468x60 Ads
Friday, October 12, 2012
တင်နေတဲ့အကြွေးလည်းဆပ်ပေးအုံးမယ်..ပိုက်ဆံလည်း ထုတ်ချေးပေးအုံးမယ်...ဘာ ကိုမျှော်ပြီး ဘယ် လိုကူညီမှာလဲ ကိုဂျပန်ကြီး ရေ....
မြန်မာပြည်ကို လာမယ့်နှစ်မှာ ဂျပန်အစိုးရအနေနဲ့ အင်မတန် ချိုသာတဲ့ အတိုးနှုန်းနဲ့ ချေးငွေတွေ ပြန်ထုတ်ချေးနိုင်ဖို့ အစီအစဉ်တွေ စလုပ်နေပြီလို့ ဂျပန် ဘဏ္ဍာရေး ဝန်ကြီး ကိုရိကီဂျိုဂျိမက မနေ့က တိုကျိုမှာ ပြုလုပ်တဲ့ မြန်မာ့ ကြွေးပြန်ဆပ်ရေး နိုင်ငံတကာငွေကြေးအေဂျင်စီများ အစည်းအဝေးမှာ ကြေညာလိုက်ပါတယ်။
အိုင်အမ်အက်ဖ်၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ဂျီ ၇ လို့ခေါ်တဲ့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေရဲ့ အရာရှိတွေ တက်ရောက်တဲ့ ဒီအစည်းအဝေးမှာ ဂျပန် ဘဏ္ဍာရေး ဝန်ကြီးက ဘယ်အတိုင်းအတာလောက် ထုတ်ချေးမယ်လို့ မပြောပေမယ့် မြန်မာပြည်က လျှပ်စစ်မီးနဲ့ လမ်းတံတားတွေ ပြန်ပြုပြင်ရေး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ ဆိပ်ကမ်းတွေ ခေတ်မီစေရေးတွေအတွက် ကူညီမယ်လို့ ပြောပါတယ်။
အစည်းအဝေးကနေ မြန်မာကို ဘယ်လိုဝိုင်းကူမယ်ဆိုတဲ့ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှု မရပေမယ့် မြန်မာမှာ တင်ရှိနေတဲ့ အကြွေးတွေ လျှော်ပစ်ဖို့နဲ့ အကြွေးသစ် ထပ်ပေးဖို့ အစီအစဉ်တွေကို ရှေ့နှစ် ဇန်နဝါရီက စဖို့ ဂျပန်က ဦးစီးဦးဆောင် လုပ်မယ် လို့   ဝေါစတြိဂျာ နယ်သတင်းပေးပို့ချက်အရ သိရပါတယ်။
ဂျပန် ဘဏ္ဍာရေး ဝန်ကြီးဌာနအဆို မြန်မာ ကြွေးမြီ ယန်း ဘီလီယံ ၅၀၀ (ဒေါ်လာ ၆.၄ ဘီလီယံ) စာရင်းရှိနေတာကို သမ္မတ ဦးသိန်းစိန်ရဲ့ ဂျပန်ခရီးစဉ်အတွင်း ဧပြီလက ၆ဝ% ကျော်ကို ပယ်ဖျက်ပေးခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေး ဘဏ်တို့ကို မြန်မာက ဒေါ်လာ သန်း ၉ဝဝ ပေးဖို့ကျန်နေတာကို ဂျပန်ဘဏ် Bank of Tokyo နဲ့ Mitsubishi UFJ တို့က ပေးသွားမှာဖြစ်ပါတယ်။
တချိန်တည်းမှာ အမေရိကန်သမ္မတ အိုဘားမားက နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများက မြန်မာနိုင်ငံအပေါ် ငွေချေးငှားမှု တင်းကြပ်ထားတာ ဖယ်ရှားပေးလိုက်ပြီမို့ အာရှဖွဲ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်တို့က ၂၀၁၃ ခုနှစ်မှာ    မြန်မာကို   ငွေချေးငှားမှု    ပြန်လည်စ  တင်နိုင်တော့မှာပါ။
မြန်မာပြည်နဲ့ပတ်သတ်ပြီး ဂျပန်တွေ အဆင်သင့်ဖြစ်မှု၊ အကူ အညီပေး တာ   မြန်ဆန် မှုတွေ အပေါ် မြန် မာ့အရေး လေ့လာစောင့်ကြည့်သူတွေ အံ့အားသင့်ကြရပါတယ်။ ဆစ်ဒနီ မက်ကွာ ရီတက္က သိုလ် က မြန်မာ့စီးပွားရေးကျွမ်းကျင်သူ ရှောင်တာနယ်က မြန်မာဟာ အာရှစီးပွားရေး အင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ဂျပန်ကြား ဗျူဟာကျတဲ့ ခတ်ကွင်းလို ဖြစ်လာနေပြီလို့ နယူးယောက်တိုင်းမ် သတင်းစာကို ဆိုပါတယ်။
တရုတ်က မြန်မာ့သယံဇာတတွေ တူးဖော်ထုတ်လုပ်ရေးကိုပဲ စိတ်ဝင်စားပေမဲ့ ဂျပန်က   ဈေးပေါ တဲ့   မြန်မာအလုပ်သမားတွေကို အလုပ်အကိုင်ဖန်တီးပေးပြီး ထိုင်းနဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ် ကုန် ထုတ် လုပ်  ငန်းတွေနဲ့ ကွန်ယက်ဖွဲ့ရေး စိတ်ဝင်စားပုံပါ။
ဂျပန်ရဲ့ အလုံးစုံ မဟာဗျူဟာက ဂျပန်အစိုးရရဲ့ နိုင်ငံတကာကုန်သွယ်ရေးနှင့် စက်မှူလုပ်ငန်းဝန်ကြီးဌာနနဲ့ မစ်ဆူဘီရှီ၊ မာရူဘီနီ၊ ဆူမီတိုမိုတို့လို ဂျပန်မှာ အကြီးဆုံး ပုဂ္ဂလိကလုပ်ငန်းကြီးတွေ ပူးပေါင်းပြီး စွမ်းအားအပြည့် အလုံးအရင်းနဲ့ ဝင်ရောက် လုပ်ကိုင်ရေးဖြစ်ပါတယ်။
ရိုက်တာသတင်းအေဂျင်စီရဲ့ သတင်းပေးပို့ချက်တခုမှာ ဂျပန်အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေရဲ့   ထောက်ပံ့မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာ ၁၈ ဘီလီယံရှိမယ်လို့ သိရပါတယ်။ ဂျပန်အစိုးရရဲ့ ချေးငွေအစီအစဉ်အရလည်း ထပ်ချေးမယ့် အကြွေးကို အတိုးနှုန်း ၀.၀၁ ရာခိုင်နှုန်းနဲ့ နှစ် ၅၀ ကြာတဲ့အထိ ချေးထားမှာဖြစ်ပြီး ပထမ ၁၀ နှစ်က အတိုးနှုန်းမဲ့ ဖြစ်ပါတယ်။
ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်လည်း ဂျပန်တွေ ကူညီထောက်ပံ့ဖို့ရှိပါတယ်။ ဆင်းရဲမွဲတေလွန်းတဲ့ တိုင်းရင်းသားဒေသတွေကို အထောက်အပံ့ပေးနေတဲ့ နိပွန်ဖောင်ဒေးရှင်းရဲ့ ဥက္ကဌ ယိုရှီအိ ဆာဆာကာဝါကို ကိုးကားပြီး နယူးယောက်တိုင်းမ် သတင်းစာက မြန်မာသမ္မတ ဦးသိန်းစိန် အနေနဲ့    ဝေးခေါင် လွန်းတဲ့ဒေသတွေမှာ မူလတန်းကျောင်းများ ဆောက်လုပ်ရေး အလျင်အမြန် အလိုရှိနေကြောင်း   ရေးပါတယ်။
ရန်ကုန်ရဲ့ ရေပေးဝေရေးစနစ် ပြန်ပြင်ဖို့လည်း ဂျပန်အင်ဂျင်နီယာတွေ လုပ်နေကြပါတယ်။ ရန်ကုန်ကို ပေးနေတဲ့ ရေ ၄၀ ရာခိုင်နှုန်းက ပိုက်တွေ မကောင်းတဲ့အတွက် စိမ့်ထွက်ပြီး အလဟဿ ဖြစ်နေတာမို့ ဒီကိစ္စ အမြန်ဖြေရှင်းဖို့လိုနေပါတယ်။ ရန်ကုန်လူထုအတွက် သယ်ယူ ပို့ဆောင်ရေးစနစ်၊ ရန်ကုန်ကို မီးပေးနေတဲ့ ဓာတ်အားပေးစက်ရုံ ၄ လုံးကို ပြန်ပြုပြင်ရေး၊ ပဲခူးမြစ်ပေါ် ဒုတိယမြောက် တံတား တည်ဆောက်ရေး၊ သီလဝါဆိပ်ကမ်းကို အကူပေးမယ့် ဆိပ်ခံ ၆ ခု တည်ဆောက်ရေးတွေအတွက် ဂျပန်တွေ လေ့လာနေကြပါတယ်။
Thursday, October 11, 2012
ချယ်လ်ဆီး၊ မန်စီးတီးတို့ ဂိုးပြတ်ဦးမယ့် ရက်သတ္တပတ်
ချယ်လ်ဆီး - နော်ဝစ်ခ်ျ
ချယ်လ်ဆီးကတော့ အာဆင်နယ်ကိုနိုင်သွားလို့ ယုံကြည်မှုကတော့ ပြည်ဝသွားခဲ့ မယ်ထင်ပါတယ်။ ချန်ပီယံလိဂ် ကန်ထားပေမယ့် သိပ်ပြီးပင်ပန်းမယ် မထင်ပါဘူး။ နော်ဝစ်ခ်ျက တိုက်စစ်အားနည်းတယ်။ ချယ်လ်ဆီး အနည်းဆုံးနှစ်ဂိုးပြတ်နဲ့ နိုင်မှာမို့ ချယ်လ်ဆီးကို ယုံလိုက်ပါ။ ချယ်လ်ဆီးကို အကြိုက်တွေ့မိပါတယ်။
မန်စီးတီး - ဆန်းဒါးလန်း
မနှစ်က မန်စီးတီးကွင်းမှာ ဆန်းဒါးလန်း ခြေစွမ်းပြခဲ့ပြီး ၃-၁ နဲ့ နိုင်ရာက နေ ၃-၃ သရေကျခဲ့လို့ ဆန်းဒါးလန်းနစ်နာသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ ရှုံးပွဲမရှိသေး တဲ့ ဆန်းဒါးလန်းရှုံးပွဲတွေ့မှာ သေချာသလို မန်စီးတီးအနိမ့်ဆုံး သုံးဂိုးပြတ်နဲ့ နိုင်မယ့်ပွဲဖြစ်ပါတယ်။ မန်စီးတီးကို အကြိုက်တွေ့မိပါတယ်။
ဝက်စ်ဟမ်း - အာဆင်နယ်
ဒီပွဲက လန်ဒန်ဒါဘီပွဲဖြစ်နေပါတယ်။ ၀က်စ်ဟမ်းအိမ်ကွင်းကစားအားကောင်း ပြီး နည်းပြဆမ်အလာဒွိုက်စ်ဟာ အတွေ့အကြုံရင့်သူဖြစ်လို့ အာဆင်နယ် ခက်ခက် ခဲခဲကစားရမယ့်ပွဲဖြစ်ပါတယ်။ ၀က်စ်ဟမ်း ဒီပွဲကို အနိုင်ထက် သရေကိုပဲ ပထမ ဦးစားပေးကစားလာနိုင်ပါတယ်။ သရေကျသွားနိုင်ပါတယ်။
နယူးကာဆယ် - မန်ယူ
ကာလင်းဖလားပွဲ မန်ယူကွင်းမှာ နယူးကာဆယ်ကို ၂-၁ နဲ့ နိုင်ထားပါတယ်။ အခုပွဲက နယူးကာဆယ်ကွင်းဖြစ်လို့ မန်ယူခက်ခက်ခဲခဲ ကစားရဦးမှာပါ။ ဗီဒစ်မပါလို့ မန်ယူနောက်တန်းပေါက်နေပါတယ်။ နယူးကာဆယ်က အိမ်ကွင်းမို့ သရေအနိမ့်ဆုံးကန်နိုင်မယ်ထင်လို့ နယူးကာဆယ်ကိုပဲ ကြိုက်ပါတယ်။
လီဗာပူး - စတုတ်
နိုင်ပွဲပျောက်နေတဲ့ လီဗာပူးပြီးခဲ့တဲ့အပတ်က နိုင်ပွဲတွေ့လို့ အားပြန်တက် သွားပါတယ်။ အခုလီဗာပူးကွင်းမှာ စတုတ်ဟာ ခံစစ်ဦးစားပေးမယ်မထင်ပါဘူး။ လီဗာပူးဟာမန်ယူကို အိမ်ကွင်းမှာ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ အဲဒီခြေစွမ်း မျိုး စတုတ်နဲ့ပွဲမှာ လီဗာပူးကို တွေ့ရနိုင်ပါတယ်။ လီဗာပူးအောင်ဦးမှာပါ။
စပါး - ဗီလာ
စပါးက နောက်ဆုံးသုံးပွဲမှာ အနိုင်ကစားထားပါတယ်။ ရက်ဒင်း၊ ကျူပီအာရ်နဲ့ မန်ယူတို့ကို နိုင်ထားတာပါ။ တစ်ခုသတိထားရမှာက အဲဒီသုံးပွဲစလုံးမှာ ဂိုးတွေ ပြန်ပေးခံထားရပါတယ်။ ဗီလာက ခြေပုံမှန်မရှိလို့ အထင်သေးစရာဖြစ်ပေမယ့် တစ်ဂိုးတော့ ပြန်သွင်းနိုင်လို့ စပါးရဲ့အနိုင်က မပြတ်သားပါဘူး။
ဆောက်သမ်တန် - ဖူလ်ဟမ်
ဒီပွဲက တိုက်စစ်အားပြိုင်ဦးမယ့်ပွဲဖြစ်ပါတယ်။ ဆောက်သမ်တန်ကို လျှော့တွက် လို့ မရပါဘူး။ တိုက်စစ်ကောင်းပါတယ်။ အခုပွဲက အိမ်ကွင်းမို့ ဖူလ်ဟမ် ခက်ခဲဦး မှာပါ။ တိုက်စစ်ဖွင့်မှာမို့ နှစ်ဖက်သွင်းဂိုးများနိုင်ပြီး ဆောက်သမ်တန် နိုင်သွား ပါလိမ့်မယ်။
