468x60 Ads

Tuesday, November 6, 2012

နိုင်ငံတော်သမ္မတပြောကြားချက်နဲ့ စိုးမြတ်နန္ဒာမျှော်လင့်ထားတဲ့အိပ်မက်

‘အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံတွင်  ပိတ်ပင်ထားသည့်   တက္ကသိုလ်ကြီး ၃  ခု၌   ပြည်ပမှ တက္ကသိုလ်များလာရောက်ဖွင့်လှစ်ရန်   ၄င်း၏ အမေရိကန်ခရီးတွင် ဖိတ်ခေါ်ခဲ့ပြီး မကြာမီ လာရောက်ဖွင့်လှစ် လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကယနေ့တွေ့ ဆုံပွဲတွင် ထပ်လောင်းပြောကြားခဲ့သည်’ လို့ နိုင်ငံတော် သမ္မတရဲ့ ပြည် တွင်းစာနယ်ဇင်းများ နဲ့  တွေ့ဆုံမှုသတင်းဖော်ပြခဲ့တဲ့Popular Myanmar News Journal ဖေ့စ်ဘုတ်က စာကိုဖတ်ရှုပြီး  သူ့ရဲ့   ပရိသတ်များအတွက်   ဖေ့စ်ဘုတ်  စာမျက်နှာထက်ကနေ   အသိပေးဝေငှတဲ့     ခံစားချက်လေးက  ကြည်နူး နှစ်သက်စရာလေးဖြစ်လို့ ပေါ်ပြူလာ  စာဖတ်ပရိသတ်များအတွက်  အခုလို ဖော်ပြပေးလိုက် ပါတယ်။
‘ အမျှော်လင့်ဆုံး အိပ်မက်တစ်ခုပါ ။သားကို ပညာတတ်ကြီးလည်း ဖြစ်စေချင်တယ်။ တခြားနိုင်ငံမှာလည်းသူ့ ကို သွားမနေစေချင်သလို ကိုယ်လည်း   လိုက်ကြည့် မပေးနိုင်ဘူး။   ကိုယ်ချစ်တဲ့ တိုင်းပြည်မှာ ကိုယ့်ယဉ်ကျေးမှုနဲ့လည်းမဝေးအောင် သားကိုကြီးပြင်းစေချင်တယ်။ ကိုယ့်ကိုသူအားကိုးချင်သေးတဲ့အရွယ်ထိတာဝန်ကျေပေးဖို့အသင့်ပါပဲ။ သူကိုယ့်အပေါ်   ပြန်တာဝန်ကျေပါ့မလား  ဆိုတာမျိုးလည်း မစဉ်းစားဘူး။ အချိန်တန်အရွယ်ရောက်လာရင် ကြိုက်တာ ဆုံးဖြတ်ခွင့် လည်း  ပေးဦးမှာပါ။ အခုအချိန်လေးမှာတော့ကိုယ်တွေ မရှိတော့မယ့်အချိန်၊ သူလူတန်းစေ့နေနိုင်အောင်၊ ပညာတတ်ကြီးဖြစ်အောင် လုပ်ပေးဖို့က ကိုယ့်အပေါ်မှာ တာဝန်အရှိဆုံးပါပဲ။ အခုဆိုရင် သားကကိုယ့်အပေါ်လည်း အရွယ်နဲ့ မလိုက်အောင် နားလည်တတ်တယ်။ စာလည်းကြိုးစားသလို  ဒီအရွယ်လေးနဲ့ ချွေတာ တတ်တယ်။   အဆော့သန်တာလေးက လွဲလို့  လိမ္မာတဲ့သားကို တိတ်တိတ်လေးပူနေရတာက သူ့ရဲ့ပညာရေးပါပဲ။ နိုင်ငံခြားဆန်ပြီး ယဉ်ကျေးမှုဆိုတာကို မနည်းပြန်လိုက်သင်ရမှာလည်းစိုးတယ်။အဲဒါကြောင့်မနက်ကျောင်းတက်ရင် မြန်မာနိုင်ငံတော်သီချင်းဆိုရတဲ့ အင်္ဂလိပ်စာရော မြန်မာလိုပါသင်တဲ့ မြန်မာတွေရဲ့ အထင်ကရနေ့တွေ၊ ဥပမာ-သီတင်းကျွတ်ဆို မိဘကန်တော့တာ ကျောင်းသားတွေစုပြီး ကထိန်သင်္ကန်း ကပ်တာမျိုးတွေပါလုပ်တဲ့ Pride International School Myanmar မှာ ရွေးထားလိုက်ပါတယ်။ ဒါပေမဲ့ တက္ကသိုလ်တက်ရင်ဆိုတာကို စဉ်းစားမိပြီးရင် အတ္တဆန်တယ်ပဲပြောပြော  ကိုယ့်မျက်စိအောက်မှာပဲ  ထားချင်တယ်လေ။  အခုတော့ မျှော်လင့်ထားတဲ့ အိပ်မက်လေး ဖြစ်လာမယ်ဆိုရင် သမ္မတကြီးကို တစ်သက်စာ ကျေးဇူးတင်လေးစားမိမှာပါ’

0 comments:

Post a Comment