468x60 Ads

Thursday, November 15, 2012

ဒေါ်အောင်ဆန်းစုကြည် ဂျဝါဟာလာနေရူး အထိမ်းအမှတ် ဟောပြော မှု အစအဆုံး

နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၁ဝ မိနစ်မှ စတင်၍ နာရီဝက်ကျော်ကြာ ပြောကြားခဲ့သော ဂျဝါဟာလာနေရူး အထိမ်းအမှတ် ဟောပြောပို့ချချက်အပြီးတွင် မြန်မာ့ဒီမိုကရေစီအရေးမှာ မပြီးဆုံးသေးဘဲ အိန္ဒိယ ပြည်သူများအနေဖြင့် ဆက်လက် ကူညီအားပေးကြရန် တိုက်တွန်းပြောကြားသွားသည်။
“အစိုးရဆိုသည်မှာ အပြောင်းအလဲ ရှိနိုင်တာဖြစ်တဲ့အတွက် ပြည်သူချင်း ဆက်ဆံရေးကို ပိုမိုခိုင်မြဲအောင် တည်ဆောက်ဖို့ လိုပါတယ်” ဟု ပြောဆိုသွားသည်။
ဧည့်ပရိသတ် တထောင်ကျော် တက်ရောက်သော အဆိုပါ ဟောပြောပို့ချပွဲသို့ နေရူးအထိမ်းအမှတ်အဖွဲ့နှင့် ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ မစ္စဆိုနီရာဂန္ဓီ၊ ကွန်ရက်ပါတီ အတွင်းရေးမှူး ရာဟူးလ်ဂန္ဓီတို့ အပါအဝင် အစိုးရဝန်ကြီးများ အိန္ဒိယနိုင်ငံရေး အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များလည်း တက်ရောက်လာကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ဟောပြောချက်တွင်ဂျဝါဟာလာနရူးနှင့်မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲ ဆက်စပ်နေ မှု၊ ဒေါ်အောင်ဆန်းစုကြည် ၁၆ နှစ်သမီးအရွယ်က နေရူးအား နယူးဒေလီဘူတာရုံတွင် ပထမဆုံး တွေ့ဆုံခဲ့ပုံ တို့ကိုလည်း ထည့်သွင်း ပြောကြားသွားသည်။
ထို့ပြင် နေရူး၏ ဇနီး ကမလာ မမာမကျန်းဖြစ်နေစဉ်က နေရူးမှာ အင်္ဂလိပ် ကိုလိုနီသမားတို့၏ အကျဉ်းထောင်တွင်းကျရောက်နေရပြီးခတ္တလာတွေ့စဉ်ဇနီးကပင်၎င်းအားပြန်လည်အားပေးကာလွတ်လပ်ရေ
တိုက်ပွဲအားဆက်စေခဲ့ခြင်းကိုပြောပြသွားသည်။ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်တွင်ကျခံနေရစဉ် ခင်ပွန်း မိုက်ကယ်အဲရစ် ကင်ဆာဝေဒနာ ခံစားခဲ့ရခြင်းနှင့် နှိုင်းချင့် ကိုယ်ချင့်ကာ စဉ်းစားဖွယ်ဖြစ်သည်။
ထို့ပြင်မြန်မာ့ဒီမိုကရေစီအရေးထာက်ခံအားပေးခဲ့သူအိန္ဒိယနိုင်ငံသားများလည်းတက်ရောက်ခဲ့ကြကာ မြန်မာ
နိုင်ငံသား ၁ဝဝ ကျော်လည်း လာရောက်နားထောင်ခွင့်ရခဲ့ကြောင်း သိရသည်.။

0 comments:

Post a Comment