ဝက်စ်ဘရွန်း - ကျူပီအာရ်
ဝက်စ်ဘရွန်းက အိမ်ကွင်းမှာ ထူးထူးကဲကဲ ခြေစွမ်းနဲ့ ကစားနေပါတယ်။ ကျူပီအာရ်က နောက်တန်းမှာ ဒဏ်ရရနေသူတွေများနေပါတယ်။ ဒါကြောင့် ၀က်စ်ဘရွန်းနိုင်ပွဲ ထပ်ရဦးမယ့်ပွဲဖြစ်ပါတယ်။
ဆွမ်ဆီး - ရက်ဒင်း
ရာသီအစ တာထွက်ကောင်းတဲ့ ဆွမ်ဆီးဟာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေကျအပြီးမှာ နောက်ဆုံးသုံးပွဲကို ဂိုးပြတ်တွေနဲ့ရှုံးခဲ့ပါတယ်။ ရက်ဒင်းဟာလည်းအခုထိ မနိုင်သေး လို့ ဂရုတစိုက်ရှိလာနိုင်ပါတယ်။ သရေနဲ့ အဆုံးသတ်ဦးမှာပါ။
ဝီဂန် - အဲဗာတန်
အဲဗာတန်ရဲ့ခြေစွမ်းက တော်တော်လေးကောင်းနေလို့ နှစ်ခြိုက်စရာဖြစ်နေ ပါတယ်။ ဒါပေမယ့် အိမ်ကွင်းဆိုရင် ၀ီဂန်ရုန်းအား ပိုကောင်းပါတယ်။ ၀ီဂန် သရေနဲ့ အနိုင်ဖြစ်လာပါလိမ့်မယ်။
3D Works of Yuki Matsueda
      ယူကီ မက်ဆူဒ ရဲ့ သုံးဖက်မြင် ဒီဇိုင်းလေးတွေကို တင်ပေးလိုက်ပါတယ်။  ပုံမှန် သမားရိုးကျ Art Work တွေကနေ ကွဲထွက်ပြီး ဆန်းသစ်တဲ့ စိတ်ကူးလေးတွေနဲ့ ပေါင်းစပ်ထားတာမို့ တစ်မျိုးလေး ထူးခြားနေပါတယ်။ 
သမ္မတဦးသိန်းစိန် တောင်ကိုရီးယားခရီးစဉ် ပြီးဆုံး
သမ္မတဦးသိန်းစိန်ဟာ သုံးရက်ကြာ တောင်ကိုရီးယားခရီးစဉ်ကို အဆုံးသတ်ပြီး အခုည ရန်ကုန်မြို့ ကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။ သုံးရက်ကြာ ခရီးစဉ်ရဲ့နောက်ဆုံးနေ့မှာ တောင်ကိုရီးယားနိုင်ငံ
ရဲ့ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ချန်းဝမ်းက သင်္ဘောကျင်းကို သွားရောက်လည်ပတ်ခဲ့ပါတယ်။
သမ္မတဦးသိန်းစိန် နဲ့အတူ သင်္ဘောတည်ဆောက်ရေးအကြီးအကဲ ကန်ဒေါက်ဆူး (Kang Duk-soo) လိုက်ပါသွားပြီး သမ္မတကြီးနဲ့ မစ္စတာကန် တို့ဟာ နှစ်နိုင်ငံကြား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ကာကွယ်ရေး ဆိုင်ရာ စက်မှုစီးပွားရေးလုပ်ငန်းတွေ အကြောင်း ကို   ဆွေးနွေး ခဲ့ကြတယ်လို့ တောင်ကိုရီးယားနိုင်ငံ၊ ယွန်ဟပ်သတင်းဌာနက ပြောပါတယ်။
ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နဲ့ တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်တို့ဟာ ဆိုးလ်မြို့တော်မှာ ရှိတဲ့ Cheong Wa Dae သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ သမ္မတနှစ်ဦးတွေ့ဆုံရာမှာ တံခါးဖွင့်ဝါဒကို စတင် ကျင့်သုံးပြီဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ လုပ်ဆောင်နိုင်ရေးအတွက် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီမှုရခဲ့တယ် လို့ တောင်ကိုရီးယားသမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ သုံးရက်ကြာ အလည်အပတ် ခရီးစဉ် အတွင်း သမ္မတဦးသိန်းစိန်နဲ့ တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်တို့ရဲ့ရှေ့မှောက် မှာ နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာ နှစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။
“ပထမတခုကတော့ ကျနော်တို့ မြန်မာနိုင်ငံအစိုးရနဲ့ ကိုရီးယားသမ္မတနိုင်ငံအစိုးရတို့ကြားမှာ အကူ အညီပေးရေးဆိုင်ရာ ပူးပေါင်း သဘောတူညီစာချုပ် အဲဒါတစ်ခု လက်မှတ်ထိုးတယ်။ နောက် တစ်ခုက မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနနဲ့ ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီး ဌာနတို့ ကြား ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ-အဲဒီနှစ်ခု လက်မှတ်ထိုးခဲ့ပါတယ်။”
သမ္မတဦးသိန်းစိန်ဟာ တောင်ကိုရီးယား Convention Center ကို သွားရောက်ပြီးတော့ မိန့်ခွန်း ပြော ကြားခဲ့သလို တောင်ကိုရီးယားနိုင်ငံက အလတ်စား၊ အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ ပြီးတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လာရောက်လုပ်ဆောင်ကြဖို့ တိုက်တွန်းနှိုးဆော် ခဲ့ပါသေးတယ်။
သမ္မတဦးသိန်းစိန်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမနေ့ခရီးစဉ်မှာပဲ တောင်ကိုရီးယား ကို ရောက်နေတဲ့ မြန်မာပညာတော်သင်တွေနဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာအစိုးရက ဆောင်ရွက်နေ တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအကြောင်းကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတဦးသိန်းစိန်ဟာ ၁၉၅၀ နဲ့ ၅၃ ခုနှစ်တွေကြား ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့ကြတဲ့ မြန်မာစစ်သားတွေကို တောင်ကိုရီးယား အမျိုးသား စစ်သင်္ချိုင်းမှာ သွားပြီးတော့ ဂါရဝပြုခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမှုလုပ်နေတဲ့ နိုင်ငံပေါင်း ၃၀ အနက် စတုတ္ထမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ပြီးတော့ တောင်ကိုရီးယားကုမ္ပဏီပေါင်း ၅၀ ကျော်က မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ ထောင်နီးပါး ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ အဆိုပြုလိုက်ပါတယ်။
ရီးယဲလ် အသင်းကို အားပေးသည့် ဂျနီဖာ လိုပက်ဇ် မိသားစု
ကမ္ဘာကျော် အဆိုတော် ဂျနီဖာလို ပက်ဇ်သည် ဖျော်ဖြေပွဲ ကျင်းပရန် မိသားစု နှင့်အတူ စပိန်နိုင်ငံ သို့ရောက် ရှိနေကြောင်း သိရသည်။
ဂျနီဖာနှင့် သူမ၏ သားသမီး အမြွှာ နှစ်ဦး ဖြစ်သည့် မက်ဇ်နှင့် အမ်မီတို့ နှစ်ဦးသည် ရီးယဲလ် အသင်းကို အားပေးသည့် အနေဖြင့် ၎င်းအသင်း အင်္ကျီများ ကိုဝတ်ဆင် ခဲ့ပြီး ဖျော်ဖြေပွဲ မတိုင်မီ ပရိသတ် များကို လက်မြှောက်၍ ဝှေ့ယမ်းနှုတ် ဆက်ခဲ့ကြောင်း သိရသည်။
ဂျနီဖာနှင့် သားသမီး အမြွှာ နှစ်ဦးသည် မက်ဒရစ် မြို့၏ လှပသော ရှုခင်းများကို   နှစ်သက် လျက် ရှိကြောင်း ပရိသတ် တစ်ဦး၏ ပြော ကြားချက်အရ သိရသည်၊
D မိုကရေစီ မြန်မာနိုင်ငံ မှာ တကယ်ဖြစ်နေတာလား...
အပန်းဖြေစရာ၊ ပုံရိပ်ကမ္ဘာ....
အဓိပ္ပါယ်ရှိတဲ့ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းမြောက်များစွာကို ကိုယ်စားပြုတယ်လို့ ဆိုလေ
တာမို့ ဘလော့ဂ်ကြွလာပ၇ိတ်သတ်များ အပျင်းပြေစေ၊ အတွေးရစေဖို့  အင်တာနက်က တွေ့ မိ
သမျှ ၊ ဖေ့ စ်ဘွတ်မှာတွေ့ မိတာ၊ တစ်ချို့ လည်း ဖော်ဝါ့ ဒ်မေးကရတဲ့ ပုံလေးတွေတင်ပြလိုက်ပါ
တယ်...
အောက်ကစာသားများကတော့ မိမိရဲ့ စိတ်ကူးအတွေးများမို့ တစ်ခါတစ်လေမူရင်းပုံနဲ့ ရည်ရွယ်ရာ
ချင်းလွဲချော်သွားတာမျိုးလည်းရှိနိုင်ပါတယ်...
ဖြည့် စွက်၊ ဖြန့် ထွက်တွေးပြီး ပြုံးပျော်နိုင်ပါစေသတည်း...
မူရင်းဓါတ်ပုံရိုက်ကူးသူကိုဖော်ပြပြီးဂုဏ်မပြုနိုင်ပေမယ့် ထိုပုံများရိုက်ခဲ့ ပြီးကိုယ်ကျိုးမဖက်ပဲ အင်တာနက်မှာ တင်ထားနိုင်တာကိုက နည်းတဲ့ စိတ်ထားမြင့် မြတ်မှုမဟုတ်ပါဘူး....
မူရင်းရိုက်ကူးသူမသိပဲ ကြားကတစ်ယောက်ယောက်က ကူးတင်တယ်ဆိုယင်တော့ လည်းမ
တတ်နိုင်ပေဘူးပေါ့ ...သို့ သော်စီးပွားရေးအရမဟုတ်ပဲ ၀ါသနာအရ၊ အပျော်ဗဟုသုတအနေနဲ့ 
တင်တာမို့ သိခဲ့ လျှင်တောင်မှခွင့် လွှတ်နိုင်မယ်ထင်ပါတယ်...
ထိုထိုဓါတ်ပုံဆ၇ာများကို လေးစားစွာ ဂုဏ်ပြုပါတယ်...ကျွန်တော်ရိုက်တဲ့ ပုံတော့ တစ်ပုံမှမပါဝင်ပါဘူး...
အမြင့် ရောက်ယင်ပြီးရောဆိုပေမယ့် ဒီလိုမျိုးနည်းနဲ့ တော့ မရောက်စေချင်....
ဖတ်ပါ၊ မှတ်ပါ၊ လေ့ လာပါ...
မသေမချင်း၊ နှလုံးသွင်း... ချစ်ခြင်းမုန်းခြင်း ကင်းစေမည်...
လေကောင်းလေသန့် ရဖို့ အရေးကြီးပါတယ်...
သူလာလာပြောတိုင်းယုံ.... ကတိတွေတော့ သူပေးတယ်...
 စား... စား... သူငယ်ချင်း....
 စိတ်မချနိုင်ဘူး....
ဒီလိုအလေဏတော နေတော့ လည်း ဒီလိုမျိုး အားပေခံရတော့ မပေါ့ ...
လေယာဉ်ကြီးနဲ့ ဝေဟင်ခရီး... ရင်တုန်စီး...
အမုန်းဆွဲပြီး... ဗုံးကြဲလိုက်ပုံက...
 အချင်းမများနဲ့  ဂျင်းစား... ဒါတွေဒီလိုကောင်းတယ်...
  ဒီလိုအဆင့် မြင့် ကားမျိုးရှိမှတော်ပေမယ်...
Eco Friendly ဖြစ်တာ ဒီကားအပြင်နောက်ထပ်ရှိနိုင်ဦးမလား...
