468x60 Ads
Tuesday, October 16, 2012
အပန်းဖြေစရာ၊ ပုံရိပ်ကမ္ဘာ....
အဓိပ္ပါယ်ရှိတဲ့ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းမြောက်များစွာကို ကိုယ်စားပြုတယ်လို့ ဆိုလေ
တာမို့ ဘလော့ဂ်ကြွလာပ၇ိတ်သတ်များ အပျင်းပြေစေ၊ အတွေးရစေဖို့  အင်တာနက်က တွေ့ မိ
သမျှ ၊ ဖေ့ စ်ဘွတ်မှာတွေ့ မိတာ၊ တစ်ချို့ လည်း ဖော်ဝါ့ ဒ်မေးကရတဲ့ ပုံလေးတွေတင်ပြလိုက်ပါ
တယ်...
အောက်ကစာသားများကတော့ မိမိရဲ့ စိတ်ကူးအတွေးများမို့ တစ်ခါတစ်လေမူရင်းပုံနဲ့ ရည်ရွယ်ရာ
ချင်းလွဲချော်သွားတာမျိုးလည်းရှိနိုင်ပါတယ်...
ဖြည့် စွက်၊ ဖြန့် ထွက်တွေးပြီး ပြုံးပျော်နိုင်ပါစေသတည်း...
မူရင်းဓါတ်ပုံရိုက်ကူးသူကိုဖော်ပြပြီးဂုဏ်မပြုနိုင်ပေမယ့် ထိုပုံများရိုက်ခဲ့ ပြီးကိုယ်ကျိုးမဖက်ပဲ အင်တာနက်မှာ တင်ထားနိုင်တာကိုက နည်းတဲ့ စိတ်ထားမြင့် မြတ်မှုမဟုတ်ပါဘူး....
မူရင်းရိုက်ကူးသူမသိပဲ ကြားကတစ်ယောက်ယောက်က ကူးတင်တယ်ဆိုယင်တော့ လည်းမ
တတ်နိုင်ပေဘူးပေါ့ ...သို့ သော်စီးပွားရေးအရမဟုတ်ပဲ ၀ါသနာအရ၊ အပျော်ဗဟုသုတအနေနဲ့ 
တင်တာမို့ သိခဲ့ လျှင်တောင်မှခွင့် လွှတ်နိုင်မယ်ထင်ပါတယ်...
ထိုထိုဓါတ်ပုံဆ၇ာများကို လေးစားစွာ ဂုဏ်ပြုပါတယ်...
ကျွန်တော်ရိုက်တဲ့ ပုံတော့ တစ်ပုံမှမပါဝင်ပါဘူး...
ကဲ... ဘယ်သူများလာပြီးရန်ရှာဦးမလဲ....ပြော...
သက်စွန့် ဆန်ဖြား လူစွန့် စား....
ပြည်သူချစ်တဲ့ တပ်မတော်ဆိုတာ ဒီလိုဖြစ်ရမှာပါ...
 အသက်ကြီးတော့ မြိုသိပ်ထားရတာတွေပိုများတယ်လေ....
သူတို့ လည်း ဂန်နမ်စတိုင်....
သမဏ သာရုပ္ပ မဖြစ်ဘူးပေါ့ ....  မြန်မာပြည်မှာလည်း ဟိုးယခင် နှစ်ပေါင်းရာချီကြာခဲ့ 
စဉ်တုံးက အတင်ဂိုဏ်း၊ အရုံဂိုဏ်း၊ ဦးထုပ်ဒေါက်ချာဆောင်းတဲ့ ဂိုဏ်း စသည်ဖြင့် အယူ
အဆတွေကွဲပြားတဲ့ သံဃဂိုဏ်းဂဏတွေပေါ်ခဲ့ ပါသေးတယ်...
 စာထဲတော့ ခါးသေးရင်ချီ ပဒုမ္မနီတဲ့ ....
မာစီဒီးကမှ တံခါးခြောက်ပေါက်ရယ်ရှိတာ... သူကတံခါး ရှစ်ပေါက်တောင်ဗျာ....
 သူဖန်ဆင်းတဲ့ အနုပညာ....
 ကြည့် ရဲဘူး...ကြည့် ရဲဘူး... သားသားကြည့် ရဲဘူး...
အေးပါကွယ်... ဘဘတို့ ပဲကြည့် ပါ့ မယ်...
ကိုယ်သတ်မှတ်ထားတဲ့  နှစ်ပါတ်လည်နေ့ ရောက်ယင် အပူချိန် ၁၂၀ ဒီဂရီရောက်အောင် အပူငွေ့ ပေးပြီး သတိပေးမယ့် အဖိုးတန်လက်စွပ်လေးပေါ့ ....
 ကွာတယ်နော်ကိုယ့် လူ.... မတူယင်မတုပါနဲ့ .... သူတို့ ကရဲတွေလေ...
လုပ်တိုင်းတင့် တယ်တယ်....
 ပွင့် လင်းမြင်သာမှုမရှိဘူးဆိုလို့ .... ကြေနပ်တယ်မဟုတ်လား...
 ကဲ.... ယုံကြပြီးလား...နဂါးတဲ့ ဗျာ....
အတုအပမှာတော့ ယခုဘ၀မှာပင် အတုလေးရယ်တဲ့ ယှဉ်ကာမပြိုင်နိုင်တဲ့ တရုတ်ပါဗျာ...
ပြောင်းလဲခြင်းသဘာဝ၊ နိယာမ အခြေပြပုံရိပ်ဇယား...
အာကာသထဲက ခုန်ချသူ ..............
