ကချင်အမျိုးသားများအစည်းအရုံး
(KNO)က သမ္မတဦးသိန်းစိန် ကချင်ပြည်နယ်အတွင်း လူ့ အခွင့် အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ဘီဘီစီ
မြန်မာပိုင်း အစီအစဉ် အမေးအဖြေကဏ္ဍတွင် ဖြေ ကြားမှုများအပေါ် သဘောထားကြေညာချက်တစ်စောင်
အောက်တိုဘာ ၄ ရက်က ထုတ်ပြန် လိုက် သည်။ စက်တင်ဘာ
၃၀ ရက်က သမ္မတက ဘီဘီစီ မြန်မာပိုင်း အစီအစဉ်တွင် ဖြေ ကြား ပြော ဆို ချက်များကို
ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အပါအ၀င် အချက် ၆ ချက်ကို ထုတ်ပြန်ခဲ့သည်။အဆိုပါ
ကြေညာချက်တွင် သမ္မတက ကချင်ပြည်နယ်တွင် တပ်မတော်က လူ့အခွင့်အရေး ချိုး ဖောက်နေခြင်း
နှင့် စပ်လျဉ်း၍ ဖြေကြားရာ၌ ဥပဒေအရ လုပ်ဆောင်နေခြင်းဖြစ်သောကြောင့် လူ့ အခွင့်အရေး
ချိုး ဖောက်သည်ဟု မစွပ်စွဲသင့်ကြောင်း၊ KIA ဘက်မှ အပစ်အခတ်ရပ်ရန်
အမိန့်မထုတ်ပြန်ခြင်းကြောင့် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေကြာင်း စသဖြင့်
ဖြေကြားခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြ ထား သည်။ထို့ကြောင့် သဘောထားကြေညာချက်တွင်
လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင် တာ နား က ကချင်ပြည်နယ်ရှိ
လူ့အခွင့်အရေးချိုးဖောက်ခြင်းများ၊ စစ်ပြေးဒုက္ခသည်များရှိကြောင်း အစီ ရင် ခံပြီး
ဖြစ်သော်လည်း အစိုးရက တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း၊ စစ်ပွဲ များ ဖြစ
်ရ ခြင်းသည် နိုင်ငံတော်သမ္မတ၊ မြန်မာ့တပ်မတော်နှင့် KIA အပြစ်ကြောင့် မဟုတ်ဘဲ
အခြေခံဥပဒေတွင် တိုင်းရင်းသားလူမျိုးအားလုံး အတူယှဉ်တွဲ နေထိုင်ရန်နှင့်
အခွင့်အရေးများ တန်းတူဖြစ်ရန် ရေး ဆွဲ ထား ခြင်း မရှိသည့်အတွက်ဖြစ်ကြောင်း၊
သမ္မတတစ်ယောက်အနေဖြင့် မိမိနိုင်ငံသားများ၏ ဆင်း ရဲ ဒုက္ခကို မငဲ့ကွက်ဘဲ
ထွက်ဆိုဖြေကြားခဲ့ခြင်းအပေါ် ကချင်အမျိုးသားများအစည်းအရုံးက ပြင်း ပြင်း ထန် ထန်
ရှုတ်ချကြောင်းတို့ဖြင့် ဖော်ပြထားသည်။ အဆိုပါ ကြေညာချက်နှင့် စပ်လျဉ်း၍ ဒီမို က ရက်
တစ် ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေက
ကချင်ပြည်နယ်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မည် သည့်ဘက် မှ ကျူးလွန်သည်ကို
မသိနိုင်ကြောင်း၊ မည်သို့ပင်ဖြစ်ဖြစ် အပြစ်မဲ့ပြည်သူများ အတိ ဒုက္ခ ရောက်ကြ၍
နှစ်ဖက်ပွင့်လင်းမှု ရှိစေလိုကြောင်း သုံးသပ်ပြောဆိုသည်။
"ကျွန်တော့်သဘောပြောရရင် နှစ်ဖက်အမြန်ဆုံး နားလည်မှု ရရှိစေချင်ပါတယ်"ဟု
၎င်းကဆိုသည်။
Friday, October 5, 2012
မြန်မာအသင်း ခြေစွမ်းအမှန်မြင်ရမယ့် ပြိုင်ပွဲ
မြန်မာ့ဘောလုံးအားကစားကိုဆုကြေးစားစနစ်သို့
ပြောင်းလဲလိုက်ပြီးနောက် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအတွက် ရှုံးချက်နာသော
ပွဲစဉ်တစ်ပွဲ ရှိခဲ့သည်။ ၂၀၁၀ ဆူဇူကီးဖလားပြိုင်ပွဲ၏ အုပ်စု အဖွင့်ပွဲစဉ်တွင်ဒေသတွင်း
ပြိုင်ဘက် ဗီယက်နမ်အသင်းကို (၁-၇) ဂိုးဖြင့် ဂိုးပြတ်ခြေပြတ် ရှုံးနိမ့်ခဲ့သော
ပွဲစဉ်ဖြစ်သည်။ အဆိုပါပွဲစဉ်သည် ဆုကြေးစားစနစ်သို့ ပြောင်းလဲလိုက်ပြီးနောက်
နှစ်နှစ်ခန့်အကြာတွင် ယှဉ်ပြိုင်ခဲ့ရသော ပွဲစဉ်ဖြစ်ပြီး မြန်မာဘောလုံးအသင်း၊
မြန်မာ ဘော လုံး အား ကစား တိုးတက်ရေးအတွက် လုပ်ဆောင်နေကြသော အဖွဲ့ချုပ်၊
မြန်မာလိဂ် ကလပ်အသင်းပိုင်ရှင်များ အတွက်သာမက မြန်မာပရိသတ်များအတွက်ပါ
မျက်နှာပျက်စရာပွဲစဉ် ဖြစ်ခဲ့သည်။
အာဆီယံဒေသတွင်း
လက်ရွေးစင်အသင်းများ၏ အဆင့်မြင့်ဆုံး ပြိုင်ပွဲဖြစ်သည့် ၂၀၁၂ ဆူ ဇူ ကီး ဖလားပြိုင်ပွဲ၏
နောက်ဆုံးအဆင့် ပွဲစဉ်များကို လာမည့် နိုဝင်ဘာလအတွင်း၌ ထိုင်းနိုင်ငံနှင့် မလေး ရှားနိုင်ငံများက
အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းကို စောင့်ကြိုနေပြီ ဖြစ်သည်။သို့သော်
မြန်မာအသင်းမှာ ပြီးခဲ့သည့် ၂၀၁၀ ပြိုင်ပွဲ၌ နိုင်ပွဲမရရှိခဲ့ဘဲ
အုပ်စုနောက်ဆုံးတွင် ရပ်တည်ခဲ့သောကြောင့် ယခုနှစ် ပြိုင်ပွဲအတွက် ခြေစစ်ပွဲအဆင့်မှ
စတင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ခြေစစ်ပွဲအဆင့်တွင်
မြန်မာအသင်းသည် လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ တီမောအသင်းများနှင့်
ရင်ဆိုင်ရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်များကို အောက်တိုဘာလ ၅ ရက်မှ ၁၃ ရက်အထိ
ရန်ကုန်မြို့တွင် လက်ခံကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ ခြေစစ်ပွဲစဉ်များကို
အုပ်စုပတ်လည်ပုံစံဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အမှတ်အများဆုံး နှစ်သင်းသည်
နောက်ဆုံးအဆင့် ပွဲစဉ်များသို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
ခြေစစ်ပွဲမှ
အုပ်စုပထမရ အသင်းသည် ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်အသင်းများ ပါဝင်မည့်
အုပ်စု(က)တွင် ကျရောက်မည်ဖြစ်ပြီး ခြေစစ်ပွဲဒုတိယအသင်းသည် မလေးရှား၊
အင်ဒိုနီးရှား၊ စင်ကာပူအသင်းများ ပါဝင်သည့် အုပ်စု(ခ)သို့ ကျရောက်မည်ဖြစ်သည်။
အဆိုပါ နောက်ဆုံးအဆင့် ပွဲစဉ်များကို နိုဝင်ဘာလ ၂၄ ရက်မှ ဒီဇင်ဘာလ ၂၂ ရက်အထိ
ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ၂၀၁၀ အုပ်စုတွင်း ပြိုင်ဘက်များကို
ပြန်လည်ချေပခွင့် ရရှိနိုင်ရန် ပထမအဆင့် ခြေစစ်ပွဲကို ဖြတ်ကျော်ရဦးမည်ဖြစ်သည်။
မြန်မာအသင်းသည် ၁၉၉၈ ခုနှစ် ပြိုင်ပွဲတွင်လည်း ခြေစစ်ပွဲဝင်ခဲ့ရဖူးပြီး ထိုစဉ်က
လာအို၊ ဘရူနိုင်းအသင်းများကို ဖြတ်ကျော်ကာ နောက်ဆုံးအဆင့်သို့
တက်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။
လက်ရှိ
မြန်မာလက်ရွေးစင်အသင်းကို ပြီးခဲ့သည့် အာရှယူ-၂၂ အသင်း ခြေစစ်ပွဲအောင် မြန်မာ
ယူ-၂၂ အသင်းကို ကိုင်တွယ်ခဲ့သူ ကိုရီးယားလူမျိုး ပတ်ဆောင်ဟွာက
ဆက်လက်ကိုင်တွယ်နေပြီး ကစားသမားများသည်လည်း ယူ-၂၂ အသင်းမှ ကစားသမားအများစုနှင့်
အတွေ့အကြုံရှိ လူဟောင်းများကို စုစည်းထားခြင်းဖြစ်သည်။ လက်ရှိ အခြေအနေအရ
မြန်မာအသင်းသည် ခြေစစ်ပွဲစဉ်များကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း၊ ခြေစစ်ပွဲအောင်
အရေအတွက် နှစ်သင်းဖြစ်ခြင်း၊ ခြေစစ်ပွဲဝင် ပြိုင်ဘက်များ၏ အနေအထားအရ ခြေစစ်ပွဲကို
ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း လေ့လာသူများနှင့် ပရိသတ်များက သုံးသပ်ကြသည်။
သို့သော်
နည်းပြချုပ် ပတ်ဆောင်ဟွာအနေဖြင့်မူ ခြေစစ်ပွဲဝင် ပြိုင်ဘက်များကို အထင်မသေးရန်
ကြိုတင်စွာ သတိပေးထားခဲ့ပြီး မြန်မာအသင်းအနေဖြင့် မည်သည့်အသင်းကိုဖြစ်စေ အလွယ်တကူ
အနိုင်ရရှိရန် မျှော်လင့်မထားသင့်ကြောင်း ဆိုထားသည်။ မြန်မာအသင်းသည် ယခု
ခြေစစ်ပွဲမတိုင်ခင် စင်ကာပူအသင်းနှင့် ရန်ကုန်တွင် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားထားကာ
တစ်ဂိုးစီ သရေကျထားခဲ့ပြီး ဂျပန်နိုင်ငံသို့လည်း ခြေစမ်းပွဲများ
သွားရောက်ယှဉ်ပြိုင် ကစားခဲ့သည်။ ဂျပန်ခရီးစဉ်အတွင်း ခြေစမ်းပွဲငါးပွဲစလုံး၌
ရှုံးနိမ့်ထားခဲ့သော်လည်း ယှဉ်ပြိုင်ဘက် အသင်းများသည် အဆင့်မြင့်သည့်
အသင်းများဖြစ်သည့်အတွက် အတွေ့အကြုံကောင်းများနှင့် အကျိုးရှိစေမည်ဖြစ်ကြောင်း
လေ့လာသူများက သုံးသပ်သည်။
“ခြေစစ်ပွဲစဉ်တွေ
ဝင်ရတာလည်း အကောင်းဘက်က ကြည့်မယ်ဆိုရင် နောက်ဆုံးအဆင့်ပွဲစဉ်တွေ မတိုင်မီ
ခြေစွမ်းစမ်းသပ်လို့ ရနိုင်တာပေါ့။ ခြေစမ်းပွဲနဲ့ ပြိုင်ပွဲဆိုတာက မတူဘူးလေ။
ခြေစစ်ပွဲတွေမှာ အသင်းတွေက ပြိုင်ပွဲအသွင် ယှဉ်ပြိုင်ကြမှာဆိုတော့
မြန်မာအသင်းအနေနဲ့ ကြားထဲမှာ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားတာထက်
ပိုအကျိုးရှိစေနိုင်မယ်လို့ ထင်ပါတယ်”ဟု ၀ါရင့်အားကစားကလောင်ရှင်
ဦးခင်မောင်ထွေး(ပျဉ်းမနား)က ဆိုသည်။လက်ရှိ မြန်မာ့လက်ရွေးစင်အသင်းတွင် ရှေ့တန်း တိုက်
စစ် မှူးအများစု ဒဏ်ရာရရှိနေမှုများ ရှိနေခြင်း၊ ပြီးခဲ့သည့် မြန်မာလိဂ်တွင် ပြည်တွင်းတိုက်စစ်မှူးများထဲမှ
ဂိုးအများဆုံးသွင်းထားသည့် စိုးမင်းဦးအနေဖြင့် လက်ရွေးစင်စာရင်းတွင်
မပါရှိခြင်းတို့က ဂိုးရရှိရန် ရုန်းကန်ရဖွယ်ရှိကြောင်းလည်း လေ့လာသူများက ဆိုသည်။
အိမ်ရှင်အခွင့်အရေး ရှိနေသော်လည်း ရန်ကုန်မြေ၌ ကျင်းပခဲ့သည့် ပြီးခဲ့သည့် AFC
Challenge Cup ခြေစစ်ပွဲတွင် မြန်မာအသင်းသည် ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊
ပါလက်စတိုင်းအသင်းများနှင့် ယှဉ်ပြိုင်ခဲ့ရာတွင် နိုင်ပွဲမရခဲ့ဘဲ အုပ် စု နောက်ဆုံးနေရာတွင်
ရပ်တည်ခဲ့မှုများကလည်း မြန်မာပရိသတ်များအတွက် အမှတ်ရစရာများ ဖြစ်နေဆဲဖြစ်သည်။ သို့သော်
ကိုရီးယားနည်းပြ၏ လက်ထက်တွင် မြန်မာဘောလုံးသမားများ အနေဖြင့် ကစားအား၊
ကြံ့ခိုင်မှုအား ပိုမိုတိုးတက်လာပြီး လာမည့်ခြေစစ်ပွဲစဉ်အား ကျော်ဖြတ်နိုင်မည်ဟု
ယေဘုယျ သုံးသပ်ကြသော်လည်း ရန်ကုန်တွင် ကျင်းပမည့် ယခုခြေစစ်ပွဲစဉ်တွင်
အခြားအရေးကြီးသော အချက်ရှိနေသေးသည်။ ၂၀၁၁ ခုနှစ်က မြန်မာ-အိုမန် ကမ္ဘာ့ဖလားခြေစစ်ပွဲ
ဒုတိယအဆင့်တွင် တစ်ကြိမ်၊ ယခုနှစ် အာရှယူ-၂၂ ခြေ စစ်ပွဲ စဉ် များ တွင် တစ်ကြိမ်
ပရိသတ်အချို့၏ စည်းကမ်းမဲ့ အားပေးမှုများကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အား
ဒဏ်ငွေပြစ်ဒဏ်များ ချမှတ်ခံခဲ့ရပြီး နောင်လာမည့် ခြေစစ်ပွဲစဉ်သည်
မြန်မာပရိသတ်များ၏ စည်း ကမ်း ရှိမှုကို
ပြန်လည်ပြသရန် လိုအပ်လာပြီဖြစ်သည်။
မြန်မာ-အိုမန်ပွဲစဉ်တွင်
ပရိသတ်များကြောင့် ပွဲပျက်ခဲ့ရသည်အထိ အခြေအနေ ဆိုးခဲ့သော်လည်း အာရှ ယူ-၂၂
ပွဲစဉ်များတွင်မူ ပွဲကြည့်စင်၌ မီးရှူးများ ထွန်းညှိအားပေးခြင်းအတွက် ဒဏ်ငွေများ
ချမှတ်ခံရခြင်းမှာ ပရိသတ်များအား အဖွဲ့ချုပ်မှ စည်းကမ်းချက်များ
ပညာပေးမှုအပိုင်းတွင် အားနည်းခဲ့မှုကြောင့်ဖြစ်ကြောင်း လေ့လာသူများကဆိုသည်။
“ကိုယ့်အသင်းနိုင်လို့
အောင်ပွဲခံတဲ့အခါမှာ ပွဲကြည့်စင်ပေါ်မှာ မီးရှူးထွန်းပြီး အားပေးရင်
ဒဏ်ငွေချမှတ်ခံရတယ်ဆိုတာ တကယ်မသိပါဘူး။ အဲလိုသိထားရင် ဘယ်လုပ်ပါ့မလဲ။ ဒါကြောင့်
ပရိသတ်တွေအနေနဲ့ ဘယ်လိုမျိုးအားပေးရင် ပြစ်ဒဏ်ချမှတ် ခံရနိုင်တယ်ဆိုတဲ့
စည်းကမ်းမျိုးကို အဖွဲ့ချုပ်အနေနဲ့ ကြိုတင်ထုတ်ပြန် ပညာပေးမှုတွေ
ပြုလုပ်ထားသင့်ပါတယ်”ဟု ပရိသတ်တစ်ဦးကပြောသည်။
ယခုခြေစစ်ပွဲစဉ်အတွက်
ကွင်းဝင်လက်မှတ်များကို အာဆီယံဘောလုံးအဖွဲ့ချုပ်နှင့် တရားဝင် လက်မှတ်အရောင်းကိုယ်စားလှယ်
ရရှိထားသော ထိုင်းနိုင်ငံမှ တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည့်အတွက် ကွင်းအတွင်းသို့
လာရောက်အားပေးမည့် ပရိသတ်များအတွက် လက်မှတ်ဝယ်ယူမှုအပိုင်းတွင် စနစ်ကျလာမည်ဟု
မျှော်လင့်ရသည်။
ထို့အပြင်
မြန်မာအသင်းပွဲစဉ်များကို တစ်နိုင်ငံလုံးမှ ရုပ်သံပရိသတ်များ အားပေးနိုင်ရန်
မြန်မာ့ရုပ်မြင်သံကြား (MRTV)မှ တိုက်ရိုက်ထုတ်လွှင့် ပြသပေးသွားမည်ဖြစ်သည်။
ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ တဖြည်းဖြည်း ကျဆင်းလာနေသော မြန်မာ့လက်ရွေးစင်
ဘောလုံးအသင်း၏ ခြေစွမ်းနှင့် ဂုဏ်သိက္ခာအတွက်သာမက အိမ်ရှင်ပရိသတ်များအတွက်
စည်းကမ်းရှိမှုကို မှတ်ကျောက်တင်ရန် ဆူဇူကီးဖလား ခြေစစ်ပွဲစဉ်များက စောင့်ကြိုနေပြီ
ဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုးရီးယား သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်မည်
တောင်ကိုရီးယား နိုင်ငံ ယုံဟပ် (Yonhap) သတင်းဌာန ကတော့ မြန်မာ သမ္မတဟာ အောက်တိုဘာ ၈ ရက် ကနေ ၁၀ ရက်နေ့ အထိလာရောက် လည်ပတ်မှာ ဖြစ်ကြောင်း သမ္မတရုံးကို ကိုးကားပြီး ဖော်ပြ ပါတယ်။
သမ္မတ နှစ်ဦးဟာ မေလ ၉ ရက်နေ့ မှာ တွေ့ဆုံ ဆွေးနွေး ကြမှာ ဖြစ်ပြီး၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှု၊ သယံဇာတ၊ စွမ်းအင်၊ နဲ့အခြေခံ အဆောက်အဦ တည်ဆောက်ရေး ဆိုင်ရာ တွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေး ကြဖွယ် ရှိကြောင်း အဲဒီ သတင်းမှာ ဖော်ပြ ပါတယ်။
ပြီးခဲ့တဲ့ မေလ တုန်းက တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ် မြန်မာနိုင်ငံကို လာရောက် လည်ပတ် ခဲ့ပြီးတဲ့နောက် သမ္မတ ဦးသိန်းစိန်က အခုလို သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။
Thursday, October 4, 2012
မြန်မာအမေရိကန် ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေး
![]() |
| John Hopkins တက္ကသိုလ်မှ မြန်မာ အမေရိကန် အရေး ကမကထ ဆွေးနွေး |
အမေရိကန်
မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ကောင်းမွန်အောင် တည်ဆောက် နိုင်ရေး အတွက် John
Hopkins တက္ကသိုလ် အဆင့်မြင့် နိုင်ငံတကာ လေ့လာရေး ကျောင်း က ကမကထ စီစဉ်ကျင်းပ
ပေးယင်း US-Myanmar Track 1.5 Dialogue ဆိုတဲ့ အစည်းအဝေး ကို ဝါရှင်တန် ဒီစီ မှာ
အောက်တိုဘာလ ၁ ရက်နေ့က စလို့ ၃ ရက်နေ့ အထိ ကျင်းပ ခဲ့ ပါတယ်။ဒီအစည်းအဝေး ကို
တက္ကသိုလ်ပညာရှင်တွေ၊ နှစ်ဘက် အစိုးရ ဝန်ကြီးတွေနဲ့ အရပ်ဘက် လူထုအခြေပြု အဖွဲ့အစည်း
ကိုယ်စားလှယ်တွေ တက်ရောက်ကြတဲ့ အထဲမှာ ပါမောက္ခ David Steinberg နဲ့ အရှေ့အာရှ
ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell တို့ ပါဝင်ကြပါတယ်။မြန်မာ
ဘက် က ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပါဝင်ပါတယ်။ အခုလို US-Myanmar Track 1.5
Dialogue အစည်းအဝေး လို့ နာမည် ပေးရခြင်း အကြောင်းရင်းနဲ့ ပတ်သက်ပြီး
ဒီဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ မင်္ဂလာ မြန်မာ အဖွဲ့က ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းက
Track 1 ဆိုရင် အစိုးရ အချင်းချင်း နှစ်ဘက် စကားပြောတာ ဖြစ်သလို၊ Track 2
ဆိုရင်လည်း အစိုးရ မဟုတ်တဲ့ အဖွဲ့ အချင်းချင်း ပြောတာ ဖြစ်လို့ အခုလို မြန်မာ နဲ့
အမေရိကန် ဆက်ဆံရေး အဆက်ပြတ်နေရာက ပြန်စ တဲ့ အတွက် US-Myanmar Track 1.5 Dialogue
လို့ ခေါ်တဲ့ အကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။မြန်မာ နဲ့ အမေရိကန် ဆက်ဆံရေး အကြား
အတားအဆီးတွေ ဖယ်ရှားရေး မှာလည်း အမေရိကန်ဘက်မှာ လုပ်ထုံးလုပ်နည်း ဥပဒေတွေ ရှိလို့
အခက်အခဲ တွေ ရှိပုံ၊ ဘဏ္ဍာရေး အရရော၊ နည်းပညာပိုင်း အကူအညီပေးရေးမှာ အချိန်မီအောင်
ဆန်းသစ်တဲ့ နည်းလမ်း ရှာဖွေဖို့ ရှိတဲ့ အကြောင်း မင်္ဂလာ မြန်မာ အဖွဲ့က ဒါရိုက်တာ
ဒေါက်တာဖုန်းဝင်းက ပြောပြခဲ့ကြောင်းသိရပါတယ်။
ကေအန်ယူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး နဲ့ သုံးဦးကို ရာထူးက ဖယ်
![]() |
| ကေအန်ယူစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေဖိုး |
ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့ အဖွဲ့ ဘားအံမြို့မှာ ဗဟို ဆက်ဆံရေး ရုံးဖွင့်ဖို့ ထွက်ခွာ သွားတာဟာ KNU ဗဟိုရဲ့ ဆုံးဖြတ်ချက် မပါဘဲ သွားရောက် တာ ဖြစ်တယ်ဆိုတဲ့ ကြေညာ ချက်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အခုလို ရာထူး ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။
အဲဒီ ကေအန်ယူ ဗဟိုကော်မီတီရဲ့ အမိန့်စာ မှာဖော်ပြချက်အရ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ တရားရေး ဌာနတာဝန်ခံ ဖဒိုစောဒေးဗစ်ထောနဲ့ ကျန်းမာရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးရောဂျာခင်တို့ကို အမိန့်မနာခံမှု၊ အဖွဲ့အစည်းအတွင်း သွေးကွဲအောင် ဆောင်ရွက်မှု၊ ပူးပေါင်း ဆောင်ရွက်ခြင်းမရှိမှု စတဲ့စွပ်စွဲချက်တွေနဲ့ ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။
အခုဖယ်ရှားလိုက်တယ်ဆိုတဲ့ ခေါင်းဆောင်သုံးဦးရဲ့နောက်မှာ ကေအန်ယူလက်နက်ကိုင်တပ်ဖွဲ့ အများစုက ရှိနေတာမို့ ဒီအဖြစ်အပျက်ကြောင့် ကေအန်ယူအဖွဲ့ ထပ်ပြီး ကွဲသွားနိုင်တယ်လို့မဲဆောက်မှာရှိတဲ့ ဘီဘီစီသတင်းထောက် ကသုံးသပ်ပါတယ်။
အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ အကျိုးဆောင်ပေးနေ သူတဦးကလည်း ဒီအဖြစ် အပျက်ကြောင့်ြ ငိမ်း ချမ်းရေး ဆွေးနွေးမှုတွေအပေါ် ထိခိုက်မှာကိုစိုးရိမ်တယ်လို့ ဘီဘီစီကိုပြောပါတယ်။
ဥရောပရောက် ကရင်ကွန်ယက်ကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အစိုးရနဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုအပေါ် ကူညီတောက်ပံ့နေတဲ့ အဖွဲ့တွေကနေ သွေးခွဲတယ်လို့ သံသယရှိကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Wednesday, October 3, 2012
သမ္မတ ဦးသိန်းစိန်ရဲ့ ပြောကြားချက်ကို KIA တုန့်ပြန်
![]() |
| KIA ဘက်က အပစ်ရပ်ဖို့ မညွှန်ကြားလို့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ သမ္မတ ဦးသိန်းစိန်ပြော |
နေ့စဉ်လိုလို ဖြစ်နေရာမှာ သွားရင်း လာရင်းနဲ့ ပစ်ခတ်တာမျိုး ရှိသလို အစိုးရဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုး၊ KIA တပ်စခန်းငယ်တွေကို ဝင်ရောက် ရှင်းလင်း ပစ်ခတ်တာမျိုးတွေကြောင့် တိုက် ပွဲေ တွ
ြ ဖ စ်ရတာလို့ ပြောပါတယ်။အပစ်ရပ်ဖို့ သမ္မတ ဦးသိန်းစိန် ပြောပြီးနောက်ပိုင်း အစိုးရတပ်တွေဘက်က စခန်းသိမ်း တိုက်ပွဲတွေ အတော်များများ လုပ်ခဲ့ကြောင်း၊ အစိုးရဘက်က အသာစီးရနေတဲ့ အခြေအနေမျိုးမှာ KIA ဘက်က အပစ်ရပ်မိန့် ပေးဖို့ မဖြစ်နိုင်ကြောင်း ဦးလနန်းက ပြော ပါ တယ်။ နှစ် ဘက် အကြား ပြဿနာ ဟာ တွေ့ဆုံ ဆွေးနွေးပြီးမှ ပြေလည် နိုင်မယ့် ကိစ္စ ဖြစ်တာမို့ တွေ့ဆုံ ဆွေးနွေးမှုကတော့ လုပ်ကို လုပ်ရမှာ ဖြစ်ကြောင်း၊ အစိုးရဘက်က ငြိမ်းချမ်းရေးကို ဖေါ်ဆောင်နေပါတယ်လို့ ပြောနေပေမယ့် စစ်မှန်တဲ့ လမ်းကြောင်းပေါ် မရောက်သေးဘူးလို့ ဆိုနိုင်ကြောင်း သူက ပြောပါတယ်။ဒါပေမယ့် အစိုး ရ ငြိမ်း ချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီဝင် ဦးအောင်မင်းတို့နဲ့ နှုတ်အားဖြင့် သဘောတူခဲ့တဲ့ Justice and Negotiation Centre ရုံးခန်းကို နှစ်ဘက် နယ်မြေ ကြားမှာ ရှိတဲ့ ပရမ်ငွန် ရွာမှာ ဖွင့်လှစ် လိုက်နိုင်တဲ့ ကိစ္စက နှစ်ဘက်အကြား ပြန်လည် တွေ့ဆုံ ဆွေးနွေးဖို့ လမ်းစ ဖြစ်တယ်လို့ KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်းက ဘီဘီစီကို ပြောပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရဟာ လက်နက်ကိုင်တပ်ဖွဲ့ ၁၁ဖွဲ့အနက် လက်နက်ကိုင် အဖွဲ့ ၁၀ဖွဲ့နဲ့ လောလောဆယ် ငြိမ်းချမ်းရေး ဆွေးနွေး ပြောဆိုနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
အမေရိကန်မှာ သမ္မတရွေးပွဲ အတွက် စကားရည်လု
![]() |
| ရစ်ပတ်ပလစ်ကန် သမ္မတလောင်း မစ်ရွန်မနီနဲ့ သမ္မတ အိုဘားမား |
အဲဒီ စကားရည် လုပွဲကို သမ္မတ ရွေးကောက်ပွဲမှာ အရေးပါတဲ့ ကော်လိုရာဒို ပြည်နယ်မှာ ကျင်းပဖို့ ရှိပါတယ်။
အကြို ခန့်မှန်းချက်တွေ အရ တနိုင်ငံလုံးမှာ လူကြိုက်များမှုမှာ တဦးနဲ့ တဦး မတိမ်းမယိမ်း ရှိနေကြပြီး သမ္မတ အိုဘားမားက အရေးကြီးတဲ့ မဲဆန္ဒနယ် ပြည်နယ် တွေမှာအသာရ နေတာကို တွေ့ရပါတယ်။
လွန်ခဲ့တဲ့ သတင်းပတ် တွေအတွင်းက အရင် မက်ဆာချူးဆက် ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ်ရွန်မနီက မဲဆန္ဒနယ် တခိျု့နဲ့ ပတ်သက်လို့ ဝေဖန် တဲ့ စကားတွေ ပြောကြားထားတဲ့ ဗီဒီယို တခု ထွက်လာခဲ့ အပြီးမှာ ဒီ အခု ပြုလုပ်မယ့် စကားရည် လုပွဲ မှာ သူ့အနေနဲ့ ကောင်းကောင်း အစွမ်းပြဖို့ လိုနေတယ်လို့ အဲဒီက သတင်းထောက် တွေက ဆိုနေကြပါတယ်။
တရုတ်ကုမ္ပဏီ အိုဘားမားကို တရားစွဲ
![]() |
| အမေရိကန် ရေတပ်စခန်းအနီးက စွမ်းအင်ထုတ် လေရဟတ်တွေ |
ဒီအငြင်းပွားမှုက တရုတ်ကုမ္ပဏီရဲ့ လုပ်ငန်းဟာ အမေရိကန် အမျိုးသား လုံခြုံရေးကို ထိခိုက်စေတာ ဟုတ်မဟုတ် ဆိုတဲ့အပေါ် အခြေခံပါတယ်။
Ralls ကော်ပိုရေးရှင်းလို့ခေါ်တဲ့ တရုတ်ကုမ္ပဏီက အိုရီဂွန်ပြည်နယ် မှာရှိတဲ့ ရေတပ်စခန်း အနီး မှာ လေ ရ ဟတ်လေးခုကို ခုနှစ်စောစောပိုင်းက ဝယ်ယူခဲ့တာကို မ္မတအိုဘားမားက ပြီးခဲ့တဲ့အပတ်မှာ တားမြစ်လွှာ တခု လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။ဒါဟာ ၂၂ နှစ်ကာလ အတွင်း နိုင်ငံခြားကုမ္ပဏီတခုကို အမေရိ ကန်ပြည်ထောင်စု မှာပထမဆုံးအကြိမ် တားမြစ်ခဲ့တာဖြစ်ပါတယ်။ သမ္မတအိုး ဘားမားဟာ သူ့လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး ဆောင်ရွက်တာ ဖြစ်လို့ ဒီတားမြစ်ချက်ဟာ တရားမဝင်ဘူးဆိုပြီး တနင်္လာနေ့တုန်းက တရား စွဲဆိုချက်မှာ တရုတ်ကုမ္ပဏီဖက်က ပြောထား ပါတယ်။ ကုမ္ပဏီကိုပိုင်တဲ့ တရုတ်နိုင်ငံသား နှစ်ဦးက အိုဘားမားဟာ သူတို့ကုမ္ပဏီကို တန်းတူ အခွင့် အရေး မပေး ဘူး လို့ ပြောနေပါတယ်။
ပြီးတော့ ဒီဝယ်ယူမှုဟာ အမေရိကန်လုံခြုံရေးကို ထိခိုက်တယ်ဆိုတာကို သက်သေမပြနိုင်ဘူးလို့လဲ သူတို့ ကပြောပါတယ်။အမေရိကန်စစ်တပ်ကတော့ အိုရီဂွန်အခြေစိုက်စခန်းဟာ မောင်းသူမဲ့လေယာဉ်တွေ အပါအဝင် အီလက်ထရောနစ် နည်းပညာသုံး စစ်လက်နက်တွေကို စမ်းသပ် တဲ့နေရြာ ဖစ် တယ် လို့ ဆို ပါတယ်။တနာရီကိုမိုင် ၃၀၀ အမြန်နှုန်းနဲ့ ပေ ၂၀၀ လောက် အမြင့် အထိေ လ ယာဉ် ပျံသန်းမှုေ တွ လည်းရှိပါတယ်။တရုတ်ကုမ္ပဏီပိုင်ရှင်နှစ်ဦးဟာ တရုတ်နိုင်ငံမှာအကြီးဆုံး စက်ပစ္စည်းလုပ်ငန်းဖြစ်တဲ့ Sany ကော်ပိုရေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာတွေလည်း ဖြစ်ကြပါတယ်။ တရုတ်အစိုးရပိုင် ရှင်ဝှာ သတင်း ဌာနကတော့ သမ္မတအိုဘားမားဟာ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ သာမန်အလုပ်သမားတွေဆီက မဲရအောင်တရုတ်ကုမ္ပဏီကို နှိမ်လိုက်တာဆိုပြီးဖော်ပြပါတယ်။Ralls ကော်ပိုရေးရှင်းရဲ့ပြောခွင့်ရသူကလည်း သမ္မတအိုဘားမားဟာ အမေရိကန်မှာ လေရဟတ်နဲ့လျှပ်စစ်ထုတ်တဲ့လုပ်ငန်းတွေကို ကာကွယ်ပေး ဖို့ဆောင် ရွက်တာသာ ပိုဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ သမ္မတ အိမ်ဖြူတော် ကတော့ Ralls ကော်ပိုရေးရှင်းရဲ့ လုပ်ငန်းဟာ အမေရိကန် နိုင်ငံရဲ့လုံခြုံရေးကို ထိခိုက်စေနိုင် တယ်ဆိုတာကို ယုံကြည် ရလောက်တဲ့ အထောက်အထားတွေ တွေ့ရတယ်ဆိုပြီး ပြီးခဲ့တဲ့သီတင်းပတ်ကသတင်း ထုတ်ပြန်ခဲ့ပါတယ်။
သမ္မတဦးသိန်းစိန် ကစ်ဆင်းဂျားနဲ့ တွေ့ဆုံခဲ့
| သမ္မတ ဦးသိန်းစိန် ကမ္ဘာကျော် သံတမန်ရေးရာ ဂုရုကြီး ဟင်နရီ ကစ်ဆင်းဂျားနှင့် နယူးယောက်မြို့တွင် တွေ့ဆုံ |
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဆင်းဂျားနှင့် စက်တင်ဘာလ ၂၆ ရက်နေ့က တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်က “(အဆွေတော်၏) အသက်အရွယ်၊ အတွေ့အကြုံနှင့် ဉာဏ်ပညာအရ မိမိအနေဖြင့် အလွန်ပင် လေးစားခဲ့ရသော ပုဂ္ဂိုလ်တဦး ဖြစ်ပါကြောင်း” ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင်ဖော်ပြပါရှိသည်။
ထို့ပြင် “မိမိတို့အစိုးရ၏ နိုင်ငံခြားရေးမူဝါဒအရ အရှေ့အနောက် ခွဲခြားဆက်ဆံမှုမျိုး မရှိဘဲ နိုင်ငံအားလုံးနှင့် ချစ်ခင် ရင်းနှီးစွာဖြင့် ဆက်ဆံနိုင်ရန် မူဝါဒများ ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း” လည်း ဦးသိန်းစိန် က ပြောကြားခဲ့ သည်။
သမ္မတ နစ်ဆင်လက်ထက် ၁၉၇ဝ ခုနှစ်များအတွင်းက ကမ္ဘာ့အခင်းအကျင်းတွင် သျှမ်းသျှမ်းေ တာက် ကျော်ကြား လာခဲ့သော ကစ်ဆင်းဂျားကလည်း “မြန်မာနိုင်ငံအားများစွာ စိတ်ဝင်စားမှုရှိပြီး မြန်မာနိုင်ငံ သမိုင်းအား တန်ဖိုးထား လေးစားပါကြောင်း၊ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ကောင်း မွန်လာသည့်အတွက် ဝမ်းမြောက် မိပါကြောင်း၊… အရှေ့တောင်အာရှ နိုင်ငံများ၏ အနာဂတ် တွင် မြန်မာနိုင်ငံသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည်ကို မိမိအနေဖြင့် သိရှိပါကြောင်း” ပြောဆိုခဲ့သည်။
အသက် ၈၉ နှစ်အရွယ်ရှိ ဟင်နရီကစ်ဆင်းဂျားမှာ အထူးသဖြင့် စစ်အေးခေတ် တရုတ်-အမေရိကန် ဆက်ဆံရေး အား ထူထောင်ပေးနိုင်ခဲ့ပြီး ၎င်း၏ ‘Diplomacy’ ကျမ်းကြီးမှာ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၊ သံခင်းတမန်ခင်း စိတ်ဝင်စားသူများ လေ့လာမှတ်သားကြရသည့် အထင်ကရ ကျမ်းကြီး ဖြစ်ပြီး အခြား သံခင်းတမန်ခင်း စာအုပ်ပေါင်း ၁၅ အုပ်ခန့် ရေးသားခဲ့သည်။
၂ဝ၁၁ ခုနှစ်က On China စာအုပ်ကို ရေးသားခဲ့သည့် ကစ်ဆင်းဂျားမှာ တရုတ်ပြည် အပေါ်တွင်လည်း သြဇာညောင်းသူတဦး ဖြစ်သည်။ အကြောင်းမှာ အမေရိကန်သမ္မတ ရစ်ချဒ် နစ်ဆင်နှင့် တရုတ် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ မော်စီတုန်းတို့အကြား ၁၉၇၂ ခုနှစ်တွင် ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်ေ အာင် စွမ်းဆောင်ပေးခဲ့ပြီး ထိုမှနေ၍ တရုတ်ပြည်၏ စီးပွားရေးဘဝသစ်ကို အမေရိကန် ရင်းနှီးမြှုပ်နှံမှုများနှင့် တိုးတက်လာနိုင်စေခဲ့သည်။
Tuesday, July 24, 2012
အချစ်အတွက် အသက်ပင်သေသေ...
သူ့ ရဲ့ ဂုဏ်သတင်းကျော်ဇောမှုနဲ့ ငွေကြေးဓနဥစ္စာကြွယ်ဝမှုက သူ့ မှာဇနီးမယား ၆ ယောက်အ
ထိရှိစေခဲ့ ပါတယ်...
သူရဲ့ မကုန်ခမ်းနိုင်တဲ့ အချစ်ကြီးချစ်မှုတွေကိုလည်း အပ်ဂ်ဘပ်ဂ်ဘူ အိုဝပ်ပါ ဒေသရှိ အလှဆုံး
အချောဆုံးဆိုတဲ့ အမျိုးသမီးငယ်၊ မိန်းကလေးတွေကို ဖြန့် ကျဲပေးအပ်ခဲ့ လေပြီ...
နိုင်ဂျီးရီးယားနိုင်ငံ၊ဘီနူးပြည်နယ်၊ အော့ဂ်ဘာဒီဘို နယ်မှ အူရိုကိုအိုနိုဂျာ အမည်ရှိသူ ကိုဖိုးစွံတစ်
ယောက်တော့ ၎င်းရဲ့ ချစ်ခြင်းငယ်ပြိုင်မယ်၊ ချစ်မေတ္တာဘယ်မခမ်း ဆိုရမယ့် တစ်ဦးနှင့် တစ်ဦး
အနိုင်မခံအရှုံးမပေးစိတ်ရှိကြတဲ့ ဇနီးမယား ၆ ယောက်ရဲ့ သံသာလေကမ်းတိုင် လှမ်းပြိုင်တူပျော်
မယ် စိတ်ထားကြောင့် သူတို့ လေးတွေရဲ့ ၇မက်ဆန္ဒကိုဖြည့် ဆည်းပေးယင်း လှေလှောင်ယင်း
တက်ကျိုးရတဲ့ အဖြစ်နဲ့ ဆုံကာ အိပ်ယာပေါ်မှာတင် အသက်ပျောက်ခဲ့ ရပါတယ်...
ဒုက္ခအားလုံးရဲ့ အစကတော့ လွန်ခဲ့ သည့် အင်္ဂါနေ့ နံနက် ၃ နာရီတိတိမှာပဲ အပ်ဂ်ဘပ်ဂ်ဘူ ဒေ
သရဲ့ နာမည်ကျော်ပျော်ပါးသောက်စားရာ အိုချန်ဂျာနေရာက ပြန်လာတဲ့ အူရိုကိုတစ်ယောက်
သူ့ ရဲ့ အငယ်ဆုံးဇနီးလေးရှိရာအခန်းထဲ ၀င်သွားခဲ့ ပါတယ်...
ထိရှိစေခဲ့ ပါတယ်...
သူရဲ့ မကုန်ခမ်းနိုင်တဲ့ အချစ်ကြီးချစ်မှုတွေကိုလည်း အပ်ဂ်ဘပ်ဂ်ဘူ အိုဝပ်ပါ ဒေသရှိ အလှဆုံး
အချောဆုံးဆိုတဲ့ အမျိုးသမီးငယ်၊ မိန်းကလေးတွေကို ဖြန့် ကျဲပေးအပ်ခဲ့ လေပြီ...
နိုင်ဂျီးရီးယားနိုင်ငံ၊ဘီနူးပြည်နယ်၊ အော့ဂ်ဘာဒီဘို နယ်မှ အူရိုကိုအိုနိုဂျာ အမည်ရှိသူ ကိုဖိုးစွံတစ်
ယောက်တော့ ၎င်းရဲ့ ချစ်ခြင်းငယ်ပြိုင်မယ်၊ ချစ်မေတ္တာဘယ်မခမ်း ဆိုရမယ့် တစ်ဦးနှင့် တစ်ဦး
အနိုင်မခံအရှုံးမပေးစိတ်ရှိကြတဲ့ ဇနီးမယား ၆ ယောက်ရဲ့ သံသာလေကမ်းတိုင် လှမ်းပြိုင်တူပျော်
မယ် စိတ်ထားကြောင့် သူတို့ လေးတွေရဲ့ ၇မက်ဆန္ဒကိုဖြည့် ဆည်းပေးယင်း လှေလှောင်ယင်း
တက်ကျိုးရတဲ့ အဖြစ်နဲ့ ဆုံကာ အိပ်ယာပေါ်မှာတင် အသက်ပျောက်ခဲ့ ရပါတယ်...
ဒုက္ခအားလုံးရဲ့ အစကတော့ လွန်ခဲ့ သည့် အင်္ဂါနေ့ နံနက် ၃ နာရီတိတိမှာပဲ အပ်ဂ်ဘပ်ဂ်ဘူ ဒေ
သရဲ့ နာမည်ကျော်ပျော်ပါးသောက်စားရာ အိုချန်ဂျာနေရာက ပြန်လာတဲ့ အူရိုကိုတစ်ယောက်
သူ့ ရဲ့ အငယ်ဆုံးဇနီးလေးရှိရာအခန်းထဲ ၀င်သွားခဲ့ ပါတယ်...
ကမ္ဘာအကြီးဆုံး၊ အနံ့ အပုပ်ဆုံးပန်း ဂျာမနီမှာပွင့် ပြီ...
(ဇူလိုင် ၂၅)
တိုင်တန်အရွမ် ဟုခေါ်တွင်သည့် ကမ္ဘာ့ အကြီးဆုံးပန်းပွင့် ကြီးပွင့် ခဲ့ သဖြင့် လွန်ခဲ့ သည့် ရက်
သတ္တပါတ်က ထောင်ပေါင်းများစွာသောကြည့် ရှုလေ့ လာသူများဟာ ဂျာမနီနိုင်ငံ၊ ဘွန်းတက္က
သိုလ်၏ ရုက္ခဗေဒ ဥယျာဉ် သို့ သွားရောက်လေ့ လာကြည့် ရှုခဲ့ ကြပါတယ်...
ဒါပေမယ့် ဒီဧရာမပန်းပွင့် ကြီးရဲ့ အနံ့ ကတော့ မမွှေးကြိုင်ပဲ ပုပ်သိုးအော်ဂလီဆန်စရာကောင်း
လှပါတယ်တဲ့ ...ဒါကြောင့် မို့ လည်း အလောင်းပန်း လို့ တောင်နာမည်ပြောင်ရခဲ့ ပါတယ်...
အဆိုပါရုက္ခဗေဒဥယျာဉ်မှ သုတေသနပညာရှင်များကတော့ ထိုပန်းပွင့် ကြီး ဖူးပွင့် လာပုံအဆင့် 
ဆင့် ကို ဗီဒီယိုကင်မရာဖြင့် မှတ်တမ်းတင်ထားပြီး အချိန်ကလာတိုတောင်းစွာဖြင့် ကြည့် ရှုနိုင်
ရန် ချူံ့ ယူဖန်တီးတင်ဆက်ခဲ့ ပါတယ်...
" လူတွေက ဒီပန်းပွင့် ကြီး နာမည်ကြီးသလောက်အနံ့ ဆိုးသလားဆိုတာသိချင်နေကြပါတယ်...
တစ်ကယ့် ကိုအနံ့ ဆိုးဝါးလှပါတယ်လို့ ပြောနိုင်ပါတယ်ဗျာ... ပုပ်ပွနေတဲ့ အလောင်းကနေထွက်
တဲ့ အနံ့ မျိုးပါပဲ..." လို့ ဇီဝဗေဒပညာရှင် အာဝင်ဂရေးလ် ကပြောကြားခဲ့ ပါတယ်...
ဆူမတ်တြားဒေသတွင်စတင်ပေါက်ရောက်သည့်အဆိုပါ ဘွန်းတက္ကသိုလ်ရှိ ပန်းပွင့် မျိုးဟာ အ
မြင့် ၁၈ ပေ၊ ၁၁ လက်မ အထိရှိခဲ့ တာမို့ ၂၀၀၃ ခုနှစ်တွင် ကမ္ဘာ့ အကြီးဆုံး၊ အရှည်ဆုံးပန်းပွင့် 
အဖြစ် စံချိန်တင်ခဲ့ တာဖြစ်ပါတယ်...
ထိုစံချိန်ကို အမေရိကန်နိုင်ငံ၊ နယူးဟမ့် ပ်ရှိုင်းယားနယ်၊ ဂေးလ်ဖို့ အရပ်ရှိ ၀င်နီပီဆော်ကီး သစ်
ခွဥယျာဉ်မှ ၁၀ ပေ၊ ၂ လက်မ ရှိ မျိုးနွယ်တူပန်းပွင့် ကြီးက တစ်ကြိမ် ချိုးခဲ့ ပါတယ်...
တိုင်တန်အရွမ် ဟုခေါ်တွင်သည့် ကမ္ဘာ့ အကြီးဆုံးပန်းပွင့် ကြီးပွင့် ခဲ့ သဖြင့် လွန်ခဲ့ သည့် ရက်
သတ္တပါတ်က ထောင်ပေါင်းများစွာသောကြည့် ရှုလေ့ လာသူများဟာ ဂျာမနီနိုင်ငံ၊ ဘွန်းတက္က
သိုလ်၏ ရုက္ခဗေဒ ဥယျာဉ် သို့ သွားရောက်လေ့ လာကြည့် ရှုခဲ့ ကြပါတယ်...
