468x60 Ads


Tuesday, November 20, 2012

အိမ်ကွင်းမှာမန်စီးတီးကို နိုင်ဖို့မလွယ်တဲ့ ချယ်လ်ဆီး


ဒီတစ်ပတ်ပရီးမီးယာလိဂ်ရဲ့အကောင်းဆုံးတစ်ပွဲဖြစ်တဲ့ချယ်ဆီးနဲ့မန်စီးတီးတို့ရဲ့အားပြိုင်မှုမှာရာသီအစကခံစစ်
အရမ်းညံ့ခဲ့တဲ့မန်စီးတီးရဲ့စွမ်းဆောင်ရည်ပြန်တက်လာချိန်၊ရာသီအစကခံစစ်အရမ်းကောင်းခဲ့တဲ့ ချယ်လ်ဆီးခံ
စစ်ပိုင်းပြန်ကျသွားချိန်မှာဒီနှစ်သင်းတွေ့ဆုံမှာဖြစ်ပါတယ်မန်စီးတီးကွင်းလယ်အထနှေးတတ်တာကိုချယ်လ်ဆီး
အသုံးချနိုင်ရင်အခြေအနေကောင်းနိုင်မှာဖြစ်ပေမယ့်လက်၇ှိခြေစွမ်းအရတော့မန်စီးတီးကိုနိုင်ဖို့မလွယ်ပါဘူး၊ ချယ်ဆီးကပရီးမီးယားလိဂ်ပထမအကျော့်ပွဲစဉ်တွေမှာမန်ယူ၊လီဗာပူးတို့ကိုအိမ်ကွင်းတွေကစားရသလိုမန်စီးတီး
ကိုလည်းအိမ်ကွင်းမှာပဲကစားရအုံးမှာပါ၊ဒါကြောင့်ဒုတိယအကျော့ကချယ်လ်ဆီးအတွက်ပိုခက်ခဲနိုင်ပါတယ်၊ပထ
မအကျော့မှာရမှတ်တွေရသလောက်ယူရမှာဖြစ်ပေမယ့်မန်ယူနဲ့လီဗာပူးတို့ဆီကနေတစ်မှတ်ပဲရယူနိုင်ခဲ့ပါတယ် ၊လက်ရှိအနေအထားအရမန်စီးတီးဆိကလည်း (၃)မှတ်မရနိုင်ပါဘူး။
Ref:eleven

ထောင်တစ်သက် လွတ်ရက်မရှိ ကျရာမှ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့သည်သာယာဝတီထောင်မှပြန်လည် လွတ်မြောက် လာသောကိုသိန်း
ထွန်းနှင့် ကိုမြင့်ဟန်တို့ကို အမှတ် (၆၄)၊ အထက်ပန်းဆိုးတန်းလမ်းမ၊ ကန်တော်လေးတွင် နေထိုင်သည့် ကိုသိန်းထွန်းနေအိမ်၌နိုဝင်ဘာလ(၁၉)ရက်နေ့တွင်သွားရောက်တွေ့ဆုံအားပေးခဲ့ပါသည်။အဆိုပါကိုသိန်းထွန်း
နှင့်ကိုမြင့်ဟန်တို့သည်သေဒဏ်+၁၄နှစ်(ထောင်တသက်လွတ်ရက်မရှိ)ပြစ်ဒဏ်များဖြင့်၁၉၉၈ခုနှစ်ကထောင်
ချခံသူများဖြစ်ပြီးဒီကနေ့နိုဝင်ဘာလ(၁၉)ရက်နေ့တွင်ထောင်ကြွေးကျန်၄၀၁ဖြင့် ပြန်လည်လွတ်မြောက်လာသူ
များဖြစ်ပါသည်။ ပြန်လည်လွတ်မြောက်လာသော ကိုမြင့်ဟန်မှာ အဖမ်းခံရစဉ်က ၆၄/က ဘဝမြင့်ရိပ်သာ သင်္ကန်ကျွန်းတွင်နေထိုင်ခဲ့ပြီး ယခုလွတ်မြောက်လာသောအခါ ၄င်းနေထိုင်ရာ ရပ်ကွက်မှာ ဖျက်သိမ်းခံရပြီး အိမ်ယာများဆောက်လုပ်ပြီးဖြစ်နေပါသဖြင့် သူနေထိုင်ရာ နေအိမ်သို့ နိုင်ငံရေးအကျဉ်းသားဟောင်းများမှ လိုက်လံစုံစမ်းပေးနေရကြောင်း သိရှိရပါသည်။

သမ္မတ အိုဘားမား ကို မတွေ့ လိုသောလူတစ်ယောက်...

မနေ့မနက်(၈)နာရီကMAI လေယာဉ်ခရီးစဉ်အမှတ် 8M-231 နဲ့  စင်ကာပူနိုင်ငံကို ထွက်ခွာသွားခဲ့ပါတယ်။ ဒီလိုထွက်ခွာသွားရတဲ့အကြောင်းရင်းကဒီနေအမေရိကန်သမ္မတအိုဘာမား မြန်မာပြည်ကို လာရောက်မှာကို မမြင်တွေ့ လိုတဲ့အတွက်လည်း ပါတယ်လို့  နီးစပ်သော အတွင်းသတင်းအရ သိရှိရပါတယ်။
အာဏာရှင်ကြီးနေ၀င်းရဲသမီးစန္ဒာဝင်းကိုဇွဲနေ၀င်းကိုယ်တိုင်လေဆိပ်လိုက်ပိုပြီးခရီးသည်တွေ  စောင့်ဆိုင်းရ
မယ့်နေရာမှာအခြားသောခရီးသည်တွေမရောက်ခင်ဦးအောင်သွားပြီးအထူးပုဂ္ဂိုလ်အခွင့်အရေးမျိုးယူကာလေ
ယာဉ်ပေါ်တက်ဖို့  ကြေညာမခေါ်ခင်အချိန်ကတည်းက ၀င်ရောက်သွားကြောင်း သိရှိရပါတယ်။
အာဏာရှင်ကြီးနေ၀င်းရဲ့သမီးစန္ဒာဝင်းဟာခရမ်းရောင် luggage အိတ်ကြီးတစ်လုံး၊ လက်ပွေ့ အိတ်တစ်လုံး၊ အမဲရောင်အိတ်နှစ်လုံး၊ စက္ကူပုံးတစ်ပုံး သယ်ဆောင်သွားကြောင်းကိုလည်း သိရှိသူတွေက ပြောကြပါတယ်။ ထို့အတူအခြားသော နိုင်ငံများသို့  သွားတဲ့အခါမှာလည်း အိတ်အများအပြားကို သယ်ယူသွားလေ့ရှိကြောင်း သူမရဲ့  အနီးရှိ သိရှိသူများမှ ပြောပြပါတယ်။
ဤကဲ့သိုအာဏာရှင်ကြီးနေ၀င်းရဲ့သမီးစန္ဒာဝင်းအားနိုင်ငံကူးလက်မှတ်များအလွယ်တကူထုတ်ပေးခြင်း၊ပြည်ပ
နိုင်ငံများသို့မကြာခဏသွားလာခွင့်ပေးခြင်း၊လေဆိပ်မှထွက်ခွာရာဆိုက်ရောက်ရာတွင်အထူးပုဂ္ဂိုလ်တစ်ဦးအ
ဖြစ်အခွင့်အရေးပေးနေခြင်းတိုအားမျက်မြင်တွေရှိသိရှိသူများမှအငြိမ်းစားယူထားသည်ဟုဆိုသောသန်းရွှေနှင့်
တစ်ကွ လက်ရှိ အာဏာရယူထားကြသူများအနေဖြင့် အာဏာရှင်ကြီး နေ၀င်း သေဆုံးခဲ့သည့်တိုင် ၄င်း၏ သားသမီးမြေးမြစ်များ၏သြဇာအရှိန်အဟုန်ဆက်လက်သက်ရောက်မှုနှင့်မလွန်ဆန်နိုင်မှုရှိနေသေးသည်ဟု ယူဆသုံးသပ်နေကြပါသည်။

Monday, November 19, 2012

အိုဘားမား ပြန် တော့ ဘာကျန်ခဲ့သလဲ အလွမ်းတွေလား??????

