468x60 Ads

Sunday, October 21, 2012

ကမ္ဘာပေါ်မှာ လိင်ဆွဲဆောင်အား အကောင်းဆုံး တင်းနစ်မယ်.....

ယနေ့ခေတ် အမျိုးသမီး တင်းနစ် ပြိုင်ပွဲ တွေမှာ ရုပ်ရည် ချောမော လှပပြီး ဆွဲဆောင်အား ကောင်းလှတဲ့ တင်းနစ်မယ်တွေ အများ အပြား ရှိနေတာကို ပရိသတ် များလည်း သတိထား မိကြပါ လိမ့်မယ်။ အမေရိကန်က ဝီလျံ ညီအစ်မက လွဲရင် ကျန် တင်းနစ်မယ် တော်တော် များများ ကတော့ သူ့အတိုင်း အတာနဲ့ သူ ပရိသတ်ကို ဆွဲဆောင် နိုင်တာချည်း ပါပဲ။

ယနေ့ ကမ္ဘာ ပေါ်မှာ လိင်ဆွဲဆောင်အား အကောင်းဆုံး တင်းနစ်မယ်က ဘယ်သူလဲလို့ မေးရင် ဆားဘီးယား တင်းနစ်မယ် အန်နာ အီဗန်နိုဗစ်လို့ပဲ ပြော ရတော့ မှာပါ။ သူမဟာ ၁၉၈၇ ခုနှစ်၊ နိုဝင်ဘာလ ၆ရက်က မွေးဖွားခဲ့ ပြီး အခု ဆိုရင် အသက် ၂၄ နှစ်ပဲ ရှိပါ သေးတယ်။ ကိုယ်အလေးချိန် ပေါင် ၁၅ဝ ရှိပြီး အရပ် ၆ပေ၊ ၂ လက်မ ခွဲမြင့်တဲ့ ညာဘက် လက်အားပြု ဆားဘီးယား တင်းနစ်မယ် အီဗန်နိုဗစ်ဟာ ကမ္ဘာပေါ်က တင်းနစ်မယ်တွေ ထဲမှာ အချော ဆုံး၊ အလှဆုံး၊ လိင်ဆွဲဆောင်အား အကောင်းဆုံး တင်းနစ်မယ် အဖြစ် ရွေးချယ် ခံခဲ့ ရကြောင်း Sportige.com က ဖော်ပြပါတယ်။

အီဗန်နိုဗစ်ဟာ ၂ဝဝ၈ ဇွန်လ တုန်းက ကမ္ဘာ့ အဆင့် ၁ တင်းနစ်မယ် အဖြစ် ရပ်တည်ခဲ့ ဖူးပြီး WTA ချန်ပီယံ ဆုဖလား ၁၁ ခု၊ ITF ချန်ပီယံ ဆုဖလားငါးခု အပြင် ပြင်သစ် အိုးပင်း ချန်ပီယံ ဆုလည်း ရရှိ ခဲ့ဖူးတော့ ရုပ်ချောတာ၊ ဆွဲဆောင်အား ကောင်းတာတွေတင် မကဘဲ တင်းနစ် အားကစား ဘက်မှာလည်း ထူးချွန်သူ ဖြစ်ကြောင်း သက်သေ ပြထား ပါတယ်။

0 comments:

Post a Comment