468x60 Ads

Tuesday, November 6, 2012

ဝါကျွတ်နဲ့ အနုပညာရှင် လူပျိုကြီး၊ အပျိုကြီးတို့ရဲ့ ရင်ခုန်သံ

ဝါကျွတ်ကာလလည်း ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဝါကျွတ်ပြီဆိုတာနဲ့ မင်္ဂလာပွဲတွေ ကျင်းပကြဖို့ မင်္ဂလာစုံတွဲ တွေကလည်း ကြိုတင်ရင်ခုန်နေကြပါပြီ။  လူပျိုကြီး၊ အပျိုကြီး တွေကလည်း ဝါကျွတ်ရောက်ရင် ရင်ခုန်လေ့ ရှိတတ်ကြပါတယ်။  သူတို့ရင်ခုန်တာကတော့ သူတို့သူငယ်ချင်းအပေါင်းအသင်းတွေထဲမှာ ဘယ်သူတွေ မင်္ဂလာဆောင်ကြပြီလဲ ဆိုတာမျိုးနဲ့ ကိုယ့်ကို ဘယ်သူတွေက ဘယ်တော့ကျွတ် မလဲလို့ မေးလာကြတဲ့ မေးခွန်းတွေကို ရယ်ပွဲဖွဲ့ရင်းနဲ့ ပြန်လည်ဖြေကြား ရတာ ကလည်း နှစ်တိုင်း အမေးခံနေကျ မေးခွန်းနဲ့  နှစ်တိုင်း ဖြေနေကျ အဖြေပါပဲ။ အနုပညာရှင်တွေထဲက  ဒီနှစ် ဝါကျွတ်မှာ ဘယ်သူတွေများ မင်္ဂလာပွဲတွေ ဆင်နွှဲကြ မလဲဆိုတာကို ပရိသတ်တွေ ကလည်း သိချင်နေကြပါပြီ။ တစ်ဆက် တည်းမှာပဲ သူတို့ချစ်တဲ့ အနုပညာရှင် လူပျိုကြီး၊ အပျိုကြီးတွေ ထဲကကော ဘယ်သူတွေများ ဒီနှစ်မှာ အစွံထုတ်သွား ပြီလဲဆိုတာ သိချင်နေကြပါတယ်။ ပရိသတ်တွေရဲ့ သိချင်စိတ် ကို ပေါ်ပြူလာက ‘ဝါကျွတ် နဲ့ အနုပညာရှင် လူပျိုကြီး၊ အပျိုကြီးတို့ရဲ့ ရင်ခုန်သံ’ဆိုတဲ့ ကဏ္ဍလေးနဲ့ တင်ဆက်လိုက် ပါတယ်။
ဒီဝါကျွတ်မှာ ပြောရမယ်ဆိုရင် အစ်မ ဆီက စားရဖို့ကတော့ . . .
ဒါရိုက်တာကြည်ဖြူသျှင်
“ဒီဝါကျွတ်မှာ ပြောရမယ်ဆိုရင် အစ်မဆီက စားရဖို့ကတော့ သိပ်မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစ်မ အမြဲတမ်း သူငယ်ချင်းတွေကို နောက်ဖြစ်တယ်။ ငါ့ ဘဝက အသက် ၂၁ နှစ်မှာ ဒါရိုက်တာစ လုပ်တယ်။ အဲဒီအချိန်မှာ ငါဟာ ဒါရိုက်တာ တစ်ယောက်ဆိုပြီးတော့ လူကြီးလိုနေ ရမယ်ဆိုပြီးနေခဲ့တယ်။ အဲဒီကနေ   အောင်မြင်လာတဲ့ အခါကျတော့လည်းသြော် ငါ့ရဲ့အောင်မြင်မှုကို ဆက်လက် ထိန်းသိမ်း ရမယ်ဆိုပြီး အလုပ်တွေ ကြိုးစားရင်းနဲ့ အလုပ်ထဲမှာ နစ်မြုပ်နေတယ်။ နောက်ဆုံး အသက်က Over 30 ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါမှာလည်း အလုပ်က ပိုပို များလာတယ်။ အသက်ကြီးလာတာနဲ့အမျှ အိမ်ထောင်ပြုဖို့ မစဉ်းစားနိုင်သေးဘူး။ အခုနှစ် သီတင်းကျွတ် မှာလည်း အစ်မက ကုမ္ပဏီရဲ့ ဇာတ်ကား ရိုက်ကူးမှုတွေအပြင် ပါတီရဲ့ ညီလာခံ အတွက်ပါ အစ်မတို့ လုပ်နေကြတယ်။ ဒီလမှာ ညီလာခံနှစ်ခုလုံး အတွက်ကို  အောင်မြင် ဖို့ကြိုးစားနေ ရတယ်။ တစ်ဖက်မှာလည်း ရုပ်ရှင်အစည်း အရုံးက ကလေးတွေနဲ့အတူ ဂျပန်လွှတ် တဲ့အစီအစဉ်မှာလည်း အစ်မသွားရမယ်။ နောက် အမေစုရဲ့ မင်္ဂလာပါ ဒီမိုကရေစီ မှာလည်း အစ်မကဒိုင်အဖြစ်ပါတယ်။ နောက် ဗိုလ်ချုပ်ဇာတ်ကားရိုက်ကူးမှုမှာလည်း အစ်မပါတယ်။အဲဒီလောက်တောင် အလုပ်ရှုပ်နေမှတော့  ဒီဝါသာကျွတ် သွားမယ်။ အစ်မကတော့ အပျိုကြီးဘဝက ကျွတ်မှာ မဟုတ်ပါ ဘူး။ အလုပ်တွေတအား များတဲ့ အတွက် အိမ်ထောင်ပြုဖို့ကိုလည်း မလှည့် နိုင်တော့ပါဘူး”
မင်္ဂလာ သတင်းကတော့ မမျှော်ကြပါ နဲ့ ဦး။ လိုပါသေးတယ် . . .
ဖြိုးငွေစိုး    
” မင်္ဂလာသတင်းက အဝေးကြီးလိုပါ သေးတယ်။ ဘယ်အချိန်မှာ မင်္ဂလာဆောင် မယ်ဆိုပြီး Plan ချထားတာမျိုးတွေ မရှိပါ ဘူး။ အဲဒီလိုPlan ချပြီးလုပ်ရမှာမျိုးတွေကို လည်း ကြောက်တယ်။ ရည်မှန်းထားတဲ့ အတိုင်းမဖြစ်ဖြစ်အောင် လုပ်လိုက်ရင် အဆင်ပြေမှာ မဟုတ်တော့ဘူး။ ကိုယ့် ဘာသာကိုယ် အေးအေးဆေးဆေး ပဲသွားမယ်။ ရှာစရာလည်း မလိုတော့ဘူး။ ရှိလည်း ရှိပြီးသားဆိုတော့ ဘယ်အချိန်ပဲ ဖြစ်ဖြစ် အေးဆေးပဲ။ ကျွန်တော့်ကို ခဏခဏမေးကြတယ်။ ဘယ်တော့စား ရမလဲဆိုပြီးတော့
ကြိုက်တဲ့အချိန်၊ကြိုက်တဲ့ဆိုင်မှာ စားလို့ရပါတယ်။ မင်္ဂလာသတင်းကတော့ မမျှော်ကြပါ နဲ့ဦး။ လိုပါသေးတယ်”
မင်္ဂလာသတင်း တော့ ကြားရမယ်။ အဲဒီသတင်းကတော့. . .
နဝရတ်
“သီတင်းကျွတ်မှာ အကြီးအကျယ် တော့ လုပ်ဖို့ရှိတယ်။ အဲဒါက ဘာလဲဆို တော့ နဝရတ်ဆိုင်အတွက် Discount လုပ်မှာကို ပြောတာပါ။  ပရိုမိုးရှင်းပေါ့။ သီတင်းကျွတ် မှာ ရန်ကုန်မှာပဲရှိခဲ့ပါတယ်။ မင်္ဂလာ သတင်းကတော့ ကြားရမယ်။ အဲဒီ သတင်းကတော့ ဆိုင်က Customer တွေ အတွက် အထူး Discount ပေါ့(ရယ်လျက်)။ ရင်ခုန်ရတယ်။ ဆိုင်မှာ လူကျပါ့မလားလို့ ပေါ့ (ရယ်လျက်)”
ဒီနှစ်ကတော့ သူများ ဖိတ်သမျှ အကုန်   လည်စားမယ် . . .
ဖြူဖြူကျော်သိန်း
“ဖြူဖြူ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အပျိုကြီးလို့ မထင်မိသေးပါဘူး။ အခုမှ အပျိုလေး စာရင်းစဝင်လာတယ်လို့ တောင်ထင်တယ်(ရယ်လျက်)။ ဒီနှစ်က တော့ သူများ ဖိတ်သမျှ အကုန်လည် စားမယ်။ သူများတွေရဲ့ မင်္ဂလာပွဲတွေ မြင်ရတဲ့အခါ မှာတော့ ကြည်နူး စရာ ကောင်းပါတယ်။  တစ်ခုပဲ တကယ် မြဲမြံစေချင် တယ်။ နားလည်မှု သစ္စာရှိမှုတွေနဲ့ မြဲမြံကြဖို့ပါပဲ။ လူ တိုင်းကတော့ ကိုယ်ချစ်တဲ့ သူ နဲ့ပဲလက် တွဲချင်ကြ တာပါ။ ဖြူဖြူ့အနေ နဲ့ ကတော့ လုံးဝအိမ် ထောင်မပြု ဘဲ အပျိုကြီး လုပ်မယ်လို့ စဉ်းစားထား တာလည်း မရှိဘူး။ ပြီးတော့ ငါတော့ ဘယ်နှစ် အပိုင်းအခြား မှာ ယူမှဖြစ် တော့မယ်ဆို တာမျိုးလည်း မရှိဘူး။ ဒီကိစ္စ က မဖြစ်မနေ ဖြစ် အောင်လုပ်ရမယ့် အရာလို့တော့ မမြင်ဘူး။ အချိန်တန် ရင်ပေါ့။ တစ်ခါတစ်ခါကျရင် ကိုယ့်အချိန်တန်ပြီဆိုတာ ကိုယ်ကိုယ် တိုင်တောင် မသိနိုင်ဘူး။ ဘုရားပဲသိနိုင်မယ်။ အဲဒီအချိန်မျိုး ကျရင်တော့ဘုရားက ပြင်ဆင်ပေးပါလိမ့်မယ်”
အစ်မအနေနဲ့ ဒီနှစ်လည်း အစီအစဉ်ဘာမှမရှိပါဘူး . . .
တင်ဇာမိုးဝင်း
” ဒီနှစ်တော့ ပရိသတ်တွေနဲ့ပဲ ဝါကျွတ် သွားပါတယ်။ သူငယ်ချင်းတွေ ကတော့ ပြောကြတယ်။ ဒီတစ်နှစ်တော့ လွဲသွားပြန် ပြီထင်ပါတယ်တဲ့။ ပရိသတ်တွေကိုလည်း အစ်မတို့ မေးကြည့် တယ်။ ဒီနှစ် ပရိသတ်တွေ ထဲ မှာ ဝါကျွတ် သွားတဲ့လူရှိလားဆိုတော့ ပရိသတ်တွေက သူတို့လည်းမရှိပါဘူးတဲ့။အဲဒီတော့ စင်ပေါ် ရော၊ စင်အောက်   ရောဝါကျွတ်တဲ့လူ မရှိ ဘူးဆိုတော့အတူတူပဲလို့တောင် အစ်မတို့ ကပရိသတ်တွေကို ပြောလိုက်သေးတယ်။ အစ်မအနေနဲ့ဒီနှစ်လည်းအစီအစဉ် ဘာမှ မရှိပါဘူး။ ကျွတ်တဲ့အထဲမှာအစ်မ မပါသေး ပါဘူး(ရယ်လျက်)”
အိမ်ထောင်ကျသွား တဲ့ လူတွေရဲ့နှိပ်ကွပ်ခြင်းကို အမြဲတမ်းခံနေရ တယ်….
ဟန်ဇာမိုးဝင်း
” အစ်ကို့အတွက် အချိန်မကျသေးဘူး။ ဘယ်အချိန်ကျွတ်မလဲတော့ မသိသေးဘူး။ နောက်ဒီကိစ္စက အချိန်သတ်မှတ်ပြီး ကိုယ်လုပ်ချင်တိုင်းလုပ်လို့ ရတဲ့ကိစ္စလည်း မဟုတ်ဘူးလေ။ စင်ပေါ်ကနေတောင် ပရိသတ်တွေကို နောက်နေသေးတယ်။ ဝါတော့ ကျွတ်သွားပြီး ပရိသတ်တွေကောလို့ ဆိုတော့ သူတို့လည်းဒီအတိုင်းပါပဲလို့ ပြောကြ တယ်။ ကျွန်တော်လည်း ဒီအတိုင်းပါပဲလို့ ပြန်ပြောလိုက်တယ်။ သူငယ်ချင်းတွေကတော့ နောက်တာပေါ့။ ကဲ ဝါတော့ကျွတ်ပြီ။ ဘာလုပ်မှာလဲပေါ့။ သူများတွေ ဝါကျွတ် ကုန်ပြီဆိုပြီး နောက်တယ်။ ကလေးရတဲ့လူတွေက အမြဲတမ်းနောက်တယ်။ အိမ်ထောင်ကျသွားတဲ့ လူတွေရဲ့ နှိပ်ကွပ်ခြင်းကို အမြဲတမ်းခံနေရတယ်။ ဝါကျွတ်ပြီဆိုရင်လေ။ ဘယ်လိုပြန်ဖြေရလဲ ဆိုတော့ အေး တစ်ချိန်ချိန်တော့ တွေ့မှာပေါ့ဗျာ ဆိုပြီး ပြန်ဖြေရတာပေါ့။ အခုလောလောဆယ်တော့ ခဏလေးပါပေါ့။ ကလေးပဲရှိသေးလို့ပါ။

0 comments:

Post a Comment