အမျိုးသားစည်းလုံညီညွတ်ရေးမရဘဲမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရန်မဖြစ်နိုင်ကြောင်းအိုဘားမားက၎င်း၏မိန့်ခွန်း
တွင် ထည့်သွင်းပြောကြားသည်။
-မြန်မာတပ်မတော် အဆင့်မြင့်မားစေရန်ကူညီမည်ဖြစ်ကြောင်း
-မြန်မာ့ပညာရေးတိုးတက်လာစေရန်နှစ်နိုင်ငံကျောင်းသားများအပြန်အလှန်လေ့လာရေးလုပ်ဆောင်ပေးမည်
ဖြစ်ကြောင်း အိုဘားမားက ပြောကြားသည်။
မြန်မာနိုင်ငံသို့ တစ်ရက်ကြာ ရောက်ရှိနေသာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံဆွေးနွေးပြီးနောက်မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၄င်း၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ မြန်မာနိုင်ငံတွင်ဖေါ်ဆောင်နေသောဒီမိုကရေစီရေးဆောင် ရွက်မှုများနှင့်စပ်လျဉ်း၍   နာရီဝက်ခန့်တွေ့ဆုံ
ဆွးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံမှုတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်လည်း ပါဝင်ကြောင်းသိရသည်။ ခေါင်းဆောင်နှစ်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နေအိမ်အတွင်း တွေ့ဆုံဆွေးနွေး
ပြီးနောက်ပြည်တွင်းပြည်ပမီဒီယာများအားတွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍မှတ်ချက်စကားများ ပြောကြား
ခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဦးစွာ ပြောကြားခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမားက ဆက်လက် ပြောကြားခဲ့ပါသည်။ "ကျမအမေရိကန်သမ္မတ အိုဘားမားကို ကျမတို့နိုင်ငံ ကျမရဲ့ အိမ်မှာ ကြိုဆိုရတာ အရမ်းဝမ်းသာပါတယ်။ ကျမတို့ နှစ်နိုင်ငံအကြား ဆက်ဆံရေးဟာ သမိုင်းရှည်ကြာစွာကတည်းက တည်ရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ မြန်မာ နိုင်ငံဒီမိုကရေစီရေးကြိုးပမ်းမှုမှာထောက်ခံခဲ့ပါတယ်။ရှေ့မှာ ရှိနေတဲ့ခက်ခဲတဲ့  နှစ်များတစ်လျောက်လုံးမှာ
လည်းဒီထောက်ခံမှုမျိုးဆက်လက်ရှိနေလိမ့်မယ်လို့ကျမတို့ယုံကြည်ပါတယ်။မည်သည့်အကူးအပြောင်းတွင်
မဆို အခက်ခဲဆုံး အချိန်ကာလမှာ အောင်မြင်မှုကို မြင်တွေ့ရပြီလို့ထင်တဲ့ အချိန်ပါပဲ။ ကျမတို့ အနေနဲ့အောင်မြင်မှုတံလျှပ်ရဲ့ဖျားယောင်မှုမခံရဖို့အထူးဂရုစိုက်ဖို့လိုပါတယ်။စစ်မှန်သော အောင်မြင်မှုတွေ ရဖို့အတွက်ကျမတို့နှစ်နိုင်ငံအကြားနှင့်ပြည်သူနှစ်ရပ်အကြားဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ကျမတို့ဟာ လုပ်ရမယ့် ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်ရပါမယ်။ သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ အလည်အပတ် ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို တိုးတက်ဖြစ်ထွန်းစေပြီး မြန်မာနိုင်ငံရဲ့ဦးတည်ရာ ကိုလည်းမှန်ကန်စေ လိမ့်မယ်လို့ယုံကြည်ပါတယ်။ကျမအနေနဲ့  အမေရိကန်ပြည်
ထောင်စုအစိုရနဲ့တတ်နိုင်သမျှဆက်သွယ်ဆောင်ရွက်သွားပါမယ်။"ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်
အောင်ဆန်းစုကြည်ကပြောကြားခဲ့ပါသည်။"မြန်မာနိုင်ငံခရီးစဉ်ရည်ရွယ်ချက်မှာမြန်မာနိုင်ငံတွင် ဖေါ်ဆောင်
နေသော ဒီမိုကရေစီရေး အရှိန်အဟုန်ကို ထိန်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒီထဲမှာ ယုံကြည်စိတ်ချရသည့် အစိုးရ အဖွဲ့အစည်းများ တည်ထောင်ခြင်း တရားဥပဒေစိုးမိုးရေး ဖေါ်ဆောင်ခြင်း၊ တိုင်းရင်းသား ပဋိပက္ခများ ချုပ်ငြိမ်းခြင်း၊ မြန်မာပြည်သူများ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စီးပွားရေး အခွင့်အလမ်းများ ပိုမိုရရှိစေရေးသေချာစေခြင်းတို့ ပါဝင်ပါတယ်။ ကျွန်တော်အနေနဲ့ ဒီနိုင်ငံက ပြည်သူတွေကို ကတိ ပေးချင်ပါတယ်။ ဒီကတိကို ကျွန်တော်တို့အနေနဲ့ ထိန်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒါက ဘာလဲ ဆိုတော့ တစ်ကယ်လို့များ ပြုပြင်ပြောင်းလဲရေးကို ဦးတည်တဲ့ တိုးတက်မှုများ ဆက်တိုက် မြင်တွေ့ရမယ်ဆိုပါက ကျွန်တော်တို့ရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးမှုတွေဟာလည်း ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။ဒါ့အပြင်အောင်မြင်မှု ရဖိုအတွက် ကျွန်တော်တို့ အနေနဲ့ တတ်နိုင်သမျှ အားလုံးကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။" ဟု အမေရိကန် သမ္မတ အိုဘားမားက ပြောကြားခဲ့ပါသည်။



အမေစု နဲ့ အိုဘာမား အထဲမှာ အနမ်းချင်း ဖလှယ်နေကြစဉ် ခြံအပြင် မှာ လူတစ်ယောက်မူးလဲ..

နွေးထွေးတဲ့သူ့ ရဲ့ ရင်ထဲ :PPPPPP
ရှက်သွေးတွေဖြာ.....
အသာလုပ်ပါဟ
ကျေးဇူးတင်တယ်ဗျာ ကျွန်နော် ဒီအနမ်းလေးတစ်ပွင့်ရ ဖို့ မိုင်းပေါင်းများစွာလာခဲ့ရတာ
%@~#@#$%#^$
ဖြေးဖြေးဆရာ  လဲ အုံးမယ်..
 ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတအိုဘားမားတို့ တွေ့ဆုံဆွေးနွေးနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းရှေ့၌  ပင်နီအင်္ကျီဝတ်ဆင်ထားသောအသက်(၃၀)ခန့်အမျိုးသားတစ်ဦးသည်အိုဘားမား၏လုံခြုံရေး
ကားများ ကြားတွင် အရက်မူးပြီး လဲကျခဲ့သည်။ ယင်း လဲကျခဲ့ သူသည် အင်န်အယ်ဒီ  ပါတီဝင် မဟုတ်ဘဲ သင်္ဃန်းကျွန်းမြို့နယ်၌ နေထိုင်သူတစ်ဦးဟုသာ သိရကြောင်း ၎င်းကိုစစ်ဆေးခဲ့သူ တာဝန် ကျမြန်မာ ရဲ အ ရာ  ရှိတစ်ဦးက ပြောသည်။ ရဲအရာရှိများက ၎င်းအားစစ်ဆေးပြီးနောက် အင်န်အယ်ဒီလုံခြုံရေး တာဝန်ရှိ သူများ  က အငှားယာဉ်တစ်စီးပေါ်သို့ တင်ပေးခဲ့ကြောင်း ခြံဝင်းရှေ့မှ 7Day News သတင်းထောက်မှ သတင်းပေးပို့သည်။





ယခုနှစ် ကမ္ဘာ့အကောင်းဆုံး ဆုကို ရော်နယ်လ်ဒို ရသင့်ကြောင်း ကားလို့စ် မျှော်လင့်

ယခုနှစ်ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု(FIFABallond'Or)ကိုခရစ္စတီယာနို ရော်နယ်လ်ဒိုအား ပေးအ
အပ်သင့်ကြောင်း ရောဘတ်တို ကားလို့စ်က ပြောကြားလိုက်သည်။
ဘရာဇီးလ်ဂန္ထဝင်ဘယ်နောက်ခံကစားသမားဟောင်းကြီးကယခုနှစ်ကမ္ဘာ့အကောင်းဆုံးဆုကို ရော်နယ်လ်ဒို ရရှိစေလိုကြောင်း ဝန်ခံခဲ့သည်။ ၎င်းက ရီးယဲလ်မက်ဒရစ် ကစားသမားကို ဆန္ဒပြုပေးခဲ့သလို တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကိုလည်း ရီးယဲလ်နည်းပြ ဟိုဆေး မော်ရင်ဟို ရသင့်ကြောင်း ကောက်ချက် ချခဲ့သည်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဘာစီလိုနာနှင့် အာဂျင်တီးနား လက်ရွေးစင် အသင်း တိုက်စစ်မှူး မက်ဆီက ပြီးခဲ့သည့် (၃)နှစ်ဆက်တိုက် ဆွတ်ခူး သိမ်းပိုက်နိုင်ခဲ့သည်။
ကားလို့စ်က "ဒီနှစ်လည်း လူတိုင်းက မက်ဆီအကြောင်းချည်း ပြောနေသလိုပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ သူဟာ ရသင့်တဲ့ ဂုဏ်ပြုမှုတွေကို လုံလုံလောက်လောက် ပိုင်ဆိုင်ပြီးပြီ ထင်ပါတယ်။ သူ့ရဲ့ ဆုတံဆိပ် ဘီရိုမှာလည်း နေရာတောင် မဆံ့လောက်တော့ပါဘူး" ဟု FIFA.comသို့ ပြောကြားခဲ့သည်။ ၎င်းက "ဒါကြောင့်ကျွန်တော်ရော်နယ်လ်ဒိုကိုထောက်ခံပါတယ်။သူဟာအသင်းကိုမတူညီတဲ့အခြေအနေမျိုးတွေကနေ အနိုင်ရစေဖို့ စွမ်းဆောင်နိုင်သူပါ။ တိုက်စစ်ကို ပုံစံမျိုးစုံ ကစားနိုင်ပါတယ်။ နောက်တစ်ခါလောက် ဒီဆုကိုရဖို့ သူက ထိုက်တန်နေပါတယ်"ဟုလည်း ဆိုသည်။
ကားလို့စ်က နည်းပြဆုနှင့် ပတ်သက်ပြီး "ဘာစီလိုနာကို ဂျိုးဆက် ဂွာဒီယိုလာ စွန့်ခွာသွားချိန်မှာ ဒီဆုဟာမော်ရင်ဟိုပဲရထိုက်သွားပြီလို့ကျွန်တော်ထင်မိပါတယ်။ကလပ်အသင်း တစ်ခုဟာ နိုင်ငံလက်ရွေးစင် အသင်းတစ်ခုထက် ကိုင်တွယ်ဦးဆောင်ဖို့ ခက်ခဲပါတယ်။ ကျွန်တော် ရီးယဲလ်မှာ ကစားတုန်းက ဖေဘီယို ကာပယ်လိုဟာ အကောင်းဆုံးတွေ လုပ်ပြဖူးပါတယ်။ ဒါပေမဲ့ မော်ရင်ဟိုရဲ့ ရလဒ်တွေကို ပြန်ကြည့်ရင် သူ့ရဲ့ နည်းပြစွမ်းရည် ထက်မြက်မှုဟာ ပိုပေါ်လွင်နေမှာပါ။ သူဟာ တွေ့ကြုံလာတဲ့ အခြေအနေတွေကို ပီပြင်ဆီလျော်အောင် ထိန်းသိမ်းနိုင်သူပါ"ဟု မှတ်ချက်ပြုသွားသည်။

ဒေါ်စု အိမ်ကိုကျော်ပြီးတော့ အင်းလျားက အတွဲ တွေကိုချောင်းနေသော လုံခြုံရေးများ၊ ဘုရားပေါ် ကို ဖိနပ်မချွတ်နိုင်ဘူးဆိုပေမယ့်လည်း အိုဘားမား ရွှေတိဂုံ ဘုရားဖူးခွင့် ရပါပြီ.

 
 
 
 
 
အန်တီစု အိမ်ကို ကျော်ပြီး အင်းယားကန်ဘောင်က အတွဲ တွေကို မှန်ဘီလူးနဲ့ချောင်းနေတာလားမသိဘူး

သမ္မတဦးသိန်းစိန်နှင့် အိုဘားမား ဘာတွေပြောခဲ့သလဲ..

အမေရိကန်သမ္မတအိုဘားမားကသမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သောစကားများမှ ကောက်နှုတ်
ချက်အချို့ (မှတ်ချက်- အိုဘားမား၏ ပြောကြားမှုကို စကားပြန်မှ တစ်ဆင့်ဘာသာပြန်ပေးပြီး၊ ၄င်း၏ ဘာသာပြန်ချက်အတိုင်း ဖြစ်ပါသည်)
"နိုင်ငံတော်သမ္မတကြီး(သမ္မတဦးသိန်းစိန်)ကနေဆောင်ရွက်ခဲ့တဲ့နိုင်ငံရေးအရတိုးတက်အောင်ဆောင် ရွက် ခဲ့တဲ့  ကိစ္စတွေ ပြုပြင်ပြောင်းလဲ မှုတွေ၊ စီးပွားရေး အရ ပြုပြင်ပြောင်း လဲ မှုတွေက တကယ်ပဲ ဒီနိုင်ငံကို တိုး
တက်  ရာ တိုးတက်ကြောင်းတွေ ဖြစ်စေမယ့် အကြောင်းရှိပါတယ်။
ကျွန်တော်တို့ နှစ်ယောက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ တိုးတက်မှုတွေလုပ်တာက တကယ်ပဲ ဒေသတွင်း တိုးတက်မှုတွေ၊ ဒီနိုင်ငံတင်မက ဒေသတွင်း တိုးတက်မှုတွေရော၊ တစ်ကမ္ဘာလုံး တိုးတက်မှုတွေအတွက်ပါ အကျိုးပြုပါလိမ့်မယ်။ရှေ့ဆက်မယ့်ခရီးရှည်အတွက်ဒါဟာခြေလှမ်းတစ်ရပ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။
နောက်တစ်ခုကသမ္မတကြီးတို့အနေနဲ့ဆုပ်ဆုပ်ပိုင်ပိုင်လုပ်ခဲ့တဲ့ကိစ္စတစ်ခုကတော့လူအများကို သေကြေပျက်
စီးစေနိုင်တဲ့လက်နက်ကြီးတွေကိုမပျံ့ပွားအောင်လုပ်တဲ့ကိစ္စမှာဒါတွေကအရေးကြီးပါတယ်။အဲဒါတွေကိုလည်း လုပ်နိုင်တဲ့အတွက်ကြောင့် ကောင်းပါတယ်။ သမ္မတကြီးအခုလို ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီတစ်ခေါက်တင်မကဘဲ နောက်လည်းလာနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။"

မြန်မာ့ ကော်နက်ရှုင် ကမ္ဘာ က သိစေရမယ်...

အိုဘာမား မြန်မာပြည်လာတဲ့အချိန်လေး သူ့လက်ကိုင်ဖုန်းလေး မြည်ပါစေလို့ ဆုတောင်းမိပါတယ်.. အဲဒါ မှ မြန်မာပြည် ရဲ့ ကော်နက်ရှင် ဘယ်လောက်ကောင်းတယ်ဆိုတာ အသိအမှတ်ပြုသွားစေချင်လို့ပါဗျာ....

သမ္မတ အိုဘားမား မြန်မာနိုင်ငံ ရောက် ပုံ ရိပ်များ

သမ္မတာ အိုဘားမား ဟာ မြန်မာနိုင်ငံ  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ယနေ့ နံ နက် 9:40 မှာ အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန် နဲ့  အတူ ရောက်၇ှိခဲ့ ပါတယ် နောက် ဆက် တွဲ ပုံ များကို ဆက် လက် ကြည့်ရှု့  ပါရန်...
Air Force One ပေါ် မှာ အိုဘားမားနှင့် ဟီလာရီကလင်တန်
သမ္မတအိုဘားမားတဲ့ ကလင်တန်တို့ ကို မြန်မာသမီးငယ်လေးမှ ပန်းစီးပေးအပ်စဉ်
အမေရိကန် သမ္မတ နှင့် အဖွဲ့  အား အမေရိကန်သံ အမတ်ကြီး နှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ မှကြိုဆို
အိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီး
လေဆိပ်မှစတင်ထွက်ခွာ
သမ္မတအိုဘားမားယာဉ်တန်း ပြည်လမ်းမှဖြတ်သန်းချိန်
လုံခြုံရေးများ
လုံခြုံရေးများ အလုပ်၇ှုပ်နေပုံ
အပြုံ ကိုယ်စီနဲ့  ဦးသိန်စိန် နဲ့တွေ့နေပြီ


အမေရိကန်ပြည်ထောင်စု၏ (၄၄)ဦးမြောက် သမ္မတ၊ နိုဗယ်ဆုရှင် မစ္စတာ ဘားရတ်အိုဘားမား၏ ကိုယ်ရေးအကျဉ်း

