468x60 Ads

Sunday, October 21, 2012

အာဆင်နယ် ကွင်းလယ်သည် ပရီးမီးယားလိဂ်တွင် အကောင်းဆုံး ဖြစ်လာနိုင်ဟု ဝင်းဂါးသုံးသပ်

အဘူဒီယာဘီ တို့ကဲ့သို့ အရည်အချင်း ပြည့်ဝသော ကွင်းလယ် လူများနှင့် ဒဏ်ရာမှ သက်သာ လာသည့် မိမိတို့ အသင်းသည် ပရီးမီးယား လိဂ်တွင် အကောင်းဆုံး ကွင်းလယ်ကို ပိုင်ဆိုင် လာလိမ့်မည်ဟု အာဆင်နယ် မန်နေဂျာ အာစင် ဝင်းဂါးက ဟောကိန်း ထုတ်လိုက်သည်။

ဆန်တီ ကာဇိုလာကို မာလာဂါ အသင်းထံမှ ဝယ်ယူ နိုင်ခဲ့ခြင်းက ယခုရာသီ အာဆင်နယ်၏ ကွင်းလယ် လုပ်အား နှုန်းကို သိသိသာသာ မြင့်တက် လာစေ ခဲ့သည်။ ပရိသတ် များက ဝင်းဂါးသည် ယခုအခါ ဆက်စ်ဖာ ဘရီဂက်စ်၏ နေရာကို စပိန် လက်ရွေးစင် တစ်ဦးပင် ဖြစ်သော ကာဇို လာနှင့် အောင်မြင်စွာ အစားထိုး နိုင်ခဲ့ပြီဟု ယုံကြည် လျှက်ရှိသည်။ ထို့အပြင် မစ်ကယ် အာတီတာ၊ အေရွန် ရမ်ဆေး၊ ဂျက်ဝီလ်ရှိုင်းယား တို့ကြောင့် အာဆင်နယ်၏ အလယ်တန်း စုဖွဲ့မှုသည် ပိုမို တောင့်တင်း ကျစ်လစ် လာဖွယ် ရှိနေသည်။

ဝင်းဂါးက "ဒါဟာ ကျွန်တော်တို့ ပြသချင်တဲ့ အင်အား တစ်ရပ်ပါပဲ။ ရာသီ အစပိုင်း ကတည်းက ကွင်းလယ်က အရမ်း ကောင်းခဲ့တယ်။ ဒါပေမဲ့ ခုချိန် ထိ အလယ်တန်းမှာ လူစုံသေးတာ မဟုတ်ပါဘူး။ လူတွေလည်း စုံလာပြီး အသင်း ဟန်ချက်ကို ချိန်ညှိနိုင်ပြီ ဆိုရင်တော့ ကျွန်တော်တို့ဟာ အကောင်း ဆုံး အလယ်တန်း ဖြစ်လာဖို့ အခွင့် အရေး ရှိသွားပါပြီ။ အာဆင်နယ်မှာ စိတ်ဓာတ်နဲ့ အရည်အသွေး ကောင်းတွေ ရှိပြီး သားပါ။ ပုံမှန် ခြေစွမ်းကို ပြသ နိုင်ရင် အာဆင်နယ်ရဲ့ တက်လှမ်းမှုက ပိုမြင် သာလာမှာ ဖြစ်ပါတယ်"ဟု မှတ်ချက်ပြု ပြောဆို သွားသည်။

0 comments:

Post a Comment