468x60 Ads
Sunday, October 21, 2012
ကမ္ဘာပေါ်မှာ လိင်ဆွဲဆောင်အား အကောင်းဆုံး တင်းနစ်မယ်.....
ယနေ့ခေတ် အမျိုးသမီး တင်းနစ် ပြိုင်ပွဲ တွေမှာ ရုပ်ရည် ချောမော လှပပြီး ဆွဲဆောင်အား ကောင်းလှတဲ့ တင်းနစ်မယ်တွေ အများ အပြား ရှိနေတာကို ပရိသတ် များလည်း သတိထား မိကြပါ လိမ့်မယ်။ အမေရိကန်က ဝီလျံ ညီအစ်မက လွဲရင် ကျန် တင်းနစ်မယ် တော်တော် များများ ကတော့ သူ့အတိုင်း အတာနဲ့ သူ ပရိသတ်ကို ဆွဲဆောင် နိုင်တာချည်း ပါပဲ။
ယနေ့ ကမ္ဘာ ပေါ်မှာ လိင်ဆွဲဆောင်အား အကောင်းဆုံး တင်းနစ်မယ်က ဘယ်သူလဲလို့ မေးရင် ဆားဘီးယား တင်းနစ်မယ် အန်နာ အီဗန်နိုဗစ်လို့ပဲ ပြော ရတော့ မှာပါ။ သူမဟာ ၁၉၈၇ ခုနှစ်၊ နိုဝင်ဘာလ ၆ရက်က မွေးဖွားခဲ့ ပြီး အခု ဆိုရင် အသက် ၂၄ နှစ်ပဲ ရှိပါ သေးတယ်။ ကိုယ်အလေးချိန် ပေါင် ၁၅ဝ ရှိပြီး အရပ် ၆ပေ၊ ၂ လက်မ ခွဲမြင့်တဲ့ ညာဘက် လက်အားပြု ဆားဘီးယား တင်းနစ်မယ် အီဗန်နိုဗစ်ဟာ ကမ္ဘာပေါ်က တင်းနစ်မယ်တွေ ထဲမှာ အချော ဆုံး၊ အလှဆုံး၊ လိင်ဆွဲဆောင်အား အကောင်းဆုံး တင်းနစ်မယ် အဖြစ် ရွေးချယ် ခံခဲ့ ရကြောင်း Sportige.com က ဖော်ပြပါတယ်။
အီဗန်နိုဗစ်ဟာ ၂ဝဝ၈ ဇွန်လ တုန်းက ကမ္ဘာ့ အဆင့် ၁ တင်းနစ်မယ် အဖြစ် ရပ်တည်ခဲ့ ဖူးပြီး WTA ချန်ပီယံ ဆုဖလား ၁၁ ခု၊ ITF ချန်ပီယံ ဆုဖလားငါးခု အပြင် ပြင်သစ် အိုးပင်း ချန်ပီယံ ဆုလည်း ရရှိ ခဲ့ဖူးတော့ ရုပ်ချောတာ၊ ဆွဲဆောင်အား ကောင်းတာတွေတင် မကဘဲ တင်းနစ် အားကစား ဘက်မှာလည်း ထူးချွန်သူ ဖြစ်ကြောင်း သက်သေ ပြထား ပါတယ်။
ပြိုင်ဆိုင်မှအား ပြင်းလာတဲ့ ချစ်သူများ...
ယနေ့ ကမ္ဘာမှာ အကောင်းဆုံး ကစားသမားဟာ မက်ဆီလား၊ ဒါမှမဟုတ် စီရော်နယ်ဒိုပဲလား ဘောလုံးလောက အတွင်း အငြင်း ပွားမှုဟာ ကာယကံ ရှင်များနဲ့ သက်ဆိုင်တဲ့ ချစ်သူ မိန်းကလေးတွေ အထိတောင် ပျံ့နှံ့လာ ခဲ့ပါတယ်။ ရီးရဲလ် နည်းပြ မော်ရင်ဟိုက မက်ဆီဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆိုရင် စီရော်နယ်ဒိုက စကြဝဠာ အတွင်းမှာ အကောင်းဆုံး ကစားသမား ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ မက်ဆီရဲ့ ချစ်သူ အန်တိုနယ် လာ ရော့ကူဇိုနဲ့ စီရော်နယ်ဒိုရဲ့ ချစ်သူ အီရီနာရှေ့ခ် တို့အနက် ဘယ်သူ ပိုမို ချောမော လှပသလဲ၊ ဘယ်သူက ပိုပြီး ဆွဲဆောင်မှု ရှိသလဲ အငြင်းပွားမှု များတောင် ရှိလာပြီလို့ သိရပါတယ်။ စစ်တမ်း တစ်ရပ် အရ မက်ဆီရဲ့ ချစ်သူ အန်တိုနယ်လာဟာ လာလီဂါ ကစားသမား တွေရဲ့ ချစ်သူဇနီး မယား (WAGS) တွေထဲ အဆင့် ၉ နေရာမှာ သာရှိပြီး အီရီနာရှေ့ခ်ကတော့ ထိပ်ပိုင်းနားမှာ ရှိကြောင်း သိရပါတယ်။ ဒါပေမဲ့ တချို့ ကလည်း ရမ္မက် ပြင်းပြတဲ့ ပုံမျိုး ရှိနေသူ အီရီနာရှေ့ခ် ထက်စာရင် အေးဆေး တည်ငြိမ်တဲ့ အလှပိုင်ရှင် ညိုချော လေးဖြစ်တဲ့ အန်တိုနယ်လာက ပိုပြီး ချစ်ဖို့ကောင်းတယ် လို့လည်း မှတ်ချက် ပေးပါတယ်။ လက်ရှိအချိန် မှာတော့ အန်တိုနယ်လာဟာ မက်ဆီရဲ့ ရင်သွေးလေး ဖြစ်တဲ့ သားငယ် ကိုယ်ဝန် လွယ်ထားရပြီး အောက်တို ဘာလအတွင်း မွေးဖွားမယ်လို့ သိရပါတယ်။
အာဆင်နယ် ကွင်းလယ်သည် ပရီးမီးယားလိဂ်တွင် အကောင်းဆုံး ဖြစ်လာနိုင်ဟု ဝင်းဂါးသုံးသပ်
အဘူဒီယာဘီ တို့ကဲ့သို့ အရည်အချင်း ပြည့်ဝသော ကွင်းလယ် လူများနှင့် ဒဏ်ရာမှ သက်သာ လာသည့် မိမိတို့ အသင်းသည် ပရီးမီးယား လိဂ်တွင် အကောင်းဆုံး ကွင်းလယ်ကို ပိုင်ဆိုင် လာလိမ့်မည်ဟု အာဆင်နယ် မန်နေဂျာ အာစင် ဝင်းဂါးက ဟောကိန်း ထုတ်လိုက်သည်။
ဆန်တီ ကာဇိုလာကို မာလာဂါ အသင်းထံမှ ဝယ်ယူ နိုင်ခဲ့ခြင်းက ယခုရာသီ အာဆင်နယ်၏ ကွင်းလယ် လုပ်အား နှုန်းကို သိသိသာသာ မြင့်တက် လာစေ ခဲ့သည်။ ပရိသတ် များက ဝင်းဂါးသည် ယခုအခါ ဆက်စ်ဖာ ဘရီဂက်စ်၏ နေရာကို စပိန် လက်ရွေးစင် တစ်ဦးပင် ဖြစ်သော ကာဇို လာနှင့် အောင်မြင်စွာ အစားထိုး နိုင်ခဲ့ပြီဟု ယုံကြည် လျှက်ရှိသည်။ ထို့အပြင် မစ်ကယ် အာတီတာ၊ အေရွန် ရမ်ဆေး၊ ဂျက်ဝီလ်ရှိုင်းယား တို့ကြောင့် အာဆင်နယ်၏ အလယ်တန်း စုဖွဲ့မှုသည် ပိုမို တောင့်တင်း ကျစ်လစ် လာဖွယ် ရှိနေသည်။
ဝင်းဂါးက "ဒါဟာ ကျွန်တော်တို့ ပြသချင်တဲ့ အင်အား တစ်ရပ်ပါပဲ။ ရာသီ အစပိုင်း ကတည်းက ကွင်းလယ်က အရမ်း ကောင်းခဲ့တယ်။ ဒါပေမဲ့ ခုချိန် ထိ အလယ်တန်းမှာ လူစုံသေးတာ မဟုတ်ပါဘူး။ လူတွေလည်း စုံလာပြီး အသင်း ဟန်ချက်ကို ချိန်ညှိနိုင်ပြီ ဆိုရင်တော့ ကျွန်တော်တို့ဟာ အကောင်း ဆုံး အလယ်တန်း ဖြစ်လာဖို့ အခွင့် အရေး ရှိသွားပါပြီ။ အာဆင်နယ်မှာ စိတ်ဓာတ်နဲ့ အရည်အသွေး ကောင်းတွေ ရှိပြီး သားပါ။ ပုံမှန် ခြေစွမ်းကို ပြသ နိုင်ရင် အာဆင်နယ်ရဲ့ တက်လှမ်းမှုက ပိုမြင် သာလာမှာ ဖြစ်ပါတယ်"ဟု မှတ်ချက်ပြု ပြောဆို သွားသည်။
အာဆီယံဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်များ နိုဝင်ဘာ ၂၄ ရက် ကျင်းပမည်
အာဆီယံ ဆူဇူကီး ဖလား ဘောလုံး ပြိုင်ပွဲ နောက်ဆုံး အဆင့် ပွဲစဉ်များကို လာမည့် နိုဝင်ဘာ ၂၄ ရက်မှ ဒီဇင်ဘာ  ၂၂ ရက် အထိ ကျင်းပ သွား မည် ဖြစ်ရာ မြန်မာ အသင်းသည် ထိုင်းနိုင်ငံတွင် ကျင်းပမည့် အုပ်စု(က) ၌ ပါဝင်ကြောင်း သိရသည်။ အုပ်စု (က)တွင် အိမ်ရှင် ထိုင်းအသင်း အပါ အဝင် မြန်မာ၊ ဗီယက်နမ်၊  ဖိလစ်ပိုင် တို့နှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
မြန်မာ အသင်းသည် ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်မှ ၁၃ ရက် အထိ အာဆီယံ ဆူဇူကီး ဖလား ခြေစစ်ပွဲကို အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပ ခဲ့စဉ်က လာအို အသင်းနှင့် အတူ ခြေစစ်ပွဲ အောင်မြင် ခဲ့သည်။ မြန်မာ အသင်း သည် ဘရူနိုင်းကို ၁ ဂိုး-ဂိုး မရှိ၊ တီမောကို ၂ ဂိုး-၁ ဂိုး၊ ကမ္ဘောဒီးယား အသင်းကို ၃ ဂိုး-ဂိုး မရှိ ဂိုးပြတ် ဖြင့် အနိုင် ရရှိခဲ့ပြီး လာအို အသင်းကို ဂိုးမရှိ သရေ ကစားကာ ခြေစစ်ပွဲ ပထမ နေရာမှ အောင်မြင် ခဲ့သည်။
မြန်မာ အသင်းသည် အာဆီယံ ဆူဇူကီး ဖလား နောက်ဆုံး အဆင့် ပြိုင်ပွဲ ဝင်ရောက် မကစားမီ နိုင်ငံတကာ ခြေစမ်း ပွဲများ ယှဉ်ပြိုင် ကစားရန် စီစဉ် ထားသည်။ မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်က မြန်မာ အသင်းနှင့် ခြေစမ်း ကစားရန် အတွက် အာရှ ဘောလုံး အင်အားကြီး အသင်းများကို ဖိတ်ကြားကာ ခြေစမ်း ကစားမည်ဟု ဆိုသည်။  ယင်းခြေစမ်း ကစားပွဲများ မကစား ဖြစ်မှသာ ပြည်ပ နိုင်ငံများသို့ ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်ရန် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
ရင်သပ်ရှုမောဖွယ် နန်းခင်ဇေယျာ ရဲ့ ပုံရိပ်များ...