ဒါပေမယ့် ဒီဧရာမပန်းပွင့် ကြီးရဲ့ အနံ့ ကတော့ မမွှေးကြိုင်ပဲ ပုပ်သိုးအော်ဂလီဆန်စရာကောင်း
လှပါတယ်တဲ့ ...ဒါကြောင့် မို့ လည်း အလောင်းပန်း လို့ တောင်နာမည်ပြောင်ရခဲ့ ပါတယ်...
အဆိုပါရုက္ခဗေဒဥယျာဉ်မှ သုတေသနပညာရှင်များကတော့ ထိုပန်းပွင့် ကြီး ဖူးပွင့် လာပုံအဆင့် 
ဆင့် ကို ဗီဒီယိုကင်မရာဖြင့် မှတ်တမ်းတင်ထားပြီး အချိန်ကလာတိုတောင်းစွာဖြင့် ကြည့် ရှုနိုင်
ရန် ချူံ့ ယူဖန်တီးတင်ဆက်ခဲ့ ပါတယ်...
" လူတွေက ဒီပန်းပွင့် ကြီး နာမည်ကြီးသလောက်အနံ့ ဆိုးသလားဆိုတာသိချင်နေကြပါတယ်...
တစ်ကယ့် ကိုအနံ့ ဆိုးဝါးလှပါတယ်လို့ ပြောနိုင်ပါတယ်ဗျာ... ပုပ်ပွနေတဲ့ အလောင်းကနေထွက်
တဲ့ အနံ့ မျိုးပါပဲ..." လို့ ဇီဝဗေဒပညာရှင် အာဝင်ဂရေးလ် ကပြောကြားခဲ့ ပါတယ်...
ဆူမတ်တြားဒေသတွင်စတင်ပေါက်ရောက်သည့်အဆိုပါ ဘွန်းတက္ကသိုလ်ရှိ ပန်းပွင့် မျိုးဟာ အ
မြင့် ၁၈ ပေ၊ ၁၁ လက်မ အထိရှိခဲ့ တာမို့ ၂၀၀၃ ခုနှစ်တွင် ကမ္ဘာ့ အကြီးဆုံး၊ အရှည်ဆုံးပန်းပွင့် 
အဖြစ် စံချိန်တင်ခဲ့ တာဖြစ်ပါတယ်...
ထိုစံချိန်ကို အမေရိကန်နိုင်ငံ၊ နယူးဟမ့် ပ်ရှိုင်းယားနယ်၊ ဂေးလ်ဖို့ အရပ်ရှိ ၀င်နီပီဆော်ကီး သစ်
ခွဥယျာဉ်မှ ၁၀ ပေ၊ ၂ လက်မ ရှိ မျိုးနွယ်တူပန်းပွင့် ကြီးက တစ်ကြိမ် ချိုးခဲ့ ပါတယ်...
ကြောင်ကလေးမွေးတဲ့ ခွေး
![]() |
ခွေးကနေကြောင်မွေးတယ်ဆိုယင်တော့ ဒါဟာ ထူးယင်ထူး မထူးယင်
ရူးလို့ ပြောတာပါပဲ |
ခွေးဖွားခဲ့ ပါတယ်ဟု အခိုင်အမာပြောကြားနေပါတယ်..
တောင်ကိုးရီးယားနိုင်ငံ၊ တောင်ဂျိုလာပြည်နယ်မှ အသက် ၆၃ နှစ်အရွယ်ရှိ ဂျောင်ပြွန်ဘွန်း က
သူ့ ရဲ့ ခွေးဟာ ကြောင်ပေါက်ကလေးတစ်ကောင်နှင့် လွန်စွာတူသည့် အကောင်လေးတစ်ကောင်
အားမွေးဖွားခဲ့ တယ်လို့ ဆိုပါတယ်...
" ဒါဟာတစ်ကယ့် ကိုမယုံကြည်နိုင်လောက်စရာပါပဲ.... ဒီသတင်းကြားပြီးကတည်းက တစ်မြို့ လုံး
ကလူတွေလည်း လာကြည့် ကြပါတယ်..." လို့ သူကဆိုပါတယ်...
ခွေးမကြီးဟာ လွန်ခဲ့ တဲ့ မေ လလောက်က အရပ်ထဲလျှောက်လည်သွားခဲ့ ပြီးနောက် ကိုယ်ဝန်ရှိ
လာခဲ့ ပုံရတယ်လို့ သူကပြောပါတယ်....
သို့ သော်ငြားလည်း ခွေးကနေကြောင်ကလေးမွေးတယ်ဆိုတာကတော့ ဖြစ်နိုင်စရာလုံးဝမရှိပါ
ဘူးလို့ ကျွမ်းကျင်သူပညာရှင်များကဆိုပါတယ်...
" ခွေးနဲ့ ကြောင်တို့ ရဲ့ မျိုးရိုးဗီဇ၊ ခရိုမိုဇုန်းတွေဟာ လုံးဝကိုမတူကွဲပြားခြားနားပါတယ်.... ကြောင်
နဲ့ တူတဲ့ ခွေးပေါက်ကလေးဆိုယင်တော့ ဖြစ်နိုင်ါပတယ်..." လို့ ချူံနမ်အမျိုးသားတက္ကသိုလ်၊ တိ
ရိစ္ဆာန်ဆေးဝါးဗေဒကောလိပ်မှ ပါမောက္ခ ဆွန်ချန်ဟိုး ကပြောကြားခဲ့ ပါတယ်...
နေပြည်တော်မှာ ဆူမီတိုမို ကော်ပိုရေးရှင်းရုံး ထပ်ဖွင့်မည်
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနစ် ဖော်ဆောင်ရေးနဲ့အတူ စီးပွားရေး
ကန့်သတ် ထိန်းချုပ်မှုတွေကို ပြောင်းလဲနေတဲ့ လုပ်ငန်းတွေထဲ
ဒီကော်ပိုရေးရှင်း အဖွဲ့အနေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုပြီး
ထိထိရောက်ရောက် လုပ်နိုင်အောင် ရည်ရွယ်ပြီး ဖွင့်တာ ဖြစ်တယ်လို့လည်း
ပြောပါတယ်။
အဲဒီ ဆူမီတိုမို ကော်ပိုရေးရှင်းဟာ မြန်မာနိုင်ငံမှာ ၁၉၅၄ တုန်းက ရန်ကုန်မှာ ပထမတစ်ကြိမ် ရုံးဖွင့်လှစ်ခဲ့ဖူးပြီး အဲဒီတုန်းကတော့ ရထားတွဲ ဆောက်လုပ်ရေး၊ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ ယန္တရား ပစ္စည်းတွေအပြင် မော်တော်ယာဉ်နဲ့ ဓာတုဆေးဝါးဆိုင်ရာ လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပါတယ်။
ဆူမီတိုမို ကော်ပိုရေးရှင်းကို ဂျပန်နိုင်ငံမှာ ၁၉၁၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး အခု နိုင်ငံပေါင်း ၆၀ ကျော်မှာ ရုံးခန်းတွေ ဖွင့်လှစ်ပြီး လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။
အဲဒီ ဆူမီတိုမို ကော်ပိုရေးရှင်းဟာ မြန်မာနိုင်ငံမှာ ၁၉၅၄ တုန်းက ရန်ကုန်မှာ ပထမတစ်ကြိမ် ရုံးဖွင့်လှစ်ခဲ့ဖူးပြီး အဲဒီတုန်းကတော့ ရထားတွဲ ဆောက်လုပ်ရေး၊ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ ယန္တရား ပစ္စည်းတွေအပြင် မော်တော်ယာဉ်နဲ့ ဓာတုဆေးဝါးဆိုင်ရာ လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပါတယ်။
ဆူမီတိုမို ကော်ပိုရေးရှင်းကို ဂျပန်နိုင်ငံမှာ ၁၉၁၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး အခု နိုင်ငံပေါင်း ၆၀ ကျော်မှာ ရုံးခန်းတွေ ဖွင့်လှစ်ပြီး လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။
ကချင်ရွာသား ၄ ဦး ဖမ်းဆီးခံရမှု စတင်စုံစမ်း
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန့်ဝါး ကျေးရွာအုပ်စု၊
မုတ်ကျိတ်ကျေးရွာ အေဂျီ ဧဝံဂေလိ အသင်းတော် ဘုရားရှိခိုး ကျောင်းထဲက ရွာသား ၎
ယောက်ကို မြန်မာစစ်တပ် တပ်မ (၈၈) က ဖမ်းဆီးသွားခဲ့မှုနဲ့ ပတ်သက်လို့
မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်က စုံစမ်းမှုတွေ မနေ့က စတင်ပြုလုပ်ခဲ့ပါတယ်။
အဖြစ်မှန်ကို ဖော်ထုတ်နိုင်ရေးအတွက် လွတ်မြောက်လာသူ နှစ်ဦးနဲ့
လက်ရှိ အဖမ်းခံထားရဆဲ ဦးဖလောင်လွမ်းခေါင်ရဲ့ ဇနီး ဒေါ်ဇောင်းနော အပါအ၀င်
သက်သေတချို့ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်းသီတာ ဟိုတယ်မှာ
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး
ဦးစစ်မြိုင် ဦးဆောင်တဲ့အဖွဲ့က အခုလို စုံစမ်းမှုတွေ ပြုလုပ်နေတာ
ဖြစ်ပါတယ်။
ဦးဖလောင်လွမ်းခေါင်ကို ဖမ်းဆီးသွားချိန်ကစပြီး ဒီကနေ့အထိ သူနဲ့ပတ်သက်လို့ ဘာသတင်းမှ မရရှိဘူးလို့ ဇနီးဖြစ်သူ ဒေါ်ဇောင်းနောက အခုလို ပြောပါတယ်။
ဦးဖလောင်လွမ်းခေါင်ကို ဖမ်းဆီးသွားချိန်ကစပြီး ဒီကနေ့အထိ သူနဲ့ပတ်သက်လို့ ဘာသတင်းမှ မရရှိဘူးလို့ ဇနီးဖြစ်သူ ဒေါ်ဇောင်းနောက အခုလို ပြောပါတယ်။
"တပ်မတော်သားတွေ ဆွဲခေါ်သွားတဲ့ အဲကနေ
အခုထက်ထိ ဘာသတင်းမှ မကြားရဘူး။ ကျွန်မခင်ပွန်းသည်က ဦးဖလောင်လွမ်းခေါင်
အခုထက်ထိ ပြန်မပေါ်လာဘူး။ ဦးဖလောင်လွမ်းခေါင်နဲ့ ဦးချယူ
လွမ်းဟောင်အခုထက်ထိ မပေါ်လာဘူး။ အဲတာကို လူကြီးကနေ ခေါ်ပေးပါလို့ "
မုတ်ကျိတ်ရွာက ဦးဖလောင်လွမ်းခေါင်၊ ဦးချယူ လွမ်းဟောင်း၊ အေဂျီ ဧဝံဂေလိ
အသင်းရဲ့ သင်းအုပ်ဆရာ ဦးလွန်းခေါင်နဲ့ ဦးလဟောင်ခေါင်ဟောင်းတို့ဟာ မနှစ်က
နိုဝင်ဘာ ၆ ရက်နေ့မှာ တပ်မ ၈၈ ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ကြရတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရစဉ် ကာလအတွင်း ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတယ်လို့လည်း
လွတ်မြောက်လာသူတွေက ပြောပါတယ်။ဂီတအစည်းအရုံးသစ် ပြန်လည်ရွေးချယ်မည့် အပေါ် ဂီတလောကသား အချို့၏ သဘောထား အမြင်များ
အစိုးရသစ် ပြောင်းလဲပြီး နောက်ပိုင်းတွင် သက်ဆိုင်ရာလောကသားများ
ကိုယ်တိုင်ပါဝင် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းသစ်များ ပေါ်ထွက်လာစေရန်
ကြိုးပမ်းခဲ့ရာ၌ ရုပ်ရှင်လောကသားများ ကိုယ်တိုင်ရွေးချယ် တင်မြှောက်သည့်
ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ် ပြန်လည်ရွေးချယ်ခဲ့ပြီး ဖြစ်သည်။
ဒုတိယမြောက် လှုပ်ရှားမှုအဖြစ် ဂီတအစည်းအရုံး ပြန်လည်ရွေးချယ်တင်မြှောက်ရန်
စီစဉ်ရာ၌ လူငယ်ဂီတသမားများ ပါဝင်ခွင့်ရရှိရန် အတွက် ခေတ်သစ်အလွှာတစ်ခုအဖြစ်
ထပ်မံဖွဲ့စည်းပေးရန် တောင်းဆိုခဲ့ကြသည်။ ယခုအခါ ပြည်သူ့လွှတ်တော်၏
ခွင့်ပြုချက်ဖြင့် ခေတ်သစ်အလွှာတစ်ခု ဖွဲ့စည်းခွင့်ရရှိပြီးနောက်
ဇူလိုင်လအတွင်း ပြုလုပ်မည့် ဂီတအစည်းအရုံး ပြန်လည်ရွေးကောက်
တင်မြှောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်မည့်သူများ၊ မိမိဆန္ဒအလျောက်
မဲပေးမည့်သူများ စသည်ဖြင့် ပြင်ဆင်နေကြပြီဖြစ်သည်။ ဂီတလောကအတွက်
ခြေလှမ်းသစ် တစ်ခုဟု ဆိုနိုင်မည့် အဆိုပါ ရွေးကောက်တင်မြှောက်ပွဲနှင့်
ပတ်သက်၍ ဂီတအလွှာစုံမှ အနုပညာရှင်များအား တွေ့ဆုံမေးမြန်း
ဖော်ပြပေးဖြစ်ပါသည်။ဂျေမီ
ဂီတအစည်းအရုံးရွေးကောက် ပွဲအတွက် အစည်းအဝေး စလုပ်တုန်းက အရွေးခံမယ့်သူက မရှိဘူးဖြစ်နေတယ်။ အငယ်ထဲမှာ ၀င်ရွေးခံမယ့် သူမရှိဘူး၊ ကိုRခိုင်တို့ကလည်း မင်းလုပ်သင့်တယ်လို့ ပြောကြတယ်၊ အားလုံးကလည်း သဘောတူကြတာနဲ့ ၀င်ဖြစ်သွားတာ။ ဂီတအစည်းအရုံး အဖွဲ့သစ်ဖွဲ့ဖြစ်ပြီ ဆိုရင်တော့ ကောင်းမှာပါ။ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ လူငယ်တွေ အနေနဲ့ကတော့ fight သင့်တာကို fight ရမှာပါပဲ။ ရွေးကောက်ပွဲအတွက်တော့ ကြိုတင်ပြင်ဆင်တာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့်အရင်လိုတော့ ပစ်စလတ်ခတ် နေလို့မရတော့ ဘူးပေါ့။ ကိုယ်က တာဝန်တစ်ခုရှိလာ တဲ့ သဘောမျိုး ဖြစ်လာမှာကိုး။
ရန်ရန်ချမ်း
တာဝန်က ကျွန်တော်တို့ ပခုံးပေါ် ရောက်လာတာပေါ့လေ။ လုပ်သင့်ပြီ ထင်လို့လုပ်ဖြစ်တာပါ။ ပြင်ဆင်မှုတွေတော့ လုပ်ရဦးမှာပါ။ အချိန်ကလည်း အရမ်းကပ်မှသိရသလို ကျွန်တော်က ကြားထဲမှာလည်း ဇနီးက ကလေးမွေးတာဆိုတော့ အလုပ်တွေများနေတာနဲ့ နောက်ကနေပဲ ကူညီ ပေးနိုင်တယ်။ ရှေ့ကနေအလုပ်တွေ အများကြီး မလုပ်နိုင်ဘူး ဖြစ်နေတယ်။ သူငယ်ချင်းတွေ အများကြီး ကူညီပေး ကြပါတယ်။ သူတို့တည်ပေးတဲ့ ဘောလုံးကို ကျွန်တော်တို့ ဂိုးသွင်းရမှာပေါ့။ အခုချိန်မှာ ကျွန်တော်ပြောချင် တာကတော့ ရှေ့မှာရှိနေတဲ့ လူကြီး တွေအနေနဲ့လည်း ကျွန်တော်တို့ကို တွဲခေါ်ပေးပါ။ ကျွန်တော့်သူငယ်ချင်း တွေကလည်း ကျွန်တော်တို့မသိတာ မတတ်တာတွေကို ထောက်ပြဝေဖန် ပေးကြပါ။ ကျွန်တော့်ကို လူကြီး အရာသွင်းလာပြီပေါ့။ အဲဒီလိုလည်း ခံစားမိပါတယ်။
တေးရေးမေသော်
ဂီတလောကအတွက် တတ်နိုင်တာလေးတွေ၊ လုပ်နိုင်တာလေးတွေ လုပ်ဖြစ်မှာပါ။ ဖြစ်နိုင်ရင်တော့ နောက်ကွယ်ကပဲ လုပ်ပေးချင်ပါတယ်။ အခုလိုဝင်ပြိုင်ရမယ်ဆိုတာ ကလည်း နာမည်ကြေညာမှပဲ သိလိုက်တာပါ။ ဘာပဲဖြစ်ဖြစ် ဂီတလောက အတွက် တတ်နိုင်သလောက် လုပ်ခွင့်ရမှာ ဖြစ်တာကြောင့် ကြိုးစားပြီးလုပ် ပေးချင်ပါတယ်။ ဂီတလောကအတွက် အခုလို ရွေးကောက်ပွဲတစ်ခု လုပ်နိုင်တာက အကောင်းဆုံးတွေ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ဘယ်နေ ရာမဆိုလိုအပ်ချက်လေးတွေတော့ ရှိတတ်ပါတယ်။ အဲဒီလိုအခက်အခဲတွေ ရှိလာတဲ့အခါမှာလည်း ဂီတ လောကသားတွေ အားလုံး ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
သားစိုး
ပထမတော့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ စိတ်ကူးမရှိပါဘူး။ ဒါပေမယ့် ကိုယ့်ဂီတလောကအတွက် အထူးသဖြင့်တော့ မျိုးဆက်သစ်တွေအတွက် ၀င်ရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တုန်းကတော့ တော်တော်လေးကို ခံစားခဲ့ရပါတယ်။ ရောသမမွှေ အပါအ၀င် ပေါက်ခွေတွေ အများကြီး ထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ပိုက်ဆံကသိန်း ၁၀၀ ပြည့်အောင်တောင် မကိုင်ခဲ့ဖူးပါဘူး။ အနာဂတ်မှာ အဆိုတော်ဖြစ်လာမယ့် မျိုးဆက်သစ်တွေ ကျွန်တော်တို့လိုမခံရအောင် လုပ်ပေးချင်တာပါ။ အဓိကတော့ ဂီတလောကရဲ့ကောင်းကျိုးကို လုပ်ပေးချင်လို့ပါ။ ကိုယ်တိုင်လည်း မတရားမှုတွေ၊ မကျေနပ်မှုတွေနဲ့မြိုသိပ်ထားရတာ များပြီ။ လုပ်ခွင့်ရတဲ့ အချိန်မှာဝင်ပြီး ကူညီလုပ်ကိုင်ပေးခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့မှာဂီတ လောကကောင်းကျိုးအတွက်တုတ်ရ ဖို့လိုအပ်ပါတယ်။ တုတ်ရမှရိုက်နိုင်မှာပါ။ အခုတော့နီးစပ်နေပြီလို့ဆို နိုင်ပါတယ်။ တကယ်တမ်း လုပ်ပိုင်ခွင့်ရပြီဆိုတော့ ခိုးကူးကိစ္စကိုအရင် ဆုံးဖြေရှင်းဖို့လိုအပ်ပါတယ်။ လွှတ် တော်နဲ့ကိုဖြေရှင်းရမယ့်ကိစ္စပါ။ ခိုးကူးသမားတစ်ယောက်ကို ချမှတ်ထားတဲ့ ဥပဒေကနည်းလွန်းပါတယ်။ ဂီတလောကနဲ့ ပတ်သက်တဲ့ ဥပဒေ မှာ အားနည်းချက်တွေရှိနေပါတယ်။ ဒါကို ပြန်လည်ပြင်ဆင်နိုင်ဖို့ဆိုရင် ခေတ်သစ်အလွှာရမှ ဖြစ်မှာပါ။ ဒါပေမယ့် ကျွန်တော်တို့မှာ ပြောရေးဆိုခွင့်ဆိုတဲ့ တုတ်မရှိရင် ဘာမှလုပ်လို့မရပါဘူး။ အဲဒါရရှိအောင် အရင်ကြိုး စားနေခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော် ၀င်ပြိုင်ဖြစ်တာက အာဏာတွေပါဝါ တွေလိုချင်လို့ မဟုတ်ပါဘူး။ ကျွန်တော့်ထက် လုပ်နိုင်တဲ့သူ ရှိရင်လည်း ကျွန်တော့်နေရာကို အချိန်မရွေးဖယ် ပေးမှာပါ။