အာကာသထဲက အလွတ်ခုန်ချတဲ့ Felix Baumgartner ကတော့ စံချိန်သစ် တင်သွားခဲ့ပါပြီ။
မြေပြင်ကနေ ၂၄ မိုင်ကျော် အမြင့် အာကာသထဲကနေ ခုန်ချလိုက်တဲ့ အသက် ၄၂ နှစ်ရှိတဲ့ သြစတြီးယန်း လူမျိုး ဘော်မ်ဂါတနာ ဟာ စံချိန်သစ် ၄ ခုကိုချိုး လိုက်တဲ့ အောင်မြင်သူ တဦးပါလို့ The Sun သတင်းစာ မှာ ဖော်ပြထားပါတယ်။
“ကျနော့်အတွက် ဒုက္ခလို့ ခံစားလိုက်ရတဲ့အချိန်က ခဏလေးပဲ”လို့ မြေပြင်ကို အောင်မြင်စွာ ဆင်းသက် အပြီး ဘော်မ်ဂါတနာ က ဆိုပါတယ်။ ကမ္ဘာမြေပြင်က ပေပေါင်း ၁၂၈ ၁၀၀ အမြင့်အမှတ်က သူ စတင် ခုန်ချလိုက်ပြီး မြေပြင်အရောက် စုစုပေါင်း ၉ မိနစ် ၃ စက္ကန့် ပဲ ကြာမြင့်ပါတယ်။
သူက အာကာသထဲမှာ ၄ မိနစ်ကျော်က တနာရီကို ကီလို မီတာ ၈၃၃.၉ အမြန်နှုန်းနဲ့ အလွတ်ဆင်း သက်နေခဲ့တာပါ။ မြေပြင်က ပေ ၅၂၀၀ အမြင့်ရောက်မှ သူက လေထီးကို ဖွင့်လိုက်တာဖြစ်ပါတယ်။
မြေပြင်ကို အောင်မြင်စွာ ဆင်းသက်လာချိန်မှာတော့ မိဘ ၂ပါးဖြစ်တဲ့ ဖခင် Felix နဲ့ မိခင် Eva ရယ် သူ့ ချစ်သူမိန်းကလေး Nocole Oetl တို့က စောင့်ကြိုနေကြတာပါ။
ကမ္ဘာတ၀န်းက လူ သန်းပေါင်း ၇.၃ သန်း က သူ့ရဲ့ အာကာသ ထဲကနေ မြေပြင် ကို ခုန်ချတာ ကို စောင့်ကြည့်ခဲ့ကြပါတယ်။
အခုလို အာကာသ က ခုန်ချဖို့အတွက် သူ့အတွက် ၀တ်စုံကို Red Bull က စပွန်ဆာပေးခဲ့တာဖြစ်ပြီး စတာလင် ပေါင် ၁၂၄၄၂ တန်ဘိုးရှိပါတယ်။
သူဟာ ၁၉၆၀ ခုနှစ်က အမေရိကန် လေတပ်ဗိုလ်မှူးကြီး ဂျိုးရဲ့ မြေပြင်အမြင့် ၃၁၃၃၂ ပေခန့်က မြေပြင်ကို ၁၀ မိနစ်ကျော်နဲ့ အောင်မြင်ခဲ့တဲ့ စံချိန်ကိုချိုးခဲ့တာ လည်းဖြစ်ပါတယ်။
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် .......
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအစည်းအဝေးကို နေပြည်တော်ရံးခန်းတွင် ၁၅-၁၀-၂၀၁၂ နေ့ နံနက် ၁၀း၀၀ မှ ၁၁း၃၀ နာရီ အထိကျင်းပရာ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်..
ဒီအခန်း မဖြတ်တော့ဘူး ဆိုပေမယ့်
 မြန်မာပြည်မှာ ရုပ်ရှင်ဆင်ဆာနဲ့ပတ်သက်လို့ ပေါ်ပေါ်ထင်ထင် သရော် ရိုက်ကူးခဲ့တဲ့ ဇာတ်ကား ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အပြင်မှာ တကယ်ဖြစ်နေတဲ့
အဖြစ်မှန် သရုပ်မှန်တို့ကို အများသိအောင် ရဲရဲဝံ့ဝံ့ ရိုက်ကူး ပြသရဲခဲ့ပြီး ရယ်စရာလည်း ကောင်းတာကိုး။ သိတယ် ဟုတ်၊ ဒါရိုက်တာ ၀ိုင်းရဲ့ အဲ့ဒီအခန်းဖြတ်( Ban that scene) ဆိုတဲ့ ဇာတ်ကားလေ။
အခုတော့ တော်တော်ထူးခြားတယ်လို့ ဆိုရမှာပါ။ ဒီဇာတ်ကားကို ပြီးခဲ့တဲ့ စနေနေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်နေ့ ဂုဏ်ပြုအခမ်းအနားမှာ ရုပ်ရှင်ဂုဏ်ဆောင်ဆု အဖြစ် မြန်မာ့ရုပ်ရှင်လုပ်ငန်း ညွှန်ကြားရေးမှူုး(ပြသ) ဦးသိန်းထွန်းအောင် ကိုယ်တိုင် ပေးအပ်လိုက်ခြင်းပါ။
ကျွန်တော်တို့ သိသလောက် ဒီဇာတ်ကားကို ပြီးခဲ့တဲ့နှစ် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်မှာ ပြသဖို့အတွက် ရိုက်ကူးခဲ့တာ ဖြစ်ပြီး အင်တာနက် စာမျက်နှာတွေကတဆင့် ပရိသတ်တွေ နှစ်ခြိုက်ခဲ့လို့ အဲဒီပွဲမှာ ပရိသတ်အကြိုက်နှစ်သက်ဆုံး ဇာတ်ကားဆုကို ရရှိခဲ့ပါသေးတယ်။ နောက်ပြီး ဒီဇာတ်ကားကို တရားဝင် ပြည်တွင်း ရုပ်သံလိုင်းတွေမှာတွေ့မြင်ခဲ့ရခြင်း၊ ပြသခြင်းမျိုး မရှိခဲ့ဘဲ ဖေ့ဘုတ်၊ ယူကျု(youtube)စတဲ့ အင်တာနက် စာမျက်နှာများ၌သာ ကြည့်ရှုခဲ့ရတာပါ။
ဆိုတော့ တရားဝင် ပြသခွင့်မရှိခဲ့တဲ့ ဒီဇာတ်ကားကို မြန်မာ့ရုပ်ရှင်ဆင်ဆာအဖွဲ့ရဲ့ အတွင်းရေးမှူး ကိုယ်တိုင် ပေးအပ်လိုက်တယ် ဆိုတော့ မြန်မာ့ရုပ်ရှင် ပေါ်လစီ အရင်လို မဟုတ်တော့ဘူးလားလို့ အံ့အားသင့်စရာ ဖြစ်နေရတာပေါ့။
ဒီဇာတ်ကား ရုပ်ရှင်ဂုဏ်ဆောင်ဆု ရလိုက်တဲ့အပေါ် ဒါရိုက်တာ ၀ိုင်းက ဘယ်လိုမြင်ပါသလဲ။
“ဒါက ရုပ်ရှင်အစည်းအရုံးကပေးတယ်ဆိုပေမယ့် ၀မ်းသာစရာကောင်းတာက ဆင်ဆာအဖွဲ့ရဲ့ အတွင်းရေးမှုး ကိုယ်တိုင်က ပေးတယ်ဆိုတော့ ဒါဟာ ပြန်ကြားရေးဝန်ကြီးဌာနက အသိအမှတ်ပြုတယ်ဆိုတဲ့သဘောတော့ တွေ့ရပါတယ်” လို့ ဒါရိုက်တာ ၀ိုင်းက ဧရာဝတီကိုပြောပါတယ်။
သူ့အနေနဲ့ ဆုတခု ရသည်ဆိုတာထက် ပြုပြင်ပြောင်းလဲလာတဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မူဝါဒတွေနဲ့ စိတ်တွေကို တွေ့လိုက်ရတဲ့ အတွက် ပိုပြီး ကျေနပ်ပီတိဖြစ်မိတယ်လို့လည်း ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နှင့်Mr, Yoshito Sengokea တွေ့ ဆုံ
 ဒေါ်အောင်ဆန်းစုကြည် နှင့် ၁၆-၁၀-၂၀၁၂ နေ့ မွန်းလွဲ ၄း၀၀-၅း၃၀ နာရီအထိ ဂျပန်သံရုံးယာယီတာဝန်ခံMr, Yoshito Sengokea နှင့် အဖွဲ့ လာရောက်တွေ့ဆုံ ကြောင်း သိရပါတယ်... ဘာတွေဘယ်လို ညှိုနှုင်းပြောဆိုဆွေးနွေးကြလဲ ဆိုတာတော့ ထပ်မံ တင်ပြပါအုံးမည်...
