468x60 Ads
Friday, October 12, 2012
ကြံကြံဖန်ဖန် မီးအုန်းလုံးဘောပွဲ...
အနယ် ယှဉ်ပြိုင်ကစားကြပုံတွေကို အားပါးတရကြေငြာပြောကြားလေ့ ရှိကြပါတယ်...
သို့ သော်လည်း တစ်ကယ့် အဆင့် မြင့် ဘောလုံးကစားသမား ဂယ်ရီလီနီကာနဲ့ အန်ဒီဂရေး တို့ 
အနေနှင့် အကယ်၍သာအင်ဒိုနီးရှားနိုင်ငံမှ ဤဘောလုံးပွဲမျိုးတွင်ပါဝင်ယှဉ်ပြိုင်ကစားရပါက၎င်း
တို့ အနေဖြင့် ထိုကစားသမားများနှင့် ခြေရည်တူကန်နိုင်မှာမဟုတ်ဘူးဆိုတာ သိသွားကြမှာအ
အသေအချာပါပဲ....
ထိုအင်ဒိုနီးရှားမှ အထူးဘောလုံးပွဲတွင်ပါဝင်ကစားလိုသူတွေအနေနှင့် မကစားမှီ ၂၁ ၇က်မျှကြာ
အောင် ၀တ်ပြုဆုတောင်းခြင်း၊ ဥပုတ်ဆောက်တည်ခြင်းများအပြင် မီးနှင့် ယဉ်ပါးစေရန်လေ့ ကျင့်
ခြင်းများပြုလုပ်ကြရသောကြောင့် ဖြစ်ပါတယ်....
အားလုံးလေ့ ကျင့် မှုပြီးစီးကာအဆင်သင့် ဖြစ်မှပင် ထိုကစားသမားများအနေဖြင့် ၂ ရက်ကြာ
ကန်ရသည့် ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရတာဖြစ်ပါတယ်... 
မီးတောက်နေသည့် ထိုဘောပွဲဟာ မိနစ် ၆၀ ကြာမြင့် လေ့ ရှိပြီး ကစားသမားများအနေဖြင့် ပွဲပြီး
သည်အထိ မီးအုန်းဘောလုံး ၄ လုံးခန့် အသုံးပြု ရလေ့ ရှိကြပါတယ်...
ယှဉ်ပြိုင်ကစားနေသည့် တစ်ချိန်လုံးအုန်းသီးဘောလုံးမီးလောင်နေစေရန် ၂ ရက်မျှရေနံဆီစိမ်
ထားရပါတယ်...
ခြင်းကိုပြုလုပ်ကြပါတယ်...
ယှဉ်ပြိုင်သူများဟာ မီးလောင်နေသည့် ဘောလုံးအား ခြေဗလာဖြင့် ပင် ဆွဲယူတို့ ထိကစားခြင်း၊ အလွတ်တည်ကန်ဘောများကန်ခြင်း စသည်တို့ ဖြင့် ကမ္ဘာ့ ဖလားဘောလုံးသမားများကဲ့ သို့ ပင်
 အလိမ်အခေါက်အကွေ့ အပတ်များကိုခြေဗလာဖြင့် ကန်ကာ ဂိုးသွင်းခွင့် ရအောင်ယှဉ်ပြိုင်ကြပါ
လာမ်ကျောင်းအိပ်ကျောင်းစား စာသင်ကျောင်းများတွင် ယှဉ်ပြိုင်ကစားကြပြီး လူကြိုက်များလျှက်
ရှိနေပါတယ်...
တစ်ဖက်လျှင် ၅ ယောက်စီပါဝင်သည့် အသင်း ၂ သင်းဟာ အင်ဒိုနီးရှားရိုးရာ ကိုယ်ခံပညာတစ်
မျိုးဖြစ်သည့် ပန်ဆက်ဆီလက် ပညာနှင့် ဆက်စပ်သည့် အဆိုပါ အုန်းမီးလုံးဘောလုံးပွဲကို ယှဉ်
ပြိုင်ကစားကြလေ့ ရှိပါတယ်...
ကရီဒီဒေသ လာဘိုယိုအရပ်မှာကန်သည့် ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် ကစားသမားများဟာ ပွဲမစ
ခင်၊ ၂၅ မီတာအလျားအနံရှိသည့် ဘောလုံးကွင်းထဲမ၀င်မှီ၎င်းတို့ ၏ခြေထောက်များ မီးမလောင်
ကျွမ်းအောင် ၀တ်ပြုဆုတောင်းကြရပါတယ်...
ထိုကဲ့ သို့ ပွဲမ၀င်ခင် ဆုတောင်းခြင်းနှင့် သဲသဲမဲမဲယှဉ်ပြိုင်ကစားခြင်းတို့ ကပင် ကစားသမားများ
ရည်ရွယ်ပါတယ်...
ဒီလိုမီးလောင်နေသည့် အုန်းသီးကိုခြေဖြင့် ကန်ကာကစားသည့် အတွက်လည်း ကစားသများ
အနေဖြင့် အရေပြားအပူဒါဏ်ခံနိုင်၊ မီးလောင်ခံနိုင်မည့် အခြေအနေကိုပိုမိုခံနိုင်ရည်စွမ်းရှိလာစေ
ဖို့ ရည်ရွယ်တာလည်းဖြစ်ပါတယ်... 
ကန်နေတာများ အေးရာအေးကြောင်း..
 အပြင်းအထန်ကြိုးစားယှဉ်ပြိုင်ချက်ကတော့ အင်္ဂလန် ပီရီးမီးယားလိဂ်ထက်ပိုပါလိမ့် မယ်...
အင်ဒိုနီးရှားနိုင်ငံ၊ ကေဒီရီ မှ လာဘိုယို ဘော်ဒါကျောင်းမှ မီးဘောလုံးကစားပွဲပါ...
သတ္တိရှိမှကန်နိုင်မှာနော်...
အပြိုင်အဆိုင်၊ ယှဉ်ပြိုင်နွှဲ.... ကန်တဲ့ မီးဘောပွဲ...ဂိုးသမားအတွက်တော့ သက်သာမယ်မထင်...
မီးလောင်နေတဲ့ အုန်းသီးကိုဘောလုံးအဖြစ်လုပ်ပြီးကစားတာမို့ အခုလို ဘောကန်ဖိနပ်
မပါပဲ ခြေဗလာသက်သက်နဲ့ ဘောလုံးကိုကြာရှည်ထိနေဖို့ ဆိုတာ မလွယ်ပါ....
မီးဘောလုံးတစ်ခုဖန်တီးဖို့ အုန်းသီးတစ်လုံးကို ရေနံဆီနှင့် ၂ ရက်တိတိစိမ်ထားရပါမယ်...
မိမိနောက်ကအောင်မြင်မှု မအောင်မြင်မှု များ ကပ်ပြီးပါလာမည် ဆိုသူ မိုးဟေကို
အနုပညာ အလုပ်ကို ဝါသနာပါ၍ လုပ်ချင်သည့် စိတ်အပြည့်ဖြင့် လုပ်ခဲ့ခြင်း ဖြစ်ပြီး အောင်မြင်မှု၊ မအောင်မြင်မှုများသည် မိမိ အနောက်က ကပ်ပြီးပါလာ မည်ဖြစ် ကြောင်း မိုးဟေကိုက ဆိုသည်။
”အဓိက ကတော့ ကိုယ် ဝါသနာပါတဲ့ အလုပ်ကို လုပ်ခွင့်ရတဲ့ အတွက် ပျော်ပါတယ်။ အစ်မတို့ ဖြတ်သန်း ခဲ့ရတဲ့ အတွေ့အကြုံတွေ ကတော့ အစုံပါပဲ။ သင်ခန်းစာ ယူစရာရှိလည်း ယူတယ်။ မှတ်သားစရာ ရှိတာလည်း မှတ်သားတယ်။ ကိုယ့်အလုပ်လေးကို ပုံမှန် အေးအေး ဆေးဆေးလုပ်ပြီး မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေတယ်။ စိတ်ရှုပ်စရာ တွေလည်း ခေါင်းထဲမှာ မထည့်ထားဘူး”ဟု အောင်မြင်မှုနှင့် ပတ်သက်၍ သူ့အယူအဆကို ပြောပြသည်။
သရုပ်ဆောင် အပြင် အဆိုဘက် ဝါသနာပါသော မိုးဟေကိုက ”ကားရိုက် ပြီးတာနဲ့ သီချင်းအတွက် အသံသွင်းဖို့ အပြင် ပြန်မထွက်ချင်တော့ဘူး။ အိမ်မှာပဲ မိသားစုနဲ့ အတူတူ နေဖြစ်တယ်။ ဝါသနာတော့ ပါတယ်။ ဒါတွေက ဒုတိယ အဆင့်ပါ။ အချိန်ပေးနိုင်ပြီး အချိန်ရရင် တော့ လုပ်ဖြစ်မှာပါ။ သီချင်း ဆိုတဲ့ အလုပ်က ကိုယ် ကျွမ်းကျင် တဲ့ အလုပ်လည်း မဟုတ်ဘူး။ သီချင်းနဲ့လည်း နေ့တိုင်း ထိတွေ့မှုမရှိဘူး။ သီချင်း ဆိုရတာ ခက်ခဲမှုတွေ ရှိတယ်။ အဲဒါကလည်း ကိုယ့်အတွက် စိတ်ဖိစီး မှုတွေရှိ တယ်” ဟု ပြောပြသည်။
ကမ္ဘောဒီးယားကို လည်း အနိုင်ရခဲ့ပြန်ပါပြီ ..
