468x60 Ads
Thursday, December 6, 2012
ဆိုးလိုက်တဲ့ကံကြမ္မာ....
facebook ပေါ်မှာတွေ့လိုက်သောဆောင်းပါးလေးတစ်ပုဒ်ကိုပြန်လည်ဝေမျှလိုက်ပါတယ်ဘာကိုမှရည်ရွယ်ပြီး
ဘယ်သူ့ကိုမှထိခိုက်စေချင်သေးသဘောမျိုးမဟုတ်ပါ..နားလည်လွယ်ပြီး ၊ကိုယ်ချင်း စာ စိတ်လေးတွေ ရှိတဲ့ လူ တိုင်း နားလည်ပေးနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ် စစ်သားဆိုတာကိုယ့်ဆံပင်ကိုယ်တောင်မပိုင်တဲ့ လူတွေပါ ထား ရာေ န ၊စေ ရာ သွား ၊အထက် ကပေး တဲ့ အမိန့် ကို နာ ခံပြီး၊ တိုင်းပြည် အတွက် အသက် စွန့် မယ့် လူတွေချည်းပဲနားလည်ပေးနိုင်ပါစေ....။
စစ်သားဆိုတာ စစ်သားဆန်တဲ့အလုပ်ကိုလုပ်ရမှာပဲတကယ်တမ်းရဲရင့်တဲ့ စိတ် ၊တိုင်းပြည်ချစ်စိတ်ရှိရင် စစ် မှု မ ထမ်း ပါနဲ့ စစ်သင်တန်းတစ်လပဲ တက်ပေး ပါ။ ကျည် လွတ်မြေ မှာ တောင် ဘယ်လောက် ပင် ပန်း ဆင်း ရဲ သ လဲ ဆို တာ သိ ရင် ရှေ့တန်းမှာတိုင်းပြည်အတွက် အသက်ပေးနေရတဲ့ ငါတို့ကို စာ နာ နား လည် မှာ ပါ။ မင်းတစ်ကယ်မသိပဲပြောပြောနေတဲ့ ဒီမိုကရေစီဆိုတာကိုငါတို့ကပိုသိ...ပါတယ်၊ ဒါပေ မဲ့ သူ ငယ် ချင်း ရှေ့ကလာနေတဲ့ ကျည်ဆန်တွေက ငါတို့ကိုနိုင်ငံရေး သဘောတရားတွေပို့ချပြီးငြိမ်းချမ်းရေး တ ရား ကိုဟောမှာမဟုတ်ဘူး ၊ အေးအေးဆေးဆေး နေရာယူခွင့်လည်းပေး မှာမဟုတ်ဘူး။ ငါညံ့ရင်ငါသေမှာပဲ ငါမညံ့နိုင်ဘူးသူငယ်ချင်း။ရန်သူကို ရန်သူလိုဆက်ဆံတာဟာတကယ့်Professional Soldier ပဲ ။ ဒီမို ကရေ စီ ခောတ်မှာစစ်သားတိုင်း Professional ဆန်ဖို့လိုနေပါပြီ။ ငါတို့တွေက ဒီမိုကရေစီနဲ့မယဉ်ပါးသေးတော့ Proမဆန်သေးပါဘူး။ရန်သူကိုညှာချင်တဲ့စိတ်ကလေးတွေကရှိနေသေးတယ်။တစ်ခါတစ်ခါမှာသနားချင်သေး  တယ်။  ငြိမ်းချမ်းရေးစကားကိုတွင်တွင်ပြောရလောက် အောင် မင်းပါးစပ်မှာနို့နံ့မစင်သေးပါဘူးသူငယ်ချင်း ၊
ဒီ စကား ကိုမင်းပြောချင်ရင် ရန်သူ့မိုင်းတွေရှိနေတယ်၊ ဘယ်နေရာမှာထောင်ထားလဲမသိဘူး ဆို တဲ့တော လမ်းကလေးမှာကိုက်သုံးရာပဲလမ်းလျှောက်ပေးပါ။မင်းကိုယ်မှာချွေးမပျံဘူး ၊ မင်းခြေထောက်တွေ မယိုင်ဘူး ၊ အားကိုးစရာ ရှာနေတဲ့မျက်နှာငယ်လေးမဟုတ်ဘူး ဆိုရင်မင်းစကားကိုငါ လက်ခံမယ်။အေး ငါတို့ ကဒီ လို လမ်းတွေ မှာ တစ်ရက် ကို မိုင်နှစ်ဆယ် လောက်နေ့တိုင်းသွားနေရတာပါမိုင်းထိလို့ ရဲဘော်စိတ်နဲ့ပြေးဆွဲ ၊ အဲဒီကောင်ပါနံဘေးကမိုင်းကိုထပ်နင်း ၊ နှစ်ယောက်လုံးကို မဆွဲ ရဲ ဘဲကြည့်နေ ချိန် မှာ ဘေး ကနေချောင်း ပစ် ။ ကဲ ဘယ်လိုလုပ်မလဲသူငယ်ချင်း ။
စစ်သားလောက်ငြိမ်းချမ်းရေးရချင်တဲ့သူဒီမြေပေါ်မှာဘယ်သူရှိနိုင်မှာလည်း ၊ဂျာနယ် သတင်းထောက်တွေ လား ၊ ဂျာ နယ်တိုက်ကCEO ဆိုပြီးမှတ်ချက်တွေပေးနေတဲ့သူတွေလား ၊ သောင်းကျန်းသူကိုကျတော့ လက် နက် ကိုင် အဖွဲ့ တဲ့ ၊တိုင်းရင်းသား တပ်မတော်တဲ့၊ငါတို့ကိုကျတော့အစိုးရစစ် တပ် တဲ့။ ကေအိုင်အေသောင်း ကျန်းသူလို့ဘယ်ရေးရဲမှာလည်း ဟိုကောင်တွေကမျက်နှာမကြည့်ပဲလူသတ်ရဲတာကိုးရေးရင်သေမှာဆိုတော့ ငါတို့စစ်သားတွေကိုပဲ ဒီမိုကရေစီ အမြတ်ထုတ်ပြီး လက်စားချေ ပုတ်ခတ်နေတာလေ ။ငါတို့ကို စစ်ခွေးတဲ့ ...ဟုတ်လား။ဟုတ်ပါတယ်ငါတို့ဟာစစ်ခွေးပါတိုင်းပြည်အရေးကိုစောင့်သိတဲ့စစ်ခွေးတွေပါအိမ်ရှင်ဆင်းရဲရင် ထားပြီးထွက်သွားမဲ့အကောင်တွေ လို မဟုတ်ပါဘူး ၊ သေတဲ့အထိ အိမ်ရှင် နံဘေးမှာနေ သွား မဲ့ ခွေးတွေ ပါကွာ ။ မင်းတို့ရဲ့ ကီးဘုတ်ကျည်ဆန်တွေ ကိုပဲ မင်း အားရအောင်ပစ်နိုင်ပါစေ။
"၂၀၁၂ ခုနှစ် (၇) လပိုင်းမှာ လက်ထပ်ပီး (၈)လပိုင်းမှာ
တိုက်ပွဲတွင် ကျဆုံးသွားသော...
စစ်တက္ကသိုလ် အနော်ရထာတပ်ရင်း အမှတ် (၁၀) တပ်ခွဲ၊
သူငယ်ချင်း ၅၂ မှ ဗိုလ်မျိုးမင်းသန့် နဲ့ အတူ တူ
စွန့် လွတ် သွားတဲ့ အကိုကြီး ၃ယောက်
၅၂ က ငါတို့ အပတ်စဉ် ၂ ယောက် စုစုပေါင်း
အရာရှိ ၆ ယောက် ရဲ ဘော် ၄၂ ယောင်း ပေါင်း ၄၈
ယောက် နဲ့  တခြား ပေးဆပ်သွားကြသော် ရဲဘော်အပေါင်း
ကောင်းရာသုဂတိ လားပါစေ...
ကျန်ရစ်သူ မိသားစု၊မင်းရဲ့ ဇနီး၊တပ်မတော်သားညီကိုမောင်နှမ
များမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...
ရောက်လေရာဘုံဘဝ ကနေ
ငါတို့ ပြုပြု သမျှ ကုသိုလ်တွေ သာဓု ခေါ်နိုင်ပါစေ........"။
Ref:ဖိုးသားလေး
0 comments:
Post a Comment