နောက်ဆုံး ဇကာတင် ဆယ့်ငါးယောက်တော့ကြေငြာလို့ပြီးသွားပါပြီ ။ မြန်မာတော့မပါပါဘူး ။ ပွဲပြီးသွားပြီဆိုပေမယ့် မြန်မာ့အလှမယ်ဟာ People Choice Award ဆုနဲ့ Miss Internet ဆုကြီးကို လက်ခံရရှိခဲ့ပါတယ် ။
ဆယ်စုနှစ်ကျော်အတွင်းပထမဆုံးအကြိမ်ဝင်ပြိုင်ခဲ့တဲ့ပွဲမှာ ဒီလောက်ထိအောင်မြင်မှုရခဲ့တယ်ဆိုတာ ကျွန်တော်တို့အတွက် ဂုဏ်ယူဝမ်းမြောက်စရာဖြစ်ပါတယ်။
နန်းခင်ဇေယျာ ပထမအကြိမ် ရေကူးဝတ်စုံနှင့် ယှဉ်ပြိုင်နေစဉ်
ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ တိုနီဘလဲတို့ တွေ့ဆုံ၊ ညစာအတူစား
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန် ၀န်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲ တို့ဟာ ဒီကနေ့ ညပိုင်း ၆ နာရီ ၄၅ မိနစ် ကနေ ၈ နာရီ ၃၀ မိန
စ် အထိ နေပြည်တော်မှာ ရှိတဲ့ သင်္ဂဟ ဟော်တယ်မှာ တွေ့ဆုံခဲ့ကြပါတယ်။
အခုလို တိုနီဘလဲနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ညစာပါ အတူ စားသောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီးလည်း အတူပါဝင်ခဲ့ပါတယ်။
ကြံ့ ဖွံ့ က နိုင်ငံတော်အလံ ကိုပြောင်းပြန်တင်လို့တဲ့...
ဒါမလုပ်သင့်တဲ့ကိစ္စပဲ။ ဘာတုံး ရတြာချေတာလားဗျ။ ဒါတိုင်းပြည်ကိုစော်ကားတာနဲ့ အတူတူပဲ။ သည်အလံကိုသူတို့ ပဲပြောင်းထားတာဆိုပေမဲ့ -
ဒါသူတို့ မပိုင်ဘူး။ တတိုင်းပြည်လုံးကိုကိုယ်စားပြုထားတာ။
လူ (၆၂) သန်းကိုကိုယ်စားပြုထားတာ။
သမ္မတကြီး နှင့် သတင်းမီဒီယာသမားများ အမှတ်တရ...
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မှ မြေယာသိမ်းဆည်းခံရမှုများ နှင့် ပတ်သက်ပြီး
အစိုးရ အသစ် လက်ထက်တွင် မြေတစ်ကွက်မှ သိမ်းဆည်းခြင်း မရှိခဲ့ကြောင်း ၊
သိမ်းဆည်းခံရသူ ၊ သိမ်းဆည်း ရယူထားသူ နှင့် ဥပဒေ ၊ တရားရုံး (၄) ခု ဆုံရှင်းလျှင် ပြေလည် သွားမည်ဟု ယုံကြည်ကြောင်း
အော်..အော်...
 အရိပ်(၃) ပါး နားမလည်ဘူးလား..
သမ္မတ ကြီး ၏ စေတနာများ....
ဖုန်းဈေးနှုန်းများကို လျော့ချပေးရုံသာမက အလကားပင် ပေးလိုသည့် ဆန္ဒ မိမိတွင် ရှိကြောင်း၊ လက်ရှိအခြေအနေများ အရ ထိုသို့ မဖြစ်နိုင်သေးဘဲ တဖြည်းဖြည်း လျော့ချပေးသွားမည် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်မှ လယ်သမားတစ်ဦးပင် ဖုန်းကို ခါးချိတ်ထားနိုင်သည့် အခြေအ
နေ ဖြစ်နေကြောင်း၊ ထို ကိစ္စရပ်သည်လည်း နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ လိုအပ်သော အခြေခံ အဆောက်အဦများ ပြီးသွားပြီး ထပ်ဆောက်ရန် မလိုတော့ပါက ဈေးနှုန်းများ လျော့ကျသွားမည် ဖြစ်ကြောင်း
စစ်တပ်ကလယ်မြေသိမ်းမှုလယ်သမားတွေတိုင်ကြား
စစ်တပ်က မတရားသိမ်းဆည်းခဲ့တဲ့ လယ်ယာမြေနဲ ခြံမြေကိစ္စတွေနဲ့ပတ်သက်လို့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာရှိ့တဲ့ လယ်သမားတွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ် ပြိုင်ခဲ့တဲ့ ဒလမြို့နယ် တ
သီးပုဂ္ဂလ လွတ်တော်ကိုယ်စားလှယ် ဦးဝင်းချိုတို့ အောက်တိုဘာလ ၁၁ ရက်နေ့ကတွေ့ဆုံခဲ့ကြပါတယ်။ လယ်သမား ၇၅ ဦးပိုင်ဆိုင်တဲ့ မြေဧက ၁၀၀၀ ကျော်ကို ၁၉၉၅ ခုနှစ်ကနေစတင်ပြီး တပ်ရင်း ၇၄၇၊၇၄၈၊၇၄၉ တို့က သိမ်းယူခဲ့တဲ့အပေါ် လယ်သမားတွေစုပေါင်းပြီး နိုင်ငံတော် သမ္မတအပါအဝင် နိုင်ငံတော်အကြီးအကဲတွေ သက်ဆိုင်ရာဌာန တွေကို စုပေါင်း လက်မှတ်ထိုးစာတင်ခဲ့အပြီးမှာ အခုလို တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
Friday, October 19, 2012
တရားဥပဒေ စိုးမိုးရေး နှင့် ငြိမ်းချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်း တို့ တွေ့ ဆုံ
တရားဥပဒေ စိုးမိုးရေး နှင့် ငြိမ်းချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့
လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်း တို့သည် ယနေ့နေ့လယ် ၁၂ နာရီ အချိန်တွင် လွှတ်တော် နားနေဆောင်၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး ဆွေးနွေးမည့် အကြောင်းအရာကိုမူ သိရှိရခြင်း မရှိသေးကြောင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးသို့ တက်ရောက် သတင်းရယူနေသည့် The Voice Weekly သတင်းထောက်က
မြူဆိုင်းတဲ့  ဒူဘိုင်းမှာ...
ဂျာမန်ဓါတ်ပုံဆရာ ရိုက်ကူတဲ့ စိတ်ကူးယဉ် သိပ္ပံဇတ်လမ်းဆန်ဆန် တိုက်တာအဆောက်
အဦးမြင်ကွင်း....
ပြန်လည်ဝင်ေ၇ာက်လာမှာဖြစ်ပါတယ်...
မြင်ကွင်းကတော့ နတ်ဒေ၀ါတို့ ဖန်ဆင်းတဲ့ ခေတ်လွန်မော်ဒန်သိပ္ပံဇတ်လမ်းတွေထဲက
မြင်ကွင်းတစ်ခုလေအလား...
လွန်ခဲ့တဲ့ ၁ဝ နှစ်နဲ့မခြား လှသွေးကြွယ်ဆဲ ဟာဂျိဝန်
မင်းသမီး ဟာဂျိဝန်ကတော့ ၁ဝ နှစ်ကြာတာတောင် ဘာမှမပြောင်းမလဲဘဲ လှနေတုန်း ဆိုတာကို သက်သေပြလိုက် ပြန်ပြီလို့သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့က ဟာဂျိဝန်ဟာ လွန်ခဲ့တဲ့ ၁ဝ နှစ်က သူမ သရုပ်ဆောင် ထားတဲ့ “Damo” ပိုစတာရှေ့မှာ ယုံကြည်မှု အပြည့်နဲ့ ထိုင်ပြီး Olay အလှကုန်ရဲ့ Angi-Aging Cream   ကြော်ငြာအတွက် ဓာတ်ပုံ အရိုက်ခံခဲ့ပါတယ်။ ဒီကြော်ငြာရဲ့ ရည်ရွယ်ချက်ကလည်း အချိန်တွေကြာပေမယ့် နုပျိုနေတုန်း ဆိုတာကို ဖော်ကျူးချင်တာဖြစ်ပြီး ဒါဟာ ဟာဂျိဝန်ရဲ့ စိတ်ကူးစိတ်သန်းလို့ သိရပါတယ်။ သူမကိုကြည့်ရတာ ဟာလည်း အဲဒီနေ့ကြော်ငြာ ရိုက်ကွင်းမှာ  ”School” ဒရာမာနဲ့  “Fool” ရုပ်ရှင်ထဲက ထက်တောင် နုပျိုနေတယ် လို့ရေးသားဖော်ပြခံရပါတယ်။
မိခင်နိုင်ငံကို တိတ်တိတ်လေး ချစ်ပြတဲ့ ဆောင်းဟေဂျို(အွန်စော)
အွန်စောလို့ မြန်မာပရိသတ်က ချစ်စနိုး မှတ်မိထားကြတဲ့ ဆောင်းဟေဂျိုဟာ မိခင်ဘာသာ စကားနဲ့ နိုင်ငံအကြောင်းကို ကမ္ဘာအနှံ့မှာ သိရှိစေရေးအတွက် “Duru Duru”ဆိုတဲ့ ကိုရီးယား ယဉ်ကျေးမှုနဲ့ ဘာသာစကား အကြောင်း လေ့လာသူတွေကို အထောက်အကူ အဖြစ်စေတဲ့ ဖုန်း Application တစ်ခုကို အောက်တိုဘာ ၉ ရက်နေ့က စတင်ပြီး အခမဲ့ရယူနိုင်ကြောင်း ကြေညာလိုက်ပြီဖြစ်ပါတယ်။  ပါမောက္ခကြီး Seo Kyoung-duk  က ဒီ Applicationကို နိုင်ငံရပ်ခြားက ကိုရီးယား Gallery များမှာ စတင် အသုံးပြုဖို့ တောင်းဆို ထားပါတယ်။ “Duru Duru” ကို Android ဖုန်းများမှာအသုံးပြုနိုင်ပြီး iPhone များမှာလည်း ရရှိတော့မှာဖြစ်ပါတယ်။ ပါမောက္ခကြီး Seo က   ဆောင်းဟေဂျိုဟာ မိမိနိုင်ငံကို တိတ်တဆိတ် ချစ်ပြနေတဲ့သူလို့ ချီးမွမ်း ခဲ့ပါတယ်။ အရင်တုန်းကလည်း ဆောင်းဟေဂျိုဟာ ကိုရီးယား ခရီးသွား လမ်းညွှန် စာအုပ်ပေါင်း သုံးသောင်းကို ရှန်ဟိုင်းဒေသဆိုင်ရာ အစိုးရထံ ပေးအပ် လှူဒါန်းဖူးပါတယ်။ ဒါ့အပြင်လက်ရှိမှာလည်း ဆောင်းဟေဂျိုနဲ့ ပါမောက္ခကြီး Seo တို့ဟာ နယူးယောက် အနုပညာ ပြတိုက်နဲ့ နိုင်ငံတကာက ပြတိုက်များမှာ ကိုရီးယား ခရီးလမ်းလမ်းညွှန်စာ အုပ်များထားရှိဖို့ စီစဉ်ရာမှာ ပါဝင်ကြဦးမယ်လို့ သိရပါတယ်။ French Global Agency Effigies နဲ့ ပထမဆုံး စာချုပ်ချုပ်ခွင့်ရတဲ့ အာရှက မင်းသမီး တစ်လက်လည်းဖြစ်တဲ့ ဆောင်းဟေဂျိုဟာ It’s Time for Hye-kyo ဆိုတဲ့ Photo Essay စာအုပ်ကိုလည်း ဒီနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်သို့ ဖိတ်ကြားရန် အစီအစဉ်ရှိကြောင်း တရုတ်သံအမတ်ပြောကြား
တရုတ်နိုင်ငံအစိုးရအနေဖြင့် အမျိုးသားဒီမို  ကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အားတရုတ်နိုင်ငံသို့     လာရောက်ရန်အတွက် ဖိတ်ကြားရန် အစီအစဉ်ရှိကြောင်း တရုတ်နိုင်ငံသံအမတ်ကြီးကအောက်တိုဘာ ၁၅ ရက်တွင်ပြောသည်။
“ဒေါ်စုနဲ့ ကျွန်တော် ခြောက်ခါတွေ့ပြီးပါပြီ။ သံတမန်စကားနဲ့ပြောရင်
အဆင်ပြေတဲ့တစ်ချိန်မှာ တရုတ်ပြည်ကိုသွားဖို့ ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်”ဟု သံအမတ်ကြီးကဆိုသည်။
မည်သည့်အချိန်တွင် ဖိတ်ကြားမည်ကိုမေးရာ လောလောဆယ်တွင် အချိန်ဇယား မသေချာသေးသည့်အတွက် အဖြေပေး၍ မရသေးကြောင်း သံအမတ်ကြီးက
ဆက်လက်ပြောသည်။
အမေရိကန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “သွားချင်တဲ့စိတ်ရှိပါတယ်။
တရုတ်နိုင်ငံက အန်တီတို့ရဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံမှာ
ဆက်ဆံရေးကောင်းဖို့ ဆိုတာလည်း အရေးကြီးလို့ သွားချင်တာပါ”ဟု
ပြောကြားခဲ့သည်။
KIO နယ်မြေ နာ့ဖော့ကျေးရွာတွင် ဖြစ်သော တိုက်ပွဲတွင် အစိုးရတပ် ၁ ဦးကျဆုံး...