ရှေးခေတ်အမြောက်ကြီး တွေ့ရှိ
ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ ပြည်သူ့ဥယျာဉ်ဝင်ပေါက်၌ ၀င်ပေါက်မုဒ်ဦး တည်ဆောက်ရေး အတွက်    မြေ တူးဖော် မှု  များ ပြုလုပ်နေစဉ် မြေအောက်အနက် ၁၀ ပေခန့်တွင် ရှေးခေတ်အမြောက်ဟု ယူဆရသော အလျား ၁၀ ပေခန့်ရှိအမြောက် ကြီးတစ်ခုကို အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ခန့် ကတွေ့ ရှိခဲ့ကြောင်း သိရသည်။ ပြည်သူ့ဥယျာဉ်တွင် ယခုတွေ့ရှိသည့် အမြောက်ထက် အရွယ် အစား အနည်း ငယ်သေးသော အမြောက်တစ်ခု ကိုလည်း ယခင်ကတည်း အများပြည် သူများ ကြည့် ရှုရန်   ပြသ  ထားကြောင်းလည်း သိရသည်။
ဆီးရီးယားခရီးသည်တင် လေယာဉ်ကို တူရကီက အတင်းဆင်းခိုင်း
တူရကီကဆင်းခိုင်းလို့ ဆင်းခဲ့ရတဲ့ ဆီးရီးယား ခရီးသည်တင် လေယာဉ်
 ရုရှနိုင်ငံ မော်စကိုမြို့ကနေ ဆီးရီးယားမြို့တော် ဒမတ်စကပ်ကို ပျံသန်းလာတဲ့ ဆီးရီးယား ခရီးသည်တင် လေယဉ်တစင်းကို တူရကီလေပိုင်နက်ထဲကို ဝင်လာချိန်မှာ တူရကီစစ်ဂျက်လေယာဉ်တွေက တူရကီနိုင်ငံ အင်ကာရာမြို့လေဆိပ်ကို အတင်းဆင်းသက်စေခဲ့ပါတယ်။
အဲဒီ အဲယားဘတ်စ် လေယာဉ်ဟာ ခရီးသည် ၁၈၀ တင်နိုင်တဲ့ လေယာဉ်ဖြစ်ပေမယ့် ခရီးသည် ၃၅ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၂ဦးဘဲပါပါတယ်။
သူတို့တွေကို လည်း အစောင့်အကြပ်နဲ့ လေယာဉ်ပေါ်ကနေ ဆင်းခိုင်းခဲ့ပြီး လေယာဉ်တစင်းလုံးကို တူရကီအာဏာပိုင်တွေက စတင် ရှာဖွေခဲ့ပါတယ်။
တူရကီ နိုင်ငံခြားရေးဝန်ကြီးရဲ့ အပြောအရ လေယာဉ်ပေါ်မှာ အရပ်ဖက်ဆိုင်ရာ မဟုတ်တဲ့ ကုန်ပစ္စည်းတွေ တင်ဆောင်ကောင်းတင်ဆောင်လာနိုင်တယ်လို့ ဆိုပါတယ်။
ဒါဟာ သံတမန်စကားနဲ့ လက်နက်တွေ လို့ ဆိုလိုတာပါ။
အခုနောက်ဆုံး ဒေသတွင်းမီဒီယာတွေမှာတော့ လေယာဉ်ပေါ်မှာ စစ်တပ်သုံး ဆက်သွယ်ရေးပစ္စည်းတွေ ရှာဖွေ တွေ့ရှိခဲ့ပြီး အာဏာပိုင်တွေက သိမ်းဆည်းကာ စုံစမ်းစစ်ဆေးနေတယ်ဆိုပါတယ်။
လေယာဉ်ကိုလည်း ပြန်ထွက်ခွင့်ပြုလိုက်ပြီလို့ ပြောပါတယ်။။
ဒီအတောအတွင်း တူရကီ လေပိုင်နက်ဟာ လုံခြုံမှု မရှိတဲ့အတွက် တူရကီလေယာဉ်တွေ မပျံသန်းကြဖို့ တားမြစ်ထားပါတယ်။
သူ့တို့ နိုင်ငံ လေပိုင်နက်ကနေတဆင့် ဆီရီးယားအစိုးရအတွက် လက်နက် တင်ပို့မှုတွေကို တားဆီးဖို့ ဆုံးဖြတ်ထားတယ်လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အခု ဖြစ်ရပ်ဟာ တူရကီနဲ့ ဆီးရီးယားကြား ဖြစ်နေတဲ့ တင်းမာမှုတွေ ပို ဆိုးလာစေမယ့် သဘောရှိနေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဆီးရီးယားဘက်ကနေ ပစ်လိုက်တဲ့ အမြောက်ကျည်ဆန် နှစ်နိုင်ငံနယ်စပ် အနီး တူရကီဘက်ကို ကျလို့ တူရကီ အရပ်သား ၅ ဦးသေဆုံးခဲ့ရတဲ့ အတွက် အခြေအနေ တင်းမာနေခဲ့တာပါ။
အဲဒီနောက်ပိုင်း တူရကီကလည်း ဆီးရီးယားဘက်ကို အမြောက်နဲ့ ပြန်ပြီး ပစ်ခတ်ခဲ့တာတွေရှိခဲ့ပါတယ်။
အခုဖြစ်ရပ်ဟာ တူရကီနိုင်ငံအစိုးရအနေနဲ့ ဆီးရီးယားကနေ ခြိမ်းခြောက်လာနိုင်တဲ့ အန္တရာယ်ကို အလွန်ကို အလေးအနက်ထားကာကွယ်နေတယ်ဆိုတာ တူရကီ လူထုနဲ့ ဆီးရီးယားကို သိလိုတဲ့ ဆန္ဒရှိတာကို ပြနေတယ်လို့ တူရကီမှာရှိတဲ့ ဘီဘီစီ သတင်းထောက် James Raynold က ပြောပါတယ်။
ပတ္တမြား FM ၏ ပရိသတ်အကြိုက်ဆုံး အဆိုတော်အဖြစ် ဆိုတေးနှင့် ဝိုင်းစုခိုင်သိန်းတို့ရွေးချယ်ခံရ
ပတ္တမြား FM တတိယနှစ်ပတ် လည် အထိမ်းအမှတ်အဖြစ် ပတ္တမြား FM ကို တစ်နှစ်ပတ်လုံး သီချင်းတောင်း ဆိုကြသည့် ပရိသတ် အကြိုက် ဆုံး တေးသံရှင်များကို ရွေးချယ်ခဲ့ရာမှာ အဆိုတော် ဆိုတေး နှင့် ဝိုင်းစုခိုင်သိန်း တို့ဖြစ်ကြောင်း သိရသည်။ ပတ္တမြား FM မှ တေးသံ ရှင် ဆိုတေး နှင့် ဝိုင်းစုခိုင်သိန်းတို့ ကိုယ်တိုင် ရွေးချယ်ပေးခဲ့ သည့် သူတို့၏ ပရိသတ် အကြိုက် ဆုံး တေး သီချင်းအစီအစဉ်ကို Best of Audience Choice အမည်ဖြင့် နှစ်ပတ်လည်နေ့ဖြစ်သော အောက်တို ဘာလ ၁ရက်နေ့ အပါအဝင် အောက်တိုဘာလ တစ်လလုံး ထုတ် လွှင့်သွားမည်ဖြစ်ကြောင်း သိရ သည်။ ပတ္တမြား FM နှစ်ပတ်လည် တိုင်း ထူးထူး ခြားခြား အစီအစဉ် များစွာ ကို ကြိုးစားစီစဉ် ထုတ်လွှင့်ခဲ့ သလို ယခုအောက်တိုဘာလ ၁ရက်နေ့ တတိယ နှစ်ပတ်လည်နေ့တွင် အထူးအစီ အစဉ်များဖြင့် ထုတ်လွှင့် တင်ဆက် ခဲ့ကြောင်း၊ ပရိသတ် များကိုလည်း အမှတ်တရ လက် ဆောင် များ ပေးအပ် ခဲ့ကြောင်းသိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဥပဒေပြင်ရန် ခက်မည်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင် ဆင်ရန် ခက်ခဲကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူများက ပြောဆိုကြ
သည်။
လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၃ ပါ သမ္မတ အရည် အချင်းပြ ဌာန်း ချက် ကို   ပြင် ဆင် ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အခန်း ၁၂ ကို ဦးစွာ ပြင်ဆင်ရန် လိုအပ်ကြောင်း၊ လက်ရှိအခြေအနေအရ ပြင် ဆင်ရန် အခက်အခဲများ ရှိနေကြောင်း ရန်ကုန်တိုင်း သင်္ကန်းကျွန်း မြို့ နယ်
 ပြ ည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး လည်းဖြစ် ရှေ့နေတဦးလည်းဖြစ်သူ ဒီမိုကေ ရစီ သစ် ပါတီခေါင်းဆောင်   ဦးသိန်းညွှန့်က ဧရာဝတီကို ပြောသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၃ ၊ ပုဒ်မ ၅၉၊ ၆၀ ဆိုသည်မှာ သမ္မတ အရည် အချင်း ဆိုင် ရာ  ပြဌာန်းချက် ဖြစ်သည်။ လက်ရှိ ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ငြိစွန်းေ န သည် မှာ နိုင်ငံခြား တိုင်းပြည်တခုခုတွင် နေထိုင်၊ လုပ် ကိုင်၊ နိုင်ငံခြားသားအဖြစ် ခံယူထားသည့် သား၊ သမီး ရှိပါက သမ္မတဖြစ်ခွင့် မရှိဆိုသည့်အချက်ဖြစ်နေပြီး အခြား ပြဿနာမှာ သမ္မတတွင် စစ်ရေး အမြင်ရှိရမည်ဆိုသည့်အချက်ဖြစ်ကြောင်း ရန်ကုန် မြို့က ရှေ့နေကြီး ဦးအောင်သိန်းကလည်း ပြောသည်။
သမ္မတဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၃ ပါ ပုဒ်မ ၅၉၊ ၆၀ တို့ကိုပြင်ဆင်လိုပါက အခန်း ၁၂၊ ပုဒ်မ ၄၃၆ တွင် ပြဌာန်းထားသည့်အတိုင်း လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူရမည်ဖြစ်ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲရရမည်ဖြစ်သည်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အခန်း ၁၂ ကို ဦးစွာ ပြင်ဆင်ရေးသည်လည်း လွှတ်တော်တွင်း ၇၅ ရာခိုင်နှုန်းကျော်သာမက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှ မဲပေးနိုင်သူများ၊ မဲပေးသူ များ၏ ထက်ဝက်ကျော် ထောက်ခံ မှု ရရန်လိုအပ်သည်။
“ဖွဲ့စည်းပုံ ပြင်ရေးကို သူတို့က တမင်ကို ခက်ခဲအောင် လုပ်ထားတာ” ဟု ရှေ့နေကြီး ဦးအောင်သိန်းက ဆိုသည်။
ဦးသိန်းညွှန့်ကလည်း “အခန်း ၃ ၊ ပုဒ်မ ၅၉ မှာ ပြဌာန်းထားတဲ့ နိုင်ငံတော် သမ္မတ အရည်အချင်းများနဲ့ ကိုက်ညီမှသာလျှင် သမ္မတဖြစ်မှာကိုး၊ အခုပဲ ကျနော်တို့ ဒုတိယ သမ္မတ အဖြစ်တင်တဲ့အခါမှာ အတင်ခံရတဲ့ ပုဂ္ဂိုလ်ရဲ့ သားမက်ဟာ မြန်မာနိုင်ငံမှာမွေးတာပဲ၊ ဒါပေမယ့် သြစတြေးလျ နိုင်ငံသားဖြစ်နေတော့ ဒု သမ္မတလောင်းကို အစားထိုးရတယ်လေ” ဟု ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး ဒေါ်အောင်ဆန်းစုကြည်တို့အနေဖြင့် လွှတ်တော်တွင် ကြိုးစား စည်းရုံးသွားရန် နှင့် ပြည်သူလူထု ထောက်ခံမှုရှိရန် လိုအပ်ကြောင်း ပြည်ခိုင်ဖြိုး ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။
“လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေအရတော့ ဒါ ငြိနေ တာပေါ့။ ဒါပြင်ဖို့ဆိုတာကတော့ အကျိုးသင့် အကြောင်းသင့်နဲ့ ဒါ သူတို့ ကြိုးစားရမှာပေါ့။ လွှတ်တော်ထဲမှာ ကြိုးစားမယ်ဆိုရင် ပြင်မယ်ဆိုရင်တော့ ဖြစ်နိုင်တာပေါ့။ လူထုရဲ့ ထောက် ခံမှု ရတယ်။ ထောက်ခံမှု ရတဲ့အပေါ် မူတည်ပြီးတော့မှ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်နိုင်တဲ့ ပုဂ္ဂိုလ်တွေကလည်းပဲ လွှတ်တော်ကိုယ်စားလှယ်တွေပေါ့။ သူတို့ကလည်း ဒီ ဥစ္စာကို ပြင်သင့်တယ်လို့ သူတို့ ဒီလို ယူဆလို့ တင်ပြတယ် ဆို ရင် မဲခွဲလို့လည်း ပြင်လို့ ရတယ်ဆိုရင် ဒါ ဖြစ်ချင်ဖြစ်မှာပေါ့” ဟု ဦးဌေးဦးက ဧရာဝတီကိုပြောသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ပြည်သူလူထု ထောက်ခံမှုသည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ တဦးတယောက် တည်း ဖွဲ့စည်းပုံကို ပြင်ဆင်၍ မရနိုင်ကြောင်း၊ ပြည်သူလူထုက လိုလားလျှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတ ဖြစ်နိုင်ကြောင်း၊ သမ္မတ ဦးသိန်းစိန်ကလည်း အမေရိကားခရီးစဉ်တွင် ပြောဆိုထားသည်။
အောက်တိုဘာလ ၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးပါတီတခု၏ ခေါင်းဆောင် တဦးအနေဖြင့် ပြည်သူလူထု လိုလားလျှင် သမ္မတအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကို ဆက်လက် ကြိုးပမ်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
“ကျမက နိုင်ငံရေး ပါတီတခုရဲ့ ခေါင်းဆောင်ပဲ။ နိုင်ငံရေးပါတီ တခုရဲ့ ခေါင်းဆောင် ဆိုမှတော့ သမ္မတလည်း လုပ်ရဲ တဲ့ သတ္တိရှိရမယ်။ ပြည်သူလူထု လိုလားရင် လုပ်မှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး “ကျမ သမ္မတဖြစ်ရေး ကိစ္စတင် မဟုတ်ပါဘူး၊ တခြားဟာတွေလည်း ပြင်စရာ လိုပါတယ်” ဟုလည်း ဆိုသည်။
လက်ရှိ နိုင်ငံရေး အပြောင်းအ လဲတွင် တပ်မတော်၏ အနေ အထားမှာ ဒီမိုကရေစီ အနည်းငယ်ဆန်လာပြီဟု ပြောဆိုခဲ့ပြီး မကြာသေးမီကလည်း လွှတ်တော်တွင်း လူများစု ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်တို့နှင့် လက်တွဲကာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ဖွဲ့ စည်းပုံပြင်ဆင်ရေး ဆက်လက်ကြိုး ပမ်းသွားမည်ဖြစ်ကြောင်း ပြောခဲ့ပြီးဖြစ်သည်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတတဦးအဖြစ်ရွေးချယ်မှုမှာ သမ္မတလောင်း ၃ ဦးကို ပြည်သူ့လွှတ် တော်မှ တဦး၊ အမျိုးသား လွှတ်တော်မှ တဦး နှင့် တပ်မတော်သား ကိုယ်စားလှယ် တဦး၊ အသီးသီး ရွေးချယ်ရမည် ဖြစ်သည်။ ထို့နောက် အဆိုပါ ၃ ဦးထဲမှ တဦးကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ပူးပေါင်းထားသည့် ပြည်ထောင်စု လွှတ်တော်တို့မှ သမ္မတအဖြစ် အတည်ပြု ရွေးချယ်ခန့်ထားပြီး ကျန် ၂ ဦးသည် ဒုသမ္မတများအဖြစ် ခန့် ထားသော စနစ်ကိုပြဌာန်းထားသည်။
နော်ခမ်းနေရာ၌ လက်ကျန်တပည့်များ အစားထိုးလှုပ်ရှားနေ
သျှမ်းပြည်ဘက်ခြမ်း ရွှေတြိဂံဒေအတွင်း မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း မရှိသော်လည်း လက်ကျန် တပည့်တပန်းတစုက လက်နက်ကိုင်လှုပ်ရှားနေကြောင်း
ဒေသခံများပြောပြချက်အရသိရပါသည်။
“စိုင်းနော်ခမ်းရဲ့ တပည့်တွေဘဲ၊ အခု ကျနော်တို့ ကြားသိရတာ အဖွဲ့နှစ်ဖွဲ့ရှိတယ်။ တဖွဲ့စီက လူအင်အား ၁၀ ယောက်လောက်ပါဘဲ။ သူတို့လဲ ပြောက်ကျားဝတ်စုံ ဝတ်ထားတယ်” - ဟု မိုင်းဖုန်းကျေးရွာအုပ်စု ဒေသခံ စိုင်းယီနွဲ့ကပြောပါသည်။
စက်တင်ဘာလဆန်းပိုင်းမှစ၍ ယနေ့အထိ စိုင်းနော်ခမ်း၏ တပည့်တချို့ လက်နက်ကိုင်ကာ တာချီလိတ် ခရိုင် မိုင်းဖုန်း၊ ဝမ့်ဆမ်ဖူး ကျေးရွာအုပ်စုအတွင်းသွားလာလှုပ်ရှားနေကြောင်း၊ စိုင်းအောင်မြတ်နှင့်အတူ အစိုးရထံ လက်နက်ချ သွား သည့် သူများအား ပြန်လည်ခေါ်ဆောင်ရန် ကြိုးစားနေကြောင်း စိုင်းအောင်မြတ် နှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ပြောပါသည်။
“ ဒီတဖွဲ့ စနေ တနင်္ဂနွေနေ့တုန်းက ပါဆာ ကျေးရွာ အသွားလမ်းမှာ လာစောင့်နေတယ်။ ၈ ရက်နေ့ မနက် ၂ နာရီလောက်မှာ ဗမာတပ်နဲ့ ပစ်ကြသေးတယ်။ သိပ်တော့မကြာပါဘူး။ အသေအကျစာရင်းလဲမသိဘူး” - ဟု အမည်ဖေါ်လိုသည့် မျက်မြင်တဦးက ပြောပါသည်။
စိုင်းနော်ခမ်း ၏ တပည့်များဟု ယူဆရသည့် အဆိုပါလက်နက်ကိုင်ထားသော သူများမှာ စိုင်းဆု၊ စိုင်းအွန်၊ စိုင်းတွီ၊ စိုင်းရွက်၊ စိုင်းဆေ၊ စိုင်းတွန်း၊ စိုင်းပန် ခေါ် ဗိုလ်မြတို့ဖြစ်ကြကြောင်း၊ အဆိုပါပုဂ္ဂိုလ်များသည် အများအားဖြင့် တခြားတဘက်ကမ်း၌ နေထိုင်သူများလည်းဖြစ်ကြောင်း နီးစပ်သူတဦးကပြောပါသည်။
သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ အဆိုပါလက်နက်ကိုင်လူအုပ်စုသည် သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဟုလူသိများသည့် RCSS/SSA ၏ စစ်ဝတ်စုံ နှင့်ဆင်တူကြောင်း၊ တံဆိပ်မှာမူ ဖြုတ်နိုင် တပ်နိုင်ကြောင်း ကြားသိရပါသည်။
မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်းသည် ထိုင်း၊ လောဝ်၊ မြန်မာ နှင့် တရုတ်တို့က အလိုရှိနေသောသူဖြစ်၏။ မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦးသတ်ခံရမှုနှင့်ပတ်သက်ပြီး ဧပြီ ၂၅ ရက်နေ့က လောဝ်(လာအို) အစိုးရက ဖမ်းဆီးလိုက်၏။ မေ ၅ ရက်နေ့၌ တရုတ်အစိုးရထံ လွှဲအပ်ခဲ့၏။ စက်တင်္ဘာ ၂၀-၂၁ ကူမင်း (ခွန်းမင်) တရားရုံး၌ ၂ ရက်ကြာ ရုံးတင်စစ်ဆေးခဲ့ပြီး အထူးခုံရုံးဖြင့်စီရင်ချက်ချမှတ်ရန်စစ်ဆေးသုံး သပ်လျက်ရှိပါသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSA-N/SSPP) နှင့် ဆွေးနွေးခြင်း
ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ (SSA-N/SSPP) တို့သည် နှစ်ဖက်တပ်များ နေ  ရာ  ချထားရေးနှင့်   ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှမ်းပြည်နယ် လား ရှိုးမြို့ တွင်   အောက် တို ဘာ ၁၀ ရက် နေ့လယ် ၁ နာရီခွဲမှ စတင်ဆွေးနွေးနေကြောင်း သတင်း ရရှိ သည်။ 
ဒုတိယအကြိမ်မြောက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ အစိုးရဘက်မှ သမ္မတ ရုံးဝန် ကြီး ဌာ န ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဒုဝန်ကြီးအချို့ တက်ရောက်ခဲ့ကြပြီး ရှမ်းပြည်တိုးတက်ရေးပါတီဘက်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးခွန်ဆိုင်းအပါအ၀င် အဖွဲ့ဝင် ၁၀ ဦး တက်ရောက် ဆွေးနွေးနေကြသည်။
အကောင်းဆုံးကြိုးစားထားတဲ့ သီရိဆွေရဲ့ 'ဆိုလာကိုစတာ'
သီရိဆွေရဲ့ 'ဆိုတာကိုစတာ' (Solar Coaster) အမ်တီဗီကို အောက်တို ဘာ ၉ ရက်နေ့ မှာ
စတင်ဖြန့်ချိရောင်းချပေး မှာဖြစ်ပါတယ်။ 'ဆိုလာ ကိုစ တာ' အမ်တီဗီမှာ သီရိ ဆွေရဲ့ စိတ်ကူး အိုင်ဒီယာထက် ဒါရိုက်တာတွေ စိတ်ကြိုက်ပဲ ပုံဖော်ရိုက် ကူးထားတာ ဖြစ်ပါတယ်။ 'ဆိုလာ ကိုစတာ' အမ် တီဗီ နဲ့ ပတ်သက်ပြီး သီရိဆွေ က"သီချင်း အား လုံး ပုံ ဖော်ရိုက် ကူးထား တာ ကတော့ဒါရိုက်တာတွေ စိတ်ကြိုက် ရိုက်ကူးပေးထား တာပါ။ ဒီအခွေလေး ထဲမှာ သရုပ်ဆောင် တွေ လည်း အများကြီး သုံးထားတယ်။ ကိုယ် ကိုယ် တိုင် လည်း သရုပ်ဆောင် ထားတာတွေ ရှိပါတယ်။ သရုပ်ဆောင် တဲ့နေရာ မှာလည်း တအားကြီး သရုပ်မဆောင် တတ်ပေမယ့် ကြိုး စားပြီး သရုပ် ဆောင်ထား ပါ တယ်" လို့ သရုပ်ဆောင်ဘက်မှာ မကျွမ်းကျင်ပေမယ့် ဒီအခွေ လေး အတွက် ကြိုးစား အားထုတ် ထားပုံကို ပြောပြ သွားခဲ့ပါ တယ်။ 'ဆိုလာကိုစတာ' MTV ကို ရိုက် ကူး ပုံဖော်ထား မှုတွေနဲ့ ပက်သက် ပြီး သီရိဆွေ က"ဒီအခွေထဲက သီချင်း ၁၁ပုဒ် လုံးကို အကောင်း ဆုံးဖြစ်အောင် ရိုက်ကူး ထားပါတယ်။ ကုန်ကျ စရိတ် တွေအနေနဲ့ ရော၊ သရုပ်ဆောင် ပိုင်း အနေနဲ့ ရော အများကြီး ပံ့ပိုး ရိုက်ကူး ထားပါတယ်။ ဒီ'ဆိုလာ ကိုစတာ 'အခွေလေးကို ကြိုးစားပြီးတော့မှ ရိုက်ကူး ထားတဲ့အ တွက် ပရိ သတ်တွေ က အချိန် ပေးပြီး ကြည့်ရှုပေးကြပါ"လို့ လည်းပြောပြသွားခဲ့ ပါတယ်။ ဒီအခွေလေးထဲ မှာ ပါဝင်ပံ့ပိုးကူညီခဲ့ကြ တဲ့ သရုပ်ဆောင်တွေကတော့ စိုင်းစိုင်း ခမ်းလှိုင်၊ ရဲတိုက်၊ စိုင်းစည်တွမ်ခမ်း၊ ဆန်းထွဋ်၊ ဖွေးဖွေး၊ စန္ဒီမြင့်လွင်၊ နန်းမြတ်ဖြိုးသင်း တို့အပြင် မော်ဒယ် သရုပ်ဆောင် များစွာ ပါဝင်ထား ပါတယ်။ 