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်ကို ပြန်လည်ရွေးချယ်
နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြည်လုံးကျွတ်ညီလာခံကနေ ပါတီဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတွေကို ပြန်လည်ရွေးချယ်ခဲ့တာမှာ
ဥက္ကဋ္ဌအဖြစ် သမ္မတ ဦးသိန်းစိန် ကို ပြန်လည်ရွေးချယ်ခဲ့ပါတယ်။
ဒုတိယဥက္ကဋ္ဌတာဝန်အတွက်ကိုတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပြန်လည်ရွေး ချယ်ခဲ့တဲ့ အပြင် သူရဦးအေးမြင့်နဲ့ ဦးဌေးဦး စုစုပေါင်း ၃ ယောက် ရွေးချယ်ခဲ့ပါတယ်။
ဒီကနေ့ ပြည်ခိုင်ဖြိုး ပါတီညီလာခံကနေပဲ ဗဟိုကော်မတီဝင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ ကို ပြန်လည် ရွေးချယ် ဖွဲ့စည်းခဲ့ကြပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတက ပါတီ ဥက္ကဋ္ဌ ရာထူး ပြန်လည်ယူတဲ့ အပေါ်မှာ မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။
Sunday, October 14, 2012
ရွှေမြန်မာတို့ရဲ့ ပထမဆုံးများ
!!! မြန်မာတို့ရဲ့ ပထမဆုံးများ !!!
၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက်
၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု
၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး
၎။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ မင်းသားနှင့် မစ္စတာလိန်း
( ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို )
၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်
၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ်
၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး
၈။ ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော် ဦးဥတ္တမ
၉။ ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း
၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု
၁၁။ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူနှင့် ဒါရိုက်တာ = လန်ဒန်အတ် ဦးအုန်းမောင်
၁၂။ ပထမဆုံး မြန်မာ့ရုပ်ရှင် ထုူးချွန်ဆုရ မင်းသား = ကျော်စိုး
၁၃။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး = ကြည်ကြည်ဌေး
၁၄။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရကလေးသရုပ်ဆောင် = အောင်ထွန်းလေး
၁၅။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသား = ဦးကျောက်လုံး
၁၆။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသမီး = ဒေါ်မေနွဲ့ 
၁၇။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ
၁၉။ ပထမဆုံး နိုင်ငံခြားရောက်ဆိုင်းဆရာ = စိန်ဗေဒါ
၂၀။ ပထမဆုံး ကာလပေါ်ဝတ္တုရေး စာရေးဆရာ = ဂျိမ်းစ်လှကျော်(မောင်ရင်မောင် မမယ်မ၀တ္တု)
၂၁။ ပထမဆုံး သတင်းစာ ဆရာမ = အင်ဒီပင်းဒင့်ဒေါ်စန်း
၂၂။ ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာကထိက = ဒေါက်တာဘမော်
၂၃။ ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး = ပါမောက္ခ ဦးဖေမောင်တင်
၂၄။ ပထမဆုံး စတီရီယို အဆိုတော် =တက္ကသိုလ် ထွန်းနောင်
၂၅။ ပထမဆုံး လေသူရဲ = မီးပုံးပျံ ကျော်ရင်
၂၆။ ပထမဆုံး စက်ရုပ်တီထွင်သူ = ဦးကြည်
၂၇။ ပထမဆုံး နယ်လှည့်ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန်
၂၈။ ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် = ဒေါက်တာဆာမြဘူး(၁၈၈၅-၁၈၈၆)
၂၉။ ပထမဆုံး မြန်မာပါရဂူ = ဒေါက်တာဘဟန် ( ၁၈၉၀-၁၉၆၉) ( ပြင်သစ်နှင့်ဂျာမနီပြန်)
၃၀။ ပထမဆုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဏုမြူစွမ်းအင် ဦးစီးဌာနတည်ထောင်သူ= ဒေါက်တာ တင်လှိုင်
၃၁။ ပထမဆုံး မြန်မာ ကာတွန်းဆရာ = ဥိးဘကလေး ( ဦးရွှေကလေး)
၃၂။ ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဌ = ပညာမင်းကြီး စည်သူဦးကောင်း
၃၃။ ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် = ဒေါက်တာ တင်မောင်
၃၄။ ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ( ဗ - က - သ ) ဥက္ကဌ = ဦးရာရှစ်
၃၅။ ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ = စာရေးဆရာချစ်ဦးညို(၁၉၂၄ - ၁၉၈၇)
၃၆။ ပထမဆုံး လူမူထူးချွန်ဆု ပထမဆင့်ကို ရရှိသူ အမျိုးသမီး = ဟာဂျီမပျဉ်းမနား ဒေါ်ပု
၃၇။ ပထမဆုံး ဖလောရင့်နိုက်တင်ဂေးဆုရရှိသူ = ဗိုလ်မှူးဒေါ်ခင်အုန်းမြ (ခ)စာရေးဆရာမကြီး မြမာလာ
၃၈။ ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် = ဦးဝင်းမြင့်(မန္တလေး)
၃၉။ ပထမဆုံး မြန်မာ ကုလသမဂ္ဂအတွင်းေ၇းမှုး= ဦးသန့် 
၄၀။ပထမဆုံး မြန်မာနိုဘယ်လ်ဆုရှင် = ဒေါ်အောင်ဆန်းစုကြည်
ဒီမိုကရေစီစနစ်ကို စည်းစနစ်ကျနစွာ ကျင့်သုံးဆောင်ရွက် ကြရန် သူရဦးရွှေမန်း တိုက်တွန်း
ဒီမိုကရေစီစနစ်သည် အများကြိုက်ကြသော စနစ်ဖြစ်သကဲ့သို့ ၊ အများကသာ ပိုင်ခြင်းကြောင်း   ပြည်ထောင်စု    ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ   ဒုတိယ   ဥက္ကဌ     ဖြစ်သည့် သူရဦးရွှေမန်းက ယနေ့ကျင်းပသော ပြည်ခိုင်ဖြိုးပါတီဗဟိုညီလာခံတွင် ပြောကြားလိုက်သည်။
ထိုသို့ အများနှင့်သက်ဆိုင်နေသောကြောင့်ပင် ဒီမိုကရေစီစနစ်ကို စည်းစနစ်ကျနစွာ ကျင့်သုံးဆောင်ရွက်ကြရန်လည်း လိုအပ်ပြီး ထိုသို့မဟုတ်ပါက ဒီမိုကရေစီကိုအကြောင်းပြ၍ ပရမ်းပတာလုပ်ဆောင်မှုများ ဒီမိုကရေစီ အနိုင်ကျင့်မှုများ ၊မင့်မဲ့စရိုက်ဆန်ခြင်း ၊ဗိုလ်ကျစိုးမိုးမှုများဖြစ်တတ်ကြောင်းကို သတိပြု၍ အများကြိုက်သောဒီမိုကရေစီစနစ်ကို အများအတွက်ကောင်းအောင်လုပ်ဆောင်ရာတွင်ပါတီဝင်ထုတစ်ရပ်လုံး ပါဝင်နေရန်လိုအပ်သည်ဟု သူရဦးရွှေမန်းက ပါတီကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။
ယနေ့ကျင်းပသောညီလာခံတွင် ပြည်နယ်နှင့် တိုင်းအလိုက် ညီလာခံကိုယ်စားလှယ်များက သက်ဆိုင်ရာ ပြည်နယ်တိုင်းတွင်း မိမိပါတီလှုပ်ရှားမှု၊ စည်းရုံးမှု၊    အခြားပါတီများ၏     လုပ်ဆောင်မှုအခြေအနေများနှင့် ပါတီအပေါ် ပြည်သူလူထု၏ အမြင်သဘောထားများ ၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် ပြင်ဆင်သင့်သည်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ရမည်းသင်းမြို့ အရံမီးသတ်တပ်ဖွဲ့ ဝင် မွတ်ဆလင်များမှ ခရီးသွား ဗုဒ္ဓဘာသာဝင် နှစ်ဦးအား ဓါးများဖြင့် ထိုးခုတ်သတ်ဖြတ်
၁၃-၁၀-၂၀၁၂ ည ၁၀ နာရီခန့် တွင် ရမည်းသင်းမြို့ ဝါတိုးလယ်ရပ်နေ ဦးခင်မောင်အေး အသက်(၄၅)နှစ်
နှင့် ဦးညိုစိမ့် အသက်(၃၄)နှစ်တို့ သည်အလုပ်ကိစ္စဖြင့် သိမ်ကုန်းကျေးရွာသို့ စည်ပင်သာယာလမ်း အတိုင်း ဆိုင်ကယ်ဖြင့် သွားရာ လုံခြုံရေး တာဝန်ကျ အရံမီးသတ် တပ်ဖွဲ့ ဝင် မွတ်စလင်များမှ စစ်ဆေးရန် အကြောင်းပြတားဆီးခဲ့ ကြောင်းသိရပါတယ်။
အဲဒီအချိန်မှာ ရမည်းသင်းမြို့ ပျဉ်တပ်ရပ်ကွက် နှင့် ဗမာ မွတ်စလင် ရပ်ကွက် ( ခ ) ( ဗ.မ.က )ရပ်ကွက် မှ မွတ်စလင်များ အဓိကရုဏ်း ဖြစ်ပွါးမှုကြောင့် အခြေအနေ တင်းမာ နေချိန်လည်း ဖြစ်ပွါး နေချိန် လည်း ဖြစ်ပါတယ်။
အဆိုပါ အရံမီးသတ်မှ မွတ်စလင်များ တားဆီးထားတဲ့ ဆိုင်ကယ်ကို အမှောင်တွင်းပုံးနေကြသော အပေါင်းပါမွတ်စလင်များမှ ဝိုင်းဝန်းထွက်ရိုက်ကြပြီး ဓါးများဖြင့် ထိုးခုတ်သတ်ကြသဖြင့် ဦးခင်မောင်အေး နှင့် ဦးညိုစိမ့် တို့ က အော်ဟစ်အကူညီ တောင်းရာ ပတ်ဝန်ကျင်ရှိ ဗမာများ မှ အချိန်မှီသွားရောက် ကူညီခဲ့သဖြင့် အသက်ဘေးမှ လွတ်ခဲ့ပေမယ့် ရမည်းသင်း ဆေးရုံတွင် အရေးပေါ်လူနာများအဖြစ် ကုသလျှက်ရှိကြောင်း မျက်မြင်သက်သေတဦးက Myanmar News Now ကိုပြောပါတယ်။
ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ ၁၂နာရီမှာ မွတ်စလင်များ လက်ချက်ကြောင့် ဆေးရုံ တင်ထားရသော လူနာဦးညိုစိမ့်နှင့် ဦးခင်မောင်အေးတို့ အား ခရိုင်ရဲမှုးနှင့် အရာရှိ များက ဆေးရုံသို့ လာရောက် အားပေးပြီး လိုအပ်သည်များကို ကူညီပေးမည် ဖြစ်ကြောင်းနှင့် အခင်းဖြစ်ရာတွင် ပါဝင်ကြသူများကို ဖမ်းစီးထားပြီး ထိရောက်စွာ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဟု ပြောကြားသွားပါတယ်။
ထိုလူနာများအားမြို့နယ် တာဝန်ရှိသူများမှ တစ်ဦးလျှင် ငါးသောင်းကျပ်စီ လာရောက်ကူညီ သွားကြောင်းလည်းသိရပါတယ်။
ရမည်းသင်း မြို့ နယ် ရဲတပ်ဖွဲ့ အသိုင်းဝိုင်းမှ ပြောပြချက်အရ ဒီညမှာ အရင်ညများထက် လုံခြုံရေး အင်အားနှစ်ဆ တိုးပြီးချထားမည်ဟု သိရပါတယ်။
ရခိုင်ပြည်သူများနှင့်အတူ ကန့် ကွက်လိုက်တဲ့ ကမ္ဘာမှူဆလင်အဖွဲချုပ်(OIC)ရုံးခန်းဖွင့်လှစ်ခြင်း
အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ် အခြေစိုက်ရခိုင်အမျိုးသားရေးအသင်းမှ ရသေ့တောင်မြို့နယ် ရခိုင်လူထု အစည်းအဝေး၏ အတည်ပြုသတ်မှတ်ချက်များအား ထောက်ခံပွဲ အစည်းအဝေးတစ်ရပ်ကို ယမန်နေ့  အောက်တိုဘာလ ၁၄ရက် နေ့လည် ၁နာရီမှ ညနေ ၄နာရီထိ အောင်မြင်စွာ ကျင်းပခဲ့သည်။
ထိုအစည်းအဝေးသို့ အမေရိကန်ပြည်ထောင်စုပြည်နယ်အသီးသီးမှ ရခိုင်ကိုယ်းစားလှယ်များ မြန်မာတိုင်းရင်းသားများအပါအ၀င် လူ (၁၀၀)ခန့် တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် အဓိကအကြောင်းအရာ အချက်သုံးချက်ကို ဆွေးနွေးတင်ပြဆုံးဖြတ်ခဲ့သည်။
ရသေ့တောင်မြို့ ၌ ပြုလုပ်ကျင်းပခဲ့သည့် ရခိုင်ဒေသလူထုအစည်းအဝေး ၏တောင်ဆိုချက်(၁၈)ချက်၊ ကန့် ကွက်ချက်(၆)ချက်၊ အကြံပြုချက် (၃)ချက် ကိုတက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးတိုင်ပင် သုံးသပ်ကြပြီး တက်ရောက်လာသူအားလုံးမှ တညီတညွတ် တည်းထောက်ခံကြောင်းအတည်ပြုသတ်မှတ်ခဲ့ကြသည်။ထိုအချက်(၁၈)ချက်အားလည်း မြန်မာအစိုးရမှဆောင်ရွက်ပေးရန်တိုက်တွန်းနိုးဆော်လိုက်သည်။
ကမ္ဘာမှူဆလင်အဖွဲချုပ်(OIC)သည် ရခိုင်ပြည်၌ ရုံးခန်းဖွင့်လှစ်၍ ရခိုင်လူမျိုးနှင့် ဘင်္ဂလီလူမျိုးတို့ အတူယှဉ်တွဲနေထိုင်ရေးဆိုသော အစီအစဉ်ကို အကျယ်တ၀န်း ဆွေးနွေးတင်ပြခဲ့ကြသည်။ ယင်းအတူယှဉ်တွဲနေထိုင်ရေးအစီအစဉ်အား ရခိုင်ပြည်တွင်းမှ ရခိုင်ပြည်သူများနှင့်အတူ ကန့် ကွက်ပါကြောင်း၊ ဘင်္ဂလီများအား OIC အဖွဲ့ဝင်နိုင်ငံများက ခေါ်ယူကူညီပေးကြပါရန် ရခိုင်ပြည်နယ်ကို အစ္စလာမ်မှူပြုရေးအစီအစဉ်ကို ရပ်တန့်ကရပ်ရန် တိုက်တွန်းလိုကြောင်း၊ လိုအပ်လာလျှင် ကျွန်တော်တို့ တထွေ အရေးကြီးက သွေးနီရလိမ့်မည်ဖြစ်ပါကြောင်း အသင်းနာယက ဦးစံသာ ကဆိုသည်။
ရုရှားမှာပဲ ဒီလိုရှိတယ်အစ်ကို....
နှင်းကျရထား အဖြစ်သွားပုံက....
သူပြန်လာမယ့် အချိန်အသာလေးစောင့် ကြည့် နေမယ်လေ....
တာယာနဲ့ လုပ်တဲ့ တာဘောင်....
ရုရှားကဘဲကြီးတွေကတဲ့ ဘဲလေး... အာဆီယံ တွဲလက်ထက်တောင်ခိုင်မြဲသေးတယ်...
ပစ္စည်းမဲ့ တော်လှန်ရေးအတွက် ပစ္စည်းမဲ့ မီဒီယာ ကင်မရာ...
တာယာနဲ့ ဖန်တီးတဲ့ သာယာတဲ့ ပန်းခြံကစားကွင်း... ရုရှားမှာပဲရှိမယ်နော်...
အသက်သာသေသွားမယ် လေကတော့ မလျော့ ဘူးဆိုတာလိုပဲ...
ရေနစ်နေလည်း ဟောနေဆဲ...
ဘေးတံခါးတွေဖွင့် မရလည်း အခုလိုနောက်ကနေဖွင့် တက်ကြတာပေါ့ ...
ထိုင်ခုံမရမှာတော့ လုံးဝစိတ်မပူပါဘူး... ကိုယ့် ခုံနဲ့ ကိုယ်လာထိုင်လိုက်တယ်...
ငါးဥနဲ့ ဗော်ဒကာ... လိုက်ဖက်တယ်ဗျာ...
အသက်ကြီးတာတောင်... သိပ်ကဲ...ရှိတ်ဆွဲနေဆဲ...
တစ်ခါတည်းအကြောပါလိုက်သွားနေဦးမယ်...
ဖိုတိုရှော့ အစွမ်း...အံ့ မခန်း...
ကိုကိုလာမယ်ဆိုလို့ ...မျှော်လင့် ကာစောင့် စားရတယ်...
လာပါထိုင်ပါ...ပွင့် ပွင့် လင်းလင်းဆွေးနွေးကြတာပေါ့ ...
မင်္ဂလာဝတ်စုံဖက်ရှင်ဒီဇိုင်းဆန်းနဲ့ အလန်းဇယား ရုရှားသတို့ သမီးနဲ့ သတို့ သား...
ဒီမိုကရေစီ ရမရတော့ မသိဘူး  ကစားကွင်းမှာတော့ ကားအင်ဂျင်ချလို့ ရနေပြီ....
ကားမောင်းမကြမ်းပါဘူး...
ပြည်ခွင်သာယာတဲ့ စည်ပင်သာယာနဲ့ ညှိလိုက်ပုံက...
ကားတာယာများတော့ ဒီလိုတန်အောင်ကိုမောင်းသေးတာ...
ကိုယ်ပိုင်ဟယ်လီကော်ပတာလိုချင်လား...ရုရှားကိုသွား...
သက်သက်သာသာနဲ့ ဖန်တီးပေးလိမ့် မယ်...
Miss Myanmar နန်းခင်ဇေယျာ ၏ ပရိတ်သတ်အပေါ် မေတ္တာရပ်ခံခြင်း
 အားပေးပံ့ပိုးကူညီကြသူများအား မေတ္တာရပ်ခံခြင်း
အခုဆိုရင် ညီမကို အစဉ်တစ်စိုက်စောင့်ရှောက်အားပေးပြီး vote လုပ်ပေးနေတဲ့
ညီမကိုပံ့ပိုးသူ ပရိတ်သတ်များဟာ လုံးဝ မမျှော်လင့်ထားအောင်
များပြားလာပါတယ်။ ညီမကိုယ်တိုင်တောင်မှ ညီမကို ပံ့ပိုးအားပေးမည့်
Supporter အင်အား ဒီလောက်ရလာမယ်လို့ မမျှော်လင့်ရဲခဲ့ပါဘူး။ အဲ့ဒီအတွက်
ညီမအပေါ်မှာထားရှိကြတဲ့ အားလုံးရဲ့ပံ့ပိုးမှု နဲ့ မျှော်လင့်ချက်တွေအတွက်
မဖော်ပြတတ်လောက်အောင် ကျေး
ဇူးတင်ရှိသလို၊ အခုလို ညီမ ရေခြားမြေခြားမှာ
ယှဉ်ပြိုင်နေချိန်မှာ ညီမတို့မြန်မာနိုင်ငံသားအားလုံးရဲ့
ကိုယ့်နိုင်ငံသားအခြင်းခြင်း စောင့်ရှောက်ကူညီမှု၊ အားပေးမှုနဲ့
ညီမအပေါ်မှာ နွေးထွေးမှုတွေရရှိတာကိုလည်း ဘယ်တော့မှ မေ့လို့ရမှာ
မဟုတ်ပါဘူး။
ဒီနေ့မနက် အိပ်ရာနိုးတဲ့ အချိန်မှာ ညီမရဲ့ Vote အရည်အတွက်ကို
ဝင်ကြည့်လိုက်တဲ့ အခါမှာ ဘယ်လိုမှ မမျှော်လင့်ထားတဲ့ အရည်အတွက်ကို
ရရှိထားတဲ့ အတွက် မဖော်ပြတတ်အောင်ကို ၀မ်းသာဂုဏ်ယူမိပါတယ်။
မြန်မာနိုင်ငံသားတွေရဲ့ ကိုယ့်လူမျိုးကိုယ်ချစ်တဲ့စိတ်နဲ့ အအိပ်ပျက်၊
အစားပျက်၊ အလုပ်ပျက်ခံပြီး ကိုယ့်နိုင်ငံသူတစ်ယောက်နိုင်ဖို့ အတွက်
အင်တိုက်အားတိုက်ပံ့ပိုး အားပေးတတ်တဲ့စိတ်တွေကိုလည်း
နိုင်ငံခြားသူ/နိုင်ငံခြားသား တွေကြားမှာ ဂုဏ်ယူဝံ့ကြွားစွာနဲ့
ပြောပြလေ့ရှိပါတယ်။
ဒါပေမယ့် ဒီနေ့မှာ ညီမရဲ့ သူငယ်ချင်း နိုင်ငံခြားသူတစ်ချို့က ညီမကို
စေတနာသက်သက်နဲ့ သတိပေးစကားပြောလာပါတယ်။ အဲ့ဒါကတော့ ညီမရဲ့ Facebook
Account Wall မှာ သူတို့တွေ့လိုက်ရတဲ့ Auto Refreshing Software
အကြောင်းပါ။ ညီမက ကွန်ပျူတာအကြောင်းလည်း
ကျွမ်းကျွမ်းကျင်ကျင်ကြီးနားမလည်ပါဘူး။ ဒါပေမယ့် သူတို့ပြောသွားပုံအရတော့
အဲ့ဒါဟာ တရားမ၀င်ဘူးလို့ ပြောပါတယ်။ လူက vote လုပ်တာမဟုတ်ဘဲ Software ကပဲ
Auto Vote လုပ်တာဖြစ်တဲ့အတွက် Illegal လို့ပြောပါတယ်။ တကယ်လို့ flickr
ကသာ သိသွားလို့ တရားဝင်တိုင်ခဲ့ရင် ညီမကို vote လုပ်ထားတဲ့
မဲတွေအားလုံးဟာ Auto Delete ဖြစ်သွားနိုင်တယ်လို့လည်းပြောပါတယ်။
အဲ့ဒါကြောင့် ညီမစိုးရိမ်လို့ ပြောရတာပါ။ တကယ်လို့ သူတို့သတိပေးသလိုသာ
Illegal ဖြစ်မယ်ဆိုရင် အားလုံးကို ဒီနေရာကနေ ညီမက အဲ့ဒီ System
ကိုမသုံးဖို့ အနူးအညွတ်တောင်းပန်ပါတယ်။ အားလုံးရဲ့ ညီမအပေါ်ထားတဲ့
မျှော်လင့်ချက် နဲ့ ညီမကို နိုင်စေချင်တဲ့ ဆန္ဒကို နားလည်ပါတယ်။
ညီမအတွက်နဲ့လည်း အပင်ပန်းခံပြီး တတ်အားသရွေ့ပံ့ပိုးပေးနေ၊
စောင့်ရှောက်ပေးနေတာကိုလည်း မျက်မြင်ကိုယ်တွေ့သိရှိ ထားပါတယ်။
အဲဒါကြောင့် အားလုံးပင်ပန်းဆင်းရဲခံပြီး ကြိုးစားထားတဲ့ အရာတွေကိုလည်း
တရားမ၀င်ဖြစ်မသွားစေချင်ပါဘူး။ အခု ညီမရထားတဲ့ vote တွေဟာလည်း စက်က Auto
ပေးထားတာမဟုတ်ဘဲ အများဆုံးက ညီမတို့နိုင်ငံသားတွေကိုယ်တိုင်
ကြိုးစားပြီး၊ ပေးထားတဲ့ မဲတွေပဲလို့လည်း ညီမသိထား၊ ယုံကြည်ထားပါတယ်။
(လူအနေနဲ့ကတော့ အကြိမ်မြောက်များစွာ vote လုပ်နိုင်ပါတယ်)
ပါနောက်ဆုံးအနေနဲ့ ညီမကို အမှန်တကယ် စောင့်ရှောက်ကူညီသောအနေနဲ့ အဲ့လို
System သုံးပြီးမဲပေးနေတဲ့လူရှိရင်လည်း အမြန်ဆုံး အဲ့ဒီ System
ကိုပြန်ဖြုတ်ပေးရမယ် လို့ အနူးအညွတ်တောင်းပန်အပ်ပါတယ်။
အခုညီမကို အားပေးပံ့ပိုးနေကြတဲ့ ညီမတို့နိုင်ငံသားတွေရဲ့ အင်အားနဲ့လည်း
ပြိုင်ဖက်တွေကို သေချာပေါက်ဖြတ်ကျော်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
အခုညီမကို ပံ့ပိုးကူညီနေသူများရဲ့အင်အား နဲ့ မျှော်လင့်ချက်များဟာ
တစ်ခြားဘယ်နိုင်ငံကပြိုင်ဖက်များမှ မရရှိနိုင်တဲ့ အရာတွေပါ။ အဲ့ဒါကိုလည်း
ညီမအပြည့်အ၀ယုံကြည်ပါတယ်။ ညီမတို့အားလုံး သန့်ရှင်းစွာနဲ့
အတူတူအကောင်းဆုံးကြိုးစားပြီး ယှဉ်ပြိုင်ကြရအောင်လို့
အားလုံးကိုတောင်းဆိုပါရစေ။
ညီမကို နားလည်ပေးနိုင်မယ် လို့လည်း မျှော်လင့်ပါတယ်
ချစ်ခြင်းများစွာနဲ့
နန်းခင်ဇေယျာ
မြန်မာ ၀ - ၀ လာအို
မြန်မာအသင်းသည် လာအိုအသင်းကိုဂိုးမရှိသရေကစားပြီး လေးပွဲကစား သုံးပွဲနိုင်တစ်ပွဲသရေ ရမှတ်(၁၀)မှတ်ဖြင့် ပထမနေရာမှ ခြေစစ်ပွဲအောင်မြင်သွားသည်။
အမေရိကန်သားကို အနိုင်ယူ သည့် မြန်မာသူရဲကောင်းတစ်ဦး
အမေရိကန်ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲ(Mixed Martial Artist-MMA)ကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံသား ကချင်လူမျိုးဖြစ်သူ အောင်လအန်ဆိုင်း (Aung La N Sang)သည် အမေရိကန်နိုင်ငံသား ဂျ