ကချင်ပြည်နယ် မြစ်ကြီးနား-လိုင်ဇာသွားလမ်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နယ်မြေ လိုင်စင်ဘွမ် (Laisin Bum) အနီးရှိ နာ့ဖော့ (Nahpaw) ကျေးရွာသို့ စစ်ရေးလှုပ်ရှားလာသော မြန်မာအစိုးရစစ်သား ၁၀ ယောက်နှင့် ယနေ့ နေ့လည်တွင် KIA ခြေလျင်တပ်ရင်းမှပျောက်ကျားစနစ်ဖြင့် ပစ်ခ
တ်တိုက်ခိုက်ရာ အစိုးရတပ် ၁ ဦး သေဆုံးကြောင်း သိရသည်။
သေဆုံးသည့် မြန်မာအစိုးရ တပ်သားမှ Uniform နှင့် သေနတ် ၁ လက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ခြေလျင်တပ်ရင်းမှ ရရှိကြောင်း ရှေးတန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
လိုင်စင်အနီးရှိ မြန်မာအစိုးရတပ်စခန်း နာ့ဖော့ (Nahpaw) တွင် မြန်မာအစိုးရတပ် အင်အား ၁၀၀ ကျော်ရှိပြီး ၎င်းနယ်မြေတွင် လှုပ်ရှားနေသောတပ်သားများသည် နာ့ဖော့ (Nahpaw) ကျေးရွာ လူနေအိမ်များသို့ လှုပ်ရှားလာစဉ် KIA ခြေလျင်တပ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အိမ်ခြေ (၃၀) ကျော်ရှိသည့် အဆိုပါကျေးရွာမှ ရွာသားများသည် ယခုချိန် မဂါယန် (Maga Yang) ဒုက္ခသည် စခန်းသို့ ထွက်ပြေးခိုလုံနေကြောင်းသိရသည်။
မြန်မာအစိုးရသည် စစ်အင်အားများတိုးချဲ့နေဆဲဖြစ်ပြီး ယနေ့ နံနက် မိုးမလင်းမီ ၂ နာရီချိန်ခန့်တွင်လည်း ဗန်းမော်ဘက်မှ စစ်ကား ၁၂ စီးဖြင့် တပ်မဟာ(၅) နယ်မြေသို့ စစ်အင်အားဖြင့် ထပ်မံဝင်ရောက်လာကြောင်း သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနား-လိုင်ဇာနှင့် ဗန်းမော်ကြားရှိ မြို့သစ် Je Hkak ကျေးရွာအနီးသို့ အင်အားတိုးချဲ့ လာသော မြန်မာအစိုးရတပ် ကား ၁၂ စီးကို KIA တပ်မဟာ (၅) အောက် တပ်ရင်း (၂၅) မှ မြေမြုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့ရာ ကား ၁ စီးထိခိုက် ပျက်စီးခဲ့ကြောင်း အရာရှိတစ်ဦးဆိုသည်။
“ကားထဲမှာ ၃၀ ယောက်တော့ပါမယ်ထင်တယ်။ မိုးမလင်းခင်ဆိုတော့ တိတိကျကျမကြည့်ခဲ့ဘူး။” ဟု ရှေ့တန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။
ထိခိုက်မှု မရှိသော လက်နက်နှင့် ရိက္ခာတင်သော ကား ၁၁ စီးကိုမူ ဒေါ့ဖုန်းယန် (Dawhpumyang) မြန်မာအစိုးရတပ် ခလရ (၁၄၂) ဖက်သို့ အင်အားဖြည့်ထားကြောင်းနှင့် မကြာမီတိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်ကြောင်း ပြောဆိုခဲ့သည်။
မြန်မာကို အမေရိကန် အခိုင်အမာ ထောက်ခံမည်
အမေရိကန် ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အင်စတီကျူးရှင်းတွေက မြန်မာနိုင်ငံကို အကူအညီ ပေးတဲ့အပေါ် ထောက်ခံသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟေလာရီ ကလင်တန်က ပြောကြားလိုက်ပါတယ်။