ထိုင်မသိမ်းနဲ့ ရှိုးလျှောက်ရတဲ့ ခံစားမှု ကို ပြောပြသူ မိုးဟေကို
မိုးဟေကိုက လတ်တလောမှာ ဒါရိုက်တာပြေဇင် ရိုက်ကူး ထားတဲ့ 'ခေါင်းလောင်း ထိုးသောလူတစ်ယောက်' ဇာတ်ကားမှာ နေမင်းနဲ့ အတူ သရုပ်ဆောင်နေပါ တယ်။ဒီ ဇာတ်ကားလေးမှာ မိုးဟေကို က ကျောင်း ဆရာမ တစ်ယောက် အဖြစ် သရုပ်ဆောင် ထားပြီး ဒီလိုကာရိုက်တာက သူ့ရဲ့ဒုတိယ မြောက် သရုပ်ဆောင် ခြင်းဖြစ်ကြောင်း လည်းပြောပါတယ်။ ခင်စန်းဝင်း ရဲ့ပွဲမှာလည်း မိုးဟေကို က မြန်မာ ဝတ်စုံထိုင် မသိမ်းနဲ့ ရှိုးေ လျှာက် ခဲ့တာကို တွေ့ရပါတယ်။ ရှိုးပါလျှောက် ဖြစ်နေတဲ့အတွက် ဗီဒီယို ကားရိုက်တာနဲ့ ရှိုးလျှောက်တာ ဘယ်လိုကွာခြားမှု တွေရှိသွားမလဲဆို တာ ကို မိုးဟေကိုက"ရှိုးကတော့ ကိုယ်နဲ့ရင်းနှီးရင်တော့ လျှောက်ဖြစ် ပါ တယ်။ ဒါပေမဲ့ အလျှောက်နည်းတယ်။ ထိုင်မသိမ်းနဲ့ လျှောက်ရ တာေ ကြာက် တယ်။ ထိုင်မသိမ်း နဲ့ ဖိနပ်များငြိသွား မလားလို့ စိုးရိမ်မိ တယ်။ အဲဒီေ ကြာ က် စိတ် ပဲရှိတယ်။ ကျန်တာတော့ မရှိပါဘူး။ ကားရိုက် တာနဲ့ ရှိုးေ လျှာက် ရတာ ကွာတာပေါ့။
စိတ်ဖိစီးမှုချင်းကွာတယ်။ ရှိုးလျှောက် တာ က တစ်ခဏလေး ဆိုပေမယ့် အဲဒီခဏလေးအတွင်းမှာ ဘာများဖြစ် သွားမ လဲဆိုတာ ကို ကိုယ့်ကိုယ်ကိုယ် စိုးရိမ်စိတ်ကဝင်တယ်။ အဲဒီ Stress တအား ကို ဖိစီးလွန်း အားကြီးပါတယ်"လို့ ပြောပါတယ်။ အစ်ကိုဖြစ်သူ ကိုလင်းယံကလည်း 'ဘဝထဲက အိပ်မက်' ဆို တဲ့ တစ်ကိုယ်တော်အခွေနဲ့ အနုပညာလောကထဲကို စတင် ဝင်ရောက် လာ ပါပြီ ။ အစ်ကိုဖြစ် သူရဲ့ တစ်ကိုယ်တော် စီးရီးရဲ့ ဗီစီဒီမှာ လည်းသ ရုပ်ေ ဆာင် အဖြစ်ပါဝင်မှာဖြစ်တဲ့ မိုးဟေကို က အစ်ကိုဖြစ်သူ လင်းယံ ကိုလည်း အနုပညာနဲ့ပတ်သက်ပြီး အကြံဥာဏ်ပေးဖြစ်ကြောင်းပြောပါတယ်။ အစ်ကို့ အခွေမှာ မိုးကပါဝင်ပြီးသရုပ်ဆောင်ထားပေးတယ်။ မိုးတို့မောင်နှ မ တွေ က နဂိုကတည်း ကတအား စည်းလုံးကြတယ်။အစ်ကိုက ဦးဆောင်ပြီးတော့ သူဖြစ်ချင်တာတွေ ကိုသူ့ဘာသာသူလုပ်တယ်။တစ်ယောက်နဲ့တစ် ယောက် လည်း အမြဲတိုင်ပင်ဖြစ်ပါတယ်။ ကိုယ်ဘာလုပ် မလဲဆိုတာကို စဉ်း စားပြီးေ တာ့ လုပ်ရမယ့်ဟာကို အဖေ၊ အမေတွေနဲ့အရင် ဆုံးတိုင်ပင် တယ်။ အဖေ၊ အမေခွင့်ပြုချက်ရမှလုပ်ကြတာ။ အစ်ကိုက ထင်မထားလောက် အောင် အ သံ ကို အဲဒီလောက် ထိ ဆိုတတ်လိမ့်မယ်လို့တောင် မထင်ဘူး။ ကိုယ့် အစ် ကိုမို့ ပြောတာမဟုတ်ပါဘူး။ အစ်ကိုက အနုပညာကို တအားဝါသနာ ပါ တာ။ ဝါသနာပါတာကို သူ တကယ် လုပ်ဖြစ်တယ်။ မိုးက စီးရီးထုတ် မယ် ဆိုပြီး သူကတောင် အရင်ထုတ်ဖြစ် သွားတာ။ ကိုယ့်ထက် သူက ဝါသနာ ပိုကြီးတာပေါ့။"လို့ ပြောပါတယ်။ 
Wednesday, October 10, 2012
IBTC ကုမ္ပဏီ ချဲလ်ဆီး အသင်းနှင့်အကျိုးတူ စာချုပ် ပထမဆုံး ချုပ်ဆို
မြန်မာနိုင်ငံ ဝီစကီဈေးကွက်တွင် ဝေစု အများဆုံး ရရှိထားသော Grand Royal ဝီစကီ ထုတ်လုပ် ဖြန့်ချိ သည့် IBTC ကုမ္ပဏီက ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်း နှင့် စီးပွားရေး အရ အကျိုးတူ ပူးပေါင်းမှု စာ ချုပ် ပထမဆုံး ချုပ်ဆို လိုက်ကြောင်း အောက်တိုဘာလ ၉ ရက်နေ့တွင် ချက်ထရီယံ ဟိုတယ်၌ ပြုလုပ်သည့် အကျိုးတူ ပူးပေါင်းမှု စာချုပ် လက်မှတ်ရေးထိုးပွဲ၌ ချဲလ်ဆီး အသင်း ၏ အာရှ အုပ်ချုပ်မှု ဒါရိုက်တာ Mr.Adrian က ပြောကြားသည်။
ယင်းကဲ့သို့ စီးပွားရေး အရ အကျိုးတူ ပူးပေါင်းရေး စာချုပ်ချုပ် ဆိုလိုက်သောကြောင့် Grand Royal ကုမ္ပဏီ သည် ချဲလ်ဆီး အသင်း ၏ အမှတ် တံဆိပ်နှင့် ဘောလုံး သမားများ ၏ ပုံရိပ် များကို ပထမဆုံး အသုံးပြုခွင့် ရရှိမည်ဖြစ် ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံသား အများစုမှာ အင်္ဂလိပ် ပရီးမီးယားလိဂ် အသင်းများကို အားပေးသူများ ဖြစ်သည့်အပြင် ချဲလ်ဆီး ပရိသတ်များလည်း အခိုင်အမာ ရှိသည့် အတွက် ချဲလ်ဆီး အသင်းနှင့် အကျိုးတူ ပူးပေါင်းမှု တရားဝင် စာချုပ် ချုပ်ရခြင်း ဖြစ်ကြောင်း IBTC ကုမ္ပဏီ ဥက္ကဌဦး အောင်မိုးကျော်ကရှင်းပြသည်။ Grand Royal ဝီစကီ ထုတ်လုပ် ဖြန့်ချိသည့် IBTC ကုမ္ပဏီအနေဖြင့် အင်္ဂလန်ပရီးမီး ယားလိဂ် ထိပ်သီး ချဲလ်ဆီး ဘောလုံးအသင်းနှင့် နှစ်နှစ်တာ အကျိုးတူ ပူးပေါင်းမှု အတွက် ငွေကြေး မည်မျှ ဖြင့် ချုပ်ဆို သည်ကိုမူ ထုတ်ဖော် ပြောကြားခြင်း မပြုပေ။
ရဲဘော်သုံးကျိပ်ဝင်ဗိုလ်မှုးချုပ်ဟောင်းကျော်ဇောကွယ်လွန်
ရဲဘော်သုံးကျိပ်ဝင်တစ်ဦးဖြစ်သော ဗိုလ်မှုးချုပ်ဟောင်းကျော်ဇောသည် ယနေ့(အောက်တိုဘာလ ၁၀ ရက်)နံနက် ၃ နာရီဝန်းကျင်ခန့်က တရုတ်နိုင်ငံတွင် ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။ ကွယ်လွန်ချိန်တွင် အသက် ၉၃ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း သိရသည်။ 
ကွယ်လွန်ချိန်တွင် အသက် ၉၃ နှစ်အရွယ် ရှိပြီဖြစ်သော ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော်သည် စက်တင်ဘာလအတွင်းကပင် ကူမင်းမြို့ရှိ ဆေးရုံကြီး၌ အရေးပေါ် ဆေးကုသမှု ခံယူနေရသူ ဖြစ်ကာ မကွယ်လွန်မီ နောက်ဆုံးအချိန်က မြန်မာနိုင်ငံသို့ လာရောက်ပြီး ရွှေတိဂုံဘုရား ဖူးမျှော်ရန် ဆန္ဒရှိနေခဲ့သူ ဖြစ်ပါသည်။
KNU ခေါင်းဆောင်များ ပြန်လည်စည်းလုံးရန် ကြိုးပမ်းနေ
ကရင် အမျိုးသား အစည်း အရုံး (KNU) အဖွဲ့မှ ခေါင်းဆောင်များ အချင်းချင်း ပြန်လည်စည်းလုံး ညီညွတ်မှုရရှိရန် ယခုရက်ပိုင်း တွင် ကြိုးပမ်း နေကြသည်။
ပြီးခဲ့သည့် လကုန်ပိုင်း   က ကရင်ပြည်နယ် ဘားအံမြို့တွင် ဗဟိုအဆင့် ဆက်ဆံရေးရုံး ဖွင့်လှစ်သည့် ကိစ္စနှင့် ပတ်သက်ပြီး KNU ခေါင်းဆောင်များကြား သဘောထား အမြင် ကွဲ လွဲ မှုများ   ပေါ်ပေါက် ခဲ့ခြင်း   ဖြစ်သည်။
“အဲဒီ အပေါ်မှာ ဗိုလ်ချုပ် မူတူးစေးဖိုးကတော့ ပြီးခဲ့တာတွေကို သင်ပုန်းချေကြပြီးတော့ ညီညီညာညာ ဆက်လက် ချီတက်သွား ကြ စို့ ဆိုတဲ့ခံယူချက် ရှိတယ်”ဟု KNU ဘားအံ ခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေး က ဧရာဝတီသို့ ပြောသည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် KNU ဗဟို အဖွဲ့တို့ ပြန်လည် စည်းလုံးညီညွတ်မှု ရရှိရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
KNLA တပ်မဟာ ၅ နယ်စပ်တနေရာတွင် မကြာခင်ရက်ပိုင်း၌ KNUအဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံရန် စီစဉ်ထားပြီး တပ်မဟာ ၅ ၊ တပ်မဟာ ၃ ခေါင်းဆောင်များ အပါအ၀င် ထားဝယ်ခရိုင် ဥက္ကဌ ဖဒို ကွယ်ထူးဝင်း နှင့် ဗိုလ်မှူး တူးတူးလေးတို့လည်း သွားရောက် မည် ဖြစ်ကြောင်း သိရသည်။
“ဘယ်လို မှားသလဲ၊ တဘက်က အမြင်ကတော့ လာဘ်စားမှုတို့၊ ခြစားမှုတို့ စွပ်စွဲထားတယ်”ဟု ဖဒို စောအောင်မော်အေးက ပြော ဆိုသည်။ ထိုစွပ်စွဲချက်များအပေါ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့ ဘက်က ပြန်လည်ဖြေရှင်းရန် အဆင်သင့်ရှိကြောင်း ပြောဆိုသည် ဟု လည်း သိရသည်။
ကရင်လူထု အခြေပြု အဖွဲ့အစည်း များကလည်း အချင်းချင်း ပြန်လည်စုစည်း ညီညွတ်စေလိုသည်ဟု KNU ခေါင်းဆောင်များ ထံ သွား ရောက် အသိပေးခဲ့ကြောင်း ယမန်နေ့က ကရင်သတင်းစဉ်(KIC) အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ဘားအံမြို့တွင် ဗဟိုအဆင့် ဆက်ဆံရေးရုံး ဖွင့်လှစ်မည့် ကိစ္စနှင့် ပတ်သက်ပြီး KNU အနေ   နှင့်   ဆောင် ရွက်ခြင်း မဟုတ်သည့်အပြင် KNLA ဗဟို စစ်ဌာနချုပ်၏ အစီအစဉ်လည်း မဟုတ်၍ KNU ဗဟိုမှ တစုံတရာ မသိရကြောင်း KNU ဗဟို က ထုတ်ပြန်ခဲ့သည်။
ထိုကဲ့သို့ ထုတ်ပြန်ပြီး နောက်ပိုင်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအ၀င် ဗဟို တရားရေး ဌာန ဖဒို ဒေးဗစ်ထောနှင့် လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင် တို့ကို KNU ဗဟိုက တာဝန်မှ ရပ်စဲခဲ့သည်။
