468x60 Ads

Thursday, December 6, 2012

ထိုင်သပိတ်တောင်းဆိုချက်များနှင့်ထိုင်သပိတ်ထဲတွင်မစုစုနွေးတို့ လည်းပါဝင်လာ

ဒီဇင်ဘာ (၆)ရက်၊ ယနေ့ နေ့လည် (၁)နာရီက မန္တလေးမြို့ အိမ်တော်ရာစေတီတွင် အထက်မြန် မာပြည် သံဃာတော် များဦးဆောင်၍ လက်ပန်းတောင်းအရေးနှင့်ပတ်သက်ပြီး တောင်းဆိုချက် (၅)ချက်တောင်း ဆို ကာ ထိုင် သပိတ် စတင်ခဲ့ကြောင်း CJ Myanmar မှ သိရှိရသည်။တောင်းဆိုချက်များမှာ...
(၁) နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရသံဃာများကို အမြန် ဆုံးလာရောက် ဝန် ချတောင်း ပန် ရန်။
(၂) အကြမ်းဖက်နှိမ်နင်းမှုတွင် တာဝန်ရှိသူများအား ထိရောက်စွာ အရေးယူပေးရန်။
(၃) ကြေးနီစီမံကိန်းနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန်။
(၄) ကြေးနီစီမံကိန်းကို ဒေသခံများနှင့် ပြည်သူများ ကျေနပ်လက်ခံနိုင်အောင် ဆောင်ရွက်ပေးရန်။
(၅) ဒီမိုကရေစီအစိုးရစစ်စစ်တစ်ရပ် ပေါ်ပေါက်လာဖို့နှင့် နောက်နောင်တွင် ယခုကဲ့သို့ အကြမ်း ဖက်မှု မျိုး မပေါ်ပေါက်စေရန် လွှတ်တော်များနှင့် အစိုးရအဖွဲ့တွင် ပါဝင်လျှက်ရှိသော တပ်မတော်သားများ အမြန် ဆုံးနှုတ် ထွက်ပေး ရန်တို့ ပါရှိကြောင်း သိရှိရသည်။
 Ref:CJMyanmar

0 comments:

Post a Comment