468x60 Ads

Thursday, December 6, 2012

မကြာမီလာတော့မည့်  ၁၅၀၀၀၀ အောက် Simcard များ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှလက်ရှိချထားပေးနေသောမိုဘိုင်းဖုန်းများဈေးနှုန်းကိုလျှော့ ချပေး မည်  ဖြစ် ပြီးလာမည့်၂၀၁၃ခုနှစ်ပထမလေးလပတ်အတွင်းဈေးနှုန်းများကို လျှော့ ချပေး မည်  ဖြစ် သည် ဟု  မြန် မာ့ ဆက် သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိ သူတစ်ဦး ၏ ပြောကြား ချက်အရ သိရ သည်။မိုဘိုင်းဖုန်းများကိုလျှော့ ချရာတွင် နောက်နှစ် ဧပြီလ မတိုင် မီ လျှော့ ချသွား မည်ဖြစ် ပြီးဇန် နဝါရီဖေဖော် ဝါရီနှင့် မတ်လ တစ် လ လတွင်  လျှော့ ချပေးသွားမည်ဖြစ်သည်ဟု သိရပြီး လျှော့ချမည့်ဈေးနှုန်းမှာ ၁၅၀çဝ၀ဝ အောက်တွင်သာ ရှိမည်ဖြစ်ပြီး ထို့ထက်လည်း ပိုမိုဈေးကျသွား နိုင်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှသိရသည်။
မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှတာဝန်ရှိသူက “မိုဘိုင်းဖုန်းတွေကို လာမည့်ဇန်နဝါရီ၊ ဖေ ဖော်ဝါရီ၊ မတ် တစ် လလမှာ ဈေးလျှော့ပေးမှာပါ။ ဧပြီကိုကျော်မှာ မဟုတ် ပါဘူး။ ဈေးနှုန်းကို အတိ အကျ မပြောနို င်သေး ပါ ဘူး။ ဈေးနှုန်းက ၁၅၀ဝ၀ဝ အောက်ကိုတော့ကျမှာပါ။ ၁၃၀ဝ၀ဝ ထက်ကျတာလည်းဖြစ်နိုင်ပါတယ်။ အ တိ အကျတော့ ပြောနိုင်တာက ၁၅၀ဝ၀ဝ အောက်ကိုကျမယ်ဆိုတာ ပါပဲ”ဟု ပြောသည်။
ယင်းဖုန်းများကို ကျပ် ၁၃၀ဝ၀ဝ ဖြင့် ရောင်းချမည် ဟု လည်း  ပြင် ပတွင် သတင်း များ ထွက်ပေါ်နေ သည်။  မြန်မာ့ ဆက် သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်းများ ဈေးနှုန်း လျှော့ချခြင်းနှင့် ပတ်သက်ပြီး မို ဘိုင်း ဖုန်း ဆိုင် တစ်ဆိုင်မှ မန်နေဂျာတစ်ဦးက “ဈေးချတယ်ဆိုတာက Customer အတွက် ဘယ် လိုဖြစ်ဖြစ် ကောင်း ပါတယ်။များများကျလေကောင်းလေ ပါပဲ။ ပြိုင်ဆိုင်မှုတွေများလာမယ်ဆိုရင် ဖုန်းဈေးက အများကြီးကျသွားနိုင် ပါတယ်။ အခုအပြင်မှာ ပြောနေတာက ၁၅၀ဝ၀ဝ အောက်လို့ ပြောပါ တယ်။ ဒီ ထက် အများ ကြီး ကျသွားတယ်ဆိုရင် ပိုကောင်းပါတယ်”ဟု သူ၏ အမြင်ကိုပြောသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်းများကို ယခုနှစ် အတွင်း တွင်ဈေး လျှာ့ပြီး ချ ထားပေးခြင်းဖြစ် ပြီး GSM မိုဘိုင်းဖုန်း များကို ကျပ်နှစ်သိန်းဖြင့် လည်းကောင်း၊ WCDMA မိုဘိုင်း ဖုန်းများ ကို ကျပ် နှစ် သိန်း ခွဲဖြင့်  လည်းကောင်းချထားပေးခြင်းဖြစ်သည်။ ယင်းဖုန်းများကို ယခု နှစ် မတ်လနှင့် ဧပြီလများတွင် ချထားပေးခြင်းကြောင့် ပြည်တွင်းတွင် မိုဘိုင်းဖုန်းသုံးစွဲသူ တိုးတက်လာခြင်းဖြစ်သည်။
 Ref:Mobile Guide

0 comments:

Post a Comment