က်ဆင်လော့ခ် (Jason Louck)ကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲကိုပြီးခဲ့သည့် အောက်တိုဘာလ(၁၃)ရက်က အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အောင်လအန်ဆိုင်းသည် ယင်းပွဲမှရရှိသော ငွေကြေးများအားလုံးကို ကချင်ပြည်နယ်ရှိ ဒုက္ခသည်တိုင်းရင်းသားများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။ အောင်လအန်ဆိုင်းကို "မြန်မာပြည်စပါးအုံးမြွေ" (The Burmese Python)ဟု MMAလောက၌ နာမည်ပြောင်ဖြင့် ခေါ်ဆိုကြောင်းလည်း သိရသည်။
SSPP နှင့် အစိုးရတို့ ဆက်လက် တိုက်ပွဲဖြစ်ရန် အနေအထားရှိ
ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) နှင့် အစိုးရ ပြသနာ ဖြစ်နေသည်မှာ အစိုးရ တပ်ဖွဲ့က တမင် ၀င်တိုက်ပြီး ရာဇသံပေး နေသည့် ကိစ္စ ဖြစ
်သော်လည်း အမျိုးသား လုံခြုံရေး ၀န်ကြီး ဌာန ၀န်ကြီး ဦးအောင်မင်း တို့က ဖြေရှင်းခြင်း မရှိဟု တွေ့ဆုံ ဆွေးနွေးပွဲကို တက်ရောက် ခဲ့သူ SSPP မှ ဗိုလ်မှူး စိုင်းလက ဆိုပါသည်။
“အဲဒီ ရာဇသံ ကိစ္စ၊ မိုင်းရှူးမြို့နယ်က တာ့ဆမ်းဖူး ကူးတို့ဆိပ် ကိစ္စတွေကို ဆွေးနွေးမယ် ထင်ထားတယ်။ ဒါပေမဲ့ အဲဒါကို အရှေ့ အလယ်ပိုင်း တိုင်းမှူးနဲ့ လွှဲလိုက်တယ်။ တိုင်မှူးကလည်း ဘယ်နေ့ဆွေးနွေးမလဲ ဆိုတာကိုလည်း မပြောဘူးဗျ။ ဒီတော့ ဖြစ်နေတဲ့ ပြသနာကို ဒီအတိုင်းထားခဲ့တယ်။ ပြီးတော့ တဆင့်တိုးပြီး တပ်မိသားစု နေရာချထားရေး ကိစ္စကိုဘဲ မူအားဖြင့် သဘော တူထားပြီးတော့ ဆွေးနွေးပွဲကို အဆုံးသတ် လိုက်တာပါ” ဟု ဆိုပါသည်။
တပ်နေရာ ချထားရေးကို တိုင်းမှူးနှင့် တွေ့ဆုံ ဆွေးနွေးပြီးမှ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး အဖွဲ့နှင့် ထပ်မံ တွေ့ဆုံပြီး အကောင်အထည် ဖေါ်သွားမည်ဟု ထင်ရသော်လည်း၊ တိုင်းမှူးနှင့် တွေ့ဆုံရန်ကိုမူ ရက်သတ်မှတ်ထားခြင်း မရှိပေ။ SSPP နှင့် အစိုးရတို့၏ ဆွေးနွေးမှုသည်လည်း ပြီးခဲ့ သည့်၂၀၁၁ ခုနှစ် ဇန္နာဝါရီ၌ စတင်ပြီး အပစ်အခတ် ရပ်စဲရေး ကိစ္စကို ဆွေးနွေးခဲ့ပြီး နောက်ပိုင်းတွင် ယခုမှ နောက်ထပ် တကြိမ် ထပ်မံ တွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။ ဤသို့ ဆိုပါက တိုင်းမှူးနှင့် ထပ်မံ တွေ့ဆုံရမည့် အရေးသည် ရက်ကန့်သတ်ထားခြင်း မရှိသဖြင့် SSPP ၏ တပ်နေရာ ချထားရေး သည်လည်း မရေမရာ အခြေအနေနှင့် ရှိနေမည်ဖြစ်သည်။
“အခု ဆွေးနွေးပွဲ ကတော့ တပ်နေရာ ချထားရေး မပါခဲ့ပါဘူး၊ တပ်မိသားစု နေရာချထားရေး ကိုဘဲ တင်ပြကြပါတယ်။ ကျနော်တို့ တပ်မဟာ (၃) နဲ့ (၆) က မိသားစု (၃) ထောင်လောက် ရှိမယ်။ အဲဒါကို နေရာချဖို့ မိုင်းရှူးမြို့နယ်က မိုင်းအော့ ဒေသမှာ ဧက တသောင်းလောက်တော့ တောင်းထား ပါတယ်။ ဒါလည်း မှန်းတာက ဒီဇင်ဘာ မတိုင်ခင်ကျမှ အကောင် အထည် ဖေါ်ဖြစ်မယ် ထင်ပါတယ်” ဟု ဆိုပါသည်။
SSPP သည် ရာဇသံ ကိစ္စနှင့် တပ်နေရာ ချထားရေးကို ဆွေးနွေး စေချင်ပါသည်။ သို့မှသာ အပစ်အခတ် ရပ်စဲမှု ခိုင်မြဲပြီး တိုက်ပွဲများ ဖြစ်ပွား နေခြင်းကို အဆုံးသတ်နိုင်မည်ဟု ဆိုပါသည်။ သို့သော် အစိုးရ ဖက်မှ မဆွေးနွေး နိုင်သေး သဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားစရာ ရှိလိမ့်မည်ဟု ယူဆနေပါသည်။
ပြေတီဦးနှင့် အိနြေ္ဒာကျော်ဇင် တို့၏ သမီးလေး (၁) နှစ်ပြည့်ပြီ...