မြန်မာအသင်းသည်ယခုပွဲတွင်ကစားသမားအချို့ကိုပြောင်းလဲပွဲထုတ်ခဲ့သည်ကိုတွေ့ရသည်။  မြန်မာအသင်းတွင် တိုက်စစ်မှူး ဟူ၍ ကောင်းစည်သူ တစ်ဦးတည်းသာ ရှိရာ ယခုပွဲတွင် ကောင်းစည်သူကို အနားပေး ခဲ့သောကြောင့် မြန်မာအသင်း၏ ပွဲထွက် လူစာရင်းတွင် တိုက်စစ်မှူး တစ်ဦးမျှ ပါဝင်ခြင်း မရှိခဲ့ဘဲ ကြည်လင်းက တိုက်စစ်မှူးအဖြစ် တာဝန်ယူခဲ့သည်ကို တွေ့ရသည်။ ခံစစ်ဘယ်အစွန် ကစားသမား သိန်းသန်းဝင်းကိုကွင်းလယ်ဘယ်တောင်ပံတွင်နေရာပေးခဲ့ပြီးရန်အောင်ကျော်၊ခင်မောင်လွင်၊   ကျော်ဇေယျာဝင်းတို့ဖြင့် ကွင်းလယ်ကို စုဖွဲ့ခဲ့ကာ ဒေးဗစ်ထန်ကို ညာခြမ်းတွင် ပုံမှန်အတိုင်း ပွဲထွက်စေခဲ့သည်။ ခံစစ်ဘယ်အစွန်တွင်ပြည့်ဖြိုးအောင်ကို အသုံးပြုခဲ့သည်မှ လွဲ၍ ရန်အောင်ဝင်း၊ အောင်ဟိန်းကျော်၊ ဇော်မင်းထွန်း တို့ဖြင့် အမာခံ ခံစစ်အစုအဖွဲ့ကိုပင် အသုံးပြုခဲ့ကာ ဂိုးသမား အဖြစ် သီဟစည်သူကိုပင် အသုံးပြခဲ့သည်။
ပွဲစသည်နှင့် မြန်မာသည် လျှင်လျှင်မြန်မြန် တိုက်စစ်ဆင်ခဲ့ပြီး ဂိုးသွင်းယူ နိုင်ရေးအတွက် အားထုတ်ခဲ့သည်။ ပွဲချိန်(၃)မိနစ်မှာပင် မြန်မာတို့ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပြီး ထိုပြစ်ဒဏ်ဘောကို ကျော်ဇေယျာဝင်း ကန်သွင်းရာ ဂိုးဘားပေါ် ကျော်သွားခဲ့သည်။ မြန်မာ အသင်းသည် ပွဲအစပိုင်းတွင်ဒေးဗစ်ထန်၏ညာခြမ်းမှအဓိကထိုးဖောက်ခဲ့သည်။ဒေးဗစ်ထန်၏  ဖြတ်တင်ဘောများမှာ   ကောင်းမွန် ခဲ့သော်လည်း တိုက်စစ်ကစားသမားများ ဖြစ်သည့် ကြည်လင်းနှင့် ကျော်ဇေယျာဝင်းတို့ အသုံးမချနိုင်ခဲ့ပေ။ ပွဲချိန်(၁၇)မိနစ်တွင် ဒေးဗစ်ထန်၏ ဧရိယာအပြင်မှ အမြောက်ကျော်ကန်ချက်မှ လှပသော်လည်း ဂိုးဘားကို ထိခဲ့သောကြောင့် မြန်မာအသင်းအတွက် အပိုင်ဂိုးတစ်ဂိုး နစ်နာခဲ့သည်။ ဆက်တိုက် ဆိုသလိုပင် ကြည်လင်းနှင့် ကျော်ဇေယျာဝင်း အပေးအယူလုပ်ပြီး ကြည်လင်း ခင်းပေးရာမှ ကျော်ဇေယျာဝင်း လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရသော်လည်း အံ့အားသင့်ဖွယ် လွဲချော်ခဲ့သည်။ ပွဲချိန်(၂၃)မိနစ်ခန့်တွင် မြန်မာအသင်း ထောင့်ကန်ဘော (၃)ကြိမ်ဆက် ရရှိခဲ့သော်လည်း အချည်းအနှီး ဖြစ်ခဲ့ရသည်။ ထို့အတူ ကျော်ဇေယျာဝင်း၏ ဧရိယာ အပြင်မှ ကန်ချက်မှာလည်း လွဲချော်ခဲ့ပြန်သည်။ မြန်မာအသင်းသည် ပထမပိုင်း တစ်လျှောက်လုံး တရစပ် တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း အပိုင်အခွင့်အရေး ဖန်တီးနိုင်မှု နည်းပါးခဲ့သည်။ ရရှိခဲ့သည့် အခွင့်အရေးများမှာလည်း အံ့အားသင့်ဖွယ့် လွဲချော်ခဲ့သောကြောင့် ဂိုးရရှိရေး ရုန်းကန်နေခဲ့ရခြင်း ဖြစ်သည်။
ဂိုးရရှိရန် လိုအပ်နေသည့် မြန်မာအသင်းသည် ဒုတိယပိုင်းစသည်နှင့် တရစပ် တိုက်စစ်ဆင်ကာ အနိုင်ဂိုး ရရှိရေးအတွက် အပြင်းအထန် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ပွဲချိန်(၄၆) မိနစ်တွင် ခင်မောင်လွင် ကန်ခွင့်ရခဲ့ပြီး ထိုကန်ချက်မှာ ဂိုးဘေး ကပ်ထွက်သွားခဲ့ သောကြောင့် မြန်မာတို့ အခွင့်အရေးတစ်ရပ် ဆုံးရှုံးခဲ့ရသည်။ မိနစ်(၅၀)တွင် ညာခြမ်းမှ ဒေးဗစ်ထန်၏ဖြတ်တင်ပေးပို့မှုမှ တဆင့် ကြည်လင်း လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့် ရသော်လည်း ၎င်း၏တိုက်ချက်မှာ ဂိုးဘေးထွက် သွားခဲ့သည်။ ညာနောက်ခံအဖြစ် တောက်လျှောက် ပွဲထွက်ခဲ့သည့် ရန်အောင်ဝင်း ဒဏ်ရာရရှိ သွားခဲ့သောကြောင့် နည်းပြချုပ် ပတ်ဆောင်ဟွာက သက်နိုင်ကို ၀င်ရောက် ကစားစေခဲ့သည်။ ပွဲချိန်(၅၄)မိနစ်တွင် ကမ္ဘောဒီးယားတို့ ဂိုးရရန် နီးစပ်ခဲ့သေးသည်။ ညာခြမ်းမှ ချင်၏ ပြစ်ဒဏ်ဘောကို မြန်မာနောက်ခံလူများ ကြားမှ အူဒွန် အပိုင်ခေါင်းတိုက် ခဲ့သော်လည်း တိုက်ချက် မသပ်ရပ်ခဲ့သောကြောင့်သာ မြန်မာတို့ သက်သာရာ ရခဲ့ခြင်း ဖြစ်သည်။ ဂိုးကံခေနေခဲ့သည့် မြန်မာအသင်းသည် ပွဲချိန်(၅၉)မိနစ်တွင် အဖွင့်ဂိုး ရရှိခဲ့သည်။ ထိုဂိုးကို ဒေးဗစ်ထန်၏ ဖြတ်တင်ဘောမှ ကြည်လင်းက သပ်သပ်ရပ်ရပ် ခေါင်းတိုက်သွင်းယူ ပေးခဲ့ခြင်း ဖြစ်သည်။ (၆၄)မိနစ်တွင် ကောင်းစည်သူ ဖြတ်ထိုးပေးရာမှ ကြည်လင်း ပြေးပိတ်ရန် ကြိုးပမ်းသော်လည်း နောက်ခံလူ ဦးသွားခဲ့သည်။ ပွဲချိန်(၆၁)မိနစ်တွင် ခြေစွမ်းအနည်းငယ် ကျဆင်းနေသည့် ကျော်ဇေယျာဝင်းကို တိုက်စစ်မှူး ကောင်းစည်သူနှင့် လူစားလဲမှု ပြုလုပ်ခဲ့သည်။ တိုက်စစ်မှူးစစ်စစ်ဖြစ်သည့် ကောင်းစည်သူ ၀င်ရောက် လာသည့်အတွက် တိုက်စစ်နေရာမှ ကြည်လင်းမှာ နောက်ချန်တိုက်စစ် အဖြစ် ပြောင်းလဲကစား ခဲ့သောကြောင့် ကြည်လင်းမှာ ပိုမိုခြေစွမ်းပြလာ နိုင်သည့်အပြင် မြန်မာအသင်း၏ တိုက်စစ်မှာလည်း ပိုမိုကောင်းမွန် လာခဲ့သည်။ ဂိုးပေါက်ပွင့်သွားပြီ ဖြစ်သည့်ုမြန်မာအသင်းသည် ပွဲချိန်(၆၅)မိနစ်တွင် ဒုတိယဂိုး ထပ်မံရရှိခဲ့သည်။ လူစားဝင် တိုက်စစ်မှူး ကောင်းစည်သူကတိုက်စစ်သို့ လိုက်ပါလာသည့် နောက်ခံလူ ဇော်မင်းထွန်း၏ ဖြတ်ထိုးပေးမှုမှ ပြေးဝင်လာပြီး တစ်ချက်ထိန်းကာ ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ (၆၉)မိနစ်တွင် ရန်အောင်ကျော် တစ်ကိုယ်တော် အစွမ်းဖြင့် လိမ်ခေါက်ကန်သွင်းမှု ကောင်းမွန်သော်လည်း ဂိုးသမား ကာကွယ် သွားခဲ့သည်။ ပွဲချိန်(၇၇)မိနစ်တွင် ကွင်းလယ်မှ ထိုးပေးလိုက်သည်ကို ကြည်လင်း တစ်ဖက်ဂိုးသမားကို လိမ်ခေါက်ပြီး လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းသော်လည်း အံ့အားသင့်ဖွယ် လွဲချော်ခဲ့သည်။ (၈၅)မိနစ်တွင် ခြေစွမ်းပြနေသည့် ကြည်လင်းနေရာတွင် ရာဇာဝင်းသိန်း ၀င်ရောက် ကစားခဲ့သည်။ ပွဲချိန်(၈၆)မိနစ်တွင် ဒေးဗစ်ထန်-ရာဇာဝင်းသိန်း တွဲလုံးမှ ကောင်းစည်သူ အခွင့်အရေး ရခဲ့သော်လည်း ဂိုးသမား လက်ဦးခဲ့သည်။ ပွဲချိန် (၉၁)မိနစ်တွင် မြန်မာတို့ ပွဲသိမ်းဂိုး ရရှိခဲ့သည်။ ထိုဂိုးကို ဘယ်နောက်ခံအဖြစ် ယခုပွဲတွင်မှ ပွဲထွက်လာခဲ့သည့် ပြည့်ဖြိုးအောင်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းခဲ့ခြင်း ဖြစ်သည်။
့မြန်မာအသင်းသည် ယခုပွဲ အနိုင်ရခဲ့ခြင်းကြောင့် ရမှတ်(၉)မှတ်ဖြင့် အုပ်စုထိပ်ဆုံးတွင် ဦးဆောင်နိုင်ခဲ့သည်။ အောက်တိုဘာ (၁၃)ရက်တွင် ကစားရမည့် လာအိုနှင့် ပွဲတွင် (၁)မှတ်ရရှိရုံဖြင့် ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။
တရုတ်နိုင်ငံရဲ့ ပထမဆုံး စာပေဆိုင်ရာ နိုဘဲလ်ဆုရှင် စာရေးဆရာ မိုယန်း
အခုနှစ် အတွက် စာပေဆိုင်ရာ နိုဘဲလ်ဆုကို တရုတ် နိုင်ငံက စာရေး ဆရာ မိုယန် Mo Yan ရရှိသွားပါတယ်။
ဒါဟာ တရုတ် ပြည်မကြီးက စာရေးဆရာ တစ်ယောက်ကို ဆွီဒင် နိုင်ငံ နိုဘဲလ် ဆု ချီးမြှင့်ရေး ကောက်မီတီက ပထမဆုံး အကြိမ် ဆုချီးမြှင့်တာလည်း ဖြစ်ပါတယ်။
သူ့ရဲ့ စာပေ ရေးသားမှု အတော်များများက တရုတ် နိုင်ငံမှာ ၂၀ ရာစု အတွင်း ခက်ခဲ ဆင်းရဲမှုတွေ၊ အကြီး အကျယ် ရက်စက် ကြမ်းကြုတ်မှုတွေ ကို ရေးသား ဖေါ်ပြထားပါတယ်။
သူ့ကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ရှန်ဒေါင်းပြည်နယ်က မြို့လေးတမြို့က လယ်သမားမိသားစုက မွေးဖွား ခဲ့တာ ဖြစ်ပြီး သူ့လက်ရာပါ အကြောင်း အရာ အတော်များများက သူ့ရဲ့ မွေးရပ် ဇာတိ နိုင်ငံ အရှေ့မြောက်ပိုင်းက ရှန်ဒေါင်း ပြည်နယ်အတွင်း ကျေးလက် ဒေသ တွေကို အခြေခံ ထားတာ ဖြစ်ပါတယ်။
တရုတ် နိုင်ငံ ပြင်ပမှာ အထင်ရှားဆုံး သူ့ရဲ့ စာပေ လက်ရာ ကတော့ Red Sorghun လို့ ဆိုနိုင်ပါတယ်။
အဲဒီ စာအုပ်က စစ်ကာလ အတွင်း ဂျပန် တို့ရဲ့ သိမ်းပိုက်မှု မတိုင်ခင် ကျေးလက် သဘာဝ သရုပ်ဖော် ဇာတ်လမ်း ဖြစ်ပြီး ရုပ်ရှင် အဖြစ် ရိုက်ကူးခဲ့ရာမှာ အောင်မြင် ကျော်ကြားခဲ့ ပါတယ်။
မိုယန်းက ကလောင်နာမည်ဖြစ်ပြီး နာမည်ရင်းက ဂွမ်မိုရဲဖြစ်ပါတယ်။
မိုယန် ဆိုတဲ့ ကလောင်အမည် အဓိပ္ပါယ်က ထုတ်ဖော် မပြောနဲ့လို့ အဓိပ္ပါယ်ရပါတယ်။
တခိျု့ကတော့ မိုယန်ဟာ တရုတ်နိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဖိနှိပ်ခံနေရတဲ့ ကိစ္စကို ပြောသင့် သလောက် ထုတ်ဖော် မပြောဘူးလို့ ဝေဖန်ကြ ပါတယ်။
အခုလို မိုယန် နိုဘဲလ် ဆု ရသွားတာကို အစိုးရနဲ့ ပါတီခေါင်းဆောင်တွေရဲ့ သတင်းတွေကိုသာ ထုတ်လွှင့်လေ့ ရှိတဲ့ တရုတ်အစိုးရ ရုပ်မြင်သံကြားသတင်းဌာနက ထူးထူးဆန်းဆန်း ကြေညာသွားခဲ့ပါတယ်။
ပြန်လည်ပြေလည်သွားသော KNU ထဲ အမြင်သဘောထားကွဲမှု
အောက်တိုဘာ လဆန်းပိုင်း က KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှ ဗိုလ်ချုပ်ကြီး မူတူးစောဆေး၊ ဗဒို စောဒေးဗစ်ထော နဲ့ ဗိုလ်မှူးကြီး ရောဂျာခင် တို့ကို အဖွဲ့ရဲ့ စည်းမျဉ်း၊ဥပဒေ ချိုးဖေါက်တယ် ဆိုပြီး အဖွဲ့က ထုတ်ပစ်ဖို့ လုပ်သလို၊ တဖက်ကလည်း လာမယ့် စနေနေ့ မှာ မြဝတီမြို့ KNLA ဆက်ဆံရေးရုံး မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ် ဆိုပြီး တင်းမာမှု ဖြစ်ပွားခဲ့ပါတယ်။
ဒါပေမယ့် KNU တပ်မှူးတွေ၊ ခရိုင်ဥက္ကဌ တွေ ပြန်လည် ကြားဝင် စေ့စပ် ပေးတဲ့ အတွက် နှစ်ဘက်ကြား နားလည်မှု ရသွားပြီ ဖြစ်တဲ့ အကြောင်း KNU ခေါင်းဆောင် ဗဒိုမန်းငြိမ်းမောင် က ဘီဘီစီ ကိုပြောပါတယ်။ KNU အဖွဲ့ အတွင်းမှာ အမြင်ကွဲလွဲမှု တွေ ကို သင်ပုန်းချေပြီး ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးမှာ တွေ့ဆုံဆွေးနွေးဖို့ သဘောတူလိုက် ကြတဲ့ အကြောင်း ဗဒိုမန်းငြိမ်းမောင် က ရှင်းပြပါတယ်။
ကရင်အမျိုးသားထု တရပ်လုံးရဲ့ ညီညွတ်ရေးကို ရှေ့ရှူ တဲ့ အနေနဲ့ အခုလို   ကြေအေးလိုက်ကြတာပါ။   ပြဿနာ အရင်းခံကတော့ ကရင်ပြည်နယ် ဘားအံမြို့မှာ KNLA တပ်မဟာများ ဆက်ဆံရေးရုံးဖွင့် တဲ့ ကိစ္စ အပေါ်မှာ KNU ခေါင်းဆောင်ပိုင်း အကြား သဘောထား ကွဲရာက KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှ ဗိုလ်ချုပ်ကြီး မူတူးစောဆေး၊ ဗဒို စောဒေးဗစ်ထော နဲ့ ဗိုလ်မှူးကြီး ရောဂျာခင် တို့ကိုအဖွဲ့က ထုတ်ပစ်တဲ့ အထိ အခြေအနေ တင်းမာသွားတာပါ။
တဖက်မှာ လည်း ပဲခူးတိုင်း ကျောက်ကြီးမြို့မှာ တပ်မဟာ ၃ ဆက်ဆံရေးရုံး၊ ထားဝယ်မှာ တပ်မဟာ ၄ ဆက်ဆံရေးရုံး နဲ့ မြဝတီမှာ တပ်မဟာ ၆ နဲ့ တပ်မဟာ ၇ ဆက်ဆံရေး ရုံးတွေ ဖွင့်ထားပြီ ဖြစ်တဲ့ အတွက် နောက်ကွယ် မှာ နက်နဲတဲ့ အကြောင်းအရာတွေ ရှိနိုင်တယ် လို့ အကဲခတ် တွေ ကလည်းသုံးသပ် နေကြပါတယ်။
KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေး ကိုတော့ ဘယ်နေရာ မှာ ဘယ်နေ့ ကျင်းပမယ် ဆိုတဲ့ အကြောင်း ကိုတော့ ထုတ်ဖေါ်ပြောခြင်း မရှိသေးပါဘူး။ ဒါပေမယ့် သတင်းစာ ရှင်းလင်းပွဲ မလုပ်တော့ ဘူးလို့ ဗဒိုမန်းငြိမ်းမောင် က ဘီဘီစီ ကိုပြောပါတယ်။
တင်နေတဲ့အကြွေးလည်းဆပ်ပေးအုံးမယ်..ပိုက်ဆံလည်း ထုတ်ချေးပေးအုံးမယ်...ဘာ ကိုမျှော်ပြီး ဘယ် လိုကူညီမှာလဲ ကိုဂျပန်ကြီး ရေ....
