468x60 Ads


Thursday, November 15, 2012

သမ္မတ အိုဘားမား မလာခင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမည်....

မြန်မာအစိုးရအနေနဲ့ အကျဉ်းထောင်တွေထဲက အကျဉ်းသား ၄၅၂ ဦး ကို အမေရိကန်သမ္မတ အိုဘားမား မလာရောက်ခင်ပြန်လွှတ်ပေးမယ်လို့မြန်မာ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ကိုမြန်မာနိုင်ငံ အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။ ဒါပေမဲ့ ဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါမယ်၊ မပါဘူးဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး Amnesty International ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ မစ္စတာ T Kumar က အခုလို ပြောကြားလိုက်ပါတယ်။
“အခု လွှတ်ပေးမယ်ဆိုတဲ့ ၄၅၀ ထဲမှာ ရာဇဝတ်သားတွေ ဘယ်လောက် ပါနေသလဲဆိုတာ ကျနော် တို့ မသိပါဘူး၊ ဒါကြောင့် အစိုးရအနေနဲ့ ဘယ်သူတွေကို လွှတ်ပေးမယ်၊ ဘယ်သူတွေကို လွှတ်ပေး တယ် ဆိုတာကို တရားဝင် ထုတ်ပြန်ပေးဖို့ လိုပါတယ်။ ယုံကြည်မှုကြောင့် အကျဉ်းကျနေ သူတွေ ဘယ်လောက်ပါနေတယ်ဆိုတာကိုဒီလိုထုတ်ပြန်တဲ့အခါမှသာနော်တို့သိနိုင်တာဖြစ်ပါတယ်။အခုအချိန်အထိ သူတို့ဟာ ဘာကြောင့် အားလုံးကို မလွှတ်ပေးနိုင်ဘူးလဲဆိုတာကို ကျနော်တို့ သိပ် နားလည်ရ ခက်ပါတယ်။”
သမ္မတအိုဘားမားသွားရောက်မယ့် ခရီးဟာမြန်မာနိုင်ငံအတွက် အတော် အကျိုးရှိမဲ့ ခရီးစဉ်ဖြစ်တဲ့ အတွက် ဒီခရီးစဉ်မတိုင်ခင် ယုံကြည်မှုကြောင့် အကျဉ်းကျနေသူ အားလုံးကို လွှတ်ပေးသင့်တယ် လို့လည်း မစ္စတာ ကူးမားရ်က ဆက်ပြောပါတယ်။
“သမ္မတအိုဘားမားသွားရောက်မယ့် ခရီးစဉ်ဟာ မြန်မာနိုင်ငံအတွက် သိပ်ကို အရေးပါတဲ့၊ ကြီးမဉ်ားတဲ့ အင်အားပေးမှု တရပ်ဖြစ်ပါတယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ယုံကြည်မှုကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ လိုအပ်ပါတယ်။ ဒါကို ကျနော်တို့ အမြဲတမ်းတောင်းဆိုနေခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ဆီမှာ မှတ်သားထားတဲ့ စာရင်းဇယားအရ ယုံကြည်မှုကြောင့် အကျဉ်းကျနေတဲ့ လူတွေရဲ့ အရေအတွက်ဟာ အများကြီး ရှိနေပါတယ်။
..ဆိုတော့ အခုလွှတ်ပေးလာတဲ့ စာရင်းအတိုင်း ကျနော်တို့ နှိုင်းယှဉ်စစ်ဆေး ကြည့်ပြီးတဲ့အခါမှ ဘယ်နှစ်ယောက် ကျန်သေးတယ်ဆိုတာကို ကျနော်တို့ ပြောနိုင်မှာဖြစ်ပါတယ်။”
ဒီလို နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမယ်ဆိုတဲ့သတင်းကိုတော့ နိုဝင်ဘာလ ၁၅ ရက်နေ့ ထုတ် အစိုးရသတင်းတွေမှာ တရားဝင် ကြေညာမယ်လို့ ဦးဇော်ဌေးကို ကိုးကားပြီးမန်မာ အခြေစိုက် သတင်းဌာနတွေကဖော်ပြနေကြပါတယ်။နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက မစ္စတာ အိုဘားမားမြန်မာနိုင်ငံကို သွားရောက်တဲ့အခါ တိုင်းရင်းသား ပဋိပက္ခတွေဖြေရှင်းရေးနဲ့အတူ အကယုံကြည်မှုကြောင့် အကျဉ်းကျခံနေရသူတွေ အားလုံး လွတ်မြောက်ရေးကိုလည်း တောင်း ဆိုနေကြတာ ဖြစ်ပါတယ်။

Wednesday, November 14, 2012

အိန္ဒိယကို လာရောက်ရခြင်းမှာ "ကျွန်မအတွက် ဘာမျှော်လင့်ချက်မှ မရှိပါဘူး ဆိုတဲ့" မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်အတွက် ဂန္ဓီလက်ဆောင်များ
 နယူးဒေလီမြို့သို့ရာက်ရှိနေသောမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒ်ါအောင်ဆန်းစုကြည်သည်အိန္ဒိယနိုင်ငံေ
တော် ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း၏ နေအိမ်သို့ နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲက စတင်၍ သွားရောက်တွေ့ဆုံနေပြီ ဖြစ်သည်။
ယခု တွေ့ဆုံခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး မေလ ၂၉ ရက်နေ့က ရန်ကုန်မြို့သို့ မန်မိုဟန်ဆင်း လာရောက်စဉ် ကလည်း ဒေါ်အောင်ဆန်းစုကြည်က သွားရောက် တွေ့ဆုံခဲ့ဖူးသည်။
ခရီးစဉ်အတွင်း မျှော်လင့်ချက်များနှင့် ပတ်သက်၍ “ကျမအနေနဲ့ သီးသီးခြားခြား မျှော်လင့်ထားချက်ရယ်လို့ မရှိပါဘူး။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် နည်းလမ်းတွေ ရှာဖွေဖို့ ရောက်လာတာ ဖြစ်ပါတယ်။ ချစ်ကြည်ရင်းနှီးမှုအတွက်ပါ” ဟု နံနက်ပိုင်းက သတင်းထောက်များအား ပြောကြားထားသည်။
ထိုသို့ မတွေ့ဆုံမီ နံနက် ၁၀ နာရီခွဲခန့်ကလည်း အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Ranjan Mathai ကဒေါ်အောင်ဆန်းစုကြည်တည်းခိုရာLeelaPalaceဟိုတယ်သို့လာရောက်တွေ့ဆုံ ဆွေးနွေးသွားခဲ့သေးသည်။

မဟတ္တမဂန္ဓီ အထိမ်းအမှတ် ဂူဗိမာန်သို့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံတက် ၈ နာရီ ၅ဝ မိနစ်က ဒေါ်အောင်ဆန်းစုကြည် လာရောက်ဂါရဝပြု အဖြူရောင် ပန်းခွေချပြီးနောက် ဂူဗိမာန် တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ လက်ဆောင်များထဲတွင် ဂန္ဓီကြီး၏ အထ္ထုပ္ပတ္တိ စာအုပ်များနှင့် ဂန္ဓီကြီး ရေးသားခဲ့သောစာအုပ်များ၊ ဂန္ဓီကြီး၏ ကိုယ်တပိုင်း ရုပ်တုနှင့် ဂန္ဓီကြီး၏ ‘လူမှုဒုစရိုက်တရား ၇ ပါး’ စာတမ်းများ ရေးထားရာ စာလိပ်ကြီးတခုလည်း ပါဝင်သည်။
အိန္ဒိယနိုင်ငံသို့ခြောက်ရက်ကြာခရီးစဉ်အဖြစ်ရောက်ရှိလာသည်မှာနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအတွက်ဖြစ်
ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ကျမအနေနဲ့ သီးသီးခြားခြား မျှော်လင့်ထားချက်ရယ်လို့ မရှိပါဘူး။ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေ အတွက်နည်းလမ်းတွေ ရှာဖွေဖို့ ရောက်လာတာ ဖြစ်ပါတယ်။ ချစ်ကြည် ရင်းနှီးမှု အတွက်ပါ” ဟုနိုဝင်ဘာလ ၁၄ရက်နေ့ကမဟတ္တမဂန္ဓီဂူဗိမာန်သို့လာရောက်ဂါရဝပြုစဉ်သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြား သွားခဲ့သည်။
လိုဒီးဥယျာဉ်သို့ သွားရောက်လည်ပတ်အင်္ဂါနေ့ နေ့လည်က ဒေါ်အောင်ဆန်းစုကြည်သည် နယူးဒေလီရှိ ထင်ရှားလူသိများသောခရီးသွားများလာရောက်လေ့ရှိရာရှေးဟောင်းသုတေသနဌာနကထိန်းသိမ်းထားသော လိုဒီးဥယာဉ်သို့ သွားရောက်လည်ပတ်ခဲ့သည်။
အိန္ဒိယနိုင်ငံ နယူးဒေလီရှီ မဟတ္တမဂန္ဒီ အထိမ်းအမှတ် ဂူဗိမာန် Gandhi Samadhi တွင် ကွယ်လွန်သူ အိန္ဒိယနိုင်ငံ ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီအား ရည်စူး ဂါရဝ ပြုကာ လွမ်းသူ့ပန်းခွေချနေသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။

အိန္ဒိယနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် Gandhi Samadhi ၌ အိန္ဒိယနိုင်ငံ၏ ကွယ်လွန်သူ ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီအား ရည်စူး၍ နိုဝင်ဘာ ၁၄ ရက် ဗုဒ္ဓဟူးနေ့ နံနက်က လွမ်းသူ့ပန်းခွေ ချကာ ဂါရဝ ပြုခဲ့သည်။ ထိုသို့ဂါရဝ ပြုရာတွင် အောက်လွှတ်တော် အမတ် ကိုဖြိုးဇေယျာသော်၊ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး အရာရှိ ဒေါက်တာ တင်မာအောင် နှင့် ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ကိုဘန်းနီတို့လည်း လိုက်ပါခဲ့ကြသည်။




အိုက်တင် ကိုပဲ အဓိကထားတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်..

လတ်တလောမှာ သင်ဇာဝင့်ကျော်က ဒါရိုက်တာ မောင်မောင်မြင့်လွင် ရိုက်ကူးနေ တဲ့ “မော်ဒန်နိုက်(စ်) လူကြမ်း” ဇာတ်ကားကို သူထူးစံ၊ မင်းဦး တို့နဲ့အတူ ပါဝင် သရုပ်ဆောင် နေပါတယ်။ သင်ဇာဝင့်ကျော်က ဇာတ်လမ်း အဆန်း လေးတွေလည်း ရိုက်ဖြစ်နေတာနဲ့ ပတ်သက်ပြီး “ကိုယ့်ကို ဇာတ် တစ်ပုဒ် လာငှားပြီဆိုရင် ဇာတ်ကို အရင် ဖတ်တယ်။ ပြီးရင် မင်းသမီး ဘယ်နှယောက်ပါလဲ ကြည့်တယ်။ ဇာတ်ကားရိုက်ပြီ ဆိုရင်လည်း တစ်ကား နဲ့တစ်ကား အိုက်တင် မထပ်အောင် ဂရုစိုက် ပါတယ်။ အဓိကက ကာရိုက်တာ မှာ မု(ဒ်)ဝင်သွားတယ်၊ အိုက်တင်လည်း ကောင်းတယ်ဆိုရင် ပရိသတ်တွေ ကလည်း ကြည့်ရတာ ရိုးမှာ မဟုတ်ပါဘူး။
သင်ဇာတို့ကအဝတ်အစားပိုင်းမှာလည်းသိပ်ပြီးတော့ပြောင်းလဲလို့မရဘူး။ကာရိုက်တာပေါ်မူတည်ပြီး ပြောင်း
ပေမယ့် အဓိကကတော့ အိုက်တင်ပိုင်း ကိုပဲ အဓိက ထားပြီးလုပ်ဖြစ်တယ်” လို့ ပြောပါ တယ်။ သင်ဇာဝင့်ကျော်က သီလရှင်ဝတ်ပြီး ထွက်လာတဲ့ နောက်ပိုင်းမှာ ဇာတ်ကားထဲက ကာရိုက်တာ နဲ့လိုက်အောင် ကိုယ်ကြိုက်တဲ့ ဆံပင်တု ပုံစံမျိုးကို တပ်ပြီး သရုပ်ဆောင် ရတဲ့ အခါမှာပိုပြီးတော့အဆင်ပြေတယ်လို့ ဆိုပါတယ်။
သင်ဇာ ဒီအနုပညာ လောကထဲ ရောက်တဲ့ အချိန်မှာ ရန်ကုန်မှာ ပြုလုပ်တဲ့ အကယ်ဒမီပွဲကို တစ်နှစ်ပဲ တက်ခဲ့ ဖူးတယ်။ အဲဒီတုန်းက သင်ဇာက မော်ဒယ်ပဲ ရှိသေးတယ်။ သရုပ်ဆောင်တောင် မဖြစ်သေးဘူး။ နောက်နှစ် လည်းကျရော သင်ဇာက ဗန်းကိုင် ဖြစ်သွားတယ်။ အဲဒီနှစ်မှာပဲ နေပြည်တော် မှာကျင်းပတော့ သင်ဇာက နှစ်တိုင်း နေပြည်တော်ပဲ တက်နေရတယ်။
ဒီနှစ်က ရန်ကုန် မှာပြန်ဖြစ်တဲ့ အခါဆိုတော့ သင်ဇာ့အနေနဲ့ စိတ်ခံစားမှုက အသစ်ပြန်ဖြစ် မယ်ဆို တာတော့ သေချာတယ်။ နောက်ပြီး သရုပ်ဆောင် တစ်ယောက် အနေနဲ့ ရန်ကုန် မှာ ပြုလုပ်တဲ့ အကယ်ဒမီပွဲ ကိုတော့ ဒါပထမ ဦးဆုံး တက်ဖြစ် မှာပါ” လို့ အကယ် ဒမီ ရင်ခုန်သံကို ပြောပြခဲ့ပါတယ်။

သံသယ စိတ်လေး တစ်ခုကြောင့် လူတစ်ယောက်ကို သတ်မိခဲ့သူ..

မတ္တရာမြို့နယ်၊ အုတ်ဖိုလေး ကျေးရွာ ယာစောင့် တဲတွင် အောက်တိုဘာ ၂၉ရက် နံနက်က လူသတ်မှုဖြစ်ပွား ခဲ့သည်။ ယင်းကျေးရွာနေ ဦးမြင့်အောင် က ထိုနေန့ နံနက် ၆နာရီ ခန့်က ယာမြေကွက်သို့ ပဲမျိုးစေ့ချရန် သွားရောက်ရာတွင် ၄င်း၏ မွေးစားသားသည် ဝဲဘက်ရင်အုံနှင့် ဝဲလက်ဖျံတို့၌ ဓား ဒဏ်ရာများဖြင့် သေဆုံး နေကြောင်း တွေ့ရ၍ ဆည်တော်ကြီး ရဲစခန်းသို့ သွားရောက် အမှုဖွင့်တိုင်ကြားခဲ့သည်။
အဆိုပါလူသတ်မှုကို မတ္တရာမြို့နယ် ရဲတပ်ဖွဲ့ မှူးနှင့် ရဲစခန်းမှူး တို့က စစ်ဆေး ဖော်ထုတ် ရာတွင် ပတ်ဝန်းကျင်သက်သေထွက်ဆိုချက်များအရလူသတ်မှုကျူးလွန်သူ မောင်ကျော်(ခ)ကျော်မောင်နှင့် ညွန့်မင်း
တို့အား အောက်တို ဘာ၃၁ရက် ည၁၁နာရီ အချိန်တွင် မတ္တရာမြို့နယ် တံတား ဖြူကျေးရွာတွင်ပြစ်မှု ကျူးလွန်ရာတွင်သုံးသည့်အရိုးအသွား ၁၆ လက်မရှိ ဓားဦးချွန်နှင့် အတူ ဖမ်းဆီး ရမိခဲ့သည်။
အမှုဖြစ်စဉ်မှာ အောက်တိုဘာ၂၈ရက် ညနေ ၄နာရီက သေဆုံးသူ နေထိုင်သည့် ယာတဲနှင့် ကပ်လျက်နေထိုင်သည့်ကိုကျော်(ခ)ကျော်မောင်က၄င်း၏ဇနီးနှင့်သဆုံးသူ တို့ လူမှုရေးဖောက်ပြန်သည်ဟု မသင်္ကာဖြစ်ရာမှ စကားများ ရန်ဖြစ်ကြသည် ဟုဆိုသည်။
ထိုသို့ စကားများပြီး အောက်တိုဘာ ၂၉ ရက်တွင် တင်ဇော်ထွန်း အသတ် ခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ လူသတ်မှုနှင့် ပတ်သတ်၍လူသတ်မှုတွင်ပါဝင် ပတ်သက်သူ ကိုကျော်(ခ) ကျော်မောင်နှင့် ညွန့်မင်း တို့အား ဆည်တော် ကြီးရဲစခန်းမှ (ပ) ၂၄/၂၀၁၂ ပုဒ်မ - ၃၀၂ အရ အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။

ပြေတီဦးမွေးနေ့မှာ အိန္ဒြာကျော်ဇင် ဘာလက်ဆောင်ပေးမှာလဲ...

ဒါရိုက်တာ ဟိန်းစိုးရိုက်ကူးတဲ့ ‘ပြိုင်ဘက်’ ဇာတ်ကားမှာ လူမင်းနဲ့အတူ သရုပ်ဆောင်နေတဲ့ အိန္ဒြာကျော်ဇင်က သီတင်းကျွတ် လပြည့်နေ့မှာ နှစ်ဖက်လူကြီး မိဘတွေကို မိသားစုနဲ့အတူ လိုက်ကန်တော့ဖြစ်ခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာ၃ဝရက်နေ့မှာကျရောက်မယ့် ပြေတီဦးရဲ့မွေးနေ့အတွက် လက်ဆောင်ပေးဖို့ ဘာစီစဉ်ထားပြီလဲလို့ အိန္ဒြာကျော်ဇင်ကို မေးတော့ ”ဘာပေးရင် ကောင်းမလဲတော့ စဉ်းစားနေတယ်။ ပစ္စည်းတစ်ခုက ကိုယ်လိုချင်တဲ့ အရာကိုပေးရင် ပိုကြိုက်တတ်ကြတယ်လေ။ ကိုယ်လိုချင်တဲ့ အရာကိုပေးရင် အဆင်လည်းပြေတယ်။ ပိုလည်းကြိုက်တတ်ကြတော့ အစ်မက အဲဒီလိုမျိုးလေးဖြစ်စေချင်တယ်။ကိုယ့်ဟာကိုပေးတယ်ဆိုတာထက်သူဘာလိုချင်မလဲ၊ဘာလိုအပ်မလဲဆိုတာ
ကို မေးပြီး ပေးချင်တာ။ သူကတော့ တင်းနစ်နဲ့ ပတ်သက်တာကို လိုချင်တယ်ပဲပြောမှာပဲ”လို့ ပြောပြီး မနှစ်က မွေးနေ့မှာတော့ တင်းနစ်ဖိနပ်လေးကို လက်ဆောင် ပေးခဲ့တာ ဖြစ်ပါတယ်။
ပြေတီဦးရဲ့မွေးနေ့မှာနှစ်ရက်ခွဲပြီးကျင်းပမယ့်ပြေတီဦးဖောင်ဒေးရှင်းရန်ပုံငွေပွဲမှာပါဝင်မယ့်အိန္ဒြာကျော်ဇင်က “လူကြီးတွေနဲ့meetingပြန်ထိုင်ပြီး ဘယ်လိုပုံစံလေး လုပ်မယ်ဆိုတာ တိုင်ပင်ဆွေးနွေး ကြရဦးမှာလေ။ နှစ်တိုင်း လုပ်နေတယ်ဆိုတော့ အရင်နှစ်နဲ့မတူအောင် ထူးခြားအောင် ဘာလုပ်ကြမလဲလို့ အကုန်လုံးက ခေါင်းထဲမှာ ရှိကြတယ်။ မတူအောင်တော့ လုပ်ကြမှာပါ”လို့ ပြောပြပါတယ်။

၂၀၁၂ အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဘယ်သူလဲ

 ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုနဲ့ နည်းပြဆုအတွက် ဆန်ကာတင် စာရင်းကို ဖီဖာအဖွဲ့ချုပ်က မနေ့ကကြေညာလိုက်ပြီဖြစ်ပါတယ်။ ဆန်ကာတင် လူစာရင်းထဲမှာ ယူရို ၂၀၁၂ ချန်ပီယံ စပိန်အသင်းသားတွေ အများစုပါဝင်လာပြီး အလွန်ဆို၊ ဘက်စကွက်၊ ပီကေး၊ ရာမို့စ်၊ ဇာဗီ၊ ကာဆီးလက်၊ အင်နီယေစတာတို့ အားလုံးပေါင်း ၇ ယောက်တိတိ ပါဝင်လာခဲ့ပါတယ်။
အလားတူ စပိန်အသင်းရဲ့ အောင်မြင်မှုကို ဖော်ဆောင်ပေးခဲ့တဲ့ ဒယ် ဘော့စကေးဟာလည်း အကောင်းဆုံး နည်းပြစာရင်းမှာ အီတလီ အသင်းနည်းပြ ပရန်ဒယ်လီနဲ့ အတူ ပါဝင်လာခဲ့ပါတယ်။ စပိန်နဲ့ အီတလီ အသင်းတို့ ဟာ ယူရို ပြိုင်ပွဲတုန်းက ဖိုင်နယ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ နှစ်သင်းဖြစ်ပါတယ်။ ၂၀၁၁ တုန်းက အကောင်းဆုံးဆုရခဲ့တဲ့ လီယွန်နယ် မက်ဆီဟာ ဆန်ကာတင်စာရင်းမှာ ပြန်လည်ပါဝင်လာပြီး ဒုတိယဖြင့်သာကျေနပ်ခဲ့ရတဲ့ရော်နယ်ဒိုဟာလည်းဆန်ကာတင်စာရင်းမှာပြန်လည်ပါဝင်လာပြီးဆုရဖို့ ရေပန်း
စားနေပါတယ်။ နောက်ထပ် ရေပန်းစားနေတဲ့ ကစားသမားကတော့ အန်ဒရေ ပီယာလို ဖြစ်ပြီး ဂျူဗင်တပ် အသင်းနဲ့အီတလီနိုင်ငံအတွက်အကောင်းဆုံးစွမ်းဆောင်ပေးထားတဲ့ကစားသမားဖြစ်ပါတယ်။ ရှေ့ တန်းကစား
သမားတွေထဲက နာမည်ကြီး ၀ိန်း ရွန်းနီနဲ့ အတူ ကိုလံဘီယာ ကစားသမား ဖယ်ကာအိုနဲ့ ဘရာဇီး ကစားသမားနေမာတိုလည်းပါဝင်လာပါတယ်။ ရွန်းနီဟာ အင်္ဂလိပ်ကစားသမားတွေထဲက တဦးတည်းသော ဆန်ကာတင်စာရင်းမှာ ပါဝင်လာတဲ့ ကစားသမားဖြစ်ပြီး ၂ နှစ်ဆက်တိုက် ဆန်ကာတင်စာရင်းထဲ ပါဝင်ထားပါတယ်။
ပရီးမီးယားလိဂ်က ကစားသမားတွေထဲက ယမန်နှစ် ဂိုးသွင်းအများဆုံး ကစားသမား ဗန်ပါစီနဲ့ လက်ရှိချန်ပီယံ မန်စီးတီး အသင်းမှာ ဘာလော့တယ်လီ၊ အဂူရိုနဲ့  ယာယာ တိုရေး တို့ လည်း ဆန်ကာတင်စာရင်းမှာ ပါဝင်လာပါတယ်။ နည်းပြ စာရင်းထဲမှာတော့ ဆာအဲလက်စ် ဖာဂူဆန်က မန်စီးတီး အသင်းကို နှစ် ၄၀ ကြာကျော်ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ကို ပြန်လည်ယူဆောင်ပေးခဲတဲ့ မန်ချီနီနဲ့ အတူ ပါဝင်နေပြီး မထင်မှတ်ဘဲ ၂၀၁၂ ရဲ့ နာမည်အကျော်ကြားဆုံး နည်းပြစာရင်းထဲ ၀င်သွားတဲ့ ရော်ဘတ်တို ဒီ မက်တီယို ဟာလည်း ချယ်ဆီးအသင်းကို ပထမဦးဆုံး ချန်ပီယံလိဂ်ဖလား အိမ်မက် ယူဆောင်ပေးခဲ့တာကြောင့် ဆုရဖို့ ရေပန်းစားနေပါတယ်။
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၇ ရက်နေ့မှာ အခမ်းအနားနဲ့ ကြေညာကာ ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
ဆန်ကာတင် ကစားသမားများ
အဂူရို၊ အလွန်ဆို၊ ဘာလော့တယ်လီ၊ ကာရင် ဘန်ဇီမာ၊ ဘက်ဖွန်၊ ဘက်စကွက်၊ ကာဆီးလက်၊ ရော်နယ်ဒို၊ ဒရော့ဘာ၊ ဖယ်ကာအို၊ အီဗရာဟီမိုဗစ်၊ အင်နီယေစတာ၊ မက်ဆီ၊ နူအာ၊ နေမာ၊ အိုဇေးလ်၊ ပီကေး၊ ပီယာလို၊ ရာမို့ စ်၊ ရွန်းနီ၊ ယာယာ တိုရေး၊ ဗန်ပါစီ၊ ဇာဗီ
ဆန်ကာတင် နည်းပြများ
ဘော့စကေး၊ ရောဘတ်တို ဒီမက်တီယို၊ အဲလက်စ် ဖာဂူဆန်၊ ဂါဒီယိုလာ၊ ဂျက် ဟေးနက်၊ ဂျာဂန် ကလော့၊  ဂျုချင်လို၊ မန်ချီနီ၊ မော်ရင်ညို၊ ပရန်ဒယ်လီ

ပြန်ကြားရေး ၀န်ကြီးဌာန က စာနယ်ဇင်းကောင်စီကို သတိပေးပြီ..




တရုတ်ဟာ မဟာအင်အားကြီးနိုင်ငံ ဖြစ်လာတော့ မှာလား


တရုတ်နိုင်ငံ၏ သဘာဝတောတောင် ကန္တာရများနဲ့ ထွက်ပေါက်လမ်းများပြပုံ

တရုပ်နိုင်ငံကိုနောင်တက်လာမည့်မဟာအင်အားကြီးနိုင်ငံတခုအဖြစ်ကမ္ဘာ့မီဒီယာတွေကပြောဆိုနေကြတယ် တရုပ်နိုင်ငံဟာကမ္ဘာပေါ်မှာရှေ့အကျဆုံးသောယဉ်ကျေးမှုပေါ်ထွန်းလာခဲ့သည့်နိုင်ငံတွေအနက်ကတခုဖြစ်ပါ
တယ်။လူဦးရေကအဆမတန်များပြားနေပြီး၊ဒုတိယစီးပွားရေးအကြီးဆုံးနိုင်ငံတစ်ခုအဖြစ် ပေါ်ထွန်းလာနေတ
တယ်။
တရုပ်နိုင်ငံအကြောင်းကိုမီဒီယာတွေကပြောဆိုနေဒါတွေနဲ့ပကတိ ဖြစ်ပျက်နေဒါတွေတို့ကို နှိုင်းယှဉ်ကြည့်
ပါကလုံးဝမတူညီကြီးမားစွာကွာခြားနေဒါကိုတွ့ရှိရမှာဖြစ်တယ်။တရုပ်နိုင်ငံ၏အားဟာစီးပွားရေုးုဖြစ်တယ်လို့ လူအများကထင်နေကြတယ်။ကမ္ဘာပေါ်မှာအမေရိကန်ပြီးလျင်တရုပ်စီးပွားရေးဟာဒုတိယလိုက်နေဒါကိုတွေ့
ရှိရမှာဖြစ်တယ်။ဒါပေမယ့်တရုပ်နိုင်ငံ၏အမျိုးသားတစ်ဦးချင်းဝင်ငွေဟာဂျပန်နိုင်ငံ၊အမေရိကန်ပြည်ထောင်စု
တို့နဲ့နှိုင်းယှဉ်လိုက်လျင်(၁၀)ဆကျော်လောက်လျော့နည်းနေဒါကိုတွေ့ရှိရမှာဖြစ်ပြီး၊လူနေမှု့အဆင့်အတန်း
ကိုကြည့်လိုက်လျင်နိုင်ငံ၏(၈၅)ရာခိုင်းနှုန်းရှိသောပြည်သူတွေ၏လူနေမှု့အဆင့်အတန်းကများစွာနိမ့်
ကျစွာနေထိုင်နေရတုန်းပါပဲ။ဒီအချက်ကအာဖရိကရှိနိုင်ငံတွေနဲ့လွယ်လွယ်ကလေးနှိုင်းယှဉ်လို့ရနေပါတယ်။ လူဦးရေ၏ထက်ဝက်ကျော်မှာကျေးလက်ဒေသတွေမှာနေနေကြရတုန်းဖြစ်တယ်။အများစုကအခြေခံကျသော လိုအပ်ချက်များဖြစ်သည့်သောက်သုံးရေရရှိမှု၊ကျမ္မာရေးစောင့်ရှောက်မှု(သို့မဟုတ်)အခြေခံပညာသင်ကြား
နိုင်မှုများ မရှိကြပါဘူး။ မြို့ပြအဖြစ်သို့ပြောင်းလဲလာသည့် ရာခိုင်နှုန်းကို ကြည့်လိုက်ပြန်လျင် သက္ကရာဇ် (၂၀၁၀)မှ(၂၀၃၀)အတွင်းကိုတွက်ဆကြည့်ပါကနှစ်စဉ်(၁)ရာခိုင်နှုန်းလောက်ပဲတိုးတက်နေတယ်။ဒီနှုန်းဖြ
ဖြင့်ဆက်သွားပါကတရုပ်နိုင်ငံအနေဖြင့်နောက်ထပ်ဆယ်စုနှစ်ပေါင်းအနည်းဆုံး(၃)ခုလောက်ကြာသည့်
အခါမှ့ နိုင်ငံ၏ လူဦးရေ၏ (၄)ပုံ ပုံလျင် (၁)လောက်ကိုပဲ အကျိုးသက်ရောက်စေမှာဖြစ်တယ်။ အဲဒီလို လူနေမှု့ရေးအဆင့်အတန်းနိမ့်ကျမှုတွေကနိုင်ငံ၏စီးပွားရေးကိုများစွာသက်ရောက်စေပါတယ်။အကြောင်းက
 ပြည်တွင်းစားသုံးမှုနှုန်းကသိပ်ကိုကျဆင်းနေသောကြောင့်ပြည်ပသို့ကုန်များတင်ပို့နိုင်ရေးကိုသာအားထား
နေရတယ်။ပြည်ပသို့တင်ပို့သည့်စီးပွားရေးလုပ်ငန်းများအပေါ်မှာသာမှီခိုနေရသောအချက်ကတရုပ်နိုင်ငံအ
တွက် အဓိကအချက်တရပ်ဖြစ်၍ လာတယ်။ အခြေခံအားဖြင့် တရုပ်နိုင်ငံ၏ စီးပွားရေးဟာ ပြည်ပသို့ ပို့ကုန်တင်ပို့သည့် စီးပွားရေးဖြစ်နေသောကြောင့် တရုပ်နိုင်ငံအနေဖြင့် ပြည်ပသို့ ကုန်တင်ပို့ခြင်းဖြင့် ၎င်းတို့၏စီးပွားရေးကို ကမ္ဘာ့ကုန်သွယ်ရေးနယ်ပယ်ထဲသို့ တိုးဝင်လာတော့တယ်။ ထို့ကြောင့် တရုပ်နိုင်ငံဟာ နိုင်ငံခြားကုန်သွယ်ရေးစနစ်ကို မှီခိုအားထားနေရတယ်။ အဆမတန်များပြားနေသော အနောက်နိုင်ငံတွေမှ စားသုံးသူများအပေါ်မှာ များစွာ မှီခိုလာရပြီး၊ အဓိကစားသုံးသူတွေကတော့ အမေရိကန်ပြည်ထောင်စုဖြစ်နေတယ်။နောက်တချက်ကတရုပ်၏ထွက်ကုန်တွေကိုသယ်ယူပို့ဆောင်ရေးအ
တွက်ကမ္ဘာ့ရေကြောင်းကိုအသုံးပြုနေရတယ်။ဒီကမ္ဘာ့ရေကြောင်းကိုအမေရိကန်ရေတပ်ကလွှမ်းမိုးထားတ
တယ်။ဒီအချက်ကတရုပ်နိုင်ငံအတွက်စိန်ခေါ်မှု့တရပ်အဖြစ်ရှိလို့နေဒါပေါ့။အကြောင်းကအမေရိကန်အနေ
ဖြင့်ကမ္ဘာရေးကြောင်းကိုပိတ်စို့ချင်လျင်ပိတ်စို့လို့ရနေတဲ့အချက်ကတရုပ်နိုင်ငံအတွက်စိတ်မသက်မသာဖြစ်
နေရတယ်။အကယ်၍များတရုပ်ကယူဆထားသလိုအမေရိကန်အနေဖြင့်သူတို့ကို ရေကြောင်းပိတ်စို့မှုတွေ လုပ်လာလျင်တော့၊ တရုပ်အတွက် အကြီးမားသော အခက်အခဲများ ရင်ဆိုင်လာရမှာ ဖြစ်တယ်။ ဒါကြောင့် တရုပ်နိုင်ငံအနေဖြင့်ခေတ်မှီသောရေတပ်အင်အားကိုတည်ဆောက်ပြီး၊ မိမိ၏ ကုန်သွယ်ရေးအကျိုးစီးပွားကို ကာကွယ်ရန်လိုအပ်လာတယ်။တကယ်လို့တရုပ်အနေဖြင့်၎င်းတို့၏ ရေတပ်ကို ခေတ်မှီတိုးတက်အောင်လုပ်
ရလျင်၊စစ်သင်္ဘောတွေရယ်၊၎င်းစစ်သင်္ဘောတွေအတွက်ဆိပ်ကမ်းနေရာများရယ်၊မစ်ဆိုင်းလက်နက်တွေရယ် စသည်များကိုလိုအပ်လာပါမယ်။အဲဒီရေတပ်မျိုးကိုတည်ဆောက်ဖို့ဆိုဒါဟာတရုပ်နိုင်ငံအတွက် နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာကြာမှ့အမေရိကန်ရေတပ်ကိုယှဉ်ပြိုင်နိုင်မှာဖြစ်တယ်။ကဲ...စီးပွားရေးနဲ့ ရေ
တပ်တည်ဆောက်ရေးတို့ကို ခဏဘေးဖယ်ထားကြည့်ပါစို့။
တရုပ်နိုင်ငံဟာပြည်တွင်းရေးကိစ္စများစွာကိုရင်ဆိုင်နေရတယ်။ပထ၀ီအနေအထားကိုကြည့်လျင်တရုပ်နိုင်ငံ
ဟာသဘာဝတောတောင်တွေကနိုင်ငံကိုကာကွယ်ပေးထားပါတယ်။ တရုပ်နိုင်ငံ၏ မြေပုံကိုကြည့်လိုက်လျင် ဂိုဘီသဲကန္တာရကိုထင်ရှားစွာတွေ့ရှိနိုင်ပါတယ်။နောက်ပြီးတော့တိဖက်ကုန်ပြင်မြင့်ရယ်၊ဟိမန္တာတောင်ကြော
တွေနဲ့ဗမာယူနန်သစ်တောအုပ်များကိုပါတွေ့ရှိရမှာဖြစ်တယ်။တိဖက်ကုန်မြေမြင့်နဲ့ဂိုဘီသဲကန္တာရအကြားရှိ ပိုးလမ်းမဟာတရုပ်နိုင်ငံကနေပြီးကာကစ္စတန်နိုင်ငံဖက်မှတဆင့်ဥပရောပအထိခရီးပေါက်နေတယ်။ နောက်
ပြီးတော့ဗီယက်နမ်နယ်စပ်နားတ၀ိုက်နဲ့ဗမာယူနန်လမ်း(တရုတ်မြန်မာလမ်းမ)က နောက်ထပ်လမ်းတပေါ
ပေါက်ရှိနေတယ်။အဲဒီလိုသဘာဝတောတောင်တွေကနိုင်ငံ၏နေရာဒေသများစွာကိုကာကွယ်ပြုပေးထားတယ်။
တရုပ်နိုင်ငံ၏ အမျိုးသားဝင်ငွေများတနေရာနဲ့တနေရာခြားနားမှုများပြပုံ

ဒါပေမယ့် တကယ့် အပေါက်က မန်းချူးရီးယားက လမ်းပေါက်ဖြစ်တယ်။ မွန်ဂိုလီယားနဲ့ ရုရှားတို့ဖြင့် နယ်နိမိတ်ချင်း ထိစပ်နေသောနေရာဖြစ်တယ်။ (၁၃) ရာစုနှစ်လောက်က ဒီလမ်းပေါက်ကနေပြီး  ဂျင်းဂျစ်ခန်း၏မွန်ဂိုတပ်တွေဟာတရုပ်ပြည်ကိုအောင်မြင်စွာကျူးကျော်ဝင်ရောက်လာနိုင်ခဲ့ဒါကို တွေ့ရှိရမှာ
ဖြစ်တယ်။ဒုတိယကမ္ဘာစစ်အချိန်မှာလည်း ဂျပန်တွေက အဲဒီလမ်းပေါက်ကိုပဲ အသုံးပြုပြီး၊ တရုပ်ပြည်ကို ကျူးကျော်လာခဲ့ပြန်တယ်။တရုပ်တွေအတွက်ပြည်ပကဘယ်လိုကျူးကျော်မှုမျိုးမဆိုလာလျင်ဒီလမ်းပေါက်ကိုပဲ အဓိက အသုံးပြုပြီးတော့၊ ကျူးကျော်လာခဲ့ဒါကို သမိုင်းစဉ်တလျောက်မှာတွေ့ရှိရမှာဖြစ်တယ်။ လူဦးရေက သိပ်ကို ထူထပ်များပြားနေသောကြောင့် တရုပ်ပြည်ကို ကျူးကျော်ဖို့ကလည်း ခက်ခဲပါတယ်။ ကျူးကျော် သိမ်းပိုက်ထားဖို့ဆိုရင်တော့ပို၍တောင်ခက်ခဲနေတယ်။ပထ၀ီအနေအထားအရတရုပ်ပြည်ဟာ နေရာဒေသ၏ အလယ်ဗဟိုမှာ တည်ရှိနေတယ်။ လူဦးရေဘီလီယံလောက်ရှိနေသော ဟန်လူမျိုးတရုပ်တွေဟာ လယ်ယာစိုက်ပျိုးရေးဒေသများမှာ နေထိုင်ကြပါတယ်။ ဝေးလံပြီး ခက်ခဲစွာ သွားလာရသော ဒေသများတွင် ဥဂရက်မူဆလင်၊မွန်ဂိုနဲ့တိဘက်တန်လူမျိုးတွေနေထိုင်ကြပါတယ်။တရုပ်နိုင်ငံဟာလူမျိုးပေါင်းစုံ နေ
ထိုင်သော နိုင်ငံဖြစ်နေတယ်ဆိုဒါကို နားလည်ထားရပါမယ်
တရုပ်နိုင်ငံ၏ လူဦးရေသိပ်သည်းမှု့အနည်း အများပြပုံ
ရုပ်နိုင်ငံကိုအနောက်ပိုင်းနဲ့ အရှေ့ပိုင်းရယ်လို့ ခွဲခြားကြည့်ပါက အနောက်ဘက်မှာ ဥဂရက်မူဆလင်တွေ၊ တိဖက်တွေက အနောက်တောင်နဲ့ မွန်ဂိုတွေက အနောက်မြောက်မှာ ရှိနေပြီး၊  အရှေ့ဘက်မှာလည်း ခွဲထွက်လိုသော စိတ်သဘောထားရှိသည့် လူနည်းစုတို့ ရှိနေကြတယ်။ တရုပ်နိုင်ငံ၏ သမိုင်းစဉ်တလျှောက်လုံးမှာ အရှေ့ဘက်နဲ့ အနောက်ဘက် နယ်မြေတွေကို ထိန်းချုပ်ထားနိုင်ရေးအတွက် အမြဲတမ်း ကြိုးပမ်းအားထုတ် ရုန်းကန်နေရတယ်။ ဒီအချက်က အနာဂတ်ကာလမှာ ဆက်လက်ပြီး ရှိနေပါလိမ့်မယ်။
ထိုသို့သော အချက်များကြောင့် တရုပ်ခေါင်းဆောင်တွေက ကွန်မြူနစ်ဝါဒကို ရွေးချယ်ခဲ့ကြဒါပါ။ နိုင်ငံ၏ အရှေ့ဘက်နဲ့အနောက်ဘက်စ်ဘက်စလုံးကိုချိန်ခွင်လျှာမျှအောင်လုပ်ထားနိုင်ရန်ဖြစ်တယ်။ နောက်ပြီးအရှေ
ဘက်ကို ဆက်လက်၍ ထိန်းချုပ်ထားနိုင်ရေးအတွက်  ငွေတန်ဖိုးဘီလီယံပေါင်းများစွာကို စီးပွားရေးမှာ ရင်းနှီးမြုပ်ထားရပြီး၊ နိုင်ငံ၏ တည်ငြိမ်ကို ထိန်းသိမ်းထားနိုင်ဖို့ဖြစ်တယ်။
တရုပ်နိုင်ငံအပေါ်ရှိနေသော ဒေသဆိုင်ရာဖိအားများပြပုံ
ရင်းနှီးမြုပ်နှံမှုတွေဟာနိုင်ငံ၏လမ်းပန်းဆက်သွယ်ရေးနဲ့အခြားလိုအပ်ချက်များ၊တည်ဆောက်ရေးလုပ်ငန်း
များ၊အလုပ်အကိုင်ရေးရာများတို့မှာဖြစ်ပြီး၊တခြားကြီးမားသောရင်းနှီးမြုပ်နှံ့ထားမှုတွေကစစ်ရေးနဲ့လုံခြုံရေး အင်အားများအတွက်ဖြစ်တယ်။အဲဒါမှ၎င်းတို့၏ပိုင်နက်နယ်မြေတွေနဲ့နိုင်ငံ၏အချုပ်အချာအာဏာတို့
ကိုဆက်လက်တည်မြဲအောင်ထိန်းချုပ်ထားနိုင်ဖို့ဖစ်ပြီး၊ဒီကိစ္စကတရုပ်နိုင်ငံ၏စီးပွားရေးမှာဝန်ထုတ်ဝန်ပိုးဖြစ်
နေစေပါတယ်။
ပြည်တွင်းရေးရာကိစ္စတွေပြီးတော့၊ တခြားကိစ္စကို ဆက်ကြည့်ကြစို့။
အမေရိကန်နဲ့မတူညီဒါက တရုပ်ဟာ ပြင်ပက ဖိအားများစွာကို ရင်ဆိုင်နေရတယ်။ ဂျပန်၊ ရုရှားနဲ့ အိန္ဒိယတို့လို အင်အားရှိတဲ့နိုင်ငံတွေနဲ့ ရယ်။ ထိုနိုင်ငံများသာမက တိုင်ဝမ်၊ တောင်ကိုရီယား၊ အင်ဒိုနီးရှား၊ ပါကစ္စတန်တို့လို နိုင်ငံငယ်တွေနဲ့ရယ်၊ ထိုအပြင့် ဗီယက်နမ်တောင်ပါ လိုက်သေးတယ်။ ထိုသို့ရင်ဆိုင်နေခြင်းဖြင့် တရုပ်ဟာ မိမိပိုင်နက်မြေတွေတည်တံ့ရေးအတွက် စစ်ရေး၊ စီးပွားရေးတို့ဖြင့် အသုံးချနေရတယ်။ ဒါတွေဟာ တရုပ်၏ ပထ၀ီနိုင်ငံရေးဖြစ်တယ်။
အဲဒါတွေကြောင့်တရုပ်ဟာနောင်တက်လာမည့်မဟာအင်အားကြီးနိုင်ငံတခုမဖြစ်လာနိုင်ပါဘူး။ ဒေ
သဆိုင်ရာအတွင်းမှာသာ အင်အားတခုအနေဖြင့် ရှိနေမှာဖြစ်တယ်။ ဘာကြောင့်လည်း ဆိုတော့ အမေရိကန်အနေဖြင့်ဒသတွင်းတခြားနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်နိုင်သောအခွင့်အရေးများ ရှိနေပြီး၊ တရုပ်၏ သြဇာကြီးမားမလာနိုင်ရေးကို ထိန်းချုပ်ထားနေသောကြောင့်ဖြစ်တယ်။
တရုပ်အနေဖြင့် ကမ္ဘာစီးပွားရေးအင်အားကြီးနိုင်ငံ တခုအနေဖြင့်ဖြစ်မှာ ဖြစ်ပြီး။ တခြားသော ကုန်သွယ်ရေး အင်အားကြီး နိုင်ငံတွေလို ဖြစ်လာပါမယ်။ စစ်ရေးနဲ့ စက်မှုကုန်သွယ်ရေးတွေဟာ နိုင်ငံ၏ အုပ်ချုပ်ရေးအာဏာတည်မြဲရေးအတွက် အမြဲတမ်း လိုအပ်နေမှာဖြစ်တယ်။ နိုင်ငံ၏ အရှေ့မှာ ညီမျှမှုတွေရှိနိုင်ပေမယ့်၊ အနောက်ဖက်မှာတော့ မညီမျှမှုတွေ ဆက်ဖြစ်နေမှာပါ။ အနာဂတ်မှာ တရုပ်အနေဖြင့် မိမိပိုင်နက်နယ်မြေတွေကို ဆက်လက်ထိန်းချုပ်ထားနိုင်ရန်နဲ့ အချုပ်အခြာအာဏာ ဆက်လက်တည်မြဲနိုင်ရန် အလို့ဌာ စစ်ရေးတွင် အကြီးအမာဆုံး ရင်းနှီးမြုပ်နှံ့ရမှာဖြစ်တယ်။ ထို့ကြောင့် အရှေ့ကို တက်လှမ်းဖို့ လုပ်လိုက်တိုင်းမှာ အနောက်ကို ပြန်ပြန်ကြည့်နေရမှာဖြစ်တယ်။
                                      @@@@@@@@@@@@
ဘာသာပြန်သူ၏အမြင်နဲ့သုံးသပ်ချက်။။။။တရုပ်နိုင်ငံ၏စီးပွားရေးသည် ပြည်တွင်းကုန်ထုတ်ရေးဖြင့် ပြည်
ပပို့သို့တင်ပို့သော စီးပွားရေးဖြစ်နေ၍ တရုပ်နိုင်ငံ၏ လျှပ်စစ်၊ ဓါတ်ငွေနဲ့ လောင်စားဆီ လိုအပ်ချက်များ ကြီးထွားလာသည့် အတွက် မြန်မာနိုင်ငံ၏ မြစ်ချောင်း အင်းအိုင် တောတောင် ကမ်းခြေ ပင်လယ်တွေက သံယံဇာတများအားလုံးကို တရုပ်အစိုးရပိုင်ကုပဏီတွေက ယခင်စစ်အုပ်ချုပ်ရေး သမားတွေနဲ့ စီးပွားရေးစာချုပ်ချုပ်ဆိုပြီး၊ သွယ်ဆောင်နေကြသည်ကို မြန်မာပြည်သူတွေအားလုံးအသိဖြစ်တယ်။ တရုတ်စီးပွားရေး ကုပဏီတွေ ဒီလိုမလုပ်နိုင်အောင် တားဆီးရန်အလို့ဌာ၊ နိုင်ငံ၏အစိုးရမှာ တာဝန်ရှိနေတယ်။ ပြည်သူလူထု၏ နိုးကြားမှုက အစိုးရကို ဖိအားပေးသလိုဖြစ်နေ၍ အရေးကြီးတယ်။ တရုပ်၏စီးပွားရေးကြီးထွားမှု့သည် ကျွန်တော်တို့မြန်မာနိုင်ငံအတွက် အနုတ်လက္ခ္စဏာဖြစ်ပေါ်စေသည်ကို သက်သေအဖြစ် ဧရာဝတီမြစ်ဆုံ ဆယ် တည်ဆောက်ရေးကိစ္စတွေလိုမျိုးက သက်သေထူနေတယ်။ ဧရာဝတီအပါအ၀င်မြန်မာ့သံယံဇာတများနဲ့တိုင်းပြည်ကိုကာကွယ်စောင့်ရှောက်ရန်၊ မြန်မာနိုင်ငံသူ မြန်
မာနိုင်သား အားလုံး၏ မွေးရာပါ တာဝန်တရပ်ဖြစ်တယ်။
                                           @@@သုတေသနပြုအဇာဘိုင်ဂျန်ကျောင်းသားလူငယ်တစ်စု၏လ့လာသုံးသပ်ချက်များကိုမြန်မာလို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်@@@

အိန္ဒိယမှာ ဒေါ်အောင်ဆန်းစုကြည်ပြောသော နိုင်ငံတော် သမ္မတ အကြောင်း..

မြန်မာနိုင်ငံ၏အဓိကအတိုက်အခံပါတီဖြစ်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
ကအိန္ဒိယတင်းစာThe Hindu နှင့်အောက်တိုဘာလ ၃၁ ရက် တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့်စစ်တပ်သည်သီးခြားစီသာဖြစ်ကြောင်းပြောကြားခဲ့သည်။''အမှန်ကတော့ သမ္မတက စစ်တပ်နဲ့ အတော့်ကို သီးခြားပါ။ စစ်တပ်ကစစ်တပ်ပါ။အုပ်ချုပ်ရေးက အုပ်ချုပ်ရေးပါ။ ကျွန်မ ဆိုချင်တာ  ကတော့ဖွဲ့  စည်းပုံအခြေခံဥပဒေကဒီမိုကရက်တစ်ကျဖိုအနိုင်နိုင်ဆိုတာပါပဲ။ဒါကြောင့်လည်းစစ်တပ်ကပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်နောက်မှာအပြည့်အ၀ ရှိနေတယ်ဆိုတာကို ကျွန်မတို့ မသိမချင်း ဘာလို့လဲဆိုတော့ သမ္မတကစစ်တပ်ကိုလုံးဝကိုယ်စားမပြုတဲ့အတွက်ကြောင့်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ နောက်ပြန်မ
သွားဘူးလို့ကျွန်မတို့မပြောနိုင်ပါဘူး''ဟုဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။ပြုပြင်ပြောင်းလဲရေးလုပ်  ငန်းစဉ်သည်နောက်ကြောင်းမပြန်နိုင်ဘူးဆိုသည်ကိုယုံကြည်လက်ခံရန်မည်သည့်အရာသည် စမ်းသပ်မှုဖြစ် မလဲဆိုသည့်မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒီမိုကရက်တစ်မ ကျသည့် ပုဒ်မများကိုပြင်ဆင်ရန်အတွက်စဉ်းစားရန်၎င်းတို့၏အသင့်ရှိမှုသည်စမ်းသပ်မှုဖြစ်လိမ့်မည်ဟုမိမိထင်ကြောင်း
ဖြေကြားခဲ့သည်။ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင်သမ္မတဦးသိန်းစိန်၏အခန်းကဏ္ဍနှင့်စပ်လျဉ်း၍မည်မျှအ
မှတ်ပေးလိုသလဲဆိုသည့်မေးခွန်းအပေါ်ဒေါ်အောင်ဆန်းစုကြည်က''သူ့ကိုတော့အမှတ်ပေးရမယ်လိုကျွန်မထင်
ပါတယ်။ဒါပေမယ်လို့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဖြစ်ပေါ်လာတာကတော့သူတစ်ဦးတည်းကြောင့်လို့တော့ ကျွန်မမထင်ပါဘူး''ဟုပြောကြားခဲ့သည်။ထို့ပြင်ဒေါ်အောင်ဆန်းစုကြည်က၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ
သည်စစ်တပ်ကိုအာဏာအလွန်အကျွံပေးထားကြောင်းစစ်တပ်ကလိုအပ်သည်ဟု၎င်းတို့ထင်ပါကအစိုးရထံမှ
အာဏာများကိုသိမ်းယူနိုင်ကြောင်း၊အမျိုးသားအဆင့်နှင့်ပြည်နယ်အဆင့်ရှိလွှတ်တော်များ၏၂၅ရာခိုင်နှုန်းကို
 ရွေးကောက်တင်မြှောက်ထားခြင်းမဟုတ်သည့်စစ်တပ်ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားကြောင်း၊ပြည်နယ်
နှင့်တိုင်းဒေသကြီးအစိုးရများသည်အမှန်တကယ်အာဏာမရှိကြောင်း၊ဗဟိုချုပ်ကိုင်သည့်စနစ်ပဲရှိသေးကြောင်း
၊ယင်းကဲ့သို့ဗဟိုချုပ်ကိုင်သည့်စနစ်သည်ဒီမိုကရက်တစ်တန်ဖိုးများကိုအထောက်အကူပြုမည်မဟုတ်ကြောင်း၊
ယင်းထက်ပိုအရေးကြီးသည်မှာလူမျိုးစုသဟဇာတဖြစ်မှုကိုအားပေးမည်မဟုတ်ကြောင်းအိန္ဒိယတင်းစာThe
Hinduနှင့်တွ့ဆုံမေးမြန်းခန်းတွင်ပြောကြားခဲ့သည်။ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများတောင့်တင်းခိုင်
မာစေရေးကိုလည်းအိန္ဒိယအစိုးရအနေဖြင့်အာရုံစိုက်စေလိုကြောင်း၊ မြန်မာနိုင်ငံသည်များပြားလှသည့်လူမျိုး
စုများနှင့်ပါဝင်သည့် ပြည်ထောင်စုတစ်ခုဖြစ်ကြောင်း၊ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့်ပြည်ထောင်စုတစ်ခုအ
နေဖြင့်အားလုံးပိုမိုနီးကပ်လာစေရေးကိုအာရုံစိုက်စေလိုကြောင်း၊တစ်ချိန်တည်းမှာပင်ဖွံ့ဖြိုးတိုး တက်မှုသည် ဒီမိုကရေစီအတွက်အစားထိုးရန်မဟုတ်ဆိုသည်ကိုလုံးဝသတိမူရန်လိုကြောင်း၊ကျွန်မတို့လူမျိုးစုများ၏ရည်မှန်း
ချက်သည်ဖွံ့ဖြိုးတိုးတက်မှုမျှသာမဟုတ်ဘဲယင်းထက် ကျော်လွန်ကြောင်းဒေါ်အောင်ဆန်းစုကြည်ကပြောကြား
ခဲ့သည်။အိန္ဒိယနိုင်ငံခရီးစဉ်မှနိုင်ငံရေးအရမျှော်မှန်းထားမှုမှာနှစ်နိုင်ငံပြည်သူများကြားပိုမိုရင်းနှီးသည့်ဆက်ဆံ
ရေးကိုထူထောင်လိုခြင်းဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည်သည်အိန္ဒိယနိုင်ငံသို့နိုဝင်ဘာလ၁၂ရက်ညပိုင်းကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ
ထိုင်းလေကြောင်းဖြင့်ထွက်ခွာသွားပြီးနိုဝင်ဘာလ၁၃ရက်နေ့မွန်းလွဲပိုင်းတွင်ထိုင်းနိုင်ငံမှတစ်ဆင့်အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။တစ်ပတ်ခန့်ကြာမြင့်မည့်ဒေါ်အောင်ဆန်းစုကြည်၏အိန္ဒိယနို
နိုင်ငံခရီးစဉ်အတွင်းအိန္ဒိယ၀န်ကြီးချုပ်မန်မိုဟန်ဆင်း၊လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး နေရူးအထိမ်း
အမှတ်ဟောပြောပွဲသို့တက်ရောက်ဟောပြောမည်ဖြစ်သည်။

Monday, November 12, 2012

ရွန်နီ ဂိုး(၂၀)အထက် သွင်းမည်ဟု ဖာဂူဆန် ယုံကြည်

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ဝိန်းရွန်နီသည် အသင်းအတွက် ယခုရာသီ ဂိုး(၂၀)မျှ သွင်းပေးနိုင်မည်ဟု ထောက်ခံ ပြောကြားလိုက်သည်။
ရွန်နီသည် တိုက်စစ်တွင် ရော်ဘင် ဗန်ပါစီ၏ ခြေစွမ်းပြမှု အရိပ် ထိုးခြင်းကို ခံနေရသလို ယခုရာသီတွင် တိုက်စစ်နေရာထက် ကွင်းလယ်ကို အားပြုသော Playmaker ပုံစံမျိုး ပိုမို အားပြု ကစားလာခဲ့သည်။ ထိုအနေအထားတွင် ရွန်နီ၏ ဂိုးသွင်းနှုန်း ကျဆင်း သွားမည်ဟု ခန့်မှန်းမှုများ ရှိနေသော်လည်း ဖာဂူဆန်ကမူ အင်္ဂလန် လက်ရွေးစင် တိုက်စစ်သမားသည် မန်ယူအတွက် ဂိုး(၂၀) သွင်းပေးမည်ဟု ခိုင်ခိုင်မာမာ ပြောဆိုသွားသည်။ ရွန်နီသည် ယခုရာသီ တတိယမြောက် သွင်းဂိုးကို စပို့တင်း ဘရာဂါနှင့် ချန်ပီယံလိဂ် ပွဲစဉ်၌ ပင်နယ်တီမှ တစ်ဆင့် ရရှိခဲ့သည်။ထိုအတော အတွင်း ဗန်ပါစီက မန်ယူအတွက် (၁၁)ဂိုး၊ဟာဗီးယားဟာနန်ဒက်ဇ်က(၆)ဂိုးစီသွင်းယူပေးထားပြီးဖြစ်သည်။ဖာဂူဆန်က"ရွန်နီဟာဂိုး (၂၀)နဲ့အ
ထက်သွင်းပေးမှာပါ။ဒါကိုကျွန်တော်သေချာပေါက်ပြောရဲတယ်"ဟုဆိုသည်။"ကျွန်တော်တို့ရဲ့တိုက်စစ်ပိုင်းမှာ အားကောင်းမောင်းသန်ပေါင်းစပ်မှုမျိုးရှိနေတာပါ။ဗန်ပါစီကအတွေ့အကြုံရင့်ကစားသမား တစ်ယောက်ဖြစ် ပါတယ်။သူနဲ့တွဲကစားနေတာဟာရွန်နီအတွက်ဂိုးသွင်းခွင့်တွေပိုပြီးဖြစ်ပေါ်စေပါတယ်"ဟုလည်း ဖာဂူဆန်က မှတ်ချက်ပြုခဲ့သည်။
၎င်းက "လက်ရှိ အသင်းတိုက်စစ်မှာ ဗန်ပါစီက (၁၁)ဂိုးနဲ့ ဟာနန်ဒက်ဇ်က (၆)ဂိုး သွင်းပေးထားပါတယ်။ ဒါဟာ ဟာနန်ဒက်ဇ်ရဲ့ ပုံစံကောင်း ပြန်ရလာတာပါ။ တစ်ဖက်က ကြည့်ရင် နွေရာသီမှာ အပြည့်အဝ အနား ရခဲ့တာကသူ့ရဲ့ခြေစွမ်းပြန်တက်လာဖို့အထောက်အကူဖြစ်ခဲ့တယ်ထင်ပါတယ်"ဟုလည်း ပြောဆိုသွားသည်။

ကုလား လည်း ဟာသ ပြောတတ်တယ်ဗျ...

 အခုရခိုင်မှာလ၀ကကနေပြီးသန်းခေါင်စာရင်းလိုက်ကောက်ကုလားရွာတွေရောက်တောသူတို့ကို လ၀က က ဘင်္ဂလီဆိုပြီးရေးတယ် ။ အဲဒါကို ကုလားတွေက လက်မခံဘူး ရိုဟင်ဂျာ လို့ ထည့်ခိုင်းတယ် ။ မရတော့ကုလားတစ်ရွာလုံးဆန္ဒပြတယ်။အဲဒါဆိုရင်ရိုဟင်ဂျာဖြစ်ကြောင်းသမိုင်းအထောက်အထားနဲ့ပြပါဆို
တောတော်တော်ခိုင်လုံတဲ့အထောက်အထား ပြနိုင်တယ်ဗျ။ဘာလဲဆိုတော့သူတို့အဖိုးမသေခင်ကပြောသွား
တယ်တဲ့တို့ကရိုဟင်ဂျာတဲ့။ဒေါက်တာသန်းထွန်းတောင် သူတို့နဲ့တွေ့ရင်စိတ်လေသွားမယ်ထင်တယ်...။

ကဲ ကြင်ယာရှာနေပြီ... အပျိုကြီးများ စိတ်ဝင်စားလျှင် ဆက်သွယ်ပါ

ရှားရှားပါးပါးရောဂါတစ်မျိုးကြောင့်ခေါင်း၊ခြေ၊လက်များကြီးကာရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့်လူငယ်တစ်ဦး
သည်သူ၏ကြင်ဖက်ကိုရှာဖွေလိုကြောင်း DMသတင်းဌာန၌ မေလ ၃၀ ရက်နေ့တွင် ဖော်ပြသည်။စိန်းမန်  တက်ဇ်(၂၂နှစ်)သည်ProteusSyndromeဟုခေါ်သောရှားရှားပါးပါးရာဂါတစ်မျိုးကြောင့်သူ၏ခန္ဓာကိုယ်  အ
စိတ်အပိုင်းများသည်နေရာကွက်၍အဆက်မပြတ်ကြီးထွားလာနေသည်။သူသည်ပါကစ္စတန်နိုင်ငံလာဟိုးမြို
့ဆင်ခြေဖုံးနေထိုင်ပြီးယခုအခါဟိုဟိုသည်သည်သွားလာဖို့ပင်ခက်ခဲ၍လာသည်ဟုဆိုသည်။သူသည် ကလေး ဘ၀မှစတင်၍ယင်းရောဂါကိုခံစားရခြင်းဖြစ်သည်။ဘ၀၌နေထိုင်ရခက်ခဲ၍လာသော်လည်းမိတ်ဆွေ များနှင့် မိသားစု၏ အားပေးထောက်ပံ့မှုကြောင့်သူသည် ဘ၀ကို ရဲဝံ့စွာ ဖက်တွယ်ထားနိုင်ခဲ့သည်။စိန်းနှင့် သူ၏မိသားစုသည်သူ့အတွက်ကြင်ဖက်ရရှိစေရန်အတွက် ဆေးကုသမှုတစ်ရပ်ကို မျှော်လင့်   လျက်ရှိသည်။
သူ၏ဖခင်ဖြစ်သူဝါဇာအလီကသူ၏သားသည်တစ်နေ့၌ရောဂါပျောက်ကင်းကာ ဆိုက်ကားလုပ်ငန်း တစ်ခုကို ထူထောင်လျက် ဇနီးတစ်ယောက်ကို ရှာဖွေနိုင် လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

မြန်မာ စစ်ဗိုလ်များ အနေ နဲ့  အတု ယူ စရာ

သမ္မတ က နေ ရွေးချယ် ပြီး လွှတ်တော် က အတည် ပြု ရင် ရာထူး တာဝန်ထမ်း ဆောင် ခွင့် ရှိ တဲ့ ဗဟို ထောက်လှမ်း ရေး ညွှန်ကြား ရေး မှုးဟာ သူ့ ရဲ့  အိမ်ထောင်ဖက် နဲ့  ပေါင်းသင်း နေစဉ် အတွင်း မှာ တစ်ယောက်ထက်အချစ်ပိုမိခဲ့လိုသူဟာဆက်လက် တာဝန်ထမ်းဆောင်ဖို့ မသင့် တော် တော့ ကြောင်း သူ့  ရဲ့  နှုတ် ထွက် စာ ကို ဒီနေ့  သမ္မတ ဆီ တင် သွင်း ခဲ့ ပါတယ်။သူ့ ရဲ့  ကိုယ်ရေး ကိုယ်တာ ဖြစ်ပေမယ့် သိက္ခာရှိ စွာ နှုတ်ထွက် ခြင်းဟာမြန်မာစစ်တပ် က အရာ ရှိ တွေ အနေ နဲ့  အတု ယူ သင့်ပါတယ်။

2012-2013 Miss Internet Award

နယူးယောက်မြို့ကMiss Diaspor Models 2012-2013International Beautyပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့မြန်မာမော်ဒယ်ယမုံမိုးကအင်တာနက်မှမဲအများဆုံးပေးတဲ့ဆုရရှိသွားပါတယ်။ထိုဆု
မှာပြိုင်ပွဲကြီး၏အမှတ်ရေတွက်မှူတွင်၁၀%အရေးပါကြောင်းလည်းသိ၇ပါတယ်။ထိုဆုကို ဂျော်ဂျီရာ မော်ဒယ်
လ်နှင့် အွန်လိုင်းvotingအကြိတ်အနယ်ယှဉ်ပြိုင်ကာရ၇ှိခဲ့ခြင်းဖြစ်သည်။

အော်စကာ ဆုရ ခဲ့ တဲ့ စန္ဒီမြင့်လွင်

ဆုပန်ထွာ က အမေရိက ကို ဖျော်ဖြေရေး ခရီးသွား ခဲ့ပြီး အပြန်မှာ မိတ်ဆွေ သူငယ်ချင်းတွေ အတွက် လက်ဆောင်တွေ ဝယ်လာခဲ့ သလို စန္ဒီမြင့်လွင် အတွက် လည်း အော်စကာ ဆုဝယ်ခဲ့တယ် လို့ ပြောပြ ပါတယ်။စန္ဒီမြင့်လွင်အတွက်အော်စကာဆုဝယ်ပေးဖြစ်ခဲ့တဲ့ဆုပန်ထွာက”မပန်နဲ့ဖေ့စ်ဘုတ်ထဲမှာပြောကြတာ။ သူ့အတွက် တစ်ရုပ် ဝယ်ခဲ့ ဆိုတာနဲ့ ပူဆာလို့ ဝယ်လာခဲ့တာ။ ဒါပေမဲ့ မပန်တို့ပြန်လာတော့ ပစ္စည်းတွေ တအား များလို့ ချန် ထား ခဲ့တာ။ အခု မေကဗျာပြန်လာတော့မှ အထုပ်တွေ ထပ်သယ် လာပေးတော့ အရုပ်လေးက အခုမှ ရတာ။ ပြန်ရောက် ကတည်းက မပေးရ သေးတာ။ တခြား ညီမတွေ ကတော့ တခြားလက်ဆောင်တွေပေးဖြစ်တယ်။ ဒီအရုပ်ကတော့ နှစ်ရုပ် ဝယ်လာခဲ့တယ်။ မေမေ့ အတွက် တစ်ရုပ်နဲ့ ဒီးဒီ အတွက် တစ်ရုပ်ပေါ့။ လက်ဆောင် ဝယ်တဲ့ ဆိုင်ရောက်တော့ ဒီးဒီ လေးက ပူဆာတာနဲ့ ဝယ်ဖြစ်ခဲ့တာ” လို့ပြောပါတယ်။ ဆုပန်ထွာက လတ်တလော မှာတော့ ဒုတိယ စီးရီး သီချင်းခွေ အတွက် ကိုပဲလုပ်ဖြစ်နေပြီး အတွဲခွေ အတွက်လည်း သီချင်းတွေ ပဲလုပ် ဖြစ်နေကြောင်းလည်း ပြောပါတယ်။

အံကိုခဲ၍ ရဲကို အာခံ

အမှန်တရားက
မိန်းမသားကို
အားဖြစ်စေအံ့။
မိန်းမတယောက်
လက်ညိုးငေါက်ငေါက် ခါးကိုထောက်လျက်
မကြောက်မရွံ့ နောက်မတွန့်ဘဲ
အံကိုခဲ၍ ရဲကို အာခံ
သည်အားမာန်ဟာ
သူ့ထံ ဘယ်လို ရောက်သလဲ။
အမှန်တရားက
မိန်းမသားကို
အားဖြစ်စေပြီ။
လယ်သမားက
ရွှေသားမလို၊ ကြေးပြားမလို
မြေကိုပေးပါ
မြေသာ ဘဝ
မြေက ဆီဆန်
ရာသက်ပန်ပဲ
ကျည်ဆံမလို
ဆီ ဆန်လိုတယ်
မြေကို မသိမ်းကြပါနဲ့။
ကြေးနီတောင်ကို
သင်တို့ဖြိုလို့ ပြိုချင်လည်း ပြို
လူကိုဖြိုလို့ ပြိုမကျနိုင်။
ကြေးနီတောင်က
ကြေးတွေရလို့
ကြေးက ငွေဖြစ်၊ စိန်ရွေှ့ဖြစ်လည်း
စစ်ဗိုလ်မယား
နိုင်ငံခြားမှာ ကားစီး တိုက်ဝယ်
လယ်သမားမယား
ခါးစီး ဗိုက်မှောက် သဘောက်ဘဝ
လုံးဝမလွတ်
ဘောင်းဘီချွတ်လည်း မချွတ်သေနတ်
စစ်တပ်နောက်ခံ ပါလီမန်ဟာ
စစ်အလံလွှင့်ဆဲ
ဘယ်လဲ ဘာလဲ ဘယ်လိုလဲ။
သစ်ကိုလည်း ရောင်း
ကျောက်မျက်ရောင်းခဲ့
မြစ်ကိုလည်း ရောင်း
တောင်ကို ရောင်းပြန်
ရောင်းရန် ငွေက
ဘယ်လောက်ရလို့ ဘယ်သူယူ
ဘယ်မူသုံးမလဲ
ရဲရဲဖြေပါ
သည်မြေမဟီ
သက်သေတည်အံ့
ဒီမိုကရေစီတခါး ပွင့်စေသား။      ။

ကာချုပ် သား မင်္ဂလာဆောင် ကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ဘာလို့ မတက်ရောက်တာလဲ...


 ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်ကြူကြူလှတို့ရဲ့ သားထွေး အောင်ပြည်စုံ (ခ) ဖိုးသား နဲ့ မမျိုးရတနာထိုက် တို့ရဲ့ မင်္ဂလာ ကျေးဇူးတင်လွှာကို သတင်းစာမှာ ဖော်ပြထား ပါတယ် အဆိုပါ   ဗိုလ်ချုပ်ကြီး၊ဗိုလ်ချုပ်လေးများစွာအားကျေးဇူးတင်ကြောင့်ဖော်ပြ  တဲ့ကျေးဇူးတင်လွှာမှာ တ ချိန် ကမြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ အမည်နာမကိုတော့ မတွေ့ရလို့ တက်ရောက်မှု မရှိဘူးလို့ ပြောရမလားပါဘဲ။
ဗိုလ်ချုပ်မှူးကြီးရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်ရဲ့ အမည်နာမလည်း အဆိုပါ ကျေးဇူးတင်လွှာမှာ ပါမလာတော့ တက် ရောက်လာမှု မရှိဘူးပြောရမှာပါ။အစောပိုင်း သတင်းတွေမှာ ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေအနေနဲ့ အဆိုပါမင်္ဂလာပွဲတက်ရောက်နိုင်တယ်လို့လည်းသတင်းတွေထွက်ခဲ့ပါသေးတယ်။မင်္ဂလာ မောင်နှံဟာ နိုဝင်
ဘာလ ၈ ရက်နေ့က နေအိမ်မှာ မင်္ဂလာ မော်ကွန်း လက်မှတ်ရေး ထိုးကြရာမှာ ရန်ကုန် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦးနဲ့ ဦးတိုးနိုင်မန်းတို့က အသိသက်သေအဖြစ်ဆောင် ရွက်ခဲ့ပါတယ်။နိုဝင်ဘာလ ၉ ရက်နေ့ကလည်း ရန်ကုန်မြို့ ကမ္ဘာအေး ပရိယတ္တိ သံဃာ့တက္ကသိုလ်၊ မိုးကုတ်ဆွမ်းစားဆောင်မှာ မင်္ဂလာ ဆွမ်းကျွေးလည်းလုပ်ခဲ့ပါသေးတယ်။နိုဝင်ဘာလ၁၀ရက်နေ့မှာတော့ရန်ကုန်မြို့ကုန်းမြင့်သာ၊ ဇေယျာသီရိဗိ
မ္မာန်ခန်းမကြီးမှာ မင်္ဂလာ အခမ်းအနား လက်ထပ် ပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါကုန်းမြင့်သာ၊ဇေယျာသီရိဗိမ္မာန်ခန်းမကြီးမှာဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏သမီးမင်္ဂလာပွဲဆင်ယင်ကျင်းပ ခဲ့သလို၊စစ်ဘက်ထိပ်တန်းခေါင်းဆောင်တို့ရဲ့သား၊သမီးများရဲ့မင်္ဂလာပွဲများကျင်းပရာနေရာလည်းဖြစ်ပါတယ်။
အဆိုပါ ကုန်မြင့်သာ ဇေယျာသိရိဗိမ္မာန် ခန်းမကြီးက မင်္ဂလာ ဧည့်ခံပွဲမှာတော့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ဇနီး၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ ဇနီး၊ ဒုတိယ သမ္မတများနဲ့ သူတို့ရဲ့ ဇနီးတွေ၊ အစိုးရ အဖွဲ့ထိပ်တန်းခေါင်းဆောင်တွေ၊ အစိုးရ အဖွဲ့ဟောင်းက ပုဂ္ဂိုလ်တွေ၊ စစ်ဘက်၊ နယ်ဘက်က ထပ်တန်း ပုဂ္ဂိုလ်တွေအတော်စုံလင်စွာတက်ရောက်ခဲ့ကြပါတယ်။မင်္ဂလာကျေးဇူးတင်လွှာကို ကြည့်ရင် မြန်မာနိုင်ငံမှာ အခမ်းနားဆုံးနဲ့ ထိပ်တန်း စစ်ဘက်နယ်ဘက် စုံလင်စွာ တက်ရောက်တဲ့ မင်္ဂလာပွဲ တခုဖြစ်တယ်ဆိုတာ အသေအချာပါ။ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သားဖြစ်သူရဲ့ မင်္ဂလာပွဲမှာ လက်ဖွဲ့ပစ္စည်းများနဲ့ပတ်သက်လို့ အသေးစိပ် မသိရှိရသေးပါဘူး။
ယခင့် ယခင်က ထိပ်တန်းတာဝန်ရှိသူများရဲ့ သားနဲ့ သမီး မင်္ဂလာပွဲတွေဆိုရင်တော့ မင်္ဂလာလက်ဖွဲ့အနေနဲ့ တရားဝင်လက် ဆောင်ပဏ္ဍာတွေ ပေးအပ်ကြတာပါ။ အခုကာချုပ်ကတော့ လာဘ်ပေး၊ လာဘ်ယူနဲ့ ပတ်သက်တဲ့ အနံ့ဆိုး မထွက်တာကြောင့်လည်း လုပ်ဖော်ကိုင်ဖက်တွေ၊ လက်အောက်ငယ်သားတွေနဲ့ အထက် လူကြီးတွေက သဘောကျခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။

ဝန်ကြီးဌာန အချို့ ကိုအမည်ပြောင်းလဲ သတ်မှတ်...


ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေတယ်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖော်ပြနေတဲ့ မြန်မာနိုင်ငံ မှာနောက်ဆက်တွဲအနေနဲ့ဝန်ကြီးဌာန၂ကိုသမ္မတရုံးအမိန့်ကြော်ငြာစာဖြင့်အမည်ပြောင်းလဲသတ်မှတ်လိုက်
ကြောင်းနိုင်ငံပိုင်သတင်းစာတွေမှာကြေညာချက် ထွက်လာပါတယ်။

တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ ကို မချေမငံ ပြောဆိုခဲ့သော ဗိုလ်မင်းသန်းထွန်းအားအမှုဖွင့်

နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး သက်ထွန်းဦး နှင့် တပ်ဖွဲ့ဝင်များ အပါအဝင် နယ်မြေ (၂) မှ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ ကမ္ဘာအေးလမ်းမပေါ် ဖူစန် တရုတ်ဘုံကျောင်းရှေ့တွင် တာဝန်အရ ယာဉ်များကို ရပ်တန့် စစ်ဆေးနေစဉ် ချော်တွင်းကုန်း ဘက်မှ ကုက္ကိုင်းဘက်သို့ ယာဉ်မောင်း သန့်ဇင် ( ၂၈ ) နှစ် မောင်းနှင် လာသော ၈ဇ/ ၇၂၂၇ ဟိုင်းအေ့ မိုက်ခရိုဘတ်အဖြူနံသာရောင်ကိုယ်ပိုင်ယာဉ်မှာအရှိန်မထိန်းနိုင်ဘဲပိတ်ဆို့တားဆီးစစ်ဆေးရာတွင်အသုံးပြု
သည့်ဗယ်ရီဂိတ်ကိုဝင်တိုက်မိခဲ့ကြောင်းယင်းရဲတပ်ဖွဲ့ရုံး၏အမှုဖြစ်စဉ်တွင်ဖော်ပြထားသည်။ အဆိုပါယာဉ်နှင့် ဗယ်ရီဂိတ် ပျက်ဆီးသွားပြီး ယာဉ်ပေါ် လိုက်ပါလာသူ ကြည်း (၅ဝ၉၃၈ ) ဗိုလ်သန်းမင်းထွန်း က ကားပေါ်မှဆင်းလာကာ တာဝန်ကျ တပ်ဖွဲ့ဝင်များကို မချေမငံ ပြောဆိုခဲ့ခြင်းကြောင့် အမှတ်( ၃ ) တပ်ထိန်းတပ်ဖွဲ့သို့ ဆက်သွယ် အကြောင်းကြားထားပြီး ဖြစ်စဉ်နှင့် ပက်သက်၍ ဗဟန်းရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၂၈ / ၁၂ ၊ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ချက် အရ သိရသည်။

ခင်မောင်တိုး မသေပါ...

 Sep ဒုတိယပါတ် ၀န်းကျင်မှာစင်္ကာပူတွင် ဆေးကုသရန်ရောက်နေသော၊ကိုတိုးနဲ့ တိုက်ရိုက် စကားပြောဖို့  သူ့ အိမ်မှာ ၃ ယောက် တပြိုင်တည်း ပြောနိုင်အောင် စီစဉ်ပေးတဲ့သူက၊ ခင်ဗျားတို့  မှား ကုန်ပြီ။ ကိုတိုး ကွယ်လွန်ပြီ ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ယခု မနက်မှာဘဲ စင်္ကာပူ ဆရာတော်ကြီးအား သင်္ကန်းကိုယ်တိုင် ကပ်လှုပြီးတရားနာသာဓုခေါ်နိုင်ကြောင်းဖုန်းခေါ်လာပါတယ်။ကျနော်တိုအလွန်အံ့အားသင့်ရပါတယ်။မြန်မြန်
 ပြန်ရေးပါလို့  ဖုန်းခေါ်လာပါတယ်။ အဲဒီတော့ ဒီထက်သေခြာတာ မရှိတော့ပါဘူး။ ဖုန်းချပြီးတာနှင့် ကျနော် ဒီစာရိုက်တင်လိုက်ပါတယ်။
(လွန်ခဲ့သော၁၉နာရီခန့်ကကိုတိုးသည်စင်္ကာပူဆရာတော်ထံ သင်္ကန်းကပ် လှူ၍ တရားနာယူခဲ့ပါသည်။ )ထို အချိန်မတိုင်မှီရှေ့ပိုင်းတွင်၊ကိုတိုးကွယ်လွန်ပြီဆိုသောသတင်းအမှားများ ထွက်လာပြီး ဖြစ်သကဲ့သို့  ရေးခဲ့ပြီး သတင်းများမမှန်ကြောင်းအခြေအချဖတ်ခဲ့ရသော၊မိတ်ဆွေများအား၊ကိုတိုးယခုတိုင်မကွယ်လွန်ကြောင်းနှင့်
၊ပြီးခဲ့သည့်နာရီပိုင်းတွင်တရားနာယူခဲ့ကြာင်း၊ကျနော့်အား ရေးခိုင်းခဲ့ပါသည်။စင်္ကာပူတွင် ဆေးကုသမှုခံယူ
လျက်ရှိသော၊ကိုတိုးအား၊ကျနော်တို့အားလုံး၊ကိုတိုးလျင်မြန်စွာကျန်းမာလာစေကြောင်း၊ဆုတောင်း မေတ္တာ
ပို့ရန်သာတိုက်တွန်းပါရစေ။

ဒေါ်စုတင်သွင်းတဲ့အဆို ၂ ရပ် လွှတ်တော် အတည်ပြု

ဝမ်းသာလွန်းလို့ မျက်ရည်တောင် ၀ဲ မိပါတယ်..:P
မြန်မာနိင်ငံ တက္ကသိုလ်ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာမှာတိုးတက် အဆင့်မြင်အောင် လုပ်သင့်တဲ့ အဆို ၂ ခုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာ အဆင့်မှီအောင်နဲ့ ရန်ကုန်ဆေးရုံကြီး ကို အဆင့်မြင့် ဆေးရုံကြီး တခုဖြစ်အောင်လုပ်ဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပထမဆုံးအကြိမ် အဆို၂ ရပ် ကို တင်သွင်းခဲ့တာ ဖြစ်သလို အနိုင်ရခဲ့တာလဲ ဖြစ်ပါတယ်။
 ဒါ့အပြင်အမျိုးသားပညာရေးဥပဒေပြဌာန်းနိုင်ဖို့ကျန်းမာရေုး ဒုဝန်ကြီးဟောင်းရဲ့ အဆိုကိုလဲ လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။
နေပြည်တော်မှာာ ကျင်းပနေတဲ့ပထမအကြိမ်ပြည်သူ့လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေးသောကြာနေ့မှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်မှာပထမဆုံးတင်သွင်းတဲ့ပညာရေးကျန်းမာရေးနဲ့သက်ဆိုင်တဲ့အဆို၂ခုလုံး အောင်မြင်ခဲ့တာဖြစ်ပါ
တယ်၊ ပညာရေးနဲ့ ပါတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် အရေးတကြီးအဆို တင်ခဲ့တာနဲ့ပါတ်သက်လို့ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ခုလိုရှင်းပြပါတယ်။
“ရန်ကုန်တက္ကသိုလ်ပေါ့နော်။ဝိဇ္ဇာနဲ့သိပံ္ပတက္ကသိုလ်ကိုပုပြင်မွမ်းမံဖို့ပေါ့နော်။နိုင်ငံတကာအဆင့်မှီပညာရေး
တက္ကသိုလ်တခုဖြစ်အောင်ပေါ့။ဥပမာသင်ကြားနည်းစနစ်ရောသင်ထောက်ကူပစ္စည်းတွေရော၊ဘာသာရပ်ဆို
င်ရာပညာရပ်တွေရော၊အဲ့တာတွေနဲ့ပတ်သက်လို့နိုင်ငံတကာအဆင့်မှီ၊တက္ကသိုလ်ဖြစ်ဖို့ကို ပညာရေးဌာနက တာဝန်ရှိပုဂ္ဂိုလ်တွေရယ်၊လွှတ်တော်ကကော်မတီကော်မရှင်အဖွဲ့ဝင်တွေရယ်၊အသိပညာရှင်၊အတတ်ပညာရှ
င်တွေရယ်၊နောက်ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူတွေရယ်ပါဝင်တဲ့ကြီးကြပ်တဲ့အဖွဲ့တဖွဲ့ဖွဲ့ပေးပြီးတော့ အဲ့တာကို ဆောင်ရွက်ဖို့ အဆိုတင်တာဗျ။
ဒါက အရေးတကြီးအဆိုဖြစ်တဲ့အခါကျတော့ ဒီနေ့ တခါတည်း ဆွေးနွေးမယ့်သူတွေ ဖိတ်ခေါ်ပြီးတော့ ပညာရေးဝန်ကြီးကလည်း ရောက်နေတဲ့အချိန်မို့လို့ တခါတည်း လုပ်လိုက်တာ။”
ကျန်းမာရေးနဲ့ပါတ်သက်လို့လဲဒေါ်အောင်ဆန်းစုကြည်တနေ့ထဲမှာတင်တဲ့ဒုတိယမြောက်အဆိုအောင်မြင်ခဲ့ပါ
တယ်။
“ကျန်းမာရေးကတော့အများပြည်သူမှီခိုအားထားနေရတဲ့ရန်ကုန်ဆေးရုံကြီးပေါ့နော်၊ရန်ကုန်ဆေးရုံကြီးကိုပြု
ပြင်မွမ်းမံပြီးတော့အဆင့်မြင့်ဆေးရုံကြီးတခုဖြစ်မြောက်ဖို့ပေါ့နော်။ပြည်ထောင်စုအစိုးရကိုတိုက်တွန်းတာပေါ့။ အဲ့တာလည်း အောင်မြင် တာပေါ့။ ကျန်းမာရေးဝန်ကြီးက သဘောတူထောက်ခံပါတယ်။ အဲ့တာကျတော့ မဲတောင်မခွဲရဘူး။ခုနကပညာရေးနဲ့ပတ်သက်တဲ့ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာ၊သိပံ္ပကတော့မဲခွဲလိုက်ရတယ်။ နော
က်ကျန်းမာရေးကတော့ မဲမခွဲရဘူး။” 
ပြည်သူ့လွှတ်တော်မှာပဲကျန်းမာရေးဒုဝန်ကြီးဟောင်းDr.မြဦးတင်သွင်းတဲ့အမျိုးသားပညာရေးဥပဒေပြဌာန်းရေး အဆိုလဲ လက်ခံ အတည်ပြုခဲ့ကြပါတယ်။
ခုလို ပညာရေး ကျန်းမာရေးကိစ္စတွေ တိုးတက်ကောင်းမွန်ရေး အဆိုတွေကို လွှတ်တော်ကိုယ်စားလှယ် အများလက်ခံအတည်ပြုခဲ့တာကိုကြည့်ရင်ဒီကိစ္စတွေမှာအမြန်ဆုံးတိုးတက်အောင်ပြင်ဆင်သင့်ပြီဆိုတာကို ပြ
သနေတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။

ရွှေဘိုမြို့ ငလျင်ကြောင့် မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း အတွင်း ပျက်စီး ဆုံးရှုံးမှု ပုံရိပ်များ

နိုဝင်ဘာ ၁၁ နံနက်က လှုပ်ရှားခဲ့သော ငလျင်နှင့် ပတ်သက်၍ ဆက်လက်ရရှိသော သတင်းများ အရ စစ်ကိုင်းမြို့တွင် မင်းကွန်း ခေါင်းလောင်းတော်ကြီး အနည်းငယ် နေရာရွှေ့ခြင်း၊ ဝန်ထမ်း အိမ်ရာ(၆) ခန်းတွဲ (၂) ထပ်မှ အခန်း(၃) ခန်း၏ အပေါ်ထပ် နံရံပြိုကျပြီး အပေါ်ထပ် ကြမ်းခင်း ကျွံကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
ကျောက်မြောင်းမြို့နယ် ကျောက်မြောင်းရွာတွင် ကျေးရွာ ဆက်သွယ်ရေးရုံး ပြိုကျခြင်း၊ ဆယ်ပင်ကျွန်း မူလတန်းကျောင်း (၁)ထပ်ဆောင် ထက်ဝက်ခန့် ပြိုကျခြင်း၊ မကျည်းသုံးပင် ကျေးရွာ မူလတန်းကျောင်း အဆောက်အဦ၏ (၇ဝ) ရာနှုန်း ပြိုကျ ပျက်စီးခြင်း၊ ဆိတ်သာကျေးရွာ မူလတန်းကျောင်း မြင့်မိုရ်ပိတ်ပြိုကျ ပျက်စီးခြင်း၊ မလားကျေးရွာ တွဲဖက်မူလတန်းကျောင်း ထက်ဝက်ခန့် ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။
ရွှေဘိုမြို့တွင် ချမ်းသာကြီး စေတီတော်၏ စိန်ဖူးတော် မြေခခဲ့ပြီး ကြာမောက်ကြာလန် အောက်မှ အင်္ဂတေအချို့ ပြိုကျပျက်စီးခြင်း၊ မင်းသမီး ရွှေကျောင်းဘုရားနှင့် နန်းဦးကျောင်း အတွင်းရှိ စေတီများ၏ စိန်ဖူးတော်များ မြေခခြင်း၊ အတွင်းမိတ္ထီလာ ဘုန်းကြီးကျောင်းနှင့် အရှေ့လောကမာရဇိန် ဘုန်းကြီးကျောင်း တို့၏ မုဒ်ဦးများ ပြိုကျပျက်စီးခြင်း၊ ရွှေဂူကြီးဘုရား၏ ကြာမောက်ကြာလန်များ ပြိုကျပျက်စီးခြင်း၊ ရွှေဘုံသာ ဘုန်းကြီးကျောင်း အတွင်းရှေးဟောင်း စေတီတော်(၁)ဆူ ပြိုကျခြင်းနှင့် စိန်ဖူးတော်(၁) ခုမြေခခြင်း၊ ဇောတိက ရာမ ဘုန်းကြီးကျောင်းမှ အုတ်တံတိုင်း (၅)ခန်း၊ ရွှေဘုံရတနာ မင်္ဂလာ နန်းတော်ကျောင်းမှ အုတ်တံတိုင်း (၈)ခန်းနှင့် အောင်ချမ်းသာ ဘုန်းကြီးကျောင်းမှ အုတ်တံတိုင်း (၄)ခန်းတို့ ပြိုကျခြင်း၊ ဆင်အင်းကျေးရွာ ကုန်းသာ ဘုန်းကြီးကျောင်း အတွင်း ပြသာဒ်ဟောင်း အပေါ်ပိုင်း (၄)ပေခန့်ပြိုကျခြင်းတို့ဖြစ်ပေါ်ခဲ့သည်။
ခင်ဦးမြို့နယ်တွင် ကုက်တတ်အုပ်စု ရုံးပင်ကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ပြိုကျခြင်း နှင့် အညာသီဟတော ဘုရားထီးတော်ယိုင်၍ အာရုံခံသစ်သားတန်ဆောင်းတို့ ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
ကန့်ဘလူမြို့နယ်တွင် မလယ်ကျေးရွာ ဘုန်းကြီးကျောင်းအဝင် အုတ်တံတိုင်း(၁၂) ခန်း ပြိုကျခြင်း၊ ဓမ္မာရုံ(၂) ခု၏ အုတ်နံရံ ပြိုကျခြင်း၊ အိမ်ခြေ အလုံး(၂ဝ)ပြိုကျခြင်း၊ ရေရှင်ကျေးရွာ ဘုန်းကြီးကျောင်း မှ စေတီ (၂)ဆူ ထီးတော် အဆင့်ထိ ပြိုကျခြင်း၊ ဇီးကုန်းဘောင် ကျေးရွာမှ မြန်မာညွန့်ဆန်စက်ခေါင်းတိုင် ပြိုကျခြင်း၊ သပြေသာကျေးရွာ ဘုန်းကြီးကျောင်း ပြိုကျခြင်း၊ ထန်းတပင်ကျေးရွာ ရွာလယ်စေတီ ထီးတော်မြေခခြင်း တို့ ဖြစ်ပေါ်ခဲ့သည်။
ဝက်လက်မြို့တွင် သစ်ဆိပ်ကျေးရွာဘုရား ငှက်ပျောဖူးမှစ၍ ပြိုကျခြင်း၊ ရေလည်မှော် မူလတန်းကျောင်း နံရံပြိုကျခြင်း၊ရေလည်မှော်ကျေးရွာဘုရားစိန်ဖူးတော်မြခခြင်း၊ရွာသာကြီးကျေးရွာဘုရားစိန်ဖူးတော်မြေခခြင်း နှင့် အင်းမဲကြီးကျေးရွာ ဘုရားစိန်ဖူးတော် မြေခခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
ထို့အတူ ကလေးခရိုင်၊ မော်လိုက်ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်နှင့် တမူးခရိုင်တို့တွင် အနည်းငယ် လှုပ်ရှားခဲ့သော်လည်း ထိခိုက်ပျက်စီးမှု မရှိကြောင်းနှင့် ငလျင်ဘေးဒဏ်သင့် နေရာများသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
နံနက် (၇) နာရီ (၄၂) မိနစ် (၃၇) စက္ကန့်တွင် မန္တလေး မြေငလျင် စခန်းမှ မြောက်ဘက် (၈၂) မိုင် ခန့်၊ ရွှေဘိုမြို့၏ မြောက်ဘက် (၄၅) မိုင်ခန့် နေရာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆ ဒသမ ၈) အဆင့်ရှိ အင်အား ပြင်းထန်သော မြေငလျင် တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း၊ နံနက်(၇) နာရီ (၅၉) မိနစ် (၅၉) စက္ကန့်တွင် မန္တလေးမြို့ မြောက်ဘက်(၅၉)မိုင်ခန့်၊ ရွှေဘိုမြို့မှ အရှေ့မြောက်ဘက်(၂၃)မိုင်ခန့်၊ မိုးကုတ်မြို့မှ အနောက်ဘက် (၃၆) မိုင်ခန့်နှင့် သပိတ်ကျင်းမြို့မှ အနောက်တောင်ဘက် (၄)မိုင် ခန့် နေရာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၅ ဒသမ ဝ) အဆင့်ရှိ ငလျင်တစ်ခုနှင့် နံနက်(၈) နာရီ (၂)မိနစ် (၂၈)စက္ကန့်တွင် မန္တလေးမြို့ မြောက်ဘက်(၅၃)မိုင်ခန့်၊ ရွှေဘိုမြို့ အရှေ့မြောက်ဘက် (၁၆) မိုင်ခန့်၊ မိုးကုတ်မြို့မှ အနောက်ဘက် (၄၁) မိုင်ခန့် နှင့် သပိတ်ကျင်းမှ အနောက်တောင်ဘက် (၁၂) မိုင်ခန့် နေရာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅ ဒသမ ဝ) အဆင့်ရှိ ငလျင်တစ်ခု ထပ်မံ လှုပ်ရှား သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန် ကြေညာခဲ့သည်။
ယင်းငလျင်ကြောင့်စစ်ကိုင်းတိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးအတွင်းမှစစ်ကိုင်း၊ရွှေဘိုကျောက်မြေ ခင်ဦး၊ မန္တလေး၊ အမရပူရ၊ စဥ့်ကူး၊ ကျောက်ဆည်နှင့် သပိတ်ကျင်းမြို့နယ် တို့တွင် ပျက်စီးမှု အချို့နှင့် ထိခိုက် သေဆုံးမှု အချို့ ရှိခဲ့ကြောင်း သိရသည်။
ငလျင် လှုပ်ရှားမှုကြောင့် စစ်ကိုင်းမြို့တွင် ကောင်းမှုတော်ဘုရား စိန်ဖူးတော်တိုင် အနည်းငယ် တိမ်းစောင်းသွားခြင်း၊ ဆင်များရှင်ဘုရား ထီးတော်ထိပ်မှ ဖန်သီးအချို့ ပြုတ်ကျခြင်း၊ မဟာစေတီဘုရားတွင် ဘုရား၏ လုံးပတ်နေရာ အချို့ အနည်းငယ် ကွဲအက်ခြင်း၊ လေးကျွန်းမာန်အောင် ချမ်းသာကြီးဘုရား စိန်ဖူးတော်ပြုတ်ကျခြင်း၊ထူပါရုံဘုရားသပိတ်မှောက်အောက်ပတ်လည်တွင်အက်ကြောင်းအချို့ ဖြစ်ပေါ်ခြင်း၊ ရတနာပုံ တံတားထိပ်ရှိ မုခ်ဦးအနည်းငယ် ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။
ရွှေဘိုမြို့တွင်မြို့ထောင့်စေတီဘုရား၏ထီးတော် ယိုင်လဲခြင်း၊ လမ်းလယ်ဘုရား ဓမ္မာရုံ၏ ကဆွန် ပြိုကျခြင်း၊ အရှေ့ လောကမာရဇိန် ဘုရားမုခ်ဦး ပြိုကျခြင်း၊ အမှတ်(၉) ကျားကျောင်း ဘုန်းကြီးကျောင်း အုတ်တံတိုင်း (၄)ခန်း ပြိုကျခြင်း၊ မင်းတုန်းကျေးရွာ ဘုန်းကြီးကျောင်း မုခ်ဦးပြိုကျခြင်း၊ အမှတ်(၁)ရပ်ကွက်ရှိ ဆန်စက်(၁)ခု၏ခေါင်းတိုင်ထိပ်ပိုင်း(၆)ပေခန့်ပြိုကျခြင်းနှင့်ဈေးဆိုင်ခန်းတစ်ခု၏အပေါ်ထပ်အုတ်နံရံပြိုကျခြင်း
တို့ ဖြစ်ပေါ်ခဲ့ကြောင်း။
ကျောက်မြောင်းမြို့တွင် အမှတ်(၂)ရပ်ကွက်ရှိ အိမ်(၁)အိမ်မှ အုတ်တံတိုင်း (၃)ခန်း ပြိုကျခဲ့ရာမှ အမျိုးသမီးတစ်ဦး အုတ်တံတိုင်းပိ သေဆုံးပြီး (၁ဝ) ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဧရာဝတီ မြစ်ကူးတံတား (ရတနာသိင်္ဃ) ၏  RP-1 နှင့်   RP-2 ကြားနှင့် RP-2 နှင့် RP-3 ကြား တံတားအခန်း (၂) ခန်းမှ တပ်ဆင်ဆဲ သံပေါင်များ၊ သံပေါင်ပေါ်ရှိ Erection Tower နှင့် Erection Crane တို့ ပြုတ်ကျသွားပြီး တံတား အောက်ဘက်ရှိ ရေယာဉ်များပေါ် ကျရောက်သဖြင့် Barge (၁) စီးနှင့် Z-craft  (၁)စီး နစ်မြုပ်ကာ (၁) ဦး သေဆုံး၊ (၄) ဦး ပျောက်ဆုံး၍ (၁၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း။
ခင်ဦးမြို့တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ အရှေ့ဘက် အုတ်တံတိုင်း(၁ဝ)ခန်း ပြိုကျခြင်း၊ တဘွတ်ကျေးရွာ ဘုန်းကြီးကျောင်းနှင့်နှစ်ထပ်ဘုန်းတော်ကြီးသင်စာသင်ကျောင်းပြိုကျခဲ့ပြီးသံဃာ(၁)ပါးဒဏ်ရာရရှိခြင်းတို့
 ဖြစ်ပေါ်ခဲ့ကြောင်း။
မန္တလေးမြို့တွင်လေးမျက်နှာဘုရား၊အရိပ်မထွက်ဘုရားနှင့်စန္ဒာမုနိဘုရားတို့မှစိန်ဖူးတော်များမြေခခဲ့ကြောင်း
အမရပူရ မြို့နယ်တွင် ပုထိုးတော်ကြီးစေတီ၏ စိန်ဖူးတော် မြေခခဲ့ပြီး စွယ်တော်မြတ် စေတီ (မန္တလေး) ၏ စိန်ဖူးတော် အလယ်ပစ္စယံသို့ ပြုတ်ကျခဲ့ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။
စဥ့်ကူးမြို့တွင် ရွှေဂူကြီးဘုရား မုခ်ဦး တစ်ခြမ်းပြိုကျခြင်း၊ ရွှေဂူကြီး မူလတန်းကျောင်းရှိ  ကျောင်း ဆောင် တစ်ဆောင်နှင့်အုတ်တံတိုင်းပေ၃ဝဝခန့်ပြိုကျခြင်း၊ရွှေယက်တောင်၏တံခွန်တိုဘုင်နှင့်မုခ်ဦးပြိုကျခြင်း၊ တော
ရကျောင်းတိုက်အုတ်တံတိုင်း(၅)ခန်းပြိုကျခြင်း၊ပရိယတ္တိသတ္တမဝံသနန္ဒာကျောင်းတိုက်အုတ်တံတိုင်း ပေ
(၆ဝဝ)ခန့်ပြိုကျခြင်း၊အမှတ်(၂)ရပ်ကွက်ရှိနေအိမ်တစ်လုံးပြိုကျပြီး၎င်းအိမ်နေလူ(၃)ဦးထိခိုက်ဒဏ်ရာရရှိခြင်း
နွယ်ရုံ ရဲကင်း၏ မျက်နှာကျက် ပြိုကျခြင်း၊ နွယ်ရုံရွာရှိ ဒို့ညီနောင် စားသောက်ဆိုင်၏ အုတ်နံရံ ပြိုကျရာမှ အမျိုးသား (၁)ဦး သေဆုံးခဲ့ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။
ကျောက်ဆည်မြို့တွင်ဘနွဲရွာဝေဇယန္တာကျာင်းတိုက်ရှိ အောင်တော်မူ ဘုရား စိန်ဖူးတော် မြေခခဲ့ကြောင်း။
သပိတ်ကျင်းမြို့တွင် သပိတ်ကျင်း ရဲစခန်းမှ အဆောက်အဦ တစ်ခု၏ အုတ်နံရံ ပြိုကျခဲ့ခြင်း၊ ကြာညှပ် ရဲစခန်းရိပ်သာနှင့်စခန်းရုံးနံရံပြိုကျခဲ့ခြင်းနှင့်ဝန်ထမ်းနေအိမ်(၁)လုံး၏နံရံ ပြိုကျခဲ့ခြင်း တို့ ဖြစ်ပေါ်ခဲ့ကြောင်း ကနဦး သတင်းရရှိသည်။
အဆိုပါငလျင်ဘေးဒဏ်သင့်ဒေသများတွင်အပျက်အစီးနှင့်ဆုံးရှုံးမှု အခြေအနေကို ဒေသ အာဏာပိုင်များက စာရင်းကောက်ယူလျက်ရှိကြောင်း၊ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်းသတင်းရ
ရှိသည်။
ယနေ့နံနက်ပိုင်းကလှုပ်ရှားသွားသည့်ငလျင်ဒဏ်ကြောင့်ပျက်စီး ဆုံးရှုံးမှု အချို့ ရှိခဲ့သော်လည်း ထိုဒေသရှိ ဆည်များနှင့် စစ်ကိုင်းတိုင်း မုံရွာမြို့ ဗောဓိတစ်ထောင်ဝင်း အတွင်းရှိ ဥာဏ်တော်အမြင့် (၄၂၄) ပေရှိသော ရပ်တော်မူ ရုပ်ပွားတော်ကြီးမှာ ထိခိုက် ပျက်စီးမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရှိရပါသည်။
မဟာမင်္ဂလာစေတီတော်ကြီးဧ။်ထီးတော်မှာတမ်းစောင်းသွား
စစ်ကိုင်းမြို့ဘက်ခြမ်းရှိ ဧရာဝတီမြစ်ကူးတံတား ထိပ်ရှိ စစ်ကိုင်းမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်မှ ခြင်္သေ့ရုပ်တစ်ခု
မဟာမင်္ဂလာစေတီတော်မှစိန်ဖူးတော်မှာမြေခပြီးအခုလိုကျေမွသွားခဲ့ပါသည်

မန္တလေးမြို့ရှိစွယ်တော်မြတ်စေတီတော်၏စိန်ဖူးတော်မြေခခဲ့
ရွှေဘိုမြို့ ကျောက်မြောင်းမြို့နယ်ခွဲမှ ငလျင်ဒဏ်သင့်ဘုရားတစ်ဆူ

အမရပူရမြို့ရှိ ရွှေလင်းပင်ဘုရား ထီးတော်ယိုင်သွားစဉ်။