468x60 Ads

Sunday, October 21, 2012

စစ်တပ်ကလယ်မြေသိမ်းမှုလယ်သမားတွေတိုင်ကြား

စစ်တပ်က မတရားသိမ်းဆည်းခဲ့တဲ့ လယ်ယာမြေနဲ ခြံမြေကိစ္စတွေနဲ့ပတ်သက်လို့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာရှိ့တဲ့ လယ်သမားတွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ် ပြိုင်ခဲ့တဲ့ ဒလမြို့နယ် တ
သီးပုဂ္ဂလ လွတ်တော်ကိုယ်စားလှယ် ဦးဝင်းချိုတို့ အောက်တိုဘာလ ၁၁ ရက်နေ့ကတွေ့ဆုံခဲ့ကြပါတယ်။ လယ်သမား ၇၅ ဦးပိုင်ဆိုင်တဲ့ မြေဧက ၁၀၀၀ ကျော်ကို ၁၉၉၅ ခုနှစ်ကနေစတင်ပြီး တပ်ရင်း ၇၄၇၊၇၄၈၊၇၄၉ တို့က သိမ်းယူခဲ့တဲ့အပေါ် လယ်သမားတွေစုပေါင်းပြီး နိုင်ငံတော် သမ္မတအပါအဝင် နိုင်ငံတော်အကြီးအကဲတွေ သက်ဆိုင်ရာဌာန တွေကို စုပေါင်း လက်မှတ်ထိုးစာတင်ခဲ့အပြီးမှာ အခုလို တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

0 comments:

Post a Comment