- မစ္စတာ ဘားရတ် အိုဘားမား အား ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုရှိ ဟာဝိုင်ယီပြည်နယ်၊ ဟိုနိုလူလူမြို့တွင် မွေးဖွားခဲ့သည်။
- ၁၉၈၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုရှိ ကိုလံဘီယာ တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံဘွဲ့ ရရှိခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဟားဗတ် ဥပဒေကျောင်းမှ ဥပဒေပညာဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့ပြီး ဟားဗတ် ဥပဒေ စာစောင်တွင်လည်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။
- ၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အမေရိကန် ပြည်ထောင်စု၊ ချီကာဂိုတွင် Community Organizer အဖြစ် ဆောင်ရွက်ခဲ့သည်။
- ထို့နောက် ချီကာဂိုတွင် Civil Rights Attorney အဖြစ် အသက်မွေးဝမ်း ကျောင်းပြုခဲ့ပြီး ၁၉၉၂ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်အထိ ချီကာဂို တက္ကသိုလ် ဥပဒေ ကျောင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ သင်ကြား ပို့ချခဲ့သည်။
- ၁၉၉၆ ခုနှစ်တွင် အီလီနွိုက်ပြည်နယ် ဆီးနိတ်လွှတ်တော် အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရပြီး ၂ဝဝ၄ ခုနှစ်အထိ သုံးကြိမ်တိုင်တိုင် တာဝန် ထမ်းဆောင်ခဲ့သည်။
- ၂ဝဝဝ ပြည့်နှစ်တွင် အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်တွင် ဒီမိုကရက်တစ် ပါတီကိုယ်စားပြု ဝင်ရောက်အရွေးခံခဲ့ရာ မအောင်မြင်ခဲ့ သောကြောင့် ၂ဝဝ၄ ခုနှစ်၊ နိုဝင်ဘာလတွင် အထက် လွှတ်တော်၌ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။
- ၂ဝဝ၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ကွန်ဂရက်၌ အထက်လွှတ်တော် အမတ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။
- ၂ဝဝ၈ ခုနှစ် ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာ အတွက် ယှဉ်ပြိုင်ရာတွင် မစ္စစ်ဟီလာရီ ကလင်တန်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ပြီးနောက် အနိုင်ရရှိခဲ့သည်။
- ၂ဝဝ၈ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ပြိုင်ဘက်ဖြစ်သည့် ရီပတ်ဘလစ်ကန် သမ္မတလောင်း မစ္စတာ ဂျွန်မက်ကိန်းအား အနိုင်ရရှိခဲ့ပြီး ၂ဝ-၁-၂ဝဝ၉ ရက်နေ့တွင် (၄၄)ဦးမြောက် သမ္မတတာဝန်ကို စတင်ထမ်း ဆောင်ခဲ့သည်။
 - ၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာတွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။
- အမေရိကန်နိုင်ငံ စီးပွားရေးအတွက် အထောက်အပံ့ဖြစ်စေရန် အမေရိကန် နိုင်ငံ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်ရင်းနှီး မြှုပ်နှံခြင်းဆိုင်ရာ ဥပဒေ (American Recovery and Reinvestment Act) ကို ၂ဝဝ၉ ခုနှစ်၊ ဖေဖော် ဝါရီလတွင် လက်မှတ် ရေးထိုးခဲ့သည်။ ထို့အပြင် အခွန်လျှော့ပေါ့ရေး၊ အလုပ်လက်မဲ့ အာမခံများ ပြန်လည် ခွင့်ပြုခြင်းနှင့် အလုပ်အကိုင် ဖန်တီးရေး ဥပဒေ (Tax Relief, Unemployment Insurance Reauthorization, and Job Creation Act) တို့ကို ၂ဝ၁ဝ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် လက်မှတ် ရေးထိုး ခဲ့သည်။
- သမ္မတ အိုဘားမားသည် အခြားသော ပြည်တွင်း မူဝါဒများဖြစ်သည့် Patient Protection and Affordable Care Act, Dodd-Frank Wall Street Reform and Consumer Protection Act? Don't Ask, Don't Tell Repeal Act ESifh Budget Control Act of 2011 တို့ကိုလည်း အစပြုခဲ့သည်။
- မူဝါဒများတွင် အီရတ်မှ အမေရိကန် တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာရေး၊ အာဖဂန်နစ္စတန် နိုင်ငံသို့ တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားရေး၊ ရုရှားနိုင်ငံနှင့် START လက်နက်ထိန်းချုပ်ရေး စာချုပ်အသစ်အား လက်မှတ် ရေးထိုးခြင်း၊ လစ်ဗျား နိုင်ငံအပေါ် လေယာဉ် မပျံသန်းရဇုန် (No-fly zone on Libya) သတ်မှတ်ရေးနှင့် ပါကစ္စတန် နိုင်ငံရှိ အယ်လ်ခိုင်ဒါ အကြမ်းဖက်ခေါင်း ဆောင် အိုစမာဘင်လာဒင်အား ဖမ်းဆီးနိုင်ရန်အတွက် စစ်ဆင်ရေးတို့ကို လည်း ဆောင်ရွက် စေခဲ့သည်။
- ၂ဝ၁၂ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ပြိုင်ဘက်ဖြစ်သူ ရီပတ်ဘလစ် ကန်ပါတီမှ မစ္စတာ မစ်ရွမ်နီအပေါ် သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ်မဲ (၃ဝ၃-၂ဝ၆)မဲဖြင့် အနိုင်ရရှိခဲ့ပြီး အမေရိကန် သမ္မတအဖြစ် ဒုတိယ အကြိမ် ထပ်မံရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။
- သမ္မတ အိုဘားမားသည် ၁၉၉၂ ခုနှစ်တွင် မီရှယ်လ် ရော်ဘင်ဆန်နှင့် လက်ထပ်ခဲ့ပြီး သမီးနှစ်ဦးဖြစ်သော မာလီယာ (၁၉၉၈)နှင့် ဆာရှာ(၂ဝဝ၁)တို့ကို မွေးဖွားခဲ့သည်။

ပြည်သူ့လွတ်တော်ဥက္ကဌကြီး လည်း တရားဥပဒေနှင့် ရင်ဆိုင် ရတော့မည်..

နိုဝင်ဘာလ၁၄ရက်နေ့တွင်ပြုလုပ်သောပြည်ထောင်စုလွတ်တော်ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုစာ
ရင်းစစ်ချုပ်၏ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးသိန်းထိုက်က အစိုးရ၀န်ကြီးဌာန ၁၅ ခုအား အလွဲသုံးစားမှု၊ မသမာသော သဘောဆောင်ရွက်မှုတို့ကြောင့် နိုင်ငံတော်မှ နစ်နာငွေကျပ်သန်း ၅ သောင်းကျော်နှင့် အမေရိကန်ဒေါ်လာ ၂ သိန်းကျော်ရှိခဲ့သဖြင့် ပြောဆိုခဲ့သည်။
နိုင်ငံတော်သို့ ပေးသွင်း ရမည့် ရရန်ကြွေးအများဆုံးမှာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ကျပ်သန်း ၃၅၆၅၃.၇၀၇ သန်းနှင့် အမေရိကန်ဒေါ်လာ ၇၀၆၅၅.၀၂၀ တို့ ဖြစ်ကြောင်းသိရှိရသည်။
မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနမှရရန်ငွေအများစုမှ ပြည်သူ့လွတ်တော်ဥက္ကဌဦးရွှေမန်း၏သားများပိုင်
သောဇေယျာရွှေဝါကုမ္မဏီမှဖြစ်ကြောင်းသိရသည်။၎င်းငွေကြေးများအားဦးရွှေမန်းပုသိမ်တိုင်းမှူးဘ၀တွင်မြူ
ရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဦးမောင်မောင်သိန်းထံမှ အာဏာအလွဲသုံးစားပြုလုပ်ပြီး ချေးယူခဲ့ခြင်းဖြစ်ကာ ယခုအချိန်အထိပြန်မဆပ်နိုင်သေးကြောင်းသိရသည်။ထိုသို့ပေးရန်ငွေများအားယခုဘဏ္ဍာရေးနှစ်မကုန်မီပြန်
လည်ပေးသွင်းရန်နှင့်မပေးဆပ်နိုင်ပါကဒဏ်ကြေးများချခြင်းဥပဒေအရတရားစွဲဆိုခြင်းပြုလုပ်မည်ဟုသိရသည်။ ဦးရွှေမန်း၏သားများပိုင်ဆိုင်သောဇေယျာရွှေဝါကုမ္မဏီသည်ဧရာဝတီတိုင်းအတွင်းဆန်စပါးလုပ်ငန်းအပါအ၀င် လုပ်ငန်းအများစုကိုလုပ်ကိုင်ခဲ့သည်။ဦးရွှေမန်း၏သားတစ်ဦးဖြစ်သောတိုးနိုင်မန်းမှာလဲ အရာရှိငယ်ဘ၀တွင် ကားပြိုင်မောင်းသဖြင့်အရာရှိငယ်၂ဦးသေဆုံးသွားပြီး၎င်းနေရာတွင်အခြားတစ်ယောက်အစားထိုးထောင်ကျ
ခံစေကာ ယခုထိအရေးယူခံရခြင်းမရှိကြောင်း သိရှိ ရသည်။

Friday, November 16, 2012

ဗုဒ္ဓမြတ်စွာဘုရား၏စွယ်တော်ကိုသိပ္ပံပညာရှင်များစမ်းသပ်စစ်ဆေး

 
ဗုဒ္ဓမြတ်စွာဘုရား၏စွယ်တော်ကိုသိပ္ပံပညာရှင်များစမ်းသပ်စစ်ဆေး ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား)ရဲ့သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာသံသယမကင်းဖြစ်နေတဲ့အနောက်တိုင်းသိပ္ပံပညာရှင်တို့ကအဲဒီ့သွားကိုGeneticEngineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့ 
(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်။
(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့။
(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်။ အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။ အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။ သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ်

မက်ဒေါနားနဲ့  တွဲ က ခဲ့တဲ့ အိုပါး စတိုင်


၂၀၁၁ ၂၀၁၂ ရာသီလာလီဂါပြိုင်ပွဲ ၏ အကောင်းဆုံးဘောလုံးသမားဆုများအား ဘာစီလိုနာအသင်း၏တိုက်စစ်မှူးလီယွန်နယ်မက်စီ (၄) နှစ်ဆက်တိုက် ဆွတ်ခူး

