468x60 Ads

Thursday, December 6, 2012

ကချင်လူမျိုးကောင်းစားရေးတိုက်ပွဲဝင်နေတဲ့KIAကြောင့်ကချင်လူမျိုးများဒုက္ခရောက်နေရ

ကချင်ပြည်နယ် ဟိုပင်မြိုနယယ် နန့်စွန် ကျေးရွာနားမှာ စပါးရိပ်သိမ်းနေတဲ့ လူငယ် ၈ ဦး ကို ကေအို င်အေ တပ် ဖွဲ့ ၀င်တွေက နိုဝင်ဘာ ၂၄ ရက်နေ့က အတင်း အ ဓမ္မ ခေါ်ဆောင် သွား တယ် လို့ ဒေ သခံတွေ အပြော အရ သိရပါတယ်။ ကေအိုင်အေက ဖမ်းဆီခေါ်ဆောင်သွားရမှာ ဟိုပင်မြို့ မှာနေထိုင်တဲ့ ကိုသန်း ထိုက် နဲ့ ကို သည်းကိုကိုလည်း ပါဝင်ပါတယ်။ မကွေးဆေးတက္ကသိုလ်ကျောင်းသား ကိုသည်းကိုကိုကတော့ ဖမ်းဆီခေါ်ဆောင်သွားနေစဉ်မှာ လမ်းကနေ ပြန်ပြေးလာရတယ်လို့ မိခင်ဖြစ်သူက ဒီဗွီဘီကို ပြောပါတယ်။
“သူပြောပြတာတော့ ရွာရောက်တဲ့အခါ မာမီးခေါက်ဆွဲ ၃ ထုပ်နဲ့ ပြောင်းဖူး ၃ ထုပ်ဝယ်ပြီး ထည့် ထားပြီး  ပြေးလာခဲ့တယ်ပြောတယ်။ သူပြေးတော့ သူ့နောက် ၃  ယောက် လိုက် လာ တယ်ပြော တယ်၊  ကြောက်ပြီး စိတ်ထဲထင်တာပြောလား၊ အဟုတ်လိုက်လားတော့ မသိဘူး။” ကချင်ပြည်နယ် တနိုင်းမြို့နယ် ရွှေမှော်မှာ အလုပ်လုပ်နေတဲ့ ဟိုပင်ဒေသခံတွေကိုလည်း ကေအိုင်အေက တပ် သား သစ် စုဆောင်း ဖို့ခေါ်ဆောင်တာခံရပြီး နောက်ပိုင်းမှာ မိသားစုဝင်တွေကနေ ပိုက်ဆံပေးပြီးကေ အိုင်အေထဲ ကနေ ပြ န်ရွေး ထုတ်ခဲ့ရတာလို့ ဟိုပင်ဒေသခံတဦးက ဒီဗွီဘီကိုပြောပါတယ်။ ကေအိုင်အေ တပ်ဖွဲ့ ၀င်တွေ က တပ်သား သစ် စုဆောင်းတာတွေ လုပ်နေကြတဲ့အတွက် စပါးရိတ်သိမ်းရာသီ ရောက်နေတာတောင် ရွာပြင်ထွက်ပြီး အလုပ်လုပ်ဖို့ကို စိုးရိမ်နေကြတယ်လို့ဒေသခံတွေကပြောကြပါတယ်။
Ref:DVB

0 comments:

Post a Comment