မြန်မာပြည်ကို လာမယ့်နှစ်မှာ ဂျပန်အစိုးရအနေနဲ့ အင်မတန် ချိုသာတဲ့ အတိုးနှုန်းနဲ့ ချေးငွေတွေ ပြန်ထုတ်ချေးနိုင်ဖို့ အစီအစဉ်တွေ စလုပ်နေပြီလို့ ဂျပန် ဘဏ္ဍာရေး ဝန်ကြီး ကိုရိကီဂျိုဂျိမက မနေ့က တိုကျိုမှာ ပြုလုပ်တဲ့ မြန်မာ့ ကြွေးပြန်ဆပ်ရေး နိုင်ငံတကာငွေကြေးအေဂျင်စီများ အစည်းအဝေးမှာ ကြေညာလိုက်ပါတယ်။
အိုင်အမ်အက်ဖ်၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ဂျီ ၇ လို့ခေါ်တဲ့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေရဲ့ အရာရှိတွေ တက်ရောက်တဲ့ ဒီအစည်းအဝေးမှာ ဂျပန် ဘဏ္ဍာရေး ဝန်ကြီးက ဘယ်အတိုင်းအတာလောက် ထုတ်ချေးမယ်လို့ မပြောပေမယ့် မြန်မာပြည်က လျှပ်စစ်မီးနဲ့ လမ်းတံတားတွေ ပြန်ပြုပြင်ရေး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ ဆိပ်ကမ်းတွေ ခေတ်မီစေရေးတွေအတွက် ကူညီမယ်လို့ ပြောပါတယ်။
အစည်းအဝေးကနေ မြန်မာကို ဘယ်လိုဝိုင်းကူမယ်ဆိုတဲ့ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှု မရပေမယ့် မြန်မာမှာ တင်ရှိနေတဲ့ အကြွေးတွေ လျှော်ပစ်ဖို့နဲ့ အကြွေးသစ် ထပ်ပေးဖို့ အစီအစဉ်တွေကို ရှေ့နှစ် ဇန်နဝါရီက စဖို့ ဂျပန်က ဦးစီးဦးဆောင် လုပ်မယ် လို့   ဝေါစတြိဂျာ နယ်သတင်းပေးပို့ချက်အရ သိရပါတယ်။
ဂျပန် ဘဏ္ဍာရေး ဝန်ကြီးဌာနအဆို မြန်မာ ကြွေးမြီ ယန်း ဘီလီယံ ၅၀၀ (ဒေါ်လာ ၆.၄ ဘီလီယံ) စာရင်းရှိနေတာကို သမ္မတ ဦးသိန်းစိန်ရဲ့ ဂျပန်ခရီးစဉ်အတွင်း ဧပြီလက ၆ဝ% ကျော်ကို ပယ်ဖျက်ပေးခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေး ဘဏ်တို့ကို မြန်မာက ဒေါ်လာ သန်း ၉ဝဝ ပေးဖို့ကျန်နေတာကို ဂျပန်ဘဏ် Bank of Tokyo နဲ့ Mitsubishi UFJ တို့က ပေးသွားမှာဖြစ်ပါတယ်။
တချိန်တည်းမှာ အမေရိကန်သမ္မတ အိုဘားမားက နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများက မြန်မာနိုင်ငံအပေါ် ငွေချေးငှားမှု တင်းကြပ်ထားတာ ဖယ်ရှားပေးလိုက်ပြီမို့ အာရှဖွဲ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်တို့က ၂၀၁၃ ခုနှစ်မှာ    မြန်မာကို   ငွေချေးငှားမှု    ပြန်လည်စ  တင်နိုင်တော့မှာပါ။
မြန်မာပြည်နဲ့ပတ်သတ်ပြီး ဂျပန်တွေ အဆင်သင့်ဖြစ်မှု၊ အကူ အညီပေး တာ   မြန်ဆန် မှုတွေ အပေါ် မြန် မာ့အရေး လေ့လာစောင့်ကြည့်သူတွေ အံ့အားသင့်ကြရပါတယ်။ ဆစ်ဒနီ မက်ကွာ ရီတက္က သိုလ် က မြန်မာ့စီးပွားရေးကျွမ်းကျင်သူ ရှောင်တာနယ်က မြန်မာဟာ အာရှစီးပွားရေး အင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ဂျပန်ကြား ဗျူဟာကျတဲ့ ခတ်ကွင်းလို ဖြစ်လာနေပြီလို့ နယူးယောက်တိုင်းမ် သတင်းစာကို ဆိုပါတယ်။
တရုတ်က မြန်မာ့သယံဇာတတွေ တူးဖော်ထုတ်လုပ်ရေးကိုပဲ စိတ်ဝင်စားပေမဲ့ ဂျပန်က   ဈေးပေါ တဲ့   မြန်မာအလုပ်သမားတွေကို အလုပ်အကိုင်ဖန်တီးပေးပြီး ထိုင်းနဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ် ကုန် ထုတ် လုပ်  ငန်းတွေနဲ့ ကွန်ယက်ဖွဲ့ရေး စိတ်ဝင်စားပုံပါ။
ဂျပန်ရဲ့ အလုံးစုံ မဟာဗျူဟာက ဂျပန်အစိုးရရဲ့ နိုင်ငံတကာကုန်သွယ်ရေးနှင့် စက်မှူလုပ်ငန်းဝန်ကြီးဌာနနဲ့ မစ်ဆူဘီရှီ၊ မာရူဘီနီ၊ ဆူမီတိုမိုတို့လို ဂျပန်မှာ အကြီးဆုံး ပုဂ္ဂလိကလုပ်ငန်းကြီးတွေ ပူးပေါင်းပြီး စွမ်းအားအပြည့် အလုံးအရင်းနဲ့ ဝင်ရောက် လုပ်ကိုင်ရေးဖြစ်ပါတယ်။
ရိုက်တာသတင်းအေဂျင်စီရဲ့ သတင်းပေးပို့ချက်တခုမှာ ဂျပန်အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေရဲ့   ထောက်ပံ့မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာ ၁၈ ဘီလီယံရှိမယ်လို့ သိရပါတယ်။ ဂျပန်အစိုးရရဲ့ ချေးငွေအစီအစဉ်အရလည်း ထပ်ချေးမယ့် အကြွေးကို အတိုးနှုန်း ၀.၀၁ ရာခိုင်နှုန်းနဲ့ နှစ် ၅၀ ကြာတဲ့အထိ ချေးထားမှာဖြစ်ပြီး ပထမ ၁၀ နှစ်က အတိုးနှုန်းမဲ့ ဖြစ်ပါတယ်။
ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်လည်း ဂျပန်တွေ ကူညီထောက်ပံ့ဖို့ရှိပါတယ်။ ဆင်းရဲမွဲတေလွန်းတဲ့ တိုင်းရင်းသားဒေသတွေကို အထောက်အပံ့ပေးနေတဲ့ နိပွန်ဖောင်ဒေးရှင်းရဲ့ ဥက္ကဌ ယိုရှီအိ ဆာဆာကာဝါကို ကိုးကားပြီး နယူးယောက်တိုင်းမ် သတင်းစာက မြန်မာသမ္မတ ဦးသိန်းစိန် အနေနဲ့    ဝေးခေါင် လွန်းတဲ့ဒေသတွေမှာ မူလတန်းကျောင်းများ ဆောက်လုပ်ရေး အလျင်အမြန် အလိုရှိနေကြောင်း   ရေးပါတယ်။
ရန်ကုန်ရဲ့ ရေပေးဝေရေးစနစ် ပြန်ပြင်ဖို့လည်း ဂျပန်အင်ဂျင်နီယာတွေ လုပ်နေကြပါတယ်။ ရန်ကုန်ကို ပေးနေတဲ့ ရေ ၄၀ ရာခိုင်နှုန်းက ပိုက်တွေ မကောင်းတဲ့အတွက် စိမ့်ထွက်ပြီး အလဟဿ ဖြစ်နေတာမို့ ဒီကိစ္စ အမြန်ဖြေရှင်းဖို့လိုနေပါတယ်။ ရန်ကုန်လူထုအတွက် သယ်ယူ ပို့ဆောင်ရေးစနစ်၊ ရန်ကုန်ကို မီးပေးနေတဲ့ ဓာတ်အားပေးစက်ရုံ ၄ လုံးကို ပြန်ပြုပြင်ရေး၊ ပဲခူးမြစ်ပေါ် ဒုတိယမြောက် တံတား တည်ဆောက်ရေး၊ သီလဝါဆိပ်ကမ်းကို အကူပေးမယ့် ဆိပ်ခံ ၆ ခု တည်ဆောက်ရေးတွေအတွက် ဂျပန်တွေ လေ့လာနေကြပါတယ်။
Thursday, October 11, 2012
ချယ်လ်ဆီး၊ မန်စီးတီးတို့ ဂိုးပြတ်ဦးမယ့် ရက်သတ္တပတ်
ချယ်လ်ဆီး - နော်ဝစ်ခ်ျ
ချယ်လ်ဆီးကတော့ အာဆင်နယ်ကိုနိုင်သွားလို့ ယုံကြည်မှုကတော့ ပြည်ဝသွားခဲ့ မယ်ထင်ပါတယ်။ ချန်ပီယံလိဂ် ကန်ထားပေမယ့် သိပ်ပြီးပင်ပန်းမယ် မထင်ပါဘူး။ နော်ဝစ်ခ်ျက တိုက်စစ်အားနည်းတယ်။ ချယ်လ်ဆီး အနည်းဆုံးနှစ်ဂိုးပြတ်နဲ့ နိုင်မှာမို့ ချယ်လ်ဆီးကို ယုံလိုက်ပါ။ ချယ်လ်ဆီးကို အကြိုက်တွေ့မိပါတယ်။
မန်စီးတီး - ဆန်းဒါးလန်း
မနှစ်က မန်စီးတီးကွင်းမှာ ဆန်းဒါးလန်း ခြေစွမ်းပြခဲ့ပြီး ၃-၁ နဲ့ နိုင်ရာက နေ ၃-၃ သရေကျခဲ့လို့ ဆန်းဒါးလန်းနစ်နာသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ ရှုံးပွဲမရှိသေး တဲ့ ဆန်းဒါးလန်းရှုံးပွဲတွေ့မှာ သေချာသလို မန်စီးတီးအနိမ့်ဆုံး သုံးဂိုးပြတ်နဲ့ နိုင်မယ့်ပွဲဖြစ်ပါတယ်။ မန်စီးတီးကို အကြိုက်တွေ့မိပါတယ်။
ဝက်စ်ဟမ်း - အာဆင်နယ်
ဒီပွဲက လန်ဒန်ဒါဘီပွဲဖြစ်နေပါတယ်။ ၀က်စ်ဟမ်းအိမ်ကွင်းကစားအားကောင်း ပြီး နည်းပြဆမ်အလာဒွိုက်စ်ဟာ အတွေ့အကြုံရင့်သူဖြစ်လို့ အာဆင်နယ် ခက်ခက် ခဲခဲကစားရမယ့်ပွဲဖြစ်ပါတယ်။ ၀က်စ်ဟမ်း ဒီပွဲကို အနိုင်ထက် သရေကိုပဲ ပထမ ဦးစားပေးကစားလာနိုင်ပါတယ်။ သရေကျသွားနိုင်ပါတယ်။
နယူးကာဆယ် - မန်ယူ
ကာလင်းဖလားပွဲ မန်ယူကွင်းမှာ နယူးကာဆယ်ကို ၂-၁ နဲ့ နိုင်ထားပါတယ်။ အခုပွဲက နယူးကာဆယ်ကွင်းဖြစ်လို့ မန်ယူခက်ခက်ခဲခဲ ကစားရဦးမှာပါ။ ဗီဒစ်မပါလို့ မန်ယူနောက်တန်းပေါက်နေပါတယ်။ နယူးကာဆယ်က အိမ်ကွင်းမို့ သရေအနိမ့်ဆုံးကန်နိုင်မယ်ထင်လို့ နယူးကာဆယ်ကိုပဲ ကြိုက်ပါတယ်။
လီဗာပူး - စတုတ်
နိုင်ပွဲပျောက်နေတဲ့ လီဗာပူးပြီးခဲ့တဲ့အပတ်က နိုင်ပွဲတွေ့လို့ အားပြန်တက် သွားပါတယ်။ အခုလီဗာပူးကွင်းမှာ စတုတ်ဟာ ခံစစ်ဦးစားပေးမယ်မထင်ပါဘူး။ လီဗာပူးဟာမန်ယူကို အိမ်ကွင်းမှာ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ အဲဒီခြေစွမ်း မျိုး စတုတ်နဲ့ပွဲမှာ လီဗာပူးကို တွေ့ရနိုင်ပါတယ်။ လီဗာပူးအောင်ဦးမှာပါ။
စပါး - ဗီလာ
စပါးက နောက်ဆုံးသုံးပွဲမှာ အနိုင်ကစားထားပါတယ်။ ရက်ဒင်း၊ ကျူပီအာရ်နဲ့ မန်ယူတို့ကို နိုင်ထားတာပါ။ တစ်ခုသတိထားရမှာက အဲဒီသုံးပွဲစလုံးမှာ ဂိုးတွေ ပြန်ပေးခံထားရပါတယ်။ ဗီလာက ခြေပုံမှန်မရှိလို့ အထင်သေးစရာဖြစ်ပေမယ့် တစ်ဂိုးတော့ ပြန်သွင်းနိုင်လို့ စပါးရဲ့အနိုင်က မပြတ်သားပါဘူး။
ဆောက်သမ်တန် - ဖူလ်ဟမ်
ဒီပွဲက တိုက်စစ်အားပြိုင်ဦးမယ့်ပွဲဖြစ်ပါတယ်။ ဆောက်သမ်တန်ကို လျှော့တွက် လို့ မရပါဘူး။ တိုက်စစ်ကောင်းပါတယ်။ အခုပွဲက အိမ်ကွင်းမို့ ဖူလ်ဟမ် ခက်ခဲဦး မှာပါ။ တိုက်စစ်ဖွင့်မှာမို့ နှစ်ဖက်သွင်းဂိုးများနိုင်ပြီး ဆောက်သမ်တန် နိုင်သွား ပါလိမ့်မယ်။
ဝက်စ်ဘရွန်း - ကျူပီအာရ်
ဝက်စ်ဘရွန်းက အိမ်ကွင်းမှာ ထူးထူးကဲကဲ ခြေစွမ်းနဲ့ ကစားနေပါတယ်။ ကျူပီအာရ်က နောက်တန်းမှာ ဒဏ်ရရနေသူတွေများနေပါတယ်။ ဒါကြောင့် ၀က်စ်ဘရွန်းနိုင်ပွဲ ထပ်ရဦးမယ့်ပွဲဖြစ်ပါတယ်။
ဆွမ်ဆီး - ရက်ဒင်း
ရာသီအစ တာထွက်ကောင်းတဲ့ ဆွမ်ဆီးဟာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေကျအပြီးမှာ နောက်ဆုံးသုံးပွဲကို ဂိုးပြတ်တွေနဲ့ရှုံးခဲ့ပါတယ်။ ရက်ဒင်းဟာလည်းအခုထိ မနိုင်သေး လို့ ဂရုတစိုက်ရှိလာနိုင်ပါတယ်။ သရေနဲ့ အဆုံးသတ်ဦးမှာပါ။
ဝီဂန် - အဲဗာတန်
အဲဗာတန်ရဲ့ခြေစွမ်းက တော်တော်လေးကောင်းနေလို့ နှစ်ခြိုက်စရာဖြစ်နေ ပါတယ်။ ဒါပေမယ့် အိမ်ကွင်းဆိုရင် ၀ီဂန်ရုန်းအား ပိုကောင်းပါတယ်။ ၀ီဂန် သရေနဲ့ အနိုင်ဖြစ်လာပါလိမ့်မယ်။
3D Works of Yuki Matsueda
      ယူကီ မက်ဆူဒ ရဲ့ သုံးဖက်မြင် ဒီဇိုင်းလေးတွေကို တင်ပေးလိုက်ပါတယ်။  ပုံမှန် သမားရိုးကျ Art Work တွေကနေ ကွဲထွက်ပြီး ဆန်းသစ်တဲ့ စိတ်ကူးလေးတွေနဲ့ ပေါင်းစပ်ထားတာမို့ တစ်မျိုးလေး ထူးခြားနေပါတယ်။ 
သမ္မတဦးသိန်းစိန် တောင်ကိုရီးယားခရီးစဉ် ပြီးဆုံး
သမ္မတဦးသိန်းစိန်ဟာ သုံးရက်ကြာ တောင်ကိုရီးယားခရီးစဉ်ကို အဆုံးသတ်ပြီး အခုည ရန်ကုန်မြို့ ကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။ သုံးရက်ကြာ ခရီးစဉ်ရဲ့နောက်ဆုံးနေ့မှာ တောင်ကိုရီးယားနိုင်ငံ
ရဲ့ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ချန်းဝမ်းက သင်္ဘောကျင်းကို သွားရောက်လည်ပတ်ခဲ့ပါတယ်။
သမ္မတဦးသိန်းစိန် နဲ့အတူ သင်္ဘောတည်ဆောက်ရေးအကြီးအကဲ ကန်ဒေါက်ဆူး (Kang Duk-soo) လိုက်ပါသွားပြီး သမ္မတကြီးနဲ့ မစ္စတာကန် တို့ဟာ နှစ်နိုင်ငံကြား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ကာကွယ်ရေး ဆိုင်ရာ စက်မှုစီးပွားရေးလုပ်ငန်းတွေ အကြောင်း ကို   ဆွေးနွေး ခဲ့ကြတယ်လို့ တောင်ကိုရီးယားနိုင်ငံ၊ ယွန်ဟပ်သတင်းဌာနက ပြောပါတယ်။
ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နဲ့ တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်တို့ဟာ ဆိုးလ်မြို့တော်မှာ ရှိတဲ့ Cheong Wa Dae သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ သမ္မတနှစ်ဦးတွေ့ဆုံရာမှာ တံခါးဖွင့်ဝါဒကို စတင် ကျင့်သုံးပြီဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ လုပ်ဆောင်နိုင်ရေးအတွက် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီမှုရခဲ့တယ် လို့ တောင်ကိုရီးယားသမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ သုံးရက်ကြာ အလည်အပတ် ခရီးစဉ် အတွင်း သမ္မတဦးသိန်းစိန်နဲ့ တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်တို့ရဲ့ရှေ့မှောက် မှာ နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာ နှစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။
“ပထမတခုကတော့ ကျနော်တို့ မြန်မာနိုင်ငံအစိုးရနဲ့ ကိုရီးယားသမ္မတနိုင်ငံအစိုးရတို့ကြားမှာ အကူ အညီပေးရေးဆိုင်ရာ ပူးပေါင်း သဘောတူညီစာချုပ် အဲဒါတစ်ခု လက်မှတ်ထိုးတယ်။ နောက် တစ်ခုက မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနနဲ့ ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီး ဌာနတို့ ကြား ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ-အဲဒီနှစ်ခု လက်မှတ်ထိုးခဲ့ပါတယ်။”
သမ္မတဦးသိန်းစိန်ဟာ တောင်ကိုရီးယား Convention Center ကို သွားရောက်ပြီးတော့ မိန့်ခွန်း ပြော ကြားခဲ့သလို တောင်ကိုရီးယားနိုင်ငံက အလတ်စား၊ အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ ပြီးတော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လာရောက်လုပ်ဆောင်ကြဖို့ တိုက်တွန်းနှိုးဆော် ခဲ့ပါသေးတယ်။
သမ္မတဦးသိန်းစိန်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမနေ့ခရီးစဉ်မှာပဲ တောင်ကိုရီးယား ကို ရောက်နေတဲ့ မြန်မာပညာတော်သင်တွေနဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာအစိုးရက ဆောင်ရွက်နေ တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအကြောင်းကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။ သမ္မတဦးသိန်းစိန်ဟာ ၁၉၅၀ နဲ့ ၅၃ ခုနှစ်တွေကြား ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့ကြတဲ့ မြန်မာစစ်သားတွေကို တောင်ကိုရီးယား အမျိုးသား စစ်သင်္ချိုင်းမှာ သွားပြီးတော့ ဂါရဝပြုခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမှုလုပ်နေတဲ့ နိုင်ငံပေါင်း ၃၀ အနက် စတုတ္ထမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ပြီးတော့ တောင်ကိုရီးယားကုမ္ပဏီပေါင်း ၅၀ ကျော်က မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ ထောင်နီးပါး ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ အဆိုပြုလိုက်ပါတယ်။
ရီးယဲလ် အသင်းကို အားပေးသည့် ဂျနီဖာ လိုပက်ဇ် မိသားစု
ကမ္ဘာကျော် အဆိုတော် ဂျနီဖာလို ပက်ဇ်သည် ဖျော်ဖြေပွဲ ကျင်းပရန် မိသားစု နှင့်အတူ စပိန်နိုင်ငံ သို့ရောက် ရှိနေကြောင်း သိရသည်။
ဂျနီဖာနှင့် သူမ၏ သားသမီး အမြွှာ နှစ်ဦး ဖြစ်သည့် မက်ဇ်နှင့် အမ်မီတို့ နှစ်ဦးသည် ရီးယဲလ် အသင်းကို အားပေးသည့် အနေဖြင့် ၎င်းအသင်း အင်္ကျီများ ကိုဝတ်ဆင် ခဲ့ပြီး ဖျော်ဖြေပွဲ မတိုင်မီ ပရိသတ် များကို လက်မြှောက်၍ ဝှေ့ယမ်းနှုတ် ဆက်ခဲ့ကြောင်း သိရသည်။
ဂျနီဖာနှင့် သားသမီး အမြွှာ နှစ်ဦးသည် မက်ဒရစ် မြို့၏ လှပသော ရှုခင်းများကို   နှစ်သက် လျက် ရှိကြောင်း ပရိသတ် တစ်ဦး၏ ပြော ကြားချက်အရ သိရသည်၊
D မိုကရေစီ မြန်မာနိုင်ငံ မှာ တကယ်ဖြစ်နေတာလား...
အပန်းဖြေစရာ၊ ပုံရိပ်ကမ္ဘာ....
အဓိပ္ပါယ်ရှိတဲ့ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းမြောက်များစွာကို ကိုယ်စားပြုတယ်လို့ ဆိုလေ
တာမို့ ဘလော့ဂ်ကြွလာပ၇ိတ်သတ်များ အပျင်းပြေစေ၊ အတွေးရစေဖို့  အင်တာနက်က တွေ့ မိ
သမျှ ၊ ဖေ့ စ်ဘွတ်မှာတွေ့ မိတာ၊ တစ်ချို့ လည်း ဖော်ဝါ့ ဒ်မေးကရတဲ့ ပုံလေးတွေတင်ပြလိုက်ပါ
တယ်...
အောက်ကစာသားများကတော့ မိမိရဲ့ စိတ်ကူးအတွေးများမို့ တစ်ခါတစ်လေမူရင်းပုံနဲ့ ရည်ရွယ်ရာ
ချင်းလွဲချော်သွားတာမျိုးလည်းရှိနိုင်ပါတယ်...
ဖြည့် စွက်၊ ဖြန့် ထွက်တွေးပြီး ပြုံးပျော်နိုင်ပါစေသတည်း...
မူရင်းဓါတ်ပုံရိုက်ကူးသူကိုဖော်ပြပြီးဂုဏ်မပြုနိုင်ပေမယ့် ထိုပုံများရိုက်ခဲ့ ပြီးကိုယ်ကျိုးမဖက်ပဲ အင်တာနက်မှာ တင်ထားနိုင်တာကိုက နည်းတဲ့ စိတ်ထားမြင့် မြတ်မှုမဟုတ်ပါဘူး....
မူရင်းရိုက်ကူးသူမသိပဲ ကြားကတစ်ယောက်ယောက်က ကူးတင်တယ်ဆိုယင်တော့ လည်းမ
တတ်နိုင်ပေဘူးပေါ့ ...သို့ သော်စီးပွားရေးအရမဟုတ်ပဲ ၀ါသနာအရ၊ အပျော်ဗဟုသုတအနေနဲ့ 
တင်တာမို့ သိခဲ့ လျှင်တောင်မှခွင့် လွှတ်နိုင်မယ်ထင်ပါတယ်...
ထိုထိုဓါတ်ပုံဆ၇ာများကို လေးစားစွာ ဂုဏ်ပြုပါတယ်...ကျွန်တော်ရိုက်တဲ့ ပုံတော့ တစ်ပုံမှမပါဝင်ပါဘူး...
အမြင့် ရောက်ယင်ပြီးရောဆိုပေမယ့် ဒီလိုမျိုးနည်းနဲ့ တော့ မရောက်စေချင်....
ဖတ်ပါ၊ မှတ်ပါ၊ လေ့ လာပါ...
မသေမချင်း၊ နှလုံးသွင်း... ချစ်ခြင်းမုန်းခြင်း ကင်းစေမည်...
လေကောင်းလေသန့် ရဖို့ အရေးကြီးပါတယ်...
သူလာလာပြောတိုင်းယုံ.... ကတိတွေတော့ သူပေးတယ်...
 စား... စား... သူငယ်ချင်း....
 စိတ်မချနိုင်ဘူး....
ဒီလိုအလေဏတော နေတော့ လည်း ဒီလိုမျိုး အားပေခံရတော့ မပေါ့ ...
လေယာဉ်ကြီးနဲ့ ဝေဟင်ခရီး... ရင်တုန်စီး...
အမုန်းဆွဲပြီး... ဗုံးကြဲလိုက်ပုံက...
 အချင်းမများနဲ့  ဂျင်းစား... ဒါတွေဒီလိုကောင်းတယ်...
  ဒီလိုအဆင့် မြင့် ကားမျိုးရှိမှတော်ပေမယ်...
Eco Friendly ဖြစ်တာ ဒီကားအပြင်နောက်ထပ်ရှိနိုင်ဦးမလား...
ရှေးခေတ်အမြောက်ကြီး တွေ့ရှိ
ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ ပြည်သူ့ဥယျာဉ်ဝင်ပေါက်၌ ၀င်ပေါက်မုဒ်ဦး တည်ဆောက်ရေး အတွက်    မြေ တူးဖော် မှု  များ ပြုလုပ်နေစဉ် မြေအောက်အနက် ၁၀ ပေခန့်တွင် ရှေးခေတ်အမြောက်ဟု ယူဆရသော အလျား ၁၀ ပေခန့်ရှိအမြောက် ကြီးတစ်ခုကို အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ခန့် ကတွေ့ ရှိခဲ့ကြောင်း သိရသည်။ ပြည်သူ့ဥယျာဉ်တွင် ယခုတွေ့ရှိသည့် အမြောက်ထက် အရွယ် အစား အနည်း ငယ်သေးသော အမြောက်တစ်ခု ကိုလည်း ယခင်ကတည်း အများပြည် သူများ ကြည့် ရှုရန်   ပြသ  ထားကြောင်းလည်း သိရသည်။
ဆီးရီးယားခရီးသည်တင် လေယာဉ်ကို တူရကီက အတင်းဆင်းခိုင်း
တူရကီကဆင်းခိုင်းလို့ ဆင်းခဲ့ရတဲ့ ဆီးရီးယား ခရီးသည်တင် လေယာဉ်
 ရုရှနိုင်ငံ မော်စကိုမြို့ကနေ ဆီးရီးယားမြို့တော် ဒမတ်စကပ်ကို ပျံသန်းလာတဲ့ ဆီးရီးယား ခရီးသည်တင် လေယဉ်တစင်းကို တူရကီလေပိုင်နက်ထဲကို ဝင်လာချိန်မှာ တူရကီစစ်ဂျက်လေယာဉ်တွေက တူရကီနိုင်ငံ အင်ကာရာမြို့လေဆိပ်ကို အတင်းဆင်းသက်စေခဲ့ပါတယ်။
အဲဒီ အဲယားဘတ်စ် လေယာဉ်ဟာ ခရီးသည် ၁၈၀ တင်နိုင်တဲ့ လေယာဉ်ဖြစ်ပေမယ့် ခရီးသည် ၃၅ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၂ဦးဘဲပါပါတယ်။
သူတို့တွေကို လည်း အစောင့်အကြပ်နဲ့ လေယာဉ်ပေါ်ကနေ ဆင်းခိုင်းခဲ့ပြီး လေယာဉ်တစင်းလုံးကို တူရကီအာဏာပိုင်တွေက စတင် ရှာဖွေခဲ့ပါတယ်။
တူရကီ နိုင်ငံခြားရေးဝန်ကြီးရဲ့ အပြောအရ လေယာဉ်ပေါ်မှာ အရပ်ဖက်ဆိုင်ရာ မဟုတ်တဲ့ ကုန်ပစ္စည်းတွေ တင်ဆောင်ကောင်းတင်ဆောင်လာနိုင်တယ်လို့ ဆိုပါတယ်။
ဒါဟာ သံတမန်စကားနဲ့ လက်နက်တွေ လို့ ဆိုလိုတာပါ။
အခုနောက်ဆုံး ဒေသတွင်းမီဒီယာတွေမှာတော့ လေယာဉ်ပေါ်မှာ စစ်တပ်သုံး ဆက်သွယ်ရေးပစ္စည်းတွေ ရှာဖွေ တွေ့ရှိခဲ့ပြီး အာဏာပိုင်တွေက သိမ်းဆည်းကာ စုံစမ်းစစ်ဆေးနေတယ်ဆိုပါတယ်။
လေယာဉ်ကိုလည်း ပြန်ထွက်ခွင့်ပြုလိုက်ပြီလို့ ပြောပါတယ်။။
ဒီအတောအတွင်း တူရကီ လေပိုင်နက်ဟာ လုံခြုံမှု မရှိတဲ့အတွက် တူရကီလေယာဉ်တွေ မပျံသန်းကြဖို့ တားမြစ်ထားပါတယ်။
သူ့တို့ နိုင်ငံ လေပိုင်နက်ကနေတဆင့် ဆီရီးယားအစိုးရအတွက် လက်နက် တင်ပို့မှုတွေကို တားဆီးဖို့ ဆုံးဖြတ်ထားတယ်လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အခု ဖြစ်ရပ်ဟာ တူရကီနဲ့ ဆီးရီးယားကြား ဖြစ်နေတဲ့ တင်းမာမှုတွေ ပို ဆိုးလာစေမယ့် သဘောရှိနေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဆီးရီးယားဘက်ကနေ ပစ်လိုက်တဲ့ အမြောက်ကျည်ဆန် နှစ်နိုင်ငံနယ်စပ် အနီး တူရကီဘက်ကို ကျလို့ တူရကီ အရပ်သား ၅ ဦးသေဆုံးခဲ့ရတဲ့ အတွက် အခြေအနေ တင်းမာနေခဲ့တာပါ။
အဲဒီနောက်ပိုင်း တူရကီကလည်း ဆီးရီးယားဘက်ကို အမြောက်နဲ့ ပြန်ပြီး ပစ်ခတ်ခဲ့တာတွေရှိခဲ့ပါတယ်။
အခုဖြစ်ရပ်ဟာ တူရကီနိုင်ငံအစိုးရအနေနဲ့ ဆီးရီးယားကနေ ခြိမ်းခြောက်လာနိုင်တဲ့ အန္တရာယ်ကို အလွန်ကို အလေးအနက်ထားကာကွယ်နေတယ်ဆိုတာ တူရကီ လူထုနဲ့ ဆီးရီးယားကို သိလိုတဲ့ ဆန္ဒရှိတာကို ပြနေတယ်လို့ တူရကီမှာရှိတဲ့ ဘီဘီစီ သတင်းထောက် James Raynold က ပြောပါတယ်။
ပတ္တမြား FM ၏ ပရိသတ်အကြိုက်ဆုံး အဆိုတော်အဖြစ် ဆိုတေးနှင့် ဝိုင်းစုခိုင်သိန်းတို့ရွေးချယ်ခံရ
ပတ္တမြား FM တတိယနှစ်ပတ် လည် အထိမ်းအမှတ်အဖြစ် ပတ္တမြား FM ကို တစ်နှစ်ပတ်လုံး သီချင်းတောင်း ဆိုကြသည့် ပရိသတ် အကြိုက် ဆုံး တေးသံရှင်များကို ရွေးချယ်ခဲ့ရာမှာ အဆိုတော် ဆိုတေး နှင့် ဝိုင်းစုခိုင်သိန်း တို့ဖြစ်ကြောင်း သိရသည်။ ပတ္တမြား FM မှ တေးသံ ရှင် ဆိုတေး နှင့် ဝိုင်းစုခိုင်သိန်းတို့ ကိုယ်တိုင် ရွေးချယ်ပေးခဲ့ သည့် သူတို့၏ ပရိသတ် အကြိုက် ဆုံး တေး သီချင်းအစီအစဉ်ကို Best of Audience Choice အမည်ဖြင့် နှစ်ပတ်လည်နေ့ဖြစ်သော အောက်တို ဘာလ ၁ရက်နေ့ အပါအဝင် အောက်တိုဘာလ တစ်လလုံး ထုတ် လွှင့်သွားမည်ဖြစ်ကြောင်း သိရ သည်။ ပတ္တမြား FM နှစ်ပတ်လည် တိုင်း ထူးထူး ခြားခြား အစီအစဉ် များစွာ ကို ကြိုးစားစီစဉ် ထုတ်လွှင့်ခဲ့ သလို ယခုအောက်တိုဘာလ ၁ရက်နေ့ တတိယ နှစ်ပတ်လည်နေ့တွင် အထူးအစီ အစဉ်များဖြင့် ထုတ်လွှင့် တင်ဆက် ခဲ့ကြောင်း၊ ပရိသတ် များကိုလည်း အမှတ်တရ လက် ဆောင် များ ပေးအပ် ခဲ့ကြောင်းသိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဥပဒေပြင်ရန် ခက်မည်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင် ဆင်ရန် ခက်ခဲကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူများက ပြောဆိုကြ
သည်။
လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၃ ပါ သမ္မတ အရည် အချင်းပြ ဌာန်း ချက် ကို   ပြင် ဆင် ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အခန်း ၁၂ ကို ဦးစွာ ပြင်ဆင်ရန် လိုအပ်ကြောင်း၊ လက်ရှိအခြေအနေအရ ပြင် ဆင်ရန် အခက်အခဲများ ရှိနေကြောင်း ရန်ကုန်တိုင်း သင်္ကန်းကျွန်း မြို့ နယ်
 ပြ ည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး လည်းဖြစ် ရှေ့နေတဦးလည်းဖြစ်သူ ဒီမိုကေ ရစီ သစ် ပါတီခေါင်းဆောင်   ဦးသိန်းညွှန့်က ဧရာဝတီကို ပြောသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၃ ၊ ပုဒ်မ ၅၉၊ ၆၀ ဆိုသည်မှာ သမ္မတ အရည် အချင်း ဆိုင် ရာ  ပြဌာန်းချက် ဖြစ်သည်။ လက်ရှိ ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ငြိစွန်းေ န သည် မှာ နိုင်ငံခြား တိုင်းပြည်တခုခုတွင် နေထိုင်၊ လုပ် ကိုင်၊ နိုင်ငံခြားသားအဖြစ် ခံယူထားသည့် သား၊ သမီး ရှိပါက သမ္မတဖြစ်ခွင့် မရှိဆိုသည့်အချက်ဖြစ်နေပြီး အခြား ပြဿနာမှာ သမ္မတတွင် စစ်ရေး အမြင်ရှိရမည်ဆိုသည့်အချက်ဖြစ်ကြောင်း ရန်ကုန် မြို့က ရှေ့နေကြီး ဦးအောင်သိန်းကလည်း ပြောသည်။
