468x60 Ads

Sunday, October 21, 2012

အာဆီယံဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်များ နိုဝင်ဘာ ၂၄ ရက် ကျင်းပမည်

အာဆီယံ ဆူဇူကီး ဖလား ဘောလုံး ပြိုင်ပွဲ နောက်ဆုံး အဆင့် ပွဲစဉ်များကို လာမည့် နိုဝင်ဘာ ၂၄ ရက်မှ ဒီဇင်ဘာ  ၂၂ ရက် အထိ ကျင်းပ သွား မည် ဖြစ်ရာ မြန်မာ အသင်းသည် ထိုင်းနိုင်ငံတွင် ကျင်းပမည့် အုပ်စု(က) ၌ ပါဝင်ကြောင်း သိရသည်။ အုပ်စု (က)တွင် အိမ်ရှင် ထိုင်းအသင်း အပါ အဝင် မြန်မာ၊ ဗီယက်နမ်၊  ဖိလစ်ပိုင် တို့နှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

မြန်မာ အသင်းသည် ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်မှ ၁၃ ရက် အထိ အာဆီယံ ဆူဇူကီး ဖလား ခြေစစ်ပွဲကို အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပ ခဲ့စဉ်က လာအို အသင်းနှင့် အတူ ခြေစစ်ပွဲ အောင်မြင် ခဲ့သည်။ မြန်မာ အသင်း သည် ဘရူနိုင်းကို ၁ ဂိုး-ဂိုး မရှိ၊ တီမောကို ၂ ဂိုး-၁ ဂိုး၊ ကမ္ဘောဒီးယား အသင်းကို ၃ ဂိုး-ဂိုး မရှိ ဂိုးပြတ် ဖြင့် အနိုင် ရရှိခဲ့ပြီး လာအို အသင်းကို ဂိုးမရှိ သရေ ကစားကာ ခြေစစ်ပွဲ ပထမ နေရာမှ အောင်မြင် ခဲ့သည်။

မြန်မာ အသင်းသည် အာဆီယံ ဆူဇူကီး ဖလား နောက်ဆုံး အဆင့် ပြိုင်ပွဲ ဝင်ရောက် မကစားမီ နိုင်ငံတကာ ခြေစမ်း ပွဲများ ယှဉ်ပြိုင် ကစားရန် စီစဉ် ထားသည်။ မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်က မြန်မာ အသင်းနှင့် ခြေစမ်း ကစားရန် အတွက် အာရှ ဘောလုံး အင်အားကြီး အသင်းများကို ဖိတ်ကြားကာ ခြေစမ်း ကစားမည်ဟု ဆိုသည်။  ယင်းခြေစမ်း ကစားပွဲများ မကစား ဖြစ်မှသာ ပြည်ပ နိုင်ငံများသို့ ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်ရန် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment