမ်းဂိုး ရရှိခဲ့သည်။ ထိုဂိုးကို ဘယ်နောက်ခံအဖြစ် ယခုပွဲတွင်မှ ပွဲထွက်လာခဲ့သည့် ပြည့်ဖြိုးအောင်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းခဲ့ခြင်း ဖြစ်သည်။
့မြန်မာအသင်းသည် ယခုပွဲ အနိုင်ရခဲ့ခြင်းကြောင့် ရမှတ်(၉)မှတ်ဖြင့် အုပ်စုထိပ်ဆုံးတွင် ဦးဆောင်နိုင်ခဲ့သည်။ အောက်တိုဘာ (၁၃)ရက်တွင် ကစားရမည့် လာအိုနှင့် ပွဲတွင် (၁)မှတ်ရရှိရုံဖြင့် ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။
တရုတ်နိုင်ငံရဲ့ ပထမဆုံး စာပေဆိုင်ရာ နိုဘဲလ်ဆုရှင် စာရေးဆရာ မိုယန်း
အခုနှစ် အတွက် စာပေဆိုင်ရာ နိုဘဲလ်ဆုကို တရုတ် နိုင်ငံက စာရေး ဆရာ မိုယန် Mo Yan ရရှိသွားပါတယ်။
ဒါဟာ တရုတ် ပြည်မကြီးက စာရေးဆရာ တစ်ယောက်ကို ဆွီဒင် နိုင်ငံ နိုဘဲလ် ဆု ချီးမြှင့်ရေး ကောက်မီတီက ပထမဆုံး အကြိမ် ဆုချီးမြှင့်တာလည်း ဖြစ်ပါတယ်။
သူ့ရဲ့ စာပေ ရေးသားမှု အတော်များများက တရုတ် နိုင်ငံမှာ ၂၀ ရာစု အတွင်း ခက်ခဲ ဆင်းရဲမှုတွေ၊ အကြီး အကျယ် ရက်စက် ကြမ်းကြုတ်မှုတွေ ကို ရေးသား ဖေါ်ပြထားပါတယ်။
သူ့ကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ရှန်ဒေါင်းပြည်နယ်က မြို့လေးတမြို့က လယ်သမားမိသားစုက မွေးဖွား ခဲ့တာ ဖြစ်ပြီး သူ့လက်ရာပါ အကြောင်း အရာ အတော်များများက သူ့ရဲ့ မွေးရပ် ဇာတိ နိုင်ငံ အရှေ့မြောက်ပိုင်းက ရှန်ဒေါင်း ပြည်နယ်အတွင်း ကျေးလက် ဒေသ တွေကို အခြေခံ ထားတာ ဖြစ်ပါတယ်။
တရုတ် နိုင်ငံ ပြင်ပမှာ အထင်ရှားဆုံး သူ့ရဲ့ စာပေ လက်ရာ ကတော့ Red Sorghun လို့ ဆိုနိုင်ပါတယ်။
အဲဒီ စာအုပ်က စစ်ကာလ အတွင်း ဂျပန် တို့ရဲ့ သိမ်းပိုက်မှု မတိုင်ခင် ကျေးလက် သဘာဝ သရုပ်ဖော် ဇာတ်လမ်း ဖြစ်ပြီး ရုပ်ရှင် အဖြစ် ရိုက်ကူးခဲ့ရာမှာ အောင်မြင် ကျော်ကြားခဲ့ ပါတယ်။
မိုယန်းက ကလောင်နာမည်ဖြစ်ပြီး နာမည်ရင်းက ဂွမ်မိုရဲဖြစ်ပါတယ်။
မိုယန် ဆိုတဲ့ ကလောင်အမည် အဓိပ္ပါယ်က ထုတ်ဖော် မပြောနဲ့လို့ အဓိပ္ပါယ်ရပါတယ်။
တခိျု့ကတော့ မိုယန်ဟာ တရုတ်နိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဖိနှိပ်ခံနေရတဲ့ ကိစ္စကို ပြောသင့် သလောက် ထုတ်ဖော် မပြောဘူးလို့ ဝေဖန်ကြ ပါတယ်။
အခုလို မိုယန် နိုဘဲလ် ဆု ရသွားတာကို အစိုးရနဲ့ ပါတီခေါင်းဆောင်တွေရဲ့ သတင်းတွေကိုသာ ထုတ်လွှင့်လေ့ ရှိတဲ့ တရုတ်အစိုးရ ရုပ်မြင်သံကြားသတင်းဌာနက ထူးထူးဆန်းဆန်း ကြေညာသွားခဲ့ပါတယ်။
ပြန်လည်ပြေလည်သွားသော KNU ထဲ အမြင်သဘောထားကွဲမှု
အောက်တိုဘာ လဆန်းပိုင်း က KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှ ဗိုလ်ချုပ်ကြီး မူတူးစောဆေး၊ ဗဒို စောဒေးဗစ်ထော နဲ့ ဗိုလ်မှူးကြီး ရောဂျာခင် တို့ကို အဖွဲ့ရဲ့ စည်းမျဉ်း၊ဥပဒေ ချိုးဖေါက်တယ် ဆိုပြီး အဖွဲ့က ထုတ်ပစ်ဖို့ လုပ်သလို၊ တဖက်ကလည်း လာမယ့် စနေနေ့ မှာ မြဝတီမြို့ KNLA ဆက်ဆံရေးရုံး မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ် ဆိုပြီး တင်းမာမှု ဖြစ်ပွားခဲ့ပါတယ်။
ဒါပေမယ့် KNU တပ်မှူးတွေ၊ ခရိုင်ဥက္ကဌ တွေ ပြန်လည် ကြားဝင် စေ့စပ် ပေးတဲ့ အတွက် နှစ်ဘက်ကြား နားလည်မှု ရသွားပြီ ဖြစ်တဲ့ အကြောင်း KNU ခေါင်းဆောင် ဗဒိုမန်းငြိမ်းမောင် က ဘီဘီစီ ကိုပြောပါတယ်။ KNU အဖွဲ့ အတွင်းမှာ အမြင်ကွဲလွဲမှု တွေ ကို သင်ပုန်းချေပြီး ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးမှာ တွေ့ဆုံဆွေးနွေးဖို့ သဘောတူလိုက် ကြတဲ့ အကြောင်း ဗဒိုမန်းငြိမ်းမောင် က ရှင်းပြပါတယ်။
ကရင်အမျိုးသားထု တရပ်လုံးရဲ့ ညီညွတ်ရေးကို ရှေ့ရှူ တဲ့ အနေနဲ့ အခုလို   ကြေအေးလိုက်ကြတာပါ။   ပြဿနာ အရင်းခံကတော့ ကရင်ပြည်နယ် ဘားအံမြို့မှာ KNLA တပ်မဟာများ ဆက်ဆံရေးရုံးဖွင့် တဲ့ ကိစ္စ အပေါ်မှာ KNU ခေါင်းဆောင်ပိုင်း အကြား သဘောထား ကွဲရာက KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှ ဗိုလ်ချုပ်ကြီး မူတူးစောဆေး၊ ဗဒို စောဒေးဗစ်ထော နဲ့ ဗိုလ်မှူးကြီး ရောဂျာခင် တို့ကိုအဖွဲ့က ထုတ်ပစ်တဲ့ အထိ အခြေအနေ တင်းမာသွားတာပါ။
တဖက်မှာ လည်း ပဲခူးတိုင်း ကျောက်ကြီးမြို့မှာ တပ်မဟာ ၃ ဆက်ဆံရေးရုံး၊ ထားဝယ်မှာ တပ်မဟာ ၄ ဆက်ဆံရေးရုံး နဲ့ မြဝတီမှာ တပ်မဟာ ၆ နဲ့ တပ်မဟာ ၇ ဆက်ဆံရေး ရုံးတွေ ဖွင့်ထားပြီ ဖြစ်တဲ့ အတွက် နောက်ကွယ် မှာ နက်နဲတဲ့ အကြောင်းအရာတွေ ရှိနိုင်တယ် လို့ အကဲခတ် တွေ ကလည်းသုံးသပ် နေကြပါတယ်။
KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေး ကိုတော့ ဘယ်နေရာ မှာ ဘယ်နေ့ ကျင်းပမယ် ဆိုတဲ့ အကြောင်း ကိုတော့ ထုတ်ဖေါ်ပြောခြင်း မရှိသေးပါဘူး။ ဒါပေမယ့် သတင်းစာ ရှင်းလင်းပွဲ မလုပ်တော့ ဘူးလို့ ဗဒိုမန်းငြိမ်းမောင် က ဘီဘီစီ ကိုပြောပါတယ်။
တင်နေတဲ့အကြွေးလည်းဆပ်ပေးအုံးမယ်..ပိုက်ဆံလည်း ထုတ်ချေးပေးအုံးမယ်...ဘာ ကိုမျှော်ပြီး ဘယ် လိုကူညီမှာလဲ ကိုဂျပန်ကြီး ရေ....
