468x60 Ads

Monday, October 8, 2012

လက်ရှိ အခြေအနေသည် အားလုံး ကောင်းသည့် အခြေနေ မဟုတ် သေးဟု ဒေါ်အောင်ဆန်းစုကြည် ပြော


"နိုင်ငံရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ကတော့ ကျွန်မ အမြဲတမ်း ပြောခဲ့ပါတယ်။ ကျွန်မတို့ဟာ ဒီမိုကရေစီ ရသေးတဲ့ နိုင်ငံမဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံရဲ့ စနစ်က ဒီမိုကရေစီ စနစ်လို့ ပြောလို့ မရသေးပါဘူး။ လက်ရှိ အခြေအနေအရ ဒီမိုကရေစီလမ်းကို လျှောက်နိုင်တဲ့ အခြေအနေ ရောက်လာတယ် ဆိုတာကို ရှင်းပြဖို့ သွားတာပါ။ ဒီမိုကရေစီ လမ်းစကို ရောက်တယ်ဆိုတာဟာ ဖြူးဖြောင့်နေတဲ့ လမ်း မဟုတ်ပါဘူး။ ကျွန်မတို့ ကိုယ်တိုင် ဖောက်ယူရမယ့် လမ်းပါ။
ကျွန်မတို့ ကိုယ်တိုင်ဆိုတာ ဘယ်သူတွေလဲ ဆိုတော့ အဓိကကတော့ ပြည်သူလူထုပဲ။ ပြည်သူလူထုနဲ့ ကျွန်မတို့ အမြဲ လက်တွဲ လုပ်ကိုင်ခဲ့တဲ့ ဒီမိုကရေစီ အင်အားစုတွေ ဖောက်ယူရမယ့် လမ်း ဖြစ်ပါတယ်။ ဒီလိုပြောလို့ အစိုးရကရောလို့ တချို့ကမေးလိမ့်မယ်။ အစိုးရကတော့ ပြည်သူလူထုရဲ့ ဆန္ဒအရ လိုက်လုပ်ရမှာပါ။ ဒါမှလည်း ဒီမိုကရေစီ ကျမှာပါ။ ကျွန်မတို့ ဖောက်တဲ့ နေရာမှာလည်း အများကြီး သတိထားဖို့ လိုတယ်။ အများကြီးလည်း ကြိုးစားဖို့ လိုတယ်ဆိုတာ ကျွန်မ ပြောချင်ပါတယ်။
တချို့က ဆိုလို့ရှိရင် အခုအခြေအနေကို အားလုံး ကောင်းနေပြီလို့ အလွန်အကဲ အကောင်းမြင်တယ်လို့ ပြောရမှာပေါ့။ အားလုံး ကောင်းနေတဲ့ အခြေအနေ မဟုတ်သေးပါဘူး ဆိုတာကိုလည်း ကျွန်မတို့ သဘောပေါက်ဖို့ လိုတယ်။ အားလုံး ကောင်းအောင် လုပ်ရမယ့် အခြေအနေပါ။ လုပ်နိုင်ဖို့လည်း အခွင့် အလမ်းတော့ ရှိလာပြီ" ယနေ့နံနက် ၁၁ နာရီခွဲ အချိန်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၌ ကျင်းပပြုလုပ်သည့် အမေရိကန် ခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

0 comments:

Post a Comment