468x60 Ads

Monday, October 8, 2012

မကြာမီတွင် ခြေစွမ်းပြ ဂိုးသွင်းနိုင်မည်ဟု ဖာဂူဆန်မှ ယုံကြည်နေသည့် ရွန်းနီ


မန်ယူနည်းပြ ဖာဂူဆန်မှ အသင်း၏ တိုက်စစ်မှူး ရွန်းနီ သည် ပေါင် ဒဏ်ရာမှအပြည့်အ၀ ပြန်လည် သက်သာလာပြီ ဖြစ်သောကြောင့် နောက် တစ်ကြိမ် ခြေစွမ်းပြ ပေါက်ကွဲရန် အသင့်ဖြစ်နေပြီဟု မိမိ ယုံကြည် ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ သည်။

ရွန်းနီသည် ယခုနှစ် ရာသီအစ တွင် စိုးရွားသော ပေါင်စုတ်ပြဲ ဒဏ်ရာ နှင့် အတူခြေစွမ်းပြနိုင် ရန် ရုန်းကန်နေရသူ ဖြစ်သည်။ သို့သော် လည်း မန်ယူနည်းပြ ဖာဂူဆန်က ရွန်းနီသည် ယခုအခါတွင် ကြံ့ခိုင်မှု အပြည့် အ၀ ပြန်လည် ရရှိလာပြီ ဖြစ်ကာ လေ့ကျင့်ရေးကွင်းတွင် ပြသခဲ့သည့် ခြေစွမ်းအရ ယမန်နှစ်က ခြေစွမ်းမျိုး ထပ်မံပြသနိုင်မည်ဟု ယူဆနေ ကြောင်း သိရသည်။
“ရွန်းနီက ကြံ့ခိုင်မှု ပြည့်ဝလာ ပါပြီ။ လေ့ကျင့်ရေးကွင်းမှာ လည်း သူအကောင်းဆုံး လုပ်တောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်အထင်အရ ပွဲအနည်းငယ် အတွင်းမှာပဲ သူဂိုးပြန်သွင်းနိုင် ပါလိမ့်မယ်။ ရွန်းနီ နဲ့ ဗန်ပါစီက တစ်ယောက် ကို ဂိုး(၂၀)သွင်းနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”ဟု ဖာဂူဆန်မှ ခန့်မှန်းပြောဆိုခဲ့ သည်။ 

0 comments:

Post a Comment