 
 ၂၀၁၁ ၂၀၁၂ ရာသီလာလီဂါပြိုင်ပွဲ ၏ အကောင်းဆုံးဘောလုံးသမားဆုများအားပြီခဲ့သည့် အင်္ဂါနေ့ က ချီးမြှင့်ခဲ့ရာဘာစီလိုနာအသင်း၏တိုက်စစ်မှူးလီယွန်နယ်မက်စီသည်အကောင်းဆုံးဘောလုံးသမားဆုနှင့် အ
ကာင်းဆုံးတိုက်စစ်မှူးဆုတို့ကို တစ်ပြိုင်နက်ဆွဆ်ခူးသွားခဲ့ကြောင်းသိရသည်။ စပိန်လိဂ်အဖွဲ့ ချုပ် (LFP) သည် နှစ်ပတ်လည်ဆုများအဖြစ်ချီးမြှင့်ခဲခြင်းဖြစ်ပြီးယခုတစ်ကြိမ်အပါအ၀င်ဆုချီးမြှင့်သည့် အကြိမ်အရေအ
တွက်(၄)ကြိမ်အထိ၇ှိလာပြီဖြစ်ရာမက်ဆီသည်လည်းယင်း(၄)ကြိမ်စလုံးတွင်အကောင်းဆုံး ဘောလုံးသမား
ဆုနှင့်အကောင်းဆုံးတိုက်စစ်မှူးဆုတို့ကိုရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။LFPသည်အကောင်းဆုံးနည်းပြဆု
ကိုဘာစီလိုနာနည်းပြဟောင်းဂွါဒီယိုလာအားရွေးချယ်ခဲ့သာကြောင့်သူကလည်း(၄)ကြိမ်မြှောက်ရရှိခဲ့သူဖြစ်
သည်။LFPမှဆုများကိုရွေးချယ်ရာတွင်ကစားသမားများနှင့်နည်းပြများကမဲပေးကာဆန်ကာတင်ရွေးချယ်ပြီး
နောက်LFPမှရွေးချယ်ခဲ့ခြင်းဖြစ်သည်။၂၀၁၁-၂၀၁၂ရာသီလာလီဂါပြိုင်ပွဲအတွက်ဆု(၉)မျိုးကိုပေးအပ်ခဲ့ပြီး
ဘာစီလိုနာက(၅)ခုရရှိခဲ့သည်အခြားရရှိသူများမှာကားစီးလက်၊ရာမို၊အလွန်ဆို၊အင်နီယေစတာ၊ပူယိုး၊အစ္စကို တို့ဖြစ်သည်။LFPသည်လာလီဂါအပြင်ဆီဂန်ဒါပြိုင်ပွဲအတွက်လည်း ရွေးချယ်ခဲ့ပြီးအကောင်းဆုံးဘောလုံးသမား
ဆုကိုဒီပို့ဒီပိုအသင်းမှဝါရင့်ကွင်းလယ်လူဗယ်လာရွန်ကဆွတ်ခူးသွားခဲ့သည်။အကောင်းဆုံးနည်းပြဆုကိုတော့
ဒီပို့ ဒီပိုနည်းပြ ဟိုဆေးလ်လူးဝစ်ဇ်အော်ထရာက ဆွတ်ခူးသွားခဲ့ပြီးဘာစီလိုနာ(ဘီ)မှနောက်ခံလူဘာထရန် ၊ ဒီပို့ဒီပိုတောင်ပံကစားသမားဂွါဒါဒိုတို့မှာလည်း အကောင်းဆုံးဆုများရရှိခဲ့သည်။

ဆွီဒင် တစ်နှစ်တာအကောင်း ဆုံးဘောလုံးသမားဆုကို အီဗရာဟီမိုဗစ် ရရှိ

ပြီးခဲ့သည့်တနင်္လာနေကဆွီဒင်နိုင်ငံစတော့ဟုမ်းGlobeArenaတွင်တစ်နှစ်တာအတွင်း ခြေစွမ်းပြကစားနိုင်ခဲ့
သည့်အမျိုးသားနှင့်အမျိုးသမီးကစားသမားများကိုဆုချီးမြှင့်ပွဲကျင်းပခဲ့ရာPSGအသင်းမှဆွီဒင်  လက်ရွေးစင်
တိုက်စစ်မှူးအီဗရာဟီမိုဗစ် နှင့် လိုင်ယွန် (အမျိုးသမီး)အသင်းတိုက်စစ်မှူးရှလင်းတို့က ရရှိသွားခဲ့ကြသည်။
ဆွီဒင်တစ်နှစ်တာအကောင်းကစားသမားဆုကို(ရွှေဘောလုံးအား)၁၉၄၆မှစတင်ချီးမြှင့်ခဲ့ပြီးတစ်ရာသီလုံး
ခြေစွမ်းပြကစားနိုင်သည့် သူကိုသာ ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။ အကောင်းဆုံ အမျိုးသမီး ဆုကိုတော့(စိန်ဘောလုံး)ကိုချီးမြှင့်ခြင်း ဖြစ်ပြီးဆွီဒင်ဘောလုံးအဖွဲ့  ချုပ်နှင့် ဆွီဒီသတင်းစာ Sydsvenskans တို့ကရွေးချယ်ချီးမြှင့်ခြင်းဖြစ်ပါသည်။အသက်(၃၁)နှစ်၇ှိပြီးဖြစ်သောအီဗရာဟီမိုဗစ်သည်ရွှေဘောလုံးဆုကို (၇) ကြိမ် ရရှိထားပြီး အကြိမ်အများဆုံးရရှိထားသူလည်း ဖြစ်သည့်အပြင်၂၀၀၇ မှ၂၀၁၂ အထိ (၆) နှစ် ဆက်တိုက် ရရှိထားခြင်းလည်းဖြစ်သည်။ ထို့အတူလိုင်ယွန် အမျိုးသမီး အသင်း တိုက်စစ်မှူးရှလင်းမှာ ဆွီဒင်တစ်နှစ်တာအမျီုသမီးအကောင်းဆုံးဆုကို၂၀၁၁နှင့်၂၀၁၂များတွင်(၂)စ်ဆက်တိုက်ရရှိထားသူလည်း
ဖြစ်သည်။

ငလျှင်ဒဏ်ခံရတဲ့ ကျောင်းမြောင်းမြို့ နယ်မှာ အကူညီလိုအပ်

ရွှေနှုံးတိုးဘုရား
ကျောက်မြောင်းမြို့ ရှိ အခြေခံပညာ
စစ်ကိုင်းတိုင်း၊ရွှေဘိုမြှို့နယ်၊ ကျောက်မြောင်းမြို့ ရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် ရွှေနှုံးတိုးဘုရား ငလျင်ကြောင့် ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရှိရပါသည်။
ကျောက်မြောင်းမြို့ ရှိ ပခမ်းအောင်မြေ ကျောင်းတိုက် ပျက်စီးမှု နှင့် အတူ အိမ်ခြေများစွာလည်း အပြိုပျက် မသွားသော်လည်းအကြီးစား ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်ပါသည်။ အလှူငွေများလည်း တတ်အားသရွှေ့ ထည့်ဝင်ပေးကြပါရန်သုခါဝဟလူမှုကူညီရေးအသင်းမှမေတ္တာရပ်ခံထားပါသည်။ သုခါဝဟလူမှုကူညီရေးအသင်း
နာယက --ဆရာတော် ဦးကုမာရ ၀၉ ၄၉၂၇၄၂၇၂
ဘဏ္ဍာရေးတာဝန်ခံ--ဦးသိန်းဝင်း ၀၉ ၇၃၂၄၆၉၄၃ ၊ ၄၇၀၆၀၃၅၂
အလားတူစစ်ကိုင်းတိုင်းရွှေဘိုမြို့နယ်ကျောက်မြောင်းမြို့နယ်ခွဲရှိမခေါက်ကျေးရွာသည်လည်း မကြာသေးမီက လှုပ်ခတ်သွားသော ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပါသည်။ အထူးသဖြင့် ရွာထိပ်တွင်ရှိသော ရွှေတောင်ဦးတောင်၏ ဧရာဝတီမြစ်ဘက်ခြမ်း တစ်လျှောက်တွင် ရှိသော တောင်၏ အစိတ်အပိုင်းတော်တော်များများသည် တောင်အောက်သို့ ၁ဝပေ မှ ပေ ၂ဝ ခန့်အထိ နိမ့်ဆင်းသွားပါသည်။ ထိုသို့ နိမ့်ဆင်းသွားခဲ့မှုကြောင့် တောင်ပေါ်သို့ တက်လမ်းဖြစ်သည့် စောင်းတန်း၊ သာသနိကအဆောက်အအုံများဖြစ်သောပင်မကျောင်းဆောင်ကြီးနှစ်ဆောင်၊သိမ်နှင့်အခြား ကျောင်းဆောင်
ငယ်များအစိတ်အပိုင်းတော်တော်များများပိုကျပျက်စီးခဲ့ပါသည်။ ထို့ပြင် တောင်ထိပ်ရှိ ရွှေတောင်ဦး စေတီတော်ကြီးမှာ ထိပ်ပိုင်းမှ ပြိုကျပြီး ထီးတော်မှာ မြေသို့ခခဲ့ရပါသည်။ ထိပ်ခိုက်ပျက်စီးမှုများ၏ အတိုင်းအတာများအား သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်း နိုင်ပါသည်။
၁။ ဦးပညောဘာသ ရွှေတောင်ဦး ကျောင်းထိုင်ဆရာတော် ။  ( ဖုန်း) - ၀၉ - ၄၉၂၅၂၂၁၉
၂။ ဦးအောင်ဆွေထူး ကျေးရွာ အုပ်ချုပ်ရေးမှုး ။  (ဖုန်း)- ၀၉- ၄ဝဝ၄၂၆၆၇၉

စစ်တပ် က ပူးပေါင်းမှသာ ဒီမိုကရေစီ ကို အကောင်အထည်ဖော်နိုင်မည်

လွှတ်တော်တွင်းမှာကိုယ်စားပြုနေတဲ့စစ်တပ်ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်း  ကမိမိတို့နဲ့အတူပူးပေါင်းဆောင်
ရွက်လိုစိတ်ရှိမှသာအကြမ်းမဖက်လမ်းစဉ်နဲ့ဒီမိုကရေစီပန်းတိုင်ကိုရောက်နိုင်မယ့်တခုတည်းသောနည်းလမ်း
ဖြစ်တယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကဒီကနေ့ ပြောဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ် တတိယနေ့မှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ အိန္ဒိယမီဒီယာCNN-IBNနဲ့တွေ့ဆုံမေးမြန်းခန်းမှာအင်္ဂလိပ်ဘာသာနဲ့ပြောဆိုခဲ့ရာမှာအခုလို ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
စစ်တပ်ရဲ့တစိတ်တပိုင်းဟာအခြေခံဥပဒေအရ အစိုးရအဖွဲ့ထဲပါဝင်နေကြတယ်။  ဒါကြောင့် စစ်တပ်ကသာ လိုလိုချင်ချင်နဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်ကျမတို့မြန်မာနိုင်ငံဟာမကြမ်းမဖက်တဲ့ နည်းနဲ့စစ်မှန်တဲ့ဒီမိုက
ရေစီလမ်းကြောင်းပေါ်ကိုလျောက်လှမ်းနိုင်မှာဖြစ်ပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။
ဒါ့အပြင်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမှာစစ်တပ်ကအရပ်သားအစိုးရကိုလွှမ်းမိုးနိုင်ဖို့အခွင့်အာဏာပေးထား
တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
စစ်တပ်ကစစ်တန်းလျားကိုပြန်တယ်မပြန်ဘူးဆိုတာကသီးခြားကိစ္စုပါ။ဒါပေမယ့်သေချာတာတော့စစ်တပ်နဲ့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာ တခုတည်း အတူတူ မဟုတ်ပါဘူး..... အခြေခံဥပဒေက အရပ်သားအစိုးအပေါ်  စစ်တပ်ကလွှမ်းမိုးဖို့ အခွင့်အာဏာပေးထားတယ်။ တကယ်တော့ စစ်တပ်က အရပ်သားအစိုးရနဲ့လက်ရှိအာဏာရပါတီအပေါ်မှာလွှမ်းမိုးမှုရှိတယ်လို့ပြောရင်မမှားပါဘူးလို့ ပြောခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယခရီးစဉ် တတိယနေ့ ဒီကနေ့ နေ့လယ် ၁၂ နာရီမှာ အိန္ဒိယ ဒုတိယသမ္မတ Mohammad Hamid Ansari (မိုဟာမတ် ဟာမစ် အန်စာရီ)၊ အောက်လွှတ်တော်ဥက္ကဋ္ဌ MeiraKumar(မီရာကူးမားရ်)နဲ့လည်းတွေ့ဆုံခဲ့ပြီး ည၇နာရီမှာအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမှာ ဖြစ်ပါ
တယ်။
Ref: RFA

ဆံပင်များကို ဆွဲဆင့်ပြီး ပြင်းပြင်း ထန်ထန် ရိုက်နှက်ခံခဲ့  ရသည့် (၃) တန်းကျောင်းသားလေး အား လျော်ကြေးပေးပြီးကျေအေးခိုင်းသည့် ဖြစ်ရပ်..

(သုံးတန်းကျောင်းသား မောင်မျိုးမင်းနိုင်)
ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်တွင် အသက် ၉ နှစ် အရွယ် မူလတန်း ကျောင်းသား တစ်ဦးအား ဆရာမ ၃ဦးကအကြမ်းဖက်ရိုက်နက်မူကြောင့်ကျောင်းသားဖြစ်သူမှာအကြောက်လွန် သွေးလန့်ပြီး ဆေးရုံတင်ရသည့် အနေအထားထိ ရောက်ရှိခဲ့သည်ဟု ကျောင်းသား မိဘများ က ပြောသည်။
သို့အတွက် မိဘ ဖြစ်သူများက ယခုကဲ့သို့ ရိုက်နက်မူကို မကျေ နပ်သဖြင့် လွန်ခဲ့သော အောက်တို ဘာလ ၁၄ ရက်နေ့က သက်ဆိုင် ရာ ပြည်နယ် ပညာရေးမှူးရုံးသို့ တိုင်ကြားခဲ့သည်ဟု ပြောသည်။
အရိုက်ခံရသောကျောင်းသားမှာပုဏ္ဍားကျွန်းမြို့နယ်ကွမ်းတောင်ကျေးရွာအထက်တန်းကျောင်းခွဲမှဦးမောင်လှ
သိန်း၏သား သုံးတန်းကျောင်းသား မောင်မျိုးမင်းနိုင် ဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုင်ကြားသည့် အတွက်  အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ် ပညာရေးမှူး ဦးမောင်ကျော်လှ ဦးဆောင်သော အဖွဲ့က လာရောက်ကာ စုံစမ်းစစ်ဆေးမူများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ရိုက်နှက်ခံရသည့် ကလေးငယ်နှင့် ပတ်သက်ပြီး မိဘများ အနေဖြင့် ဆရာမများအား အစိုးရဌာန များသို့ တိုင်တန်းခြင်းမပြုရန်၊ ငွေ ၁၈၀၀၀ ကျပ်ကို လက်ခံပြီး ရိုက်နှက်မှုအား ပြေငြိမ်းရန်  ၀န်ခံ လက်မှတ် ထိုးခိုင်း ခဲ့သည်ဟု ကျောင်းသား မိဘများက ပြောကြားသည်။
ထိုသို့မလိုက်နာပါက ကွန်းတောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲအား မြို့နယ် ပညာရေးမှူး အမိန့်ဖြင့်အခြားတစ်နေရာသို့ရွှေ့ပြောင်းပစ်မည်ဟုခြိမ်းခြောက်ကာကလေးငယ်၏မိဘ များအားအတင်း  အ
ကျေနပ်ရန် ဖိအားပေးသွားခဲ့သည်ဟု ဆိုသည်။
မြို့နယ်ပညာရေးမှူးလာရောက်စစ်ဆေးမှူသည်နှစ်ဦးနှစ်ဘက်လက်ခံနိုင်သည့်စုံစမ်းမူမဟုတ်သည့်အတွက် မိဘများက မကျေနပ်နိုင်သဖြင့် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး ထံသို့ လိပ်မူကာ ထပ်မံပြီး စုံစမ်းစစ်ဆေးပေးရန် ပြန်လည်တိုင်ကြားခဲ့ဟု ဆိုသည်။
ထိုသို့ ထပ်မံ တိုင်ကြားခဲ့သော်လည်း ပြည်နယ် ပညာရေးမှူးရုံးမှလည်းကောင်း၊ မြို့နယ် ပညာရေးမှူး ရုံမှ လည်းကောင်း ယခုအချိန်ထိ တစ်စုံတရာ လာရောက် စုံစမ်း စစ်ဆေးခြင်းမလုပ်ပဲ မိဘများ၏ တိုင်ကြားမှုကို မသိကျိုးကျွန် ပြုပြီး မျက်ကွယ်ပြုထားသည်ဟု ဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မြို့နယ် ပညာရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့ရာ ဆက်သွယ်၍ မရရှိခဲ့ပါ။မောင်မျိုးနိုင် အရိုက်ခံရသည့် ကိစ္စမှာ သူက အတန်းဖေါ် ကျောင်းသူတစ်ဦးအား ဆရာမများ အနေဖြင့်ကျောင်းသားများကို ကျူရှင်ပြနေသည်မှာ သူတို့ ကိုယ်ကျိုး အတွက် လုပ်စားနေတာ သာ ဖြစ်ကြောင်း ပြောဆိုခဲ့သည့် အပေါ် အဆိုပါ ကျောင်းသူမှ ဆရာမများကို သွားရောက် တိုင်ကြားရာမှ ဆရာမ (၃) ဦးက မောင်မျိုးမင်းနိုင်အား ဆံပင်များကို ဆွဲဆင့်ပြီး ပြင်းပြင်း ထန်ထန် ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။
ယခုအခါမောင်မျိုးမင်းနိုင်မှာဆရာမသုံးဦး၏အကြမ်းဖက်ရိုက်နှတ်ခံရမူကြောင့်ကြောက်စိတ်လွန်ကာ ကျောင်း
မတက်ရဲတော့ဘဲဖြစ်နေကြောင်းသိရသည်။မိဘများအနေဖြင့်ကလေးငယ်အားကျောင်းသို့ စာသင်ကြားရန် အတင်း မစေလွှတ်ဝံ့ဘဲ ဖြစ်နေကြောင်း သိရသည်။
မောင်မျိုးနိုင်မှာ အကြမ်းဖက်မူ ခံရပြီး နောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ အရ ထိခိုက်နေသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင်အစိုးရစာသင်ကျောင်းများတွင်ဆရာဆရာမများအနေဖြင့် ကျောင်းသူ ကျောင်း သားများကို ဆိုဆုံးမရာတွင်ခေတ်နှင့် မလျှော်ညီတော့သော ရိုက်ပုတ် ဆဲဆိုမူများကို ဆက် လက် ပြုလုပ်နေသေးသဖြင့်  အဆိုပါကိစ္စအပေါ်မြန်မာနိုင်ငံပညာရေးဌာနအနေဖြင့်အသေအချာဆန်းစစ်ရန်လိုအပ်နေကြောင်း ကျောင်း
သား မိဘတစ်ဦးက ပြောသည်။
Ref: လွတ်လပ်သေးသတင်းဌာန

အင်္ဂလန် ဘုရင်မ သောက်တဲ့ ရေသန့် ကိုတောင် မသောက်နိုင်တဲ့ သမ္မတ အိုဘာမားရဲ့  စီးတော်ယာဉ် The Beast နဲ့  Air Force One အကြောင်း...

 အမေရိကန်သမ္မတခရီးစဉ်အတွင်းအသုံးပြုမယ့်မော်တော်ကား၊ရဟတ်ယာဉ်အပါအဝင်ပစ္စည်းတွေကို မြန်မာ
နိုင်ငံကိုလေယာဉ်နဲ့ကြိုတင်ပို့ဆောင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။အမေရိကန်သမ္မတရဲ့ မော်တော်ကား
အကြောင်းဗီဒီယိုကိုPlanetMyanmarပရိသတ်ကြီးအတွက်မျှဝေလိုက်ပါတယ်။ဒီဗီဒီယိုထဲမှာကားမှာတပ်ဆင်
ထားတဲ့ ကျည်ကာမှန်အမျိုးအစားကို သေနတ်ဖြင့် ပစ်ခတ်စမ်းသပ်ပြထားတာ တွေ့ရပါတယ်။
အမေရိကန် သမ္မတ ကျနော်တို့နိုင်ငံကိုလာမှ မဟုတ်ပါဘူး..။ သူ့ရဲ့ ခရီးစဉ်တိုင်းမှာ F-16 fighter jet ၃ စင်းကနေ ခရီးစဉ်ရဲ့ လုံခြုံရေး လိုအပ်ချက်အရ ၅ စင်းထိ ဝေဟင်မှာ ပျံသန်းစောင့်ရှောက်ပေးပါတယ်..။
သမ္မတ ဟာ လေယာဉ်ပေါ်မှာအမြဲတမ်း အေးဆေးနားနေ အိပ်စက်ပြီး လိုက်ပါတာမျိုးမဟုတ်ပါဘူး..။ အလုပ်ရဲ့လိုအပ်ချက်အရလယာဉ်ပေါ်မှာလည်းတစ်နေ့တာသူ့လုပ်ရမယ့်အလုပ်တွေကိုလုပ်ပြီးခရီးသွားရပါတ
တယ်..။ကျနော်တို့မှတ်မိကြဦးမယ်ထင်ပါတယ်..။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်မန်မာ
နိုင်ငံကိုလာဖို့မလာဖိုဆုံးဖြတ်ချက်ကို လေယာဉ်ပေါ်ကနေ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဖုန်းပြောဆိုအပြီး ဆုံးဖြတ်ခဲ့တာကိုပါ..။လယာဉ်ပေါ်ကသူ့ရဲ့ အလုပ်စားပွဲဘေးပြူတင်းကနေ သူကြည့်လိုက်ရင် လိုက်ပါလာတဲ့ F-16 fighter jet ကို ပုံပါအတိုင်း သူတွေ့ရပါတယ်..။ အဲ့ဒီလို ဆောင်ရွက်ပေးနေရ တဲ့ အဆင့်ဆင့်သော တာဝန်ရှိသူတွေဟာ လည်း ဆောင်ရွက်ခွင့်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူတတ်ကြပါတယ်..။ 
The most powerful President in the World ဆိုပြီး အမေရိကန် သမ္မတ တွေကို ညွှန်းဆိုပြောဆိုလေ့ရှိကြပါတယ်..။အခုဆိုရင်တော့အမေရိကန် သမ္မတ အိုဘားမားပေါ့..။ အမေရိကန် ပြည
်သူတွေ နဲ့ သူတို့ရဲ့ တကယ့်အင်အားကြီးတဲ့ တပ်မတော်တွေဟာ လည်း သမ္မတ ကိုအရမ်းအလေးပေးပြီး ဂရုစိုက်တတ်ကြပါတယ်..။ အထူးသဖြင့် သူတို့ရဲ့ စစ်တပ်ပေါ့..။ သူတို့တွေဟာ သူတို့ရဲ့ သမ္မတ အတွက် ဂုဏ်ယူကြသလို သမ္မတအတွက် လိုအပ်တဲ့ လုံခြုံရေးတွေကအစ တိတိကျကျ အသေချာဆုံး လုပ်လေ့ရှိပါတယ်..။ အထူးလည်း အရေးပေးပါတယ်..။ ဒါဟာ ဘာကိုပြောနေသလဲ..ဆိုတော့ သိပ်ပြီးရှည်ရှည်ဝေးဝေး စဉ်းစားစရာတောင်မလိုပါဘူး..။ ပြည်သူတွေကို အလေးထားလို့ ပြည်သူတွေ ကရွေးချယ် တင်မြောက်ထားတဲ့ သမ္မတကို သူတို့အနေ နဲ့ ဂရုစိုက်ကြရတာပါပဲ..။ သမ္မတ ရဲ့ခရီးစဉ်တိုင်းကို လုံခြုံရေးအတွက်အထူးအလေးပေးလေ့ရှိတာဟာလည်းသမ္မတကစေခိုင်းတာမဟုတ်ပဲသက်ဆိုင်ရာတပ်ဖွဲ့အ
သီးသီးရဲ့ ထိပ်ပိုင်းတာဝန်ရှိသူတွေကသာ အဆင့်ဆင့် စေခိုင်းတာဖြစ်ပါတယ်..။ သမ္မတ အတွက် Air ForceOneလေယာဉ်ဟာသမ္မတခရီးသွားစဉ်မှာတောင်အိမ်ဖြူတော်ကိုတစ်ပါတည်း ခေါ်ဆောင်သွားသကဲ့သို့ အိမ်ဖြူတော်ကနေပင်တဂွန် ဌာနချုပ်ကို ဆက်သွယ်ညွှန်ကြားဆောင်ရွက် နိုင်သလိုမျိုး လေယာဉ်ပေါ်ကနေ လည်း ဆက်သွယ်ဆောင်ရွက် ညွှန်ကြားနိုင်တဲ့အထိ လေယာဉ်ပေါ်မှာ နည်းပညာ နည်းစနစ်တွေပြည့်စုံစွာပါရှိနေတာပါပဲ..။အခုကျနော်တို့နိုင်ငံကိုလာမှာမို့လုံခြုံရေးတွေလုပ်တယ်.. မြန်မာ့ရေ
ပိုင်နက်နဲ့အနီးဆုံးနေရာမှာသူတို့ရဲ့စစ်ရေယာဉ်တွေရောက်နေတယ်..သမ္မတမြန်မာနိုင်ငံထဲမှာအသုံးပြုစီးနင်း
မယ့်ကားတွေ..လုံခြုံရေးယူမယ့် စစ်ရဟတ်ယာဉ်တွေ..ကွန်မန်ဒိုတွေ..စတဲ့..စတဲ့..ဆောင်ရွက်ချက်တွေဟာ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်တွေသာဖြစ်ပါတယ်..။ အချို့..အချို့..ကော့မင့်တွေမှာ ဖတ်ရသလိုမျိုး ဒီနိုင်ငံက ဆင်းရဲလို့.. မလုံခြုံလို့.. နိမ်တာ.. အပိုအလုပ်တွေ.. ပါဝါပြတယ်.. ဆိုတာမျိုးမဟုတ်ပါဘူး..။ သူတို့ နဲ့ ပါဝါတူတဲ့ အင်္ဂလန် နိုင်ငံကိုသွားတုန်းကလည်း ဒီလိုပဲ လုံခြုံရေးကို အရေးပေးပြုလုပ်ခဲ့ကြတာပါပဲ..။ ဒီတော့ ပြည်သူတွေကို အလေးထားဦးစားပေးပြီး ပြည်သူ့အကျိုးကို ထမ်းရွက်နိုင်သူကို ပြည်သူတွေ က သမ္မတ အဖြစ်ရွေးချယ်ထားတာပါပဲ..။ သူတို့ ရဲ့တပ်မတော်အသီးသီးဟာ လည်း သမ္မတကို အရေးပေးတယ်ဆိုတာဟာလည်း ပြည်သူတွေကို အလေးထားကြောင်း ဖော်ပြနေတာနဲ့ အတူတူပါပဲ...။
ကျွန်တော်တို့ မြန်မာနိုင်ငံ ကို လာတာမပြောပါနဲ့အုံး အမေ၇ိကန်နဲ့  အင်အားတန်းတူ နီးပါးလောက်၇ှိနေတဲ့
အင်္ဂလန်ကိုသွားတာတောင်မှ ဒီလို ပဲ လုပ်ခဲ့ကြလို့  အင်္ဂလန် လူမျိုးတွေတောင် မျက်လုံးပြူးခဲ့ ရတယ်လို့ သတင်းတွေမှာ ဖော်ပြထား တာတွေကို မြင်နေရပါတယ်..
အိုဘားမားတို့ဘုန်းကြီးလိုက်ပုံများအင်္ဂလန်ဘုရင်မတောင်အရှုံးပေးရတယ်
ပြီးခဲ့တဲ့ ၂၀၁၁ မေလထဲကလဲ အိုဘားမား ဇနီးမောင်နှံနဲ့အဖွဲ့ အင်္ဂလန်ကို လာလည်တော့လဲ လုံခြုံရေးစနစ် များလွန်းလို့ အင်္ဂလိပ်တွေတောင် ရင်သပ်ရှုမော ဖြစ်ကုန်ပါတယ်။
လူ ၅၀၀ ကျော်လောက်ပါတဲ့ အိုဘားမားအဖွဲ့ထဲမှာ အိမ်ဖြူတော် အရာရှိတွေ၊ သမ္မတကို အရေးပေါ်ကုသဖို့ ဆရာဝန် ၆ ဦးပါ ဆေးအဖွဲ့၊ သမ္မတအတွက် စားဖိုမှူးတွေ၊ လက်နက်ကိုင်ဆောင်ထားတဲ့ ၂၀၀ ကျော်ရှိတဲ့ သမ္မတ ကိုယ်ရံတော် စုံထောက်တွေ ပါဝင်ပါတယ်။
အင်္ဂလန်မှာ ခရီးလှည့်နေစဉ် အမေရိကန်ကနေ လေယာဉ်နဲ့သယ်လာတဲ့ စီးတော်ယာဉ် The Beast ကို အိုဘားမား စီးနင်း ပါတယ်။ အိုဘားမားကားကို တခြားမော်တော်ယာဉ် အစီး ၂၀ ကခြံရံပီး ဒီကားတန်းကိုမှ ရှေ့ပြေးမော်တော်ယာဉ်တွေက ဦး ဆောင်ပါတယ်။
အိုးဘားမားရဲ့ အခြံအရံတွေထဲမှာ ညူကလီယာ ဒုံးပျံတွေ ပစ်လွှတ်ဖို့ လျို့ဝှက် ကုတ်နံပါတ်တွေပါတဲ့ လက်ဆွဲအိတ်ကိုင် အရာရှိတဦးအပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ ဌာနကြီး ၆ ခုရဲ့ ကိုယ်စားလှယ်တွေလဲ ပါဝင်ပါ တယ်။ အိုဘားမား စီးတဲ့ Air Force One လေယာဉ်ကြီးဟာ အားကစားရုံတွေ ခွဲစိတ်ခန်းတွေပါဝင်တဲ့ ဧရာမ မိုးပျံဟော် တယ်ကြီးအသွင် ဆောင်နေပါတယ်။ ဒါ့ပြင် ညူကလီယာပေါက်ကွဲမြှုဖစ်ခဲ့ရင်ကာကွယ်ဖို့အတွက် ဓါတ်ရောင်ခြည် ကာ ကွယ်တဲ့စနစ်လဲ တပ်ဆင်ထားပါတယ်။
တည်ကြက် လေယာဉ်တစီးခြံရံထားပြီး ဇိမ်ခံဟော်တယ်ကြီးအသွင် အိုဘားမားစီးတော်မူတဲ့ Air Force One လေယာဉ် ကြီးဟာ တနာရီပျံသန်းတိုင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂သိန်းနီးပါးရှိပါသတဲ့။ အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်ကလဲ ဒုံးကျည်ရန်ကို ရှောင်လွဲနိုင်တဲ့ မီးကျည်တွေ တပ်ဆင်ထားပါတယ်။
အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်နဲ့ တည်ကြက်ယာဉ်တွေအပါအ၀င် ယာဉ်မျိုးစုံ ၄၅ စီးကို အိုဘားမားသွားမဲ့ ခရီး စဉ် မတိုင်ခင် C-17 ဂျက်လေယာဉ်ကြိးနဲ့ ကြိုတင် ပို့ထားရပါတယ်။ အရင်ကဆိုရင် သတင်းစာသမားတွေ တီဗီံ သမားတွေ အ တွက် ဘတ်စကား ၂ စီး၊ ရေဒါဖျက်တဲ့ယာဉ်တစီးနဲ့ SWAT ကွန်မင်ဒိုတွေအတွက် ကားတစီး ပါလေ့ ရှိပါတယ်။ သမ္မတ အို ဘားမားရဲ့ လန်ဒန်ခရီးစဉ်အတွင်း သမ္မတမိန့်ခွန်းရေးပေးသူ ၄ ဦး ပါလာပါတယ်။
အိုင်ယာလန်ကအပြန် လန်ဒန် ဘာကင်ကမ် ဘုရင်မနန်းတော်ကို အိုဘားဘား ညအိပ်လာရောက် လည်ပတ်ခဲ့ပါတယ်။ ဘာ ကင်ကမ် နန်းတော်ဆိုတာ အင်္ဂလန် ပြည့်ရှင် အင်မတန် ချမ်းသာတဲ့ ဘုရင်မနန်းတော်မို့ အစစ ဘယ်လောက် ပြည့်စုံ မလဲ ဧည့်ဝတ်ကျေမလဲ မှန်းကြည့်နိုင်ပါတယ်။ အိုဘားမား ဇနီးမောင်နှံထားမဲ့ နန်းတော်အခန်းဆိုတာကလဲ နယ်လဆင်မန် ဒဲလားတို့ အမေရိကန်သမတ ကနေဒီတို့ လာတုံးက တည်းခိုခဲ့တဲ့ သမိုင်းဝင် အခန်းဖြစ်ပါတယ်။
ဘယ်လောက်ဘဲဘုရင်မနန်းတော်အရာရှိတွေဘက်ကပြည့်စုံအောင် လုပ်ထားပါစေ…အမေရိကန် သမ္မတရဲ့ လုံခြုံရေး အရာရှိတွေအတွက်တော့ မပြည့်စုံဘူးလို့ ယူဆပါတယ်။ ဒီမှာတင် အမေရိကန်ကနေ သမ္မတကိုယ်ရံတော်လုံခြုံရေးစုံထောက်တွေယူလာတဲ့ဗုံးဒဏ် ကာကွယ်နိုင်တဲ့ မှန်နှစ်ထပ်ပုံစံ အလွှာတခုကို အိုဘားမားအိပ်မဲ့ အခန်းပြတင်း ပေါက် တွေမှာ အပြင်က ထပ်တပ်ခွင့်ပေးရမယ်လို့ တောင်းဆိုလာလို့ နန်းတော်အရာရှိအံ့အားတသင့်ဖြစ်ကုန်ပါသတဲ့။ဒီကြားထဲသမ္မတအိုဘားမားရဲ့ကိုယ်ရံတော် ထောက်လှမ်းရေး
တပ်ဖွဲ့က နန်းတော်မြေအောက်ခန်းမှာ စစ်တပ်ပုံစံ အိပ်စင်တွေနဲ့နေရာ ယူ…ကိုယ်ပိုင် ဆက်သွယ်ရေး စက်ကိရိယာတွေတပ်ထားပါတယ်။အိုဘားမားလုံခြုံရေးစုံထောက်တွေသေနတ်တွေတကားကားနဲ့အင်္ဂလန်ဘု
ရင်မနန်းတော်ထဲမှာသူတို့ကိုယ်ပိုင်နန်းတော်အလားပြေးလွှားနေလိုက်ကြတာ၂၄ဆိုတဲ့တီဗွီဇာတ်လမ်းကြည့်ေ
နေရသလားထင်ရတယ်လို့ မျက်မြင်သက် သေ တွေက ပြောပါတယ်။ အိုဘားမား ကိုယ်ရံတော်တွေဟာ သမ္မတကိုအရေးပေါ်သွေးသွင်းနိုင်ဖို့ပစ္စည်းတွေအပါအ၀င်ဆေးခန်းအသေးစားလေးတခုကို ဆေးရုံးသုံးစက်က
ရိယာတွေနဲ့ နန်းတော်ထဲမှာ တပ်ဆင်ထားပါတယ်။ နောက်ဆုံး အိုဘားမားကို အင်္ဂလန်ဘုရင်မအတွက် သီးသန့်ထုတ်လုပ်ထားတဲ့သောက်ရေသန့်ကိုတောင်တိုက်ခွင့်မပေးနိုင်၊သူတို့အမေရိကန်ကသယ်လာတဲ့သမ္မ
တအိုဘားမားသောက်နေကျသောက်ရေသန့်ကိုသာတိုက်မယ်လို့အိုဘားမားကိုယ်ရံတော်ထောက်လှမ်းရေးအ
ရာရှိတွေပြောတော့နန်းတွင်းအရာရှိတွေအံ့သြသွားပါတယ်။ဘာကြောင့်လဲလို့မေးတော့“ကျွန်တော်တို့သမ္မတ
ရေပြောင်းရေလွဲမှာဗိုက်နာတာမျိုးအဖြစ်မခံနိုင်လို့ပါ”လို့သမ္မတကိုယ်ရံတော်တွေကဖြေပါသတဲ့….။ဘာပြော
ကောင်းမလဲ။အင်္ဂလိပ်သတင်းစာတွေဆိုတာ ဆွေ့ဆွေ့ခုန်သွားတာဘဲ။အိုဘားမားတို့ဘုန်းကြီးလိုက်ပုံများအင်္ဂ
လန်ဘုရင်မတောင်အရှုံးပေးရတယ်။အင်္ဂလန်ဘုရင်မသောက်တဲ့ရေတောင်အိုဘားမားကိုမတိုက်နိုင်ဘူး...တဲ့။