468x60 Ads

Thursday, November 15, 2012

အိုဘာမား ခရီးစဉ်အတွက် လုံခြုံရေး စိတ်မချ ရလျှင် ခရီးစဉ် ဖျက်သိမ်းမည်...


အမေရိကန်သမ္မတအိုဘားမား၏မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍လုံခြုံရေးစိုးရိမ်မှုမှာ မြောက်ကိုရီးယားဖြစ်
ကြောင်းသံတမန်သတင်းရပ်ကွက်တခုကပြောသည်။သမ္မတအိုဘားမား၏အတွက် လုံခြုံရေးကို အမေရိကန် SecretServiceများက၎င်းတို့ဘာသာလုပ်ဆောင်ခွင့်မြန်မာဘက်ကပေးထားပြီးလက်နက်များပါမိမိအစီအစဉ်
ဖြင့်သယ်ယူတင်သွင်းခွင့်ပြုထားကြောင်းလည်းနေပြည်တော်သတင်းရပ်ကွက်တခုကဆိုသည်။“ယခုအချိန်အ
ထိ သမ္မတအိုဘားမား ဘယ်မှာတည်းမယ်။ နေရာ အတိအကျတွေကို အမေရိကန်ဘက်က မပေးဘူး”ဟု အဆိုပါသတင်းရပ်ကွက်ကပြောသည်။မြောက်ကိုရီးယားပညာရှင်အချို့မြန်မာနိုင်ငံထဲတွင်ရှိနေဆဲဖြစ်သည်
ဟုအကဲခတ်များကထင်မြင်ချက်ပေးထားကြသည်။မြန်မာနိုင်ငံသို့အမေရိကန်သမ္မတအနေဖြင့်  ပထမ   ဆုံး
ရောက်လာမည့်ခရီးစဉ်အတွင်းရန်ကုန်မြို့သို့သွားရောက်မှာဖြစ်သည်ဟုအိမ်ဖြူတော်ကထုတ်ပြန်ထားသော်
လည်းနေပြည်တော်သို့သွားရောက်မည်မသွားရောက်မည်ကိုမူလျို့ဝှက်ထားဆဲဖြစ်သည်။သီးခြားအတည်မပြု
နိုင်သော်လည်းသတင်းရပ်ကွက်များအရသမ္မတအိုဘားမားမှာမြန်မာသမ္မတဦးသိန်းစိန်၊အတိုက်   အခံခေါင်း
ဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့်ပါတွ့ဆုံမည်ဟုဆိုသည်။ရန်ကုန်မြို့မင်္ဂလာ
ဒုံလေဆိပ်သိုနိုဝင်ဘာလ၁၉ရက်နေ့နံနက်တွင်ရောက်ရှိလာမှာဖြစ်ပြီးထိုနေ့မွန်းလွဲပိုင်းတွင်ပင်လေဆိပ်မှပြန်
လည်ထွက်ခွာမည်ဟုရန်ကုန်ရှိအမေရိကန်သံရုံးထုတ်ပြန်ချက်တွင် တွေ့ရအိုဘားမားခရီးစဉ်တွင်လုံခြုံရေးစိုး
ရိမ်ရလျှင်ဖျက်သိမ်းရန်အထိပါစဉ်းစားထားသော်လည်း မြန်မာဘက်ကတော့နေပြည်တော်ကိုအရောက်လာ
စေချင်သည်ဟုသံတမန်သတင်းရပ်ကွက်ကပြောသည်။၁၉၈၃ခုနှစ်က မြန်မာနိုင်ငံသို့အလည်အပတ်ရောက်
ရှိလာသောတောင်ကိုရီးယားသမ္မတချန်ဒူးဝှမ်ကိုလုပ်ကြံသတ်ဖြတ်ရန်မြောက်ကိုရီးယားကလျို့ဝှက်စေလွှတ်
ကာလုပ်ဆောင်ခဲ့ရာတွင်တဦးကိုလက်ရဖမ်းမိခဲ့သည်။သူကမြောက်ကိုရီးယားစစ်ဘက်အရာရှိဖြစ်ကြောင်းဝန်
ခံထွက်ဆိုခဲ့သည်။ရန်ကုန်မြို့အာဇာနည်ကုန်းတွင်ဗုံးခွဲလုပ်ကြံမှုကြောင့်တောင်ကိုရီးယားအစိုးရအဖွဲ့ဝင်များအ
ပါအဝင်၂၁ဦးသေဆုံးပြီး၄၆ဦး ဒဏ်ရာရရှိခဲ့သည်။


0 comments:

Post a Comment