တာဝန်မှ ရပ်စဲလိုက်ကြောင်း ထုတ်ပြန်ခဲ့သည့် အမိန့်စာကိုလည်း KNU ဗဟို အလုပ်အမှုဆောင် ၁၁ ဦးထံ ပေးပို့ထားကြောင်း သိရ သည်။
ဘားအံ KNU ဆက်ဆံရေးရုံး ဖွင့်ပွဲသို့ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ် ငန်းကော် မတီ ဒု ဥက္ကဌ ဦးအောင်မင်း လည်း တက်ရောက်ခဲ့သည်။
ထို ဆက်ဆံရေးရုံး ဖွင့်လှစ်ရန် အတွက် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက တပ်မဟာ   ခေါင်းဆောင် တချို့ကို ဦးဆောင်၍ KNU ဗဟိုကော်မတီ ၀င်များနှင့် တိုင်ပင် ဆွေးနွေးခြင်း မရှိဘဲ သွားရောက်ခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။
KNLA တပ်ဖွဲ့ သည် KNU ၏ ဌာန ၁၄ ခုရှိသည့်အနက် ကရင်အမျိုးသား ကာကွယ်ရေး ဌာန အုပ်ချုပ်မှုနှင့် ဦးဆောင်မှုအောက်တွင် ရှိသော အဖွဲ့တခု ဖြစ်သည်။
KNU ခေါင်းဆောင်များအကြား ယင်းသို့ သဘောထား ကွဲလွဲမှုနှင့် ပတ်သက်ပြီး မကြာမီ ရက်ပိုင်းအတွင်း သတင်းစာ ရှင်းလင်းပွဲ တရပ် ကျင်းပရန် ရှိကြောင်း သိရသည်။
စစ်တွေရောက် အဝေးသင် တက္ကသိုလ် ကျောင်းသားများ လုံခြုံရေး စိတ်မချ
စစ်တွေမြို့သို့ အဝေးသင် တက္ကသိုလ် စာမေးပွဲ ဖြေဆိုရန် ရောက်နေကြသည့် နယ် မှ ကျောင်းသား   ကျောင်းသူများ အနေဖြင့် လတ်တလော စစ်တွေတွင် ဖြစ်   ပွား နေသော    အခြေအနေများကြောင့် လုံခြုံရေး စိတ်မချ ဖြစ်နေကြသည်ဟု ဆိုသည်။
ဆန္ဒပြပွဲများ၊ မီးရှို့မူများ ဆက်တိုင် ဖြစ်ပေါ်နေသဖြင့် ယခုလအတွင်း စာမေးပွဲ ဖြေဆိုကြရမည့် အဝေးသင်တက္ကသိုလ် ကျောင်းသူ/သားများမှာ လုံးခြုံရေး အရ စိုးရိမ်နေကြပုံကို ဥပဒေ ပထမနှစ် ကျောင်းသူ တစ်ဦးဖြစ်သူ မနီနီမေမြင့်က ယခုလို ပြောသည်။
“ သမီးတို့ စာမေးပွဲ ဖြေရမှာ မြို့ပြင်က အဝေးသင်တက္ကသိုလ်မှာ ဖြစ်ပါတယ်။ နယ်က လာတဲ့    ကျောင်း သား   တွေက စစ်တွေမြို့ထဲက အဆောင်တွေမှာ နေကြပါတယ်။ စာမေးပွဲ ဖြေဖို့ သွားမယ်ဆိုရင် မွတ် ဆ လင်  ရွာတွေကို ဖြတ်ပြီး သွားရမှာ ဖြစ်တဲ့ အတွက် ဘင်္ဂလီတွေ ရွာကထွက်ပြီး တခုခု လုပ်မလားဆိုပြီး အဲသလို စိုးရိမ်မူမျိုးတော့ ရှိ နေပါတယ်” ဟု ဆိုသည်။
ယခုအခါ အဝေးသင်တက္ကသိုလ် စာမေးပွဲဖြေဆိုရင် ရခိုင်ပြည် နယ်   မြို့ နယ် အသီး သီးမှ   ကျောင်းသူ ကျောင်း    သား ၁၀၀၀ နီးပါးခန့် စစ်တွေမြို့ကို ရောက်ရှိနေပြီ အနီးကပ်သင်တန်းများ တက်ရောက်နေကြပြီ ဖြစ်သည်။
“ ဖြစ်စေချင်တာက လုံခြုံရေးကို ဒီထက် တိုးချထားဖို့ ဖြစ်ပါတယ်။ စာမေးပွဲဆိုတော့   ကျောင်းသား   ကျောင်းသူတွေ အပူအပင်ကင်းကင်းနဲ့ စာမေးပွဲ ဖြေဆိုကြဖို့ လိုတယ်လေ။ ဒါကြောင့် လုံခြုံရေး ကို   ကျောင်းသားတွေ သွားလာတဲ့ လမ်းတွေမှာ တိုးချဖို့ လိုတယ်လို့ ထင်ပါတယ်” ဟု သူမက ပြောသည်။
စစ်တွေတွင် ဖြစ်ပွားခဲ့သော အရေးအခင်းများကြောင့် လုံခြုံရေးကို စိုးရိမ်ပြီး မိဘများက စာမေးပွဲ ဖြေဆိုရင် မလွတ်သည့် ကျောင်းသားများလည်း ကျန်ရှိနေသေးသည်ဟု မနီနီမေမြင့်က ပြောသည်။
“ သမီးတို့ တောင်ကုတ်မှာ လုံးခြုံရေး စိတ်မချလို့ မိဘတွေက စာမေးပွဲ ဖြေဆိုဖို့ မလွတ် တဲ့    ကျောင်း သူတွေ  ရှိပါတယ်။ အခုလို မငြိမ်မသက်ဖြစ်နေတဲ့ အချိန်မှာ ပညာရေး တနှစ်နောက်ကျမှာက အရေးမ ကြီး ဘူး၊ သူ့သား သမီးတွေ တခုခု ဖြစ်မှာကို စိုးရိမ်ပြီးတော့ မလွတ်တာတွေရှိသလို တခြားမြို့နယ်တွေမှာလည်း ရှိတယ်လို့ ကြား သိရပါတယ်။”
စစ်တွေမြို့တွင် ယခုအခါ လုံခြုံရေး အထူး တင်းကျပ်ထားသည်ဟု လုံခြုံရေးအရာရှိတစ်ဦးက နိရဉ္စရာသို့ ပြော သည်။
“ စစ်တွေမှာက မနေ့က ဖြစ်ပေါ်ခဲ့တဲ့ ဗလီအတွင်း မီးလောင်မှုမှာ ရခိုင်နဲ့ မူဆလင်တွေ တဖက်နဲ့တဖက် မယုံ သင်္ခါ ဖြစ်နေတဲ့အချိန်၊ နောက်ပြီးတော့ နယ်က ကျောင်းသားတွေ စာမေးပွဲဖြေဖို့ ရောက်နေကြတဲ့အချိန်နဲ့ တိုက် ဆိုင်နေတော့ ကျောင်းသားတွေနဲ့ မူဆလင်တွေကြားမှာ ထိပ်တိုက်တွေ့ဆုံကြပြီး ပြဿနာတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ပြီးတော့ လုံခြုံရေးကို အထူး ဆောင်ရွက်ပေးနေပါတယ်။”
ယခုအခါ အဝေးသင် တက္ကသိုလ်ကျောင်းနှင့် လမ်းတလျှောက်တွင် လုံခြုံရေးချထားပေးသော်လည်း အချိန်အ တိုင်းအတာမှာ အားရစရာမရှိဟု အင်္ဂလိပ်စာ ဒုတိယနှစ်ကျောင်းသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။
“ သူတို့က ကျောင်းတက် ကျောင်းဆင်းတဲ့ လမ်းလုံခြံရေးကို မနက် ၇ နာရီကနေ ၉ နာရီထိ တကြိမ်၊ နေ့လည် တစ်နာရီကနေ ၄ နာရီထိဘဲ တာဝန်ယူပါတယ်။ ကျန်တဲ့အချိန်မှာ တာဝန်မယူဘူးဆိုတော့ သူတို့ တာဝန်ယူတဲ့ အချိန်က သိပ်နည်းတယ်။ ဆရာတွေနဲ့ ကျောင်းသူ/သားတွေအတွက် စိုးရိမ်ရတယ်။ ဒါကြောင့် လုံခြုံရေးကို အချိန်ပြည့် တာဝန်ယူပေး စေချင်ပါတယ်” ဟု ဆိုသည်။
အဝေးသင် တက္ကသိုလ်ကျောင်းသားများ စာမေးပွဲများ ဖြေဆိုရာတွင် ဘာသာရပ်အလိုက် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပထ၀ီ၊ အင်္ဂလိပ်စာ၊ သမိုင်းနှင့် စိတ်ပညာဘာသာရပ်များကို စတင်ဖြေဆိုရ မည်ဖြစ်ပြီး မြန်မာစာ ကိုမူ အဆိုပါ ဘာသာရပ်များ ဖြေဆိုပြီးမှ ဖြေဆိုရမည်ဟု သိရသည်။
တရုတ်ဆက်သွယ်ရေး လုပ်ငန်းကြီးများဖြစ်သည့် Huawei နှင့် ZTE သည် အမေရိကန်အတွက် လုံခြုံရေးခြိမ်းခြောက်မှု ဖြစ်ကြောင်း ကွန်ဂရက်အထူးအဖွဲ့ သတိပေး
တရုတ်ဆက်သွယ်ရေး လုပ်ငန်းကြီးများဖြစ်သည့် Huawei  နှင့် ZTE သည် အမေရိကန်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်နေပြီး ယင်းလုပ်ငန်းကြီးများ အမေရိကန်တို့နှင့် စီးပွားရေးလုပ်ကိုင်ခြင်းကို တားမြစ်သင့်ကြောင်း အမေရိကန် အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီက  တစ်နှစ်ကြာ စုံစမ်းလေ့လာပြီးနောက် ထုတ်ဝေခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
Huawei နှင့် ZTE သည် တရုတ် အစိုးရ၏လွှမ်းမိုးမှု လွတ်ကင်းသည်ဟု မယုံကြည်နိုင်ကြောင်း၊ အမေရိကန် လုံခြုံရေးကို ခြိမ်းခြောက်ရန်အတွက် ယင်းကုမ္ပဏီများကို အသုံးချနိုင်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ရေးသားခဲ့သည်။
စီးပွားရေးနှင့် စစ်ရေးခြိမ်းခြောက်မှုများ အတွက် အလျင်အမြန် တိုးတက်နေသော ယင်းလုပ်ငန်းများ ကို တရုတ်က အသုံးချလာနိုင်ကြောင်း စိုးရိမ်မှုများအတွက် အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီက စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
Huawei နှင့် ZTE တို့သည် စုံ စမ်းစစ်ဆေးစဉ်ကာလတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းမရှိသဖြင့် ၎င်းတို့သည် လုံခြုံရေးခြိမ်းခြောက်မှုဟု သတ်မှတ်ရမည်ဖြစ်ကြောင်း ကော်မတီအစီရင်ခံစာက မှတ်ချက်ချခဲ့သည်။
တရုတ်ဆိုက်ဘာ တိုက်ခိုက်မှုများကို စိုးရိမ်မှုကြောင့် ဒေါ်လာ ၃၆ ဒသမ ၆ ဘီလျံတန်ဖိုးရှိမြန်နှုန်းမြှင့် အင်တာနက် ကန်ထရိုက် စီမံကိန်း တစ်ခုကို ဟွာဝေက ရရှိရန်ကြိုးပမ်းမှုအား သြစတြေးလျအစိုးရက ပိတ်ပင်ခဲ့သည်။
Huawei နှင့် ZTE တို့က တရုတ်အစိုးရနှင့်မည်သည့်ဆက်နွယ်မှုများ မရှိကြောင်း ငြင်းဆိုထားခဲ့သည်။ ပြီး ခဲ့သည့်လက ကော်မတီ၏ကြားနာမှု တစ်ခုတွင် တက်ရောက်ခဲ့သော ကုမ္ပဏီ ထိပ်တန်းအမှုဆောင် အရာရှိများက ၎င်းတို့သည် နိုင်ငံရေးကို စိတ်မ၀င်စားဘဲ စီးပွားရေးကိုသာ အာရုံစိုက် လုပ်နေကြောင်း အလေးထားပြော ကြားခဲ့သည်။
ဟွာဝေ၏ဖွဲ့စည်းမှုနှင့် စီးပွားရေး ကျင့်ထုံးများသည် လွတ်လပ်ကာ ယုံကြည်စိတ်ချနိုင်ကြောင်း ကမ္ဘာ့ဈေးကွက် ၁၅၀ ခန့်တွင် ယုံကြည်စိတ်ချမှု ရရှိထားကြောင်း ကုမ္ပဏီ ဒုဥက္ကဋ္ဌ ၀ီလျံပလမ်မာက အီးမေးလ်ဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြခဲ့သည်။
လက်ပံတောင်းတောင် ထိန်းသိမ်းရန် သေဆုံးပြီးသူများ........