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား၏ ၆၅ ရာခိုင်နှုန်းခန့်ကို ဂျာမနီနိုင်ငံရှိ Babelsberg Studio သို့ သွားရောက် ရိုက်ကူးမည်
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား၏ ၆၅ ရာခိုင်နှုန်းခန့်ကို ဂျာမနီနိုင်ငံရှိ Babelsberg Studio သို့ သွားရောက် ရိုက်ကူးမည် ဖြစ်ကြောင်း သိရသည်။
“ ဗိုလ်ချုပ်ဇာတ်ကားရိုက်ကူးမှုမှာ အဲဒီခေတ်တုန်းက အနေအထားမျိုး ဖြစ်ဖို့အတွက် ဂျာမနီနိုင်ငံ Post dam မှာရှိတဲ့ Babelsberg Studio မှာသွားပြီး ရိုက်ကူးမှာပါ။ ကမ္ဘာကျော် ဇာတ်ကားအတော်များများ ရိုက်ကူးခဲ့တဲ့ စတူဒီယိုပါ။ ဗိုလ်ချုပ်ဇာတ်ကား ရဲ့ ၆၅ ရာခိုင်နှုန်းလောက်ကို အဲဒီ စတူဒီယိုမှာ ရိုက်ကူးမှာဖြစ်ပါတယ်။
ဒါရိုက်တာကိုတော့ မြန်မာဒါရိုက်တာ ဒါမှမဟုတ် ဟောလီးဝုဒ်ဒါရိုက်တာနဲ့ ဥရောပက ဒါရိုက်တာ ဘယ်ကဒါရိုက်တာနဲ့ ရိုက်မယ်ဆိုတာ အတိအကျ မဆုံးဖြတ်ရသေးပါဘူး။ ရိုက်ကူးမှု တွေကိုတော့ ၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ စပြီးရိုက်ကူးနိုင်ဖို့ ပြင်ဆင်နေပါတယ်”ဟု ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဦးဇာဂနာကဆိုပါသည်။
ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ ဇာတ်ကား ရိုက်ကူးရန်အတွက် စတူဒီယို အသုံးပြုရန် Babelsberg Studio က ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားကို မြန်မာ၊ ထိုင်း၊ ဂျပန်၊ တရုတ်၊ အိန္ဒိယနှင့် လန်ဒန်တို့တွင်လည်း ရိုက်ကူးမည် ဖြစ်ကြောင်း သိရသည်။
၁၉၁၂ခုနှစ်က စတင်တည်ထောင်ခဲ့သော Babelsberg Studioတွင် The Pianist ၊ Around the World in 80 Days ၊ The Bourne Ultimatum ၊ The Reader ၊ Inglour ious Basterds၊ The Ghost Writer နှင့် G.I. Joe: Retaliation များအပါအ၀င် ကမ္ဘာကျော်ဇာတ်ကားများစွာ ရိုက်ကူးခဲ့သည်။
မိုရာကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း ဖာဂူဆန် ကိုယ်တိုင် အတည်ပြု
မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ်
ဖာဂူဆန်က မိမိတို့ အသင်းသည် ဘရာဇီးလ် လူငယ် ကစားသမား လူးကက်စ် မိုရာကို
စိတ်ဝင်စားကြောင်း အတည်ပြု ပြောကြားလိုက်သည်။
သို့သော်လည်း အစောပိုင်းက Mirror သတင်းဌာနတွင် ဖော်ပြထား သကဲ့သို့ မိုရာအား ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီ ဆိုခြင်းကိုမူ ဖာဂူဆန်က ငြင်းဆန်ခဲ့သည်။ Mirrorက ဘရာဇီးလ် အိုလံပစ် အသင်းမှ အသက်(၁၉)နှစ် အရွယ် ကွင်းလယ် တိုက်စစ် ကစားသမားလေးကို မန်ယူက ပေါင်စတာလင် (၂၇)သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း ရေးသားခဲ့ခြင်း ဖြစ်သည်။ မန်ယူသည် ဆော်ပေါ်လို အသင်းမှ ကစားသမားလေး အတွက် ဘရာဇီးလ်သို့ အသင်း ကင်းထောက်ချုပ် ဂျင်လော်လာကို စေလွှတ် ဆွေးနွေးစေခဲ့သည်။
ဖာဂူဆန်က "ကစားသမား အတွက် ကျွန်တော်တို့ ဘာသဘော တူညီမှုမှ မရသေးပါဘူး။ ကျွန်တော်တို့ အသင်းဘက်က မိုရာကို စိတ်ဝင်စားကြောင်း ပြသခဲ့ပါတယ်။ ဒါပေမဲ့ အတိအလင်း သဘော တူညီမှု မရသေးတဲ့ အခြေအနေမှာ ကျွန်တော်တို့ ဘက်ကတော့ ဘာမှ မပြောနိုင်သေးပါဘူး။ ဒီနွေမှာ ကျွန်တော်တို့ ရှင်ဂျီ ကာဂါဝါနဲ့ နစ်ခ်ပါဝဲလ်တို့ ကစားသမား နှစ်ယောက်ကို ခေါ်ယူပြီးပါပြီ။ ကစားသမား နှစ်ယောက်လုံး အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်ပါတယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့ ကစားသမားသစ်တွေ ခေါ်ယူဖို့ ရွေးချယ်နိုင်မယ့် အနေအထား အားလုံးကို လေ့လာနေပါတယ်" ဟု ပြောကြားသွားသည်။
မိုရာသည် လတ်တလောတွင် အိုလံပစ် အသင်းနှင့် အတူ လန်ဒန်သို့ ရောက်ရှိနေသည်။ အစောပိုင်းက မိုရာ ကိုယ်တိုင်က ၎င်းသည် မန်ယူ၏ စိတ်ဝင်စားမှုအတွက် ကျေနပ်ပျော်ရွှင်မိကြောင်း ဖွင့်ဟ ထားခဲ့သည်။
ဆန်းတို့စ်တွင် ဆက်ကစားမည်ဟု အာဆင်နယ် ပစ်မှတ် ဂန်ဆို ပြောကြား
အာဆင်နယ် အသင်း၏ ပစ်မှတ် ထားခြင်းကို
ခံနေရသော ဘရာဇီးလ် ကွင်းလယ်လူ ဟင်းနရစ် ဂန်ဆိုသည် ဆန်းတို့စ်တွင်ပင်
ဆက်စားရန် ဆုံးဖြတ်ထားကြောင်း သိရသည်။
သတင်းများက အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် အသက်(၂၂)နှစ်အရွယ် ကွင်းလယ်တိုက်စစ် ကစားသမားကို ပေါင်စတာလင် (၁၅)သန်းဖြင့် ခေါ်ယူရန် ကြိုးပမ်းနေကြောင်း ဖော်ပြခဲ့သည်။ ဂန်ဆို၏ ကိုယ်စားလှယ် ဖြစ်သူ ဒယ်လ်ဆာ ဆွန်ဒါက ဂန်ဆိုသည် ဆန်းတို့စ် အတွက် နောက်တစ်ကြိမ် ကစားပေးဖွယ် မရှိတော့ဟု အစောပိုင်းက ပြောကြားခဲ့သည့်နောက် အာဆင်နယ်က ဂန်ဆိုအား ပိုမို စိတ်ဝင်စား လာခဲ့သည်။ သို့သော်လည်း ဘရာဇီးလ် အိုလံပစ် အသင်းမှ ကစားသမား ဂန်ဆို ကိုယ်တိုင်က Twitter မှတစ်ဆင့် ၎င်းအသင်း ပြောင်းမည့် သတင်းကို ငြင်းဆန်ခဲ့သည်။
ထို့အပြင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌လည်း "ကျွန်တော့် အပြောင်းအရွှေ့ ကိစ္စနဲ့ ပတ်သက်ပြီး သတင်းတွေ ကြားရပါတယ်။ Twitterမှာ ကျွန်တော့် စိတ်ဆန္ဒကို ကျွန်တော် လူတွေသိအောင် ပြောပြီးပါပြီ။ ဒီနေ့ ကျွန်တော်ကိုယ်တိုင် ထပ်ပြီး အတည်ပြုပါမယ်။ ဆန်းတို့စ်ဟာ ကျွန်တော့် အနာဂတ်ပါ။ ကျွန်တော် အသင်းမှာ (၂၀၁၅)ထိ စာချုပ်ရှိပါတယ်။ ခုချိန်မှာတော့ ကျွန်တော် အလေးအနက် ထားတဲ့ ကိစ္စက ဘရာဇီးလ်အတွက် အိုလံပစ် ရွှေတံဆိပ်ကို ရယူပေးဖို့ပါပဲ"ဟု ဂန်ဆိုက ဖွင့်ဟ ပြောကြား သွားခဲ့သည်။
Subscribe to:
Posts (Atom)










