468x60 Ads

Sunday, October 21, 2012

WiFi ဖြင့် အင်တာနက်အသုံးပြုနိုင်သော စားသောက်ဆိုင်သစ် နေပြည်တော် အမျိုးသားဥယျာဉ်တွင်ဖွင့်လှစ်

နေပြည်တော် အမျိုးသားဥယျာဉ်တွင် တည်ရှိသော အမြင့်ပေ (၁၈၀) ရှိ အမွှာကောင်းကင်မျှော်စင်ပေါ်တွင် WiFi ဖြင့် အင်တာနက် အခမဲ့သုံးစွဲနိုင်သော Cafe` Paradise စားသောက်ဆိုင်ဖွင့်ပွဲကို ယခုလ (၆) ရက်နေ့ ညနေ (၆) နာရီအချိန်ခန့်က အဆိုပါစားသောက်ဆိုင် တည်ရှိရာနေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆိုင်တွင် စားသုံးသူများ စားသောက်ရင်း အင်တာနက်အသုံးပြုနိုင်ရန်အတွက် FTTH လိုင်း 1 MB ဖြင့် WiFi ကိုလွှင့်ပေးထားကြောင်း သိရသည်။ “WiFi ကိုလွှင့်ပေးထားတာက စားသုံးသူတွေနဲ့ ပတ်ဝန်းကျင်ကသူတွေ အလွယ်တကူ အသုံးပြုလို့ရအောင် Password မခံထားပါဘူး။ တိုက်ရိုက်ပဲ လွှင့်ထားပါတယ်။ စားသုံးသူတွေအနေနဲ့ မိမိပါလာတဲ့ Netbook, Notebook, Tablet, Laptop, i-Devices စတာတွေနဲ့ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်” ဟု Cafe` Paradise စားသောက်ဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ အဆိုပါ Cafe` Paradise စားသောက်ဆိုင်တွင် အဆင့်မြင့်ကော်ဖီ၊ အအေးများသာမက European, Thai, Chinese, Myanmar အစားအစာများကိုပါ စားသုံးနိုင်ကြောင်း သိရသည်။

0 comments:

Post a Comment