မြန်မာပြည်ကို လာမယ့်နှစ်မှာ ဂျပန်အစိုးရအနေနဲ့ အင်မတန် ချိုသာတဲ့ အတိုးနှုန်းနဲ့ ချေးငွေတွေ ပြန်ထုတ်ချေးနိုင်ဖို့ အစီအစဉ်တွေ စလုပ်နေပြီလို့ ဂျပန် ဘဏ္ဍာရေး ဝန်ကြီး ကိုရိကီဂျိုဂျိမက မနေ့က တိုကျိုမှာ ပြုလုပ်တဲ့ မြန်မာ့ ကြွေးပြန်ဆပ်ရေး နိုင်ငံတကာငွေကြေးအေဂျင်စီများ အစည်းအဝေးမှာ ကြေညာလိုက်ပါတယ်။
အိုင်အမ်အက်ဖ်၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ဂျီ ၇ လို့ခေါ်တဲ့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေရဲ့ အရာရှိတွေ တက်ရောက်တဲ့ ဒီအစည်းအဝေးမှာ ဂျပန် ဘဏ္ဍာရေး ဝန်ကြီးက ဘယ်အတိုင်းအတာလောက် ထုတ်ချေးမယ်လို့ မပြောပေမယ့် မြန်မာပြည်က လျှပ်စစ်မီးနဲ့ လမ်းတံတားတွေ ပြန်ပြုပြင်ရေး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ ဆိပ်ကမ်းတွေ ခေတ်မီစေရေးတွေအတွက် ကူညီမယ်လို့ ပြောပါတယ်။
အစည်းအဝေးကနေ မြန်မာကို ဘယ်လိုဝိုင်းကူမယ်ဆိုတဲ့ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှု မရပေမယ့် မြန်မာမှာ တင်ရှိနေတဲ့ အကြွေးတွေ လျှော်ပစ်ဖို့နဲ့ အကြွေးသစ် ထပ်ပေးဖို့ အစီအစဉ်တွေကို ရှေ့နှစ် ဇန်နဝါရီက စဖို့ ဂျပန်က ဦးစီးဦးဆောင် လုပ်မယ် လို့   ဝေါစတြိဂျာ နယ်သတင်းပေးပို့ချက်အရ သိရပါတယ်။
ဂျပန် ဘဏ္ဍာရေး ဝန်ကြီးဌာနအဆို မြန်မာ ကြွေးမြီ ယန်း ဘီလီယံ ၅၀၀ (ဒေါ်လာ ၆.၄ ဘီလီယံ) စာရင်းရှိနေတာကို သမ္မတ ဦးသိန်းစိန်ရဲ့ ဂျပန်ခရီးစဉ်အတွင်း ဧပြီလက ၆ဝ% ကျော်ကို ပယ်ဖျက်ပေးခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေး ဘဏ်တို့ကို မြန်မာက ဒေါ်လာ သန်း ၉ဝဝ ပေးဖို့ကျန်နေတာကို ဂျပန်ဘဏ် Bank of Tokyo နဲ့ Mitsubishi UFJ တို့က ပေးသွားမှာဖြစ်ပါတယ်။
တချိန်တည်းမှာ အမေရိကန်သမ္မတ အိုဘားမားက နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများက မြန်မာနိုင်ငံအပေါ် ငွေချေးငှားမှု တင်းကြပ်ထားတာ ဖယ်ရှားပေးလိုက်ပြီမို့ အာရှဖွဲ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်တို့က ၂၀၁၃ ခုနှစ်မှာ    မြန်မာကို   ငွေချေးငှားမှု    ပြန်လည်စ  တင်နိုင်တော့မှာပါ။
မြန်မာပြည်နဲ့ပတ်သတ်ပြီး ဂျပန်တွေ အဆင်သင့်ဖြစ်မှု၊ အကူ အညီပေး တာ   မြန်ဆန် မှုတွေ အပေါ် မြန် မာ့အရေး လေ့လာစောင့်ကြည့်သူတွေ အံ့အားသင့်ကြရပါတယ်။ ဆစ်ဒနီ မက်ကွာ ရီတက္က သိုလ် က မြန်မာ့စီးပွားရေးကျွမ်းကျင်သူ ရှောင်တာနယ်က မြန်မာဟာ အာရှစီးပွားရေး အင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ဂျပန်ကြား ဗျူဟာကျတဲ့ ခတ်ကွင်းလို ဖြစ်လာနေပြီလို့ နယူးယောက်တိုင်းမ် သတင်းစာကို ဆိုပါတယ်။
