468x60 Ads

Thursday, November 15, 2012

e-Government စစ်တမ်းအရ မြန်မာ နိုင်ငံသည် အာဆီယံဒေသ အတွင်းတွင် အဆင့် ၁၀ သို့ရောက်ရှိ

"နိုဝင်ဘာလ အတွင်းမှာပဲပြင်ပါ။ ဒီနှစ်မကူးမီ အပြီးပြင်ကြပါ။ Update ဖြစ်အောင်လုပ်ကြပါ။ ကိုယ့်ဌာန Website လည်းကိုယ်ပြန် ကြည့်ကြပါ။ တချို့ဌာနတွေရဲ့ Website တွေဆို အရင်အစိုးရ လက်ထက်က နိုင်ငံတော် အလံနဲ့တွေ့နေရတယ်" ဟု ဝန်ကြီးက ဆိုသည်။ လူအင်အား အများအပြား အသုံးပြုခြင်းထက် IT နည်းပညာကို အသုံးပြုခြင်းက ကုန်ကျစရိတ် ပိုသက်သာ သကဲ့သို့ လူလည်းသက် သာကြောင်း ဝန်ကြီးကပြောဆိုသည်။
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနက အခြေခံ အဆောက်အဦများ တည်ဆောက်ပေး ထားပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာများက ထိထိရောက်ရောက် အသုံးချဖို့သာ လိုအပ်ကြောင်းနှင့် ယခုအချိန်အထိ ကိုယ်ပိုင် Website မရှိသောဝန်ကြီးဌာန ကိုးခုအထိရှိနေ သေးကြောင်း ဆက်သွယ်ရေးကျောင်းအုပ် ကြီး ဦးကျော်စိုးက ပြောကြားသည်။ e-Government စနစ်အောင်မြင် မှုရှိမရှိကို အဆင့်ငါးဆင့်ဖြင့် တိုင်း တာနိုင်ပြီး လက်ရှိမြန်မာနိုင်ငံရှိ အစိုးရ ဝန်ကြီးဌာန Website များတွင် အခြေခံ အဆင့်ဖြစ်သော အဆင့်တစ်တွင် ၁၇ ဌာန၊ အဆင့်နှစ်တွင် ၁၂ ဌာနနှင့် အဆင့် သုံးတွင် သုံးဌာနသာရှိနေပြီး ကိုယ်ပိုင် Website မရှိသောဌာနမှာ ကိုးခုအထိ ရှိနေကြောင်း ၄င်းကရှင်းပြသည်။ ကုလသမဂ္ဂ၏ ၂၀၁၂ ခုနှစ် e-Government စစ်တမ်းအရ မြန်မာ နိုင်ငံသည် အာဆီယံဒေသ အတွင်းတွင် အဆင့် ၁၀ သို့ရောက်ရှိနေပြီး အောက် တွင် တီမော တစ်နိုင်ငံသာကျန်ရှိကာ ကမ္ဘောဒီးယားနှင့် လာအိုတို့အောက် တွင် တည်ရှိနေသည်။

0 comments:

Post a Comment