လက်ပံတောင်းတောင် ထိန်းသိမ်းရန် သေဆုံးပြီးသူများ ပြန်လည်နိုးထလာပြီး ကျန်ရစ်သူများကို မှာကြားသည့်ပုံသဏ္ဍာန် သရုပ်ဖော်ပြပွဲတစ်ခု ယနေ့ ညနေပိုင်း ၃ နာရီအချိန်တွင် ယင်းတောင် အနီးရှိ ဆည်တည်းကျေးရွာ သုဿာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မြောက်ကိုရီးယား ဒုံးကျည်ကြွားမယ့်အစား ပြည်သူကို ဝအောင်ကျွေးသင့်
တောင်ကိုးရီးယားရဲ့ ပဲ့ထိန်းတပ်ဒုံးကျည်တွေကို လက်ရှိထက် သုံးဆပိုမိုတဲ့ အကွာအဝေးထိ ပစ်နိုင်စွမ်း ရှိအောင် ချဲ့ထွင်ခွင့်ပြုတဲ့ စစ်ရေးသဘောတူညီ    ချက်တစ်ရပ်ကို အမေရိကန်နဲ့ တောင်ကိုးရီးယားတို့ လက်မှတ်ရေးထိုးပြီးနှစ်ရက်အကြာမှာ မြောက်ကိုးရီးယားက သူ့ရဲ့ ဒုံးကျည်တွေဟာ အမေရိကန် ပြည်ထောင်စုအထိ ရောက်အောင်  ပစ်နိုင်စွမ်း  ရှိတယ် လို့    အောက် တိုဘာ (၉)ရက်နေ့ အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။
ပြုံ   ယမ်းမြို့တော် မြောက်ကိုးရီး ယား အမျိုးသားကာ ကွယ်ရေးကော်မရှင် ရဲ့ ပြောရေးဆိုခွင့်ရှိသူ က မြောက်ကိုးရီးယားမှာ မဟာဗျူဟာမြောက်ဒုံးကျည်တပ်ဖွဲ့တွေ ရှိနေပြီးတော့ အမေရိကန် ပြည်ထောင် စုကိုသာ မက အမေရိကန်စစ်စခန်းတွေရှိရာ တောင်ကိုးရီးယား၊ ဂျပန်နဲ့ ဂူအမ်ကျွန်းတွေကိုပါ ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စဗစ်တိုးရီးယားနျူလယ်န် (Victoria Nuland)က၊ မြောက်ကိုးရီးယားဟာ သူ့ဒုံးကျည်တွေရဲ့ စွမ်းရည်ကို ရှိတာထက် ပိုမိုကြွားလုံး ထုတ်နေပြီးတော့ တကယ်တမ်းမှာ မြောက်ကိုးရီးယားအစိုးရဟာ မြောက်ကိုးရီးယားပြည်သူတွေ ထမင်းဝအောင်ကျွေးရမယ့်အလုပ် ကို အာရုံစိုက်သင့်တယ်လို့ အင်္ဂါနေ့က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
ခြိမ်းခြောက်မှုတွေနဲ့ ရန်လိုရန်စလုပ်နေတာတွေက၊ မြောက်ကိုးရီးယားကို နိုင်ငံတကာ မိသားစုထဲ ပြန် ၀င်နိုင်အောင်ကြိုးပမ်းမှုတွေကို သေးသိမ်သွားစေလိမ့်မယ်လို့လည်း မစ္စဗစ်နျူလယ်န်က ဆိုပါတယ်။
မက္ကဆီကို မူးယစ်ခေါင်းဆောင် တဦးကိုအသေမိ
မူးယစ်ဆေးဝါး ဂိုဏ်းခေါင်းဆောင် လတ်ဇ်ကာနို
 မက္ကဆီကို နိုင်ငံမှာတော့ အရက်စက်ဆုံး မူးယစ် ဆေးဝါး ဂိုဏ်းကြီး တခုရဲ့ ခေါင်းဆောင်ကို ရေတပ် ကမ်းတပ် တပ်ဖွဲ့ဝင် တွေက အသေ ရမိခဲ့ ပါတယ်။
ဒါပေမယ့် နာရီပိုင်း အတွင်းမှာပဲ သူ့ရဲ့ ရုပ်အလောင်းကို လက်နက်ကိုင်ထားသူ တွေက ခိုးယူ သွားခဲ့ပါတယ်။
စေတပ်စ် မူးယစ်ဆေးဝါး ဂိုဏ်းကို ခေါင်းဆောင်ခဲ့တဲ့ ဟီရီဘာတို လတ်ဇ်ကာနိုဟာ မက္ကဆီကို နိုင်ငံ မြောက်ပိုင်းက ကိုဟွီလာ ပြည်နယ် ထဲမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာ သေဆုံးသွား ခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ ရုပ်အလောင်းကို အသုဘချဖို့ စီစဉ်ပေးတဲ့ နေရာကနေ ခိုးယူသွားခဲ့တာ ဖြစ်ပါတယ်။
အခုလို မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ အစိုးရ တပ်ဖွဲ့တွေကို လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းက ညွှန်ကြားခဲ့တဲ့ မက္ကဆီကို သမ္မတ ဖာနန်ဒို ကောလ် ဒါရွန်ကတော့ ဒီဂိုဏ်းခေါင်းဆောင် လတ်ဇ်ကာနိုကို သုတ်သင် နိုင်ခဲ့တဲ့ ရေတပ်ကို ဂုဏ်ပြု ချီးမွန်းလိုက်ပါတယ်။
သူက အခုဆိုရင် အာဏာပိုင် တွေဘက်က နိုင်ငံထဲမှာရှိတဲ့ အန္တရာယ် အများဆုံး မူးယစ် ဂိုဏ်းခေါင်းဆောင် ၂၅ ယောက်ကို ဖမ်းဆီး သုတ်သင် နိုင်ခဲ့ပြီး ဖြစ်တယ်လို့ လည်းပြောပါတယ်။
အမေရိကန်နိုင်ငံ၏ နျူကလီးယားစွမ်းအင်သုံးလေယာဉ်တင်သင်္ဘောကြီး (၂)စီး အရှေ့တောင်အာရှဒေသအတွင်းသို့ ရောက်ရှိ။
အမေရိကန်နိုင်ငံ၏ နျူကလီးယားစွမ်းအင်သုံး အဆင့်မြင့်ေ လယာဉ်တင်သင်္ဘောကြီး (၂)စီးဖြစ်သော USS John C. Stennis နှင့် USS George Washington တို့သည် ယခုအပတ်အတွင်း အာဆီယံဒေသသို့ ရောက်ရှိလာခဲ့သည်။ မနေ့က (၉-၁၀-၂၀၁၂) ရက်နေ့တွင် လေယာဉ်တင်သင်္ဘော USS John C. Stennis သည် ထိုင်းနိုင်ငံ၊ ဖူးခက်ကမ်းခြေတွင်၎င်း၊ USS George Washington သည် မလေးရှားနိုင်ငံ port klang ဆိပ်ကမ်းတွင်၎င်း ရပ်နားထားကြောင်း သိရှိရသည်။ ယခုကဲ့သို့ အာဆီယံနိုင်ငံများသို့ အမေရိကန် လေယာဉ်တင်သင်္ဘော (၂) စီး၊ တစ်ချိန်တည်း တစ်ပြိုင်တည်းရောက်ရှိနေသည်မှာ သာမန်တိုက်ဆိုင်မှုမျိုး မဟုတ်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူများက ခန့်မှန်းကြသည်။ အချို့က ယခုကဲ့သို့ အာဆီယံဒေသအတွင်းသို့ အမေရိကန်လေယာဉ်တင် သင်္ဘော(၂)စင်းရောက်ရှိနေခြင်းမှာ အမေရိကန်သမ္မတ အိုဘားမား အရှေ့တောင်အာရှနိုင်ငံများသို့ လာရောက်လည်ပတ်လိမ့်မည်ဟု ခန့်မှန်းပြောဆိုကြသည်။ မြန်မာနိုင်ငံသမ္မတကြီး ဦးသိန်းစိန် အမေရိကန်သို့ သွားရောက်လည်ပတ်စဉ် ထုတ်ပြန်ကြေငြာချက်များအရ သမ္မတ  အိုဘားမား    အနေဖြင့် ၎င်း  သမ္မတ ပထမ သက်တမ်း မကုန်ခင်   မြန်မာနိုင်ငံသို့ သွားရောက်လည် ပတ်မည်ဟု ပြောဆိုကြေငြာ    ထားသောကြောင့် ၄င်းလေယာဉ်  တင်   သင်္ဘောကြီး (၂)စီး၏ လှုပ်ရှားမှုသည် သမ္မတအိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများမှ ခန့်မှန်းကြသည်။
စတုတ်ခ်နှင့် ပွဲတွင် ဆွာရက်ဇ် တက်အနင်း ခံရသည့် ကိစ္စအတွက် ရော့ဂျာ ဝေဖန်
စတုတ်ခ်စီးတီးနှင့် ပွဲစဉ်တွင် လူးဝစ်ဆွာရက်ဇ် အနေဖြင့် ရင်ဘတ်ကို တက်နင်းခံခဲ့ရကြောင်း လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာက ပြောကြားလိုက်သည်။
စတုတ်ခ် မန်နေဂျာ တိုနီပူးလစ်က ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး ဆွာရက်ဇ်သည် ဒိုင်ဗင်သမား တစ်ဦးဖြစ်ကြောင်း ဝေဖန် ပြောဆိုခဲ့မှုနှင့် ပတ်သက်ပြီး ရော့ဂျာက ယခုအခါ တုံ့ပြန်လာခြင်း ဖြစ်သည်။ ရော့ဂျာက မိမိ၏ ကစားသမားသည် စတုတ်ခ်နောက်ခံလူ ရောဘတ်ဟုသ်၏ ရန်လိုသော တိုက်ခိုက်မှုတွင် သားကောင် ဖြစ်ခဲ့ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ အသက်(၂၅)နှစ်ရှိ ဆွာရက်ဇ်သည် ကင်မရာ အနှေးပြကွက်များ အရ ဟုသ်၏ တက်နင်းခြင်းကို ခံနေရကြောင်း ရော့ဂျာက ထောက်ပြသွားသည်။"ပြီးခဲ့တဲ့ သီတင်းပတ် ပွဲစဉ်မှာ ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာကို ကျွန်တော် ပြန်ကြည့်ခဲ့ပါတယ်။ လူတွေက ဆွာရက်ဇ် လဲကျသွားတဲ့ ကိစ္စကိုပဲ ချဲ့ကား ပြောနေကြတယ်။ သူဟာ ပွဲအစ (၅)မိနစ် အတွင်းလောက်မှာတင် တက်နင်းခံရတဲ့ ကိစ္စကျတော့ လူတော်တော်များများက မျက်ကွယ် ပြုခဲ့ကြတယ်"ဟု ရော့ဂျာက ဆိုသည်။ ၎င်းက "ဒိုင်ဗင်ထိုးတာ၊ ဟန်ဆောင်တာတွေဟာ ကမ္ဘာ့ဘောလုံးလောကမှာ ပျောက်ကွယ် သွားသင့်တယ် ဆိုတာကို ကျွန်တော်တို့ လက်ခံပါတယ်။ ဒါပေမဲ့ အဲဒီနေ့က တခြားကိစ္စတစ်ခု ဖြစ်ခဲ့တယ် ဆိုတာကိုတော့ မေ့မထားသင့်ဘူး" ဟုလည်း ဝေဖန် ပြောဆို သွားခဲ့သည်။
သမ္မတ ဦးသိန်းစိန် ယခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ထိပ်ဆုံးထင်ကြေး ငါးဦး စာရင်းတွင်ပါဝင်
ယခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် နိုဘယ်ငြိမ်းချမ်းရေး ဆုရ သူကို ထုတ်ပြန်ကြေညာ
မည်ဖြစ်ရာ မြန်မာသမ္မတ ဦးသိန်းစိန်မှာ ထိပ်ဆုံးက ထင်ကြေးပေးခံရသူ ၅ ဦးတွင် ပါဝင် လျက်ရှိကြောင်း Bloomgerg သတင်းတွင် ဖော်ပြ ထားသည်။
နိုဘယ်လ် ငြိမ်းချမ်းရေး ဆုအတွက် နာမည်စာရင်း တင်သွင်း ထားသူ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်း မှာ ၂၃၁ ခု ရှိကြောင်း နိုဘယ် ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး ကော်မတီ သတင်း Website တွင်ဖော်ပြထားသည်။ နိုဘယ် ငြိမ်းချမ်းရေးဆု နာမည် စာရင်း တင်သွင်းထားသူများ ထဲမှ ထိပ်ဆုံးမှာ ထင်ကြေး ပေးခံရသူ ငါး ဦးကို Peace Research Institute of Oslo မှအကြီးအကဲဖြစ်သူ Kristian Berg Harpvikenက ခန့်မှန်း ပြောဆိုရာတွင် မြန်မာသမ္မတ ဦးသိန်းစိန်မှာ ၎င်း၏ ထင်ကြေးပေးသူ စာရင်းတွင် ထိပ်ဆုံး ငါးဦးတွင် ပါဝင်နေခြင်း ဖြစ်သည်။ မြန်မာ သမ္မတဦးသိန်းစိန် လက်ထက် တွင် ရာစုနှစ် ထက်ဝက်နီးပါး ပဋိပက္ခုဖြစ်ပွားခဲ့သော လက်နက် ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့တွင် ၁၀ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိအောင် စွမ်းဆောင်နိုင် ခဲ့သည်။
၎င်း၏ ထင်ကြေးပေးခြင်း ခံရသူများမှာ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင် တန်၊ ဂျာမနီနိုင်ငံ အဓိပတိ ဟောင်း ဟဲမွတ်ခိုးလ်၊ ကမ္ဘာ့ နိုင်ငံကြီး များ၏ အတွင်း သတင်းများကို Wikileak သတင်း Website သို့ပေးပို့ခဲ့သော Bradley Manning တို့ပါဝင် လျက်ရှိသည်။ ထို့ပြင် ၎င်း၏ ထင်ကြေး ပေးခံရသူ စာရင်းတွင် အကြမ်းမဖက် လှုပ်ရှားရေး ဝါဒီ တစ်ဦးဖြစ်သူ အမေရိကန်ပါမောက္ခ ဂျင်းရှပ် လည်း ပါဝင်လျက် ရှိသည်။ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်ကရရှိခဲ့ပြီး ၂၀၁၂ခုနှစ် ဇွန်လမှ ဆုလက်ခံ သည့် မိန့်ခွန်းကို ကိုယ်တိုင် ပြောကြားနိုင်ခဲ့သည်။
အိမ်ထောင်ပြုဖို့ မပြုဖို့၊ တစ်ယောက်တည်းနေဖို့ မနေဖို့ဆိုတာ မပြောတတ်သေးပါဘူးလို့ပြောတဲ့ စိုးမြတ်နန္ဒာ