တရုတ်က မြန်မာ့သယံဇာတတွေ တူးဖော်ထုတ်လုပ်ရေးကိုပဲ စိတ်ဝင်စားပေမဲ့ ဂျပန်က   ဈေးပေါ တဲ့   မြန်မာအလုပ်သမားတွေကို အလုပ်အကိုင်ဖန်တီးပေးပြီး ထိုင်းနဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ် ကုန် ထုတ် လုပ်  ငန်းတွေနဲ့ ကွန်ယက်ဖွဲ့ရေး စိတ်ဝင်စားပုံပါ။
ဂျပန်ရဲ့ အလုံးစုံ မဟာဗျူဟာက ဂျပန်အစိုးရရဲ့ နိုင်ငံတကာကုန်သွယ်ရေးနှင့် စက်မှူလုပ်ငန်းဝန်ကြီးဌာနနဲ့ မစ်ဆူဘီရှီ၊ မာရူဘီနီ၊ ဆူမီတိုမိုတို့လို ဂျပန်မှာ အကြီးဆုံး ပုဂ္ဂလိကလုပ်ငန်းကြီးတွေ ပူးပေါင်းပြီး စွမ်းအားအပြည့် အလုံးအရင်းနဲ့ ဝင်ရောက် လုပ်ကိုင်ရေးဖြစ်ပါတယ်။
ရိုက်တာသတင်းအေဂျင်စီရဲ့ သတင်းပေးပို့ချက်တခုမှာ ဂျပန်အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေရဲ့   ထောက်ပံ့မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာ ၁၈ ဘီလီယံရှိမယ်လို့ သိရပါတယ်။ ဂျပန်အစိုးရရဲ့ ချေးငွေအစီအစဉ်အရလည်း ထပ်ချေးမယ့် အကြွေးကို အတိုးနှုန်း ၀.၀၁ ရာခိုင်နှုန်းနဲ့ နှစ် ၅၀ ကြာတဲ့အထိ ချေးထားမှာဖြစ်ပြီး ပထမ ၁၀ နှစ်က အတိုးနှုန်းမဲ့ ဖြစ်ပါတယ်။
ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်လည်း ဂျပန်တွေ ကူညီထောက်ပံ့ဖို့ရှိပါတယ်။ ဆင်းရဲမွဲတေလွန်းတဲ့ တိုင်းရင်းသားဒေသတွေကို အထောက်အပံ့ပေးနေတဲ့ နိပွန်ဖောင်ဒေးရှင်းရဲ့ ဥက္ကဌ ယိုရှီအိ ဆာဆာကာဝါကို ကိုးကားပြီး နယူးယောက်တိုင်းမ် သတင်းစာက မြန်မာသမ္မတ ဦးသိန်းစိန် အနေနဲ့    ဝေးခေါင် လွန်းတဲ့ဒေသတွေမှာ မူလတန်းကျောင်းများ ဆောက်လုပ်ရေး အလျင်အမြန် အလိုရှိနေကြောင်း   ရေးပါတယ်။
ရန်ကုန်ရဲ့ ရေပေးဝေရေးစနစ် ပြန်ပြင်ဖို့လည်း ဂျပန်အင်ဂျင်နီယာတွေ လုပ်နေကြပါတယ်။ ရန်ကုန်ကို ပေးနေတဲ့ ရေ ၄၀ ရာခိုင်နှုန်းက ပိုက်တွေ မကောင်းတဲ့အတွက် စိမ့်ထွက်ပြီး အလဟဿ ဖြစ်နေတာမို့ ဒီကိစ္စ အမြန်ဖြေရှင်းဖို့လိုနေပါတယ်။ ရန်ကုန်လူထုအတွက် သယ်ယူ ပို့ဆောင်ရေးစနစ်၊ ရန်ကုန်ကို မီးပေးနေတဲ့ ဓာတ်အားပေးစက်ရုံ ၄ လုံးကို ပြန်ပြုပြင်ရေး၊ ပဲခူးမြစ်ပေါ် ဒုတိယမြောက် တံတား တည်ဆောက်ရေး၊ သီလဝါဆိပ်ကမ်းကို အကူပေးမယ့် ဆိပ်ခံ ၆ ခု တည်ဆောက်ရေးတွေအတွက် ဂျပန်တွေ လေ့လာနေကြပါတယ်။