အောက်တိုဘာလ (၁၄) ရက်နေ့တွင် ကျရောက်သည့် သမီးလေး ပြေသုဒ္နြာ၏ (၁) နှစ်ပြည့် မွေးနေ့အလှူဒါနအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ နံနက် (၁၁းဝဝ) နာရီအချိန်တွင် ရုပ်ရှင်/ဗီဒီယို သရုပ်ဆောင် ဇနီးမောင်နှံဖြစ်ကြသည့် ပြေတီဦးနှင့် အိနြေ္ဒာကျော်ဇင်တို့သည်
မိဘများနှင့်အတူ လာရောက်ခဲ့ကြပြီး သမီးလေး ပြေသုဒ္နြာ (၁) နှစ်ပြည့် မွေးနေ့အလှူအတွက် အလှူငွေ (၁ဝ) သိန်းကျပ် တိတိအား လှူဒါန်းပေးအပ်ခဲ့ကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်) မှသိရသည်။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေညီလာခံသို့ သမ္မတဦးသိန်းစိန် တက်ရောက်
ယနေ့ နေပြည်တော်တွင် ကျင်းပနေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပထမအကြိမ် အထွေထွေညီလာခံဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတနှစ်ဦးတို
့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သမ္မတဦးသိန်းစိန်သည် အခမ်းအနားသို့ နံနက် ၉နာရီဝန်းကျင်တွင် ရောက်ရှိလာကာ ၁၀ မိနစ်ခန့်အကြာ ပါတီဝင်များအားနှုတ်ဆက်ပြီး ပြန်လည်ထွက်ခွာသွားခဲ့သည်။
နိုင်ငံတော်ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ဒုသမ္မတ ဦးဥာဏ်ထွန်းနှင့် ပြည်ထောင်စုဝန်ကြီးအဖွဲ့ ၀န်ကြီးအားလုံးတို့လည်း အဆို ပါအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
သမ္မတဦးသိန်းစိန်သည် ပါတီဝင်များအား တစ်ဦးချင်းနှုတ်ဆက်ရင်း "ပါတီဝင်တွေအားလုံး မတွေ့တာကြာပြီ၊ အဆင်ပြေကြရဲ့လား" ဟုလည်း မေးမြန်းနှုတ်ဆက်သွားခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေညီလာခံကို အောက်တိုဘာ ၁၄ ရက် မှ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ထိုင်းနိုင်ငံမှာရွှေချပူဇော်ထားတဲ့ မြန်မာ ရဟန်းတော် ရုပ်ကလပ်
အခု ဖော်ပြပါ ဓာတ်ပုံက ထိုင်းနိုင်ငံ အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ လူအများဆုံး ဖြန့်ဝေနေ တဲ့ ဓာတ်ပုံတခုပါ။
ထိုင်းတွေကတော့ ချမ်းသာမှုတွေ၊ စီးပွားလာဘ်၊ လာဘတွေ တိုးပွားချင်ရင် ဒီဓာ
တ်ပုံကို ဖြန့်ဝေပါ လို့ နိုးဆော်ပြီး ဖြန့်ဝေနေတာပါ။
ဓာတ်ပုံထဲမှာ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ရဟန်းတပါးကို ရွှေချထားတာဖြစ်ပြီး ဘေးမှာလည်း ရဟန်းတော်
တွေက ဆုတောင်းနေကြတဲ့ မြင်ကွင်းပါ။
ပျံလွန်တော်မူသွားတဲ့ ရုပ်ကလပ် ရွှေချထားတဲ့ ဆရာတော် ဘယ်သူဆိုတာ သိစေဖို့ လိုက်လံ ရှာဖွေကြည့် တဲ့ အခါ ဆရာတော်ဟာ မြန်မာ ရဟန်းတော်ဖြစ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း လန်းပွန်း ဒေသက ဖြစ်ပြီး ပျံလွန်တော်မူပြီးနောက် တပည့်ရဟန်းတွေက ဆရာတော်ရဲ့ ရုပ်ကလပ်ကို ရွှေချ ပူဇော်ထားတာဖြစ်ပါ တယ်လို့ ဖော်ပြထားတာပဲ တွေ့ရပါတယ်။
မြိတ်ခရိုင် တရားရုံကို ရိုက်ချိုးဖျက်ဆီး ဝင်ရောက်ပြီး ဘိန်းစာမှုန့်ဖြူးသွားခဲ့တဲ့ ရမ်းကားမှုကြီး
၂၀၁၂ ခုနှစ် အောက်တိုဘာလ၊ ၁၂ ရက်နေ့ နေ့လည် တွင် မြိတ်မြို့ ခရိုင် နှင့် မြို့နယ် တရားရုံတွဲဖွင့်ထားသည့် ရုံးအား အမည်မသိ မူးယစ်ဆေးဝါး သမားများ တံခါး ရိုက်ချိုးဖျက်ဆီး ဝင်ရောက်ပြီး ၊ စားပွဲခုံများဖျက်ဆီးပြီး ငွေ ၅၀၀၀၀ ကျပ် ယူဆောင်သွားသည့် အပြင် ဘိန်းစာမှုန့်များ ပစ်ဖြန်းထားခဲ့သည်ဟု နှီးစပ် ရဲတပ်ဖွဲံဝင်တစ်ဦးဆီမှ သတင်းရရှိပါသည်။
တရားရေး မဏ္ဍိုင်ကိုတောင် အတင့်ရဲစွာတက်ရောက်ဖျက်ဆီးနေခြင်းသည် မြိတ်မြို့တရားဥပဒေ စိုးမိုးရေးဆောင်ရွက်ချက်များတွင် ကြီးမားသည့် ချို့ယွင်းမှုများရှိနေပါသည်။ ဥပမာ- တရားရုံးရှေ့နေ ဦးသက်ဦးဆိုသူမှာ အတင့်ရဲစွာ တရာခံ အများစု နှင့် အချို့မှာ မတရား အမှုတွဲအတွင်းအတင်းဆွဲသွင်းပြီး အိမ်သို့ခေါ်ယူ ခြိမ်းခြောက်ပြီး ငွေတောင်းခံနေကြောင်း တရားသူကြီးများပင် ၄င်းအား ကြောက် ရွံ့နေရကြောင်း သိရပါသည်။
ဥပဒေ စိုးမိုးရေး ဆောင်ရွက်လျက်ရှိသည့် တရားရုံးပေါ်သို့တိုင် တက်ရောက်ရမ်းကားခဲ့သူများအား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းသိရပါသည်။
နယ်စပ်ရေးရာ ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှ OIC ရုံးကိစ္စ ရှင်းလင်း
အိုအိုင်စီ ရုံး လာဖွင့်မယ့် ကိစ္စနဲ့ စစ်တွေမှာ ဆန္ဒပြ ကန့်ကွက်မူတွေ ရက်ဆက်ဆိုသလို ပေါ်ပေါက်ပြီးတဲ့ နောက် ပိုင်းမှာ အိုအိုင်စီနဲ့ ရုံးဖွင့်လှစ်ရေး အတွက် သဘောတူ လက်မှတ်ရေးထိုးထားတဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနက ညွှန်ကြားရေးမှူး ချုပ်ဟာ စစ်တွေကို ရောက်ရှိလာပြီး ရခိုင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ သွားခဲ့တယ်လို့ သိရပါတယ်။နယ်စပ်ရေးရာ ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှဟာ နေပြည်တော် ကနေ စစ်တွေကို ရောက်ရှိလာပြီး ရခိုင်ခေါင်းဆောင် ၁၀ ဦးကို ပြည်နယ် နယ်စပ်ရေးရာ ရုံးသို့ ဖိတ်ခေါ်ကာ စစ်တွေမှာ အိုအိုင်စီ ရုံးဖွင့် ကိစ္စ အပေါ် ဆွေးနွေးသွားခဲ့ပါတယ်။
အခု ညွှန်ကြားရေးမှူးချုပ်ရဲ့ ခရီးစဉ်ဟာ ရခိုင်မှာ အိုအိုင်စီနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တဲ့ အတွက် လာရောက် လေ့လာ စုံစမ်းတဲ့ ခရီးစဉ် ဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အမျိုးသား လွှတ်တော် အမတ် ဒေါက်တာ အေးမောင်ကို ပြောပါတယ်။
ဆွေးနွေးပွဲမှာ တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ် ၁၀ ဦးထဲမှာ ရခိုင်ပါတီက လွတ်တော် အမတ်တွေ အပြင် ဒေသ အန်ဂျီအို တစ်ခု ဖြစ်တဲ့ ဝန်လက် ဖေါင်ဒေးရှင်းက ကိုယ်စားလှယ် တခိျု့နဲ့ မြို့မိ မြို့ဖ တခိျု့လည်း တက်ရောက် ခဲ့တယ်လို့ ဆိုပါတယ်။
အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ ခုလို ပြည်သူတွေရဲ့ လိုလား တောင်းဆိုတဲ့ အပေါ်မှာ တကူး တက လာရောက် ပြီး ဆွေးနွေး အဖြေရှာတာ ကတော့ ရခိုင်ဒေသမှာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။