468x60 Ads

Thursday, November 15, 2012

ကားမိုင်းနှင့် ပူတာအိုလမ်း တိုက်ပွဲတွင် မြန်မာစစ်သား ၇ ဦးကျ

ကချင်ပြည်နယ်ကားမိုင်းမြို့နယ်ခွဲနှင့်ပူတာအိုသွားလမ်းသီးခြားနှစ်နေရာတွင်ယမန်နေ့ကကချင်လွတ်မြောက်
ရေးတပ်ဖွဲ့KIAနှင့်တိုက်ပွဲဖြစ်ပွားခဲ့ရာမြန်မာအစိုးရတပ်ဘက်မှ၇ဦးသေဆုံးပြီးတချို့ဒဏ်ရာရရှိကြောင်း  ရှေ့
တန်း KIA အရာရှိများမှသိရသည်။
တိုက်ပွဲများသည်နိုဝင်ဘာလ၁၁ ရက်နေ့မှစတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး မြစ်ကြီးနား-ပူတာအိုလမ်း တယန်ဇွပ် (Tayang Zup) နှင့် ဆွပ်ခါ (Sup Hka) ကြားတွင်လည်း အစိုးရစစ်ကား တစ်စီးမှောက်၍ စစ်သား ၄ ဦးသေဆုံးကာ တချို့ဒဏ်ရာရရှိခဲ့ကြောင်း ရှေ့တန်း KIA အရာရှိ တစ်ဦးပြောသည်။
ယခု ပစ်ခတ်မှုသည် မကြာသေးခင်က မြစ်ကြီးနားမြို့မှ စစ်ကား ၃၆ စီးဖြင့် ပူတာအိုသို့ ချီတက်လာသော အစိုးရတပ်ဖွဲ့ နှင့် KIA တပ်မဟာ (၁) တပ်ဖွဲ့တို့ဖြစ်သည်။
ဖားကန့်ကျောက်စိမ်းမှော်သွားလမ်းရှိကားမိုင်းအနီး KIA တပ်ရင်း (၆) တပ်ဖွဲ့နှင့် အစိုးရတပ်ဖွဲ့တို့ တိုက်ပွဲတွင်အစိုးရဘက်မှ၃ ဦးသေဆုံးပြီး တချို့ဒဏ်ရာ ရရှိကြောင်း ရှေ့တန်းသတင်းရပ်ကွက်မှပြောသည်။
ပြီးခဲ့သည့်အပတ်တွင်းအောက်မြန်မာပြည်မှစစ်အင်အားသစ်ထောင်ချီကိုရထား(၃)စီးဖြင့် ကချင်ပြည်နယ်သို့ သယ်ပို့ခဲ့သည်။ ၎င်းစစ်ကူများ နိုဝင်ဘာလ ၈ ရက်နေ့တွင် မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ ရောက်ရှိလာပြီး ထိုမှ ကချင်ပြည်နယ် အရှေ့ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက် KIA တပ်စခန်းများ ရှိရာသို့ တဖန်ထွက်ခွာသွားသည်။
ပြီးခဲ့သည့်ပတ်အတွင်း KIO ဗဟိုဌာနချုပ် လိုင်ဇာမှ ၁၀ မိုင်အကွာရှိ အစိုးရစစ်စခန်းများတွင် စစ်အင်အားသစ် ၁၀၀၀ ခန့် ရောက်ရှိလာကြောင်း လိုင်ဇာမှ KIA အရာရှိတစ်ဦးဆိုသည်။
ဤကဲ့သို့ကချင်ပြည်နယ်သိုအစိုးရစစ်အင်အားထပ်မံတိုးချလာခြင်းသည်မြန်မာအစိုးရနှင့်ကချင်လွတ်မြောက်
ရေးအဖွဲ့(KIO)နှစ်ဖက်ကိုယ်စားလှယ်များအောက်တိုဘာ၃၀ရက်နေ့တရုတ်နိုင်ငံရွှေလီမြို့မအောင်မြင်သော
တွေ့ဆုံပွဲအပြီးနှင့်အမေရိကန်သမ္မတအိုဘားမားမြန်မာနိုင်ငံသို့လာရောက်ရန်ဆယ်ရက်အလို ပြုလုပ်ခြင်းဖြစ်
သည်။

0 comments:

Post a Comment