ဒါဒါက ကိုကျော်ရဲအောင် နဲ့ကားမှာ ကျောင်းဆရာမ ကာရိုက်တာပါ။ ကျရာနေရာ ကနေပြီး ကြိုးစားပြီး သရုပ်ဆောင်ပါတယ်။ ဘယ်နေရာ က ပါရပါပေါ့။ အခုတော့ အသက်အရွယ် နဲ့လိုက်တဲ့ ကာရိုက်တာတွေ ပိုရိုက် ဖြစ်တယ်။ လက်ရှိ ပုံစံနဲ့ လိုက်ဖက်တဲ့ ကာရိုက်တာပေါ့။ မလိုက်ဖက်ရင် တော့မရိုက်ပါဘူး။ ဒါပေမဲ့ လာငှားပြီဆို ရင်တော့ ဒါဒါနဲ့ လိုက်ဖက်တာပဲ လာငှားတာ  များပါ တယ်။ ဒါဒါက ဒရာမာရိုက်ရတာ ပိုနှစ်သက်တယ်။ အားလပ်တဲ့ အချိန်မှာလား အနုပညာကို ဒါဒါတို့ အနေနဲ့က လေ့လာ တယ်ဆိုတာထက် နေသား တကျ ဖြစ်နေပါပြီ။ ကိုယ်မလုပ် ဖူးသေးတဲ့ ကာရိုက်တာတွေ သာလေ့လာတယ်။ ကျန်တဲ့ အချိန်တွေမှာတော့ Relax ပဲနေပါတယ်။ အမြဲတမ်းကြီး စိတ်နှစ်လုပ် ရရင်လည်း သေရချည်သေး ရဲ့လေ။
ဒါဒါက စာလည်းဖတ်တယ်။ ကိုယ်ဖတ်လို့ရတဲ့ အသိတရားလေး တွေကို သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ နဲ့တွေ့ရင်တော့ မျှဝေပါတယ်။ အခုလည်း မေတ္တာသင်္ဂဟနဲ့က ပထမဆုံး လိုက်လှူဖြစ်တာ ကျန်တဲ့ အလှူတွေတုန်းက လိုက်ဖို့ အတွက် မတိုက်ဆိုင်လို့လေ။ ဒါပေမဲ့ ဒါဒါက ဘုန်းကြီး ကျောင်း တွေမှာတော့လှူဖြစ်တယ်။ Puplic ကို ထုတ် မပြဖြစ်တာ ပဲရှိတာပါ။ မိသားစုနဲ့ လှူတာတွေကတော့ အများကြီးပါပဲ။ အသက် အရွယ်ကြီးလာရင် အနုပညာ အလုပ်နဲ့ အပြင် စီးပွားရေးအလုပ်ကို တွဲလုပ်တတ်ကြ တယ်။ ဒါဒါရော အဲဒါကြောင့် ပိုးထည်ဆိုင် ဖွင့်ဖြစ်တာလား ဆိုတော့ ပိုးထည်ဆိုင် ဖွင့်တာက မြန်မာပြည်ကရက်တဲ့ ချိတ်ထမီတွေက ဟိုအရင်ကတည်းရှိပြီး နောင်လည်း ပျောက်ကွယ်မှာ မဟုတ်ဘူး ဆိုတာ သိလို့ပါ။
ဒါဒါက ဒီဇိုင်းတွေပန်းချီတွေကို ဝါသနာပါတယ်။ အဲဒါကြောင့် သူငယ်ချင်းနှစ်ယောက်နဲ့ သုံးယောက်ပေါင်းပြီး ဖွင့်ဖြစ် တာပေါ့နော် လို့ပြောသွားတဲ့ ဒါဒါကို သားလေးမြတ်သောမောင်ကရော တစ်ဦးတည်းသော သားဆိုတော့ စိတ်အစွန်း မရောက်အောင် ဘယ်လိုControl ပေးထိန်းကျောင်းလဲလို့ မေး တော့သားလေးကကျောင်းတက်နေတယ။် သူ့အတွက်တတနိုင် သလောက်လမ်းပြတယ်။ သူက လိမ္မာပါတယ်။ အစွန်းရောက်တဲ့ စိတ်သူ့မှာ မရှိပါဘူး။ သူ့ရဲ့ဗီဇ နဲ့ပဲဆိုင်ပါလိမ့်မယ်လို့ ပြောလာတဲ့ ဒါဒါကို တစ်ယောက်တည်းပဲ နေတော့မှာလား၊ အိမ်ထောင် မပြုတော့ဘူးလား လို့မေးကြည့် တော့ တစ်ယောက် တည်းနေဖို့ မနေဖို့ဆိုတာကတော့ မပြောတတ်သေးပါဘူးလို့" သူမက ပြောသွားပါတယ်။
သတင်းဆိုးတွေအတွက် ဘယ်လိုမှ မခံစားရပါဘူးဆိုတဲ့ Rဇာနည်ရဲ့ ၀မ်း
Rဇာနည်ရဲ့ ဘေးနား မှာ လိုအပ် တာတွေ ဖြည့်ဆည်း ပေးရင်း ပါရမီ ဖြည့်ဘက် အဖြစ်
ရပ်တည်ခဲ့တဲ့ ဝမ်းနဲ့ပြောဖြစ်သမျှက-
စင်ကာပုခရီးစဉ်မှာ လိုက်သွားဖြစ် မလား။
လိုက်သွားမှာပါ။ ကလေးပါ ခေါ်သွားမှာ။ အလည် အပတ်သွားရင်း နဲ့ပေါ့။
အစ်ကို့အတွက် Show ပွဲ မှာ အဆင်ပြေဖို့ အမဘေးကနေပြီး ဘာတွေပြင်ဆင်ပေးလဲ။
ဒီပွဲစပြီး စကားပြောက တည်းက ဝမ်းဆီကို ဆက်သွယ်လာတော့ သူ့ကို ပြောပြတယ်။ သူနဲ့ ချိန်းပေးတယ်။ ပြီးမှ ဆွေးနွေးတိုင်ပင် ညှိနှိုင်းပြီးတော့မှ လုပ်တာပါ။ သူ့ရဲ့ဖက်ရှင်ပိုင်းမှာလည်း နှစ်ယောက်လုံး တိုင်ပင်တယ်။ သူက ဝတ်ရမယ့်သူလေ။ သူမကြိုက်ဘဲနဲ့ ကိုယ်က အတင်းစီစဉ်ပေးတော့ လည်း အဆင်မပြေဘူးလေ။ နှစ် ယောက်လုံးတိုင်ပင်ပြီးမှ အမြဲဝယ် ပါတယ်။
ခင်ပွန်းသည်အတွက် ပြည်တွင်းက ပွဲတွေမှာ ပရိသတ်အခိုင်အမာ ရှိပြီး သားဆိုတော့ ပြည်ပကပွဲအတွက် ကော ရင်ခုန်မိသေးလား
ပြည်တွင်းပဲဖြစ်ဖြစ်၊ ပြည်ပပဲဖြစ်ဖြစ် အဓိကက ကိုယ့် မြန်မာတွေကိုပဲ သွားဖြေဖျော်တာ ဆိုတော့ဒီကသူ့ပရိသတ်တွေလည်း ပါသွားမယ်။ ဟိုက မြန်မာပရိသတ် တွေလည်းပါမယ် ဆိုတော့ အဲဒါမျိုး တော့ မရှိပါဘူး။
အောင်မြင်တဲ့ အဆိုတော်တစ်ယောက် ရဲ့ဇနီးဘဝမှာ ဘယ်လိုစိတ်ပင်ပန်းမှု မျိုးတွေရှိလဲ။
သီးသန့်ကြီးတော့ မရှိပါ ဘူး။ တစ်ခါတလေ အလုပ်တွေ အရမ်းပင်ပန်းတဲ့အခါ စိတ်ပင်ပန်းမှု ဆိုတာတော့ရှိတာပေါ။့ ကျန်တဲ့အပိုင်း တော့မရှိပါဘူး။
မိန်းကလေးတစ်ယောက် အိမ်ထောင် ကျပြီးပြီဆိုရင် မိသားစုဘဝတစ်ခု အတွက် ပေးဆပ်လိုက် ရတာများတယ်လေ။ ဝမ်းရော ဘယ် လိုခံစားမိလဲ။
ဒီလိုလုပ်ရတယ်ဆိုတာ ကိုယ့်ရဲ့ရွေးချယ်မှုပဲလေ။ကိုယ်ဒီဟာ ကို ကြိုက်လို့ ရွေးချယ်ခဲ့တာပဲလေ။ အဲဒီတော့ ကိုယ်လုပ်သင့် လုပ်ထိုက်တာကို လုပ်တဲ့ အတွက် အဆင်ပြေပါ တယ်။ ကိုယ်ဒါကို ရွေးချယ်လိုက်မှ တော့ရွေးချယ်လိုက်တာကိုပဲအောင် မြင်အောင်ကြိုးစားရတော့မှာပေါ့။
သားအတွက် ဆုံးဖြတ်ချက်တွေချ ပြီဆိုရင် နှစ်ယောက်ဘယ်လိုတိုင် ပင်လဲ။
သားအတွက်ဆိုရင် တော့ ဝမ်းကပဲ ဆုံးဖြတ်ရတာများ တယ်။ဒါပေမယ့် ဆုံးဖြတ်ြပီးတိုင်း သူ့ကိုအရင်တိုင်ပင်တယ်။ သူက လည်း ဒါလေးလုပ်ချင်တယ်ဆို ရင်လုပ်ဆိုတာပဲ အမြဲပြောပါတယ်။ ဝမ်းကလည်း သူ့ကိုပဲ အရင်အသိ ပေးတယ်။ တိုင်ပင်ပြီးမှပဲ လုပ်ပါ တယ်။
ကိုRဇာနည်နဲ့ ပတ်သက်တဲ့ သတင်းဆိုးတွေထက်လာတဲ့အခါ ဘယ်လိုခံစားရလဲ။
ကိုယ်နဲ့ အတူတူနေနေ တဲ့အခါကျတော့ ဟုတ်လား မဟုတ်လားဆိုတာ ကိုယ်ကအသိ ဆုံးပဲလေ။ နှစ်ယောက်အတူတူ နေတဲ့အခါ သူ့စိတ်ကို ကိုယ်ကသိ တယ်လေ။ အဲဒီအတွက် မဟုတ် ဘူးဆိုရင်လည်း သိတယ်။ ဟုတ် တယ်ဆိုရင်လည်း ချက်ချင်း သိမှာ ပဲ။ အဲဒီအတွက် ဘယ်လိုမှ မခံစား ရပါဘူး။ ဝမ်းကတော့ အေးချမ်း ပြီး ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပဲ လိုချင်တာပေါ့နော်။ အဲဒီအတိုင်း ဖြစ်အောင်လည်း အတတ်နိုင်ဆုံး တည်ဆောက်ထားပါတယ်။
ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမယ်လို့ သမ္မတဦးသိန်းစိန်ပြော
မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တောင်ကိုရီးယား သမ္မတ တွေ့ဆုံ
 တောင်ကိုးရီးယားကို ၃ ရက်ကြာ ခရီးစဉ်အဖြစ် တနင်္လာနေ့ ကစပြီး ရောက်ရှိနေတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ စီးပွားရေး ဝန်းကျင် ကောင်း ရဖို့ ဥပဒေပိုင်း ဆိုင်ရာမှာ ပြုပြင် ပြောင်းလဲ မှုတွေ လုပ်သွား မယ်လို့ ကတိပေး ပြောကြား လိုက်ပါတယ်။
လုပ်သား အင်အား အထူးပြု လုပ်ငန်းတွေ လိုအပ်နေကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်း တွေမှာ ရင်းနှီး မြှုပ်နှံမှုတွေ လိုအပ် နေကြောင်းလည်း သမ္မတ ဦးသိန်းစိန်က ပြောသွားပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ တောင်ကိုးရီးယား သမ္မတ လီမြောင်ဘတ်နဲ့လည်း သမ္မတ အိမ်ပြာတော်မှာ မနေ့တုန်းက တွေ့ဆုံခဲ့ပါတယ်။
နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ဖို့၊ တောင်ကိုးရီးယား ကနေ မြန်မာနိုင်ငံမှာ ပိုမို ရင်းနှီးမြှပ်နှံဖို့လည်း သဘောတူခဲ့ ကြပါတယ်။
ဆူဇူကီ ကား စက်ရုံ မြန်မာမှာ တည်ဆောက်မယ်
ဂျပန်နိုင်ငံက ဆူဇူကီ မော်တာ ကော်ပိုရေးရှင်းကြီးက မြန်မာနိုင်ငံမှာ စက်ရုံဆောက်ဖို့ အစီအစဉ်ရှိပြီး တနှစ်မှာ ကား အစီးပေါင်း ၂၀၀၀၀ က ၃၀၀၀၀ ( ၂ သောင်းကနေ ၃ သောင်းထိ) တပ်ဆင်
ထုတ်လုပ်ဖို့ အစီအစဉ် ရှိပါတယ်တဲ့။
ကမ္ဘာ့ အကြီးဆုံး စက်မှု ပေါင်းစုံ ကုမ္ပဏီတွေထဲက တခုရဲ့ မြန်မာ့ တိုးတက်မှုတွေကို တွန်းအားပေး ဖို့ ဖြစ် တယ်လို့ သတင်းရင်း မြစ်တခုက ဆိုပါကြောင်း ယနေ့နေ့စွဲနဲ့ အာဆာအိ ရှင်ဘွန် သတင်းတပုဒ်မှာ ဆိုပါ တယ်။
ဒီလိုဆိုရင် မြန်မာနိုင်ငံမှာ ကားတပ်ဆင် စက်ရုံတွေ ရောက်လာမယ်ဆိုတော့ အလုပ်အကိုင်တွေလည်း ရဖို့ ရှိပြီး ကား ဈေးတွေလည်း အခုထက် ပိုကျလာဖို့ ရှိနိုင်ပါတယ်။ 
ဆေးတက္ကသိုလ်ဝင်ခွင့် အထူး အစီအစဉ်အတွက် နယ်စပ်ကျောင်းသား ၃၄ ဦးရွေးချယ်
ဆေးတက္ကသိုလ်များတွင် တက်ရောက် ပညာသင်ခွင့်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများမှ ကျောင်းသား ၃၄ ဦးကို ရွေးချယ်လိုက်ကြောင်း ဆေး
သိပံ္ပပညာ ဦးစီးဌာနမှ သိရသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့် သွား   လာရေးနှင့်   မှုရေးခက် ခဲသော   ဒေသများမှ 
 ကျောင်းသားများအတွက် ဆေးတက္ကသိုလ် တက်ရောက် ပညာသင်ခွင့် အစီအစဉ်ကို ယခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား ၂၀၀ နီးပါး လျှောက်ထားခဲ့ကြကြောင်း သိရသည်။
"ဒီနှစ်အတွက် ရွေးချယ်ထားတဲ့ ကျောင်းသားအများစုက မကွေးဆေးတက္ကသိုလ်မှာ တက်ရောက်ရမှာ ဖြစ်ပါတယ်။ အမှတ်ကိုတော့ ပြောလို့မရပါဘူး။ မူနဲ့ ကိုက်ညီတဲ့ သူတွေထဲက ရွေးချယ်လိုက်တာပါ"ဟု ဆေးသိပံ္ပပညာ ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုဖြစ်သော နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ၀ဒေသများနှင့် ဒေသ စရိတ် ခံစားခွင့် ပြုထားသော ဒေသများတွင် အမြဲနေထိုင်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို သိပံ္ပဘာသာတွဲဖြင့် အောင်မြင်ထားသော ကျောင်းသားများကို ဆေးတက္ကသိုလ် တက်ရောက်ခွင့်ပြုရန် စတင်ဆောင်ရွက်နေပြီဖြစ်သည်။
ဆေးတက္ကသိုလ် ၀င်ခွင့်အတွက် သီးခြား လျှောက်ထားရသော အစီအစဉ်တွင် ရွေးချယ်ခံရသော ကျောင်းသားများအနေဖြင့် ဆေးပညာသင်ယူပြီးဆုံးပါက မိမိဒေသတွင် ငါးနှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ရန် သတ်မှတ်ထားသည်။