468x60 Ads

Sunday, October 21, 2012

ပြိုင်ဆိုင်မှအား ပြင်းလာတဲ့ ချစ်သူများ...

ယနေ့ ကမ္ဘာမှာ အကောင်းဆုံး ကစားသမားဟာ မက်ဆီလား၊ ဒါမှမဟုတ် စီရော်နယ်ဒိုပဲလား ဘောလုံးလောက အတွင်း အငြင်း ပွားမှုဟာ ကာယကံ ရှင်များနဲ့ သက်ဆိုင်တဲ့ ချစ်သူ မိန်းကလေးတွေ အထိတောင် ပျံ့နှံ့လာ ခဲ့ပါတယ်။ ရီးရဲလ် နည်းပြ မော်ရင်ဟိုက မက်ဆီဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆိုရင် စီရော်နယ်ဒိုက စကြဝဠာ အတွင်းမှာ အကောင်းဆုံး ကစားသမား ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ မက်ဆီရဲ့ ချစ်သူ အန်တိုနယ် လာ ရော့ကူဇိုနဲ့ စီရော်နယ်ဒိုရဲ့ ချစ်သူ အီရီနာရှေ့ခ် တို့အနက် ဘယ်သူ ပိုမို ချောမော လှပသလဲ၊ ဘယ်သူက ပိုပြီး ဆွဲဆောင်မှု ရှိသလဲ အငြင်းပွားမှု များတောင် ရှိလာပြီလို့ သိရပါတယ်။ စစ်တမ်း တစ်ရပ် အရ မက်ဆီရဲ့ ချစ်သူ အန်တိုနယ်လာဟာ လာလီဂါ ကစားသမား တွေရဲ့ ချစ်သူဇနီး မယား (WAGS) တွေထဲ အဆင့် ၉ နေရာမှာ သာရှိပြီး အီရီနာရှေ့ခ်ကတော့ ထိပ်ပိုင်းနားမှာ ရှိကြောင်း သိရပါတယ်။ ဒါပေမဲ့ တချို့ ကလည်း ရမ္မက် ပြင်းပြတဲ့ ပုံမျိုး ရှိနေသူ အီရီနာရှေ့ခ် ထက်စာရင် အေးဆေး တည်ငြိမ်တဲ့ အလှပိုင်ရှင် ညိုချော လေးဖြစ်တဲ့ အန်တိုနယ်လာက ပိုပြီး ချစ်ဖို့ကောင်းတယ် လို့လည်း မှတ်ချက် ပေးပါတယ်။ လက်ရှိအချိန် မှာတော့ အန်တိုနယ်လာဟာ မက်ဆီရဲ့ ရင်သွေးလေး ဖြစ်တဲ့ သားငယ် ကိုယ်ဝန် လွယ်ထားရပြီး အောက်တို ဘာလအတွင်း မွေးဖွားမယ်လို့ သိရပါတယ်။

0 comments:

Post a Comment