သမ္မတဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၃ ပါ ပုဒ်မ ၅၉၊ ၆၀ တို့ကိုပြင်ဆင်လိုပါက အခန်း ၁၂၊ ပုဒ်မ ၄၃၆ တွင် ပြဌာန်းထားသည့်အတိုင်း လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူရမည်ဖြစ်ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲရရမည်ဖြစ်သည်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အခန်း ၁၂ ကို ဦးစွာ ပြင်ဆင်ရေးသည်လည်း လွှတ်တော်တွင်း ၇၅ ရာခိုင်နှုန်းကျော်သာမက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှ မဲပေးနိုင်သူများ၊ မဲပေးသူ များ၏ ထက်ဝက်ကျော် ထောက်ခံ မှု ရရန်လိုအပ်သည်။
“ဖွဲ့စည်းပုံ ပြင်ရေးကို သူတို့က တမင်ကို ခက်ခဲအောင် လုပ်ထားတာ” ဟု ရှေ့နေကြီး ဦးအောင်သိန်းက ဆိုသည်။
ဦးသိန်းညွှန့်ကလည်း “အခန်း ၃ ၊ ပုဒ်မ ၅၉ မှာ ပြဌာန်းထားတဲ့ နိုင်ငံတော် သမ္မတ အရည်အချင်းများနဲ့ ကိုက်ညီမှသာလျှင် သမ္မတဖြစ်မှာကိုး၊ အခုပဲ ကျနော်တို့ ဒုတိယ သမ္မတ အဖြစ်တင်တဲ့အခါမှာ အတင်ခံရတဲ့ ပုဂ္ဂိုလ်ရဲ့ သားမက်ဟာ မြန်မာနိုင်ငံမှာမွေးတာပဲ၊ ဒါပေမယ့် သြစတြေးလျ နိုင်ငံသားဖြစ်နေတော့ ဒု သမ္မတလောင်းကို အစားထိုးရတယ်လေ” ဟု ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး ဒေါ်အောင်ဆန်းစုကြည်တို့အနေဖြင့် လွှတ်တော်တွင် ကြိုးစား စည်းရုံးသွားရန် နှင့် ပြည်သူလူထု ထောက်ခံမှုရှိရန် လိုအပ်ကြောင်း ပြည်ခိုင်ဖြိုး ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။
“လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေအရတော့ ဒါ ငြိနေ တာပေါ့။ ဒါပြင်ဖို့ဆိုတာကတော့ အကျိုးသင့် အကြောင်းသင့်နဲ့ ဒါ သူတို့ ကြိုးစားရမှာပေါ့။ လွှတ်တော်ထဲမှာ ကြိုးစားမယ်ဆိုရင် ပြင်မယ်ဆိုရင်တော့ ဖြစ်နိုင်တာပေါ့။ လူထုရဲ့ ထောက် ခံမှု ရတယ်။ ထောက်ခံမှု ရတဲ့အပေါ် မူတည်ပြီးတော့မှ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်နိုင်တဲ့ ပုဂ္ဂိုလ်တွေကလည်းပဲ လွှတ်တော်ကိုယ်စားလှယ်တွေပေါ့။ သူတို့ကလည်း ဒီ ဥစ္စာကို ပြင်သင့်တယ်လို့ သူတို့ ဒီလို ယူဆလို့ တင်ပြတယ် ဆို ရင် မဲခွဲလို့လည်း ပြင်လို့ ရတယ်ဆိုရင် ဒါ ဖြစ်ချင်ဖြစ်မှာပေါ့” ဟု ဦးဌေးဦးက ဧရာဝတီကိုပြောသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ပြည်သူလူထု ထောက်ခံမှုသည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ တဦးတယောက် တည်း ဖွဲ့စည်းပုံကို ပြင်ဆင်၍ မရနိုင်ကြောင်း၊ ပြည်သူလူထုက လိုလားလျှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတ ဖြစ်နိုင်ကြောင်း၊ သမ္မတ ဦးသိန်းစိန်ကလည်း အမေရိကားခရီးစဉ်တွင် ပြောဆိုထားသည်။
အောက်တိုဘာလ ၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးပါတီတခု၏ ခေါင်းဆောင် တဦးအနေဖြင့် ပြည်သူလူထု လိုလားလျှင် သမ္မတအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကို ဆက်လက် ကြိုးပမ်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
“ကျမက နိုင်ငံရေး ပါတီတခုရဲ့ ခေါင်းဆောင်ပဲ။ နိုင်ငံရေးပါတီ တခုရဲ့ ခေါင်းဆောင် ဆိုမှတော့ သမ္မတလည်း လုပ်ရဲ တဲ့ သတ္တိရှိရမယ်။ ပြည်သူလူထု လိုလားရင် လုပ်မှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး “ကျမ သမ္မတဖြစ်ရေး ကိစ္စတင် မဟုတ်ပါဘူး၊ တခြားဟာတွေလည်း ပြင်စရာ လိုပါတယ်” ဟုလည်း ဆိုသည်။
လက်ရှိ နိုင်ငံရေး အပြောင်းအ လဲတွင် တပ်မတော်၏ အနေ အထားမှာ ဒီမိုကရေစီ အနည်းငယ်ဆန်လာပြီဟု ပြောဆိုခဲ့ပြီး မကြာသေးမီကလည်း လွှတ်တော်တွင်း လူများစု ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်တို့နှင့် လက်တွဲကာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ဖွဲ့ စည်းပုံပြင်ဆင်ရေး ဆက်လက်ကြိုး ပမ်းသွားမည်ဖြစ်ကြောင်း ပြောခဲ့ပြီးဖြစ်သည်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတတဦးအဖြစ်ရွေးချယ်မှုမှာ သမ္မတလောင်း ၃ ဦးကို ပြည်သူ့လွှတ် တော်မှ တဦး၊ အမျိုးသား လွှတ်တော်မှ တဦး နှင့် တပ်မတော်သား ကိုယ်စားလှယ် တဦး၊ အသီးသီး ရွေးချယ်ရမည် ဖြစ်သည်။ ထို့နောက် အဆိုပါ ၃ ဦးထဲမှ တဦးကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ပူးပေါင်းထားသည့် ပြည်ထောင်စု လွှတ်တော်တို့မှ သမ္မတအဖြစ် အတည်ပြု ရွေးချယ်ခန့်ထားပြီး ကျန် ၂ ဦးသည် ဒုသမ္မတများအဖြစ် ခန့် ထားသော စနစ်ကိုပြဌာန်းထားသည်။
နော်ခမ်းနေရာ၌ လက်ကျန်တပည့်များ အစားထိုးလှုပ်ရှားနေ
သျှမ်းပြည်ဘက်ခြမ်း ရွှေတြိဂံဒေအတွင်း မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း မရှိသော်လည်း လက်ကျန် တပည့်တပန်းတစုက လက်နက်ကိုင်လှုပ်ရှားနေကြောင်း
ဒေသခံများပြောပြချက်အရသိရပါသည်။
“စိုင်းနော်ခမ်းရဲ့ တပည့်တွေဘဲ၊ အခု ကျနော်တို့ ကြားသိရတာ အဖွဲ့နှစ်ဖွဲ့ရှိတယ်။ တဖွဲ့စီက လူအင်အား ၁၀ ယောက်လောက်ပါဘဲ။ သူတို့လဲ ပြောက်ကျားဝတ်စုံ ဝတ်ထားတယ်” - ဟု မိုင်းဖုန်းကျေးရွာအုပ်စု ဒေသခံ စိုင်းယီနွဲ့ကပြောပါသည်။
စက်တင်ဘာလဆန်းပိုင်းမှစ၍ ယနေ့အထိ စိုင်းနော်ခမ်း၏ တပည့်တချို့ လက်နက်ကိုင်ကာ တာချီလိတ် ခရိုင် မိုင်းဖုန်း၊ ဝမ့်ဆမ်ဖူး ကျေးရွာအုပ်စုအတွင်းသွားလာလှုပ်ရှားနေကြောင်း၊ စိုင်းအောင်မြတ်နှင့်အတူ အစိုးရထံ လက်နက်ချ သွား သည့် သူများအား ပြန်လည်ခေါ်ဆောင်ရန် ကြိုးစားနေကြောင်း စိုင်းအောင်မြတ် နှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ပြောပါသည်။
“ ဒီတဖွဲ့ စနေ တနင်္ဂနွေနေ့တုန်းက ပါဆာ ကျေးရွာ အသွားလမ်းမှာ လာစောင့်နေတယ်။ ၈ ရက်နေ့ မနက် ၂ နာရီလောက်မှာ ဗမာတပ်နဲ့ ပစ်ကြသေးတယ်။ သိပ်တော့မကြာပါဘူး။ အသေအကျစာရင်းလဲမသိဘူး” - ဟု အမည်ဖေါ်လိုသည့် မျက်မြင်တဦးက ပြောပါသည်။
စိုင်းနော်ခမ်း ၏ တပည့်များဟု ယူဆရသည့် အဆိုပါလက်နက်ကိုင်ထားသော သူများမှာ စိုင်းဆု၊ စိုင်းအွန်၊ စိုင်းတွီ၊ စိုင်းရွက်၊ စိုင်းဆေ၊ စိုင်းတွန်း၊ စိုင်းပန် ခေါ် ဗိုလ်မြတို့ဖြစ်ကြကြောင်း၊ အဆိုပါပုဂ္ဂိုလ်များသည် အများအားဖြင့် တခြားတဘက်ကမ်း၌ နေထိုင်သူများလည်းဖြစ်ကြောင်း နီးစပ်သူတဦးကပြောပါသည်။
သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ အဆိုပါလက်နက်ကိုင်လူအုပ်စုသည် သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဟုလူသိများသည့် RCSS/SSA ၏ စစ်ဝတ်စုံ နှင့်ဆင်တူကြောင်း၊ တံဆိပ်မှာမူ ဖြုတ်နိုင် တပ်နိုင်ကြောင်း ကြားသိရပါသည်။
မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်းသည် ထိုင်း၊ လောဝ်၊ မြန်မာ နှင့် တရုတ်တို့က အလိုရှိနေသောသူဖြစ်၏။ မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦးသတ်ခံရမှုနှင့်ပတ်သက်ပြီး ဧပြီ ၂၅ ရက်နေ့က လောဝ်(လာအို) အစိုးရက ဖမ်းဆီးလိုက်၏။ မေ ၅ ရက်နေ့၌ တရုတ်အစိုးရထံ လွှဲအပ်ခဲ့၏။ စက်တင်္ဘာ ၂၀-၂၁ ကူမင်း (ခွန်းမင်) တရားရုံး၌ ၂ ရက်ကြာ ရုံးတင်စစ်ဆေးခဲ့ပြီး အထူးခုံရုံးဖြင့်စီရင်ချက်ချမှတ်ရန်စစ်ဆေးသုံး သပ်လျက်ရှိပါသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSA-N/SSPP) နှင့် ဆွေးနွေးခြင်း
ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ (SSA-N/SSPP) တို့သည် နှစ်ဖက်တပ်များ နေ  ရာ  ချထားရေးနှင့်   ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှမ်းပြည်နယ် လား ရှိုးမြို့ တွင်   အောက် တို ဘာ ၁၀ ရက် နေ့လယ် ၁ နာရီခွဲမှ စတင်ဆွေးနွေးနေကြောင်း သတင်း ရရှိ သည်။ 
ဒုတိယအကြိမ်မြောက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ အစိုးရဘက်မှ သမ္မတ ရုံးဝန် ကြီး ဌာ န ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဒုဝန်ကြီးအချို့ တက်ရောက်ခဲ့ကြပြီး ရှမ်းပြည်တိုးတက်ရေးပါတီဘက်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးခွန်ဆိုင်းအပါအ၀င် အဖွဲ့ဝင် ၁၀ ဦး တက်ရောက် ဆွေးနွေးနေကြသည်။
အကောင်းဆုံးကြိုးစားထားတဲ့ သီရိဆွေရဲ့ 'ဆိုလာကိုစတာ'
သီရိဆွေရဲ့ 'ဆိုတာကိုစတာ' (Solar Coaster) အမ်တီဗီကို အောက်တို ဘာ ၉ ရက်နေ့ မှာ
စတင်ဖြန့်ချိရောင်းချပေး မှာဖြစ်ပါတယ်။ 'ဆိုလာ ကိုစ တာ' အမ်တီဗီမှာ သီရိ ဆွေရဲ့ စိတ်ကူး အိုင်ဒီယာထက် ဒါရိုက်တာတွေ စိတ်ကြိုက်ပဲ ပုံဖော်ရိုက် ကူးထားတာ ဖြစ်ပါတယ်။ 'ဆိုလာ ကိုစတာ' အမ် တီဗီ နဲ့ ပတ်သက်ပြီး သီရိဆွေ က"သီချင်း အား လုံး ပုံ ဖော်ရိုက် ကူးထား တာ ကတော့ဒါရိုက်တာတွေ စိတ်ကြိုက် ရိုက်ကူးပေးထား တာပါ။ ဒီအခွေလေး ထဲမှာ သရုပ်ဆောင် တွေ လည်း အများကြီး သုံးထားတယ်။ ကိုယ် ကိုယ် တိုင် လည်း သရုပ်ဆောင် ထားတာတွေ ရှိပါတယ်။ သရုပ်ဆောင် တဲ့နေရာ မှာလည်း တအားကြီး သရုပ်မဆောင် တတ်ပေမယ့် ကြိုး စားပြီး သရုပ် ဆောင်ထား ပါ တယ်" လို့ သရုပ်ဆောင်ဘက်မှာ မကျွမ်းကျင်ပေမယ့် ဒီအခွေ လေး အတွက် ကြိုးစား အားထုတ် ထားပုံကို ပြောပြ သွားခဲ့ပါ တယ်။ 'ဆိုလာကိုစတာ' MTV ကို ရိုက် ကူး ပုံဖော်ထား မှုတွေနဲ့ ပက်သက် ပြီး သီရိဆွေ က"ဒီအခွေထဲက သီချင်း ၁၁ပုဒ် လုံးကို အကောင်း ဆုံးဖြစ်အောင် ရိုက်ကူး ထားပါတယ်။ ကုန်ကျ စရိတ် တွေအနေနဲ့ ရော၊ သရုပ်ဆောင် ပိုင်း အနေနဲ့ ရော အများကြီး ပံ့ပိုး ရိုက်ကူး ထားပါတယ်။ ဒီ'ဆိုလာ ကိုစတာ 'အခွေလေးကို ကြိုးစားပြီးတော့မှ ရိုက်ကူး ထားတဲ့အ တွက် ပရိ သတ်တွေ က အချိန် ပေးပြီး ကြည့်ရှုပေးကြပါ"လို့ လည်းပြောပြသွားခဲ့ ပါတယ်။ ဒီအခွေလေးထဲ မှာ ပါဝင်ပံ့ပိုးကူညီခဲ့ကြ တဲ့ သရုပ်ဆောင်တွေကတော့ စိုင်းစိုင်း ခမ်းလှိုင်၊ ရဲတိုက်၊ စိုင်းစည်တွမ်ခမ်း၊ ဆန်းထွဋ်၊ ဖွေးဖွေး၊ စန္ဒီမြင့်လွင်၊ နန်းမြတ်ဖြိုးသင်း တို့အပြင် မော်ဒယ် သရုပ်ဆောင် များစွာ ပါဝင်ထား ပါတယ်။ 
ထိုင်မသိမ်းနဲ့ ရှိုးလျှောက်ရတဲ့ ခံစားမှု ကို ပြောပြသူ မိုးဟေကို
မိုးဟေကိုက လတ်တလောမှာ ဒါရိုက်တာပြေဇင် ရိုက်ကူး ထားတဲ့ 'ခေါင်းလောင်း ထိုးသောလူတစ်ယောက်' ဇာတ်ကားမှာ နေမင်းနဲ့ အတူ သရုပ်ဆောင်နေပါ တယ်။ဒီ ဇာတ်ကားလေးမှာ မိုးဟေကို က ကျောင်း ဆရာမ တစ်ယောက် အဖြစ် သရုပ်ဆောင် ထားပြီး ဒီလိုကာရိုက်တာက သူ့ရဲ့ဒုတိယ မြောက် သရုပ်ဆောင် ခြင်းဖြစ်ကြောင်း လည်းပြောပါတယ်။ ခင်စန်းဝင်း ရဲ့ပွဲမှာလည်း မိုးဟေကို က မြန်မာ ဝတ်စုံထိုင် မသိမ်းနဲ့ ရှိုးေ လျှာက် ခဲ့တာကို တွေ့ရပါတယ်။ ရှိုးပါလျှောက် ဖြစ်နေတဲ့အတွက် ဗီဒီယို ကားရိုက်တာနဲ့ ရှိုးလျှောက်တာ ဘယ်လိုကွာခြားမှု တွေရှိသွားမလဲဆို တာ ကို မိုးဟေကိုက"ရှိုးကတော့ ကိုယ်နဲ့ရင်းနှီးရင်တော့ လျှောက်ဖြစ် ပါ တယ်။ ဒါပေမဲ့ အလျှောက်နည်းတယ်။ ထိုင်မသိမ်းနဲ့ လျှောက်ရ တာေ ကြာက် တယ်။ ထိုင်မသိမ်း နဲ့ ဖိနပ်များငြိသွား မလားလို့ စိုးရိမ်မိ တယ်။ အဲဒီေ ကြာ က် စိတ် ပဲရှိတယ်။ ကျန်တာတော့ မရှိပါဘူး။ ကားရိုက် တာနဲ့ ရှိုးေ လျှာက် ရတာ ကွာတာပေါ့။
စိတ်ဖိစီးမှုချင်းကွာတယ်။ ရှိုးလျှောက် တာ က တစ်ခဏလေး ဆိုပေမယ့် အဲဒီခဏလေးအတွင်းမှာ ဘာများဖြစ် သွားမ လဲဆိုတာ ကို ကိုယ့်ကိုယ်ကိုယ် စိုးရိမ်စိတ်ကဝင်တယ်။ အဲဒီ Stress တအား ကို ဖိစီးလွန်း အားကြီးပါတယ်"လို့ ပြောပါတယ်။ အစ်ကိုဖြစ်သူ ကိုလင်းယံကလည်း 'ဘဝထဲက အိပ်မက်' ဆို တဲ့ တစ်ကိုယ်တော်အခွေနဲ့ အနုပညာလောကထဲကို စတင် ဝင်ရောက် လာ ပါပြီ ။ အစ်ကိုဖြစ် သူရဲ့ တစ်ကိုယ်တော် စီးရီးရဲ့ ဗီစီဒီမှာ လည်းသ ရုပ်ေ ဆာင် အဖြစ်ပါဝင်မှာဖြစ်တဲ့ မိုးဟေကို က အစ်ကိုဖြစ်သူ လင်းယံ ကိုလည်း အနုပညာနဲ့ပတ်သက်ပြီး အကြံဥာဏ်ပေးဖြစ်ကြောင်းပြောပါတယ်။ အစ်ကို့ အခွေမှာ မိုးကပါဝင်ပြီးသရုပ်ဆောင်ထားပေးတယ်။ မိုးတို့မောင်နှ မ တွေ က နဂိုကတည်း ကတအား စည်းလုံးကြတယ်။အစ်ကိုက ဦးဆောင်ပြီးတော့ သူဖြစ်ချင်တာတွေ ကိုသူ့ဘာသာသူလုပ်တယ်။တစ်ယောက်နဲ့တစ် ယောက် လည်း အမြဲတိုင်ပင်ဖြစ်ပါတယ်။ ကိုယ်ဘာလုပ် မလဲဆိုတာကို စဉ်း စားပြီးေ တာ့ လုပ်ရမယ့်ဟာကို အဖေ၊ အမေတွေနဲ့အရင် ဆုံးတိုင်ပင် တယ်။ အဖေ၊ အမေခွင့်ပြုချက်ရမှလုပ်ကြတာ။ အစ်ကိုက ထင်မထားလောက် အောင် အ သံ ကို အဲဒီလောက် ထိ ဆိုတတ်လိမ့်မယ်လို့တောင် မထင်ဘူး။ ကိုယ့် အစ် ကိုမို့ ပြောတာမဟုတ်ပါဘူး။ အစ်ကိုက အနုပညာကို တအားဝါသနာ ပါ တာ။ ဝါသနာပါတာကို သူ တကယ် လုပ်ဖြစ်တယ်။ မိုးက စီးရီးထုတ် မယ် ဆိုပြီး သူကတောင် အရင်ထုတ်ဖြစ် သွားတာ။ ကိုယ့်ထက် သူက ဝါသနာ ပိုကြီးတာပေါ့။"လို့ ပြောပါတယ်။