468x60 Ads

Monday, October 8, 2012

ကစားသမား များကို ကျေးဇူး တင်သည်ဟု ပတ်ဆောင်ဟွာ ဖွင့်ဟ

တီမော အသင်းအား အကြိတ်အနယ် ကစားကာ အနိုင် ရခဲ့သည့်နောက် မြန်မာ့ လက်ရွေးစင် အသင်းနည်းပြချုပ် ပတ်ဆောင်ဟွာက ပွဲအတွင်း ရေကုန်ရေခန်း ကြိုးစား ကစားခဲ့ကြသည့် ကစားသမားများကို ကျေးဇူးတင်ကြောင်း ဖွင့်ဟခဲ့သည်။

မြန်မာအသင်းသည်မိမိတို့ထက် ကြံ့ခိုင်မှုပိုကောင်းသော တီမောအသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပြီးပွဲချိန်(၇၃)မိနစ်တွင်သွင်းယူသည့်ကြည်လင်း၏ဂိုးကြောင့်အနိုင်ရခဲ့ခြင်း ဖြစ်သည်။ မြန်မာသည် ယခုပွဲ အနိုင်ကြောင့် အမှတ်ပေး ဇယားထိပ်တွင် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ကာ ခြေစစ်ပွဲ အောင်မြင်ရန် အခြေအနေကောင်းသွားခဲ့ပြီဖြစ်သည်။"ခက်ခဲတဲ့ပွဲစဉ်ပါ။ဒီလိုအခြေအနေမှာအနိုင်ရအောင်ကြိုးစားခဲ့တဲ့ကစားသမားတွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ လက်ရှိ အခြေအနေ အရတော့ ခြေစစ်ပွဲအောင်ဖို့ (၅၀)ရာခိုင်နှုန်း သေချာသွားပြီ လို့ပြောနိုင်ပါတယ် " ဟု ပတ်က ဖွင့်ဟခဲ့သည်။

ဆက်လက်၍ ၎င်းက တိုက်စစ်မှူး ကောင်းစည်သူကိုလည်း ချီးကျူးစကား ပြောကြားခဲ့သည်။ "ကောင်းစည်သူက အခုထိ ဂိုးမရသေးပေမယ့် ပြိုင်ဘက်နောက်တန်းတွေကို ကောင်းကောင်း အလုပ်ရှုပ်အောင် လုပ်နိုင်သူပါ။ သူကွင်းထဲမှာ ရှိနေတာဟာ အသင်းအတွက် အကျိုးရှိပါတယ် " ဟု ကောင်းစည်သူကို ပတ်ဆောင်ဟွာက ချီးကျူးခဲ့သည်။ ကောင်းစည်သူသည် ပတ်ဆောင်ဟွာ၏ တတိယဦးစားပေး တိုက်စစ်မှူး တစ်ဦးသာ ဖြစ်သော်လည်း ကျော်ကိုကိုနှင့် ရန်ပိုင်တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်တွင် ပွဲထွက် ကစားသမား အဖြစ် ပွဲထွက်ခွင့် ရရှိခဲ့သည်။ သို့သော် ပွဲစဉ်(၂)ပွဲ ပြီးဆုံးသည် အထိ သွင်းယူနိုင်ခြင်း မရှိသေးရာ ပတ်ဆောင်ဟွာက ကောင်းစည်သူ၏ အရည်အချင်းများကို ထုတ်ဖော် ချီးကျူး ခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment