468x60 Ads

Tuesday, November 6, 2012

KIA အတွက် တပ်မ (၃၃) လာပြီ....

ယနေ့ ဒေသ သတင်းများအရ မြန်မာအစိုးရစစ်တပ် မှ  ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသောတိုက်ပွဲ များ အတွက်အင်အားဖြည့်တင်းရန်နှင့်KIAကချင်သောင်းကျန်းသူများအားအမြစ်ပြတ်ချေမှုန်းရန်အတွက် မြန်မာ့တပ်မတော်မှ အားကိုးအားထားရသောတပ်မတစ်ခု ဖြစ်သည့် အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ် အား ကချင်သောင်းကျန်းသူအမြစ်ပြတ်ချေမှုန်းရန် အတွက် ကြိုတင်လေ့ကျင့်မှုများပြုလုပ်ပြီး ယနေ့ နံနက်အစောပိုင်းက စေလွတ်လိုက်ပြီးဖြစ်ကြောင်း ဒေသခံ များ၇ဲ့ပြောပြချက် အရသိရှိရပါသည်။ တပ်မ(၃၃) တွင် အင်းအား အလုံးအ၇င်းပါရှိပြီး ရိက္ခာအပြည့်အစုံ ပါရှိကြောင်း ၊ လက်နက်ကြီးလက်နက်ငယ်မျိုးစုံနှင့်၇ဲဘော်တွေကအစတော်တော်ကိုစိတ်ဓါတ်တက်ကြွနေတဲ့ပုံ၇ှိတယ်လို့လည်း ဒေသခံတွေရဲ့ပာပြ ချက်အရသိရှိရပါတယ်။ အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်ဟာ ကချင်ပြည်နယ် ကို တိုက်ပွဲ ၀င်ရန်အတွက် ပူးပေါင်းစစ်ဆင်ရေးတွေမွမ်းမံ လေ့ကျင့်ခန်းတွေကို ခေတ်သစ်စစ်ရေးနည်းပညာတွေကို  အောက်ခြေအဆင့်မှစပြီး  သြဂုတ် လ မှ စတင်ပြီး လျှို့ ၀ှက်စွာလေ့ကျင့် သင်ကြားပေးခဲ့တယ်လို့လည်း သိရပါတယ်. တပ်မတော် အနေနဲ့ ဒီတိုက်ပွဲ အတွက် တော်တော် ကို အလေးအနက်ထားပြင်ဆင်ခဲ့ပြီး ဒီတစ်ခေါက် မှာ အားလုံး အမြစ်ပြတ် တိုက်ခိုက်မယ့် ပုံစုံ အနေအထားကို လည်း တွေ့ရှိခဲ့ရပါတယ်. တပ်မ (၃၃) နဲ့ KIA ဘယ်လို စခန်းသွားအုံးမလဲ ဆိုတာတော့ နောက်ပိုင်းမှာ ဆက်လက် စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။

0 comments:

Post a Comment