468x60 Ads

Tuesday, November 6, 2012

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို သိပ်မလိုချင်ရှာတဲ့ ရော်နယ်ဒို....

အကယ်၍ ဖြစ်နိုင်ခြေ အခွင့်အရေး ရှိပါက ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု (Ballon d'Or)အတွက် မိမိကိုယ်မိမိသာမဲပေး ဖြစ်လိမ့်မည်ဟု ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပြောကြားလိုက်သည်။
ရီးယဲလ်မက်ဒရစ် အသင်းတွင် ကစားနေသော ပေါ်တူဂီ လက်ရွေးစင်သည် ယခုနှစ် ဆုပေးပွဲ အခမ်းအနားတွင် ဘာစီလိုနာမှ မဟာပြိုင်ဘက် အာဂျင်တီးနား လက်ရွေးစင် လီယွန်နယ်လ်မက်ဆီနှင့် စပိန်လက်ရွေးစင် အင်းဒရက်စ် အင်နီယေစတာတို့နှင့် အဓိက ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။ ဘာစီလိုနာ အသင်း၏ (၃)နှစ်ဆက် လာလီဂါ ချန်ပီယံဆု ဆွတ်ခူးရရှိနိုင်မှုကို တွန်းလှန်ကာ ရီးယဲလ်ကို စပိန်ချန်ပီယံ ဖြစ်လာအောင် အဓိက ကူညီပေးခဲ့သည့် ရော်နယ်လ်ဒိုက မိမိအနေဖြင့်မူ ကိုယ့်ကိုယ်ကိုယ်သာ အကောင်းဆုံး ကစားသမားအဖြစ် ယူဆထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ဇန်နဝါရီလ (၇)ရက်တွင် ပေးအပ်ချီးမြှင့်မည့် ဆုနှင့် ပတ်သက်ပြီး "တကယ်လို့ အခွင့်အရေးရှိရင် ကိုယ့်ဖာသာပဲ မဲပေးလိုက်တယ်။ ကျွန်တော့် လက်ရှိ အနေအထားကို ကျေနပ်တယ်။ ပျော်ရွှင်တယ်။ အရမ်းအရမ်း နှိမ့်ချနေတယ် ဆိုတာမျိုးကလည်း မကောင်းပါဘူး။ ပေါ်တူဂီမှာတော့ အလွန်အကျွံ နှိမ့်ချ ချိုးနှိမ်ပြနေတယ် ဆိုတာက အနှစ်သာရ ကင်းမဲ့ပါတယ်"ဟု ရော်နယ်လ်ဒိုက မှတ်ချက်ပြုခဲ့သည်။ ၎င်းက "ကျွန်တော်ဟာ ဘောလုံးကို နှစ်နှစ်ကာကာ ကစားနေသလို ကိုယ်ကစားတဲ့ အသင်းကို ချစ်ခင်ရိုသေပါတယ်။ တကယ်လို့ ကျွန်တော်သာ ငွေကြေးကြောင့် ဘောလုံး ကစားနေတယ် ဆိုရင် တခြားကလပ် တစ်ခုကို ရောက်နေလောက်ပြီ" ဟုလည်း ပြောကြား သွားခဲ့သည်။

0 comments:

Post a Comment