ဒီလိုပြောလိုက်တာဟာ မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) တို့လိုမျိုး အဖွဲ့ အစည်းတွေထံက ဘဏ္ဍာရေးအထောက်အပံ့တွေ ပေးနိုင်ဖို့ လမ်းခင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။
“နိုင်ငံတကာ ဘဏ္ဍာရေး အင်စတီကျူးရှင်းတွေက မြန်မာနိုင်ငံကို ကူညီတဲ့အပေါ် ထောက်ခံတာဟာ အမေရိကန်ပြည် ထောင်စုရဲ့ အကျိုးစီးပွားနဲ့ကိုက်ညီတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာလ ၁၂ ရက်နေ့မှာ အခိုင်အမာ ပြောကြားလိုက်တာပါ” လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဆိုပါတယ်။
အခုလို ပြောဆိုမှုဟာ သမ္မတ ဘားရက် အိုဘားမား ဥပဒေအဖြစ် လက်မှတ်ထိုးအတည်ပြုခဲ့တဲ့ မကြာသေးခင်က လွှတ်တော်ဥပဒေပြဌာန်းချက်အတွက် လိုအပ်တာတွေကို အထောက်အကူ ဖြစ်စေပါလိမ့်မယ်။
နိုင်ငံခြားရေးဝန်ကြီးရဲ့ အခိုင်အမာပြောဆိုမှုဟာ မြန်မာပြည်အတွက် အရေးပါလှပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ ဥပဒေပြဌာန်းချက် မတိုင်ခင်ကဆိုရင် ကမ္ဘာ့ဘဏ်၊ IMF နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အပါအဝင် နိုင်ငံတကာ ဘဏ္ဍာရေး အင်စတီကျူးရှင်းတွေမှာ တာဝန်ယူ နေကြတဲ့ အမေရိကန် အမှုဆောင်ဒါရိုက်တာတွေဟာ မြန်မာနိုင်ငံအတွက် ဘယ်စီမံကိန်း အစီအစဉ်တွေကိုမှ ထောက်ခံမဲ မပေးခဲ့ကြလို့ပါပဲ။
“အခုဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ လာမယ့် နိုဝင်ဘာလဆန်း ကမ္ဘာ့ဘဏ် ဘုတ်အဖွဲ့ အစည်းအဝေးတွေမှာ မြန်မာပြည်ကို ကူညီဖို့ ထောက်ခံမဲပေးနိုင်တော့မှာပါ” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်က Cobra Gold စစ်ရေးလေ့ကျင့်မှုကို လာရောက်လေ့လာဖို့ မြန်မာကို ဖိတ်မယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။။ အင်အား တသောင်းကျော်ပါဝင်မယ့် ဒီစစ်ရေးလေ့ကျင့်မှုကို တခြား အာရှ နိုင်ငံတွေလည်း ပါဝင်မှာဖြစ်ပြီး ယခုဖိတ်ကြားမှုဟာ ထိုင်းနိုင်ငံက ကြားဝင်ဆောင်ရွက်မှုကြောင့် ဖြစ်ပြါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန် စစ်တပ် ပစိဖိတ် ဒေသ ဆိုင်ရာ စစ်ဦးစီး ဒု ဗိုလ်ချုပ်ကြီး Francis Wiercinski ဦးဆောင်တဲ့ ၀ါရင့် စစ်အရာရှိတွေ ပါဝင်တဲ့ အမေရိကန် သံခရီးစဉ်နောက်ပိုင်း ဖြစ်ပေါ်လာတာလည်း ဖြစ်ပါတယ်။ Cobra Gold စစ်ရေးလေ့ကျင့်မှုကို နှစ်စဉ် ဧပြီနဲ့ မေလများအတွင်း ရက်သတ္တ ၆ ပတ်ကြာပြုလုပ်လေ့ ရှိပါတယ်။
အဲ့ဒီလို အခိုင်အမာ ဖြစ်ထွန်းမှုတွေဟာ မြန်မာပြည်အပေါ် အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ရုတ်သိမ်းဖို့ အချိန်မတန်သေးဘူးလို့ ချေပပြောဆိုခဲ့ကြတဲ့ လူ့အခွင့် အရေးအဖွဲ့တွေရဲ့ စိုးရိမ်ပူပန်မှုတွေကို လျစ်လျူရှုလိုက်တာဖြစ်ပါတယ်။
စံရတီမိုးမြင့်နဲ့ ကောလာဟလ
လတ်တလောမှာ ဒါရိုက်တာသိန်းဟန် (ဖီးနစ်) ရိုက်ကူးပြီး ကျော်ရဲအောင်၊ စိုးမြတ် နန္ဒာ၊ စံရတီမိုးမြင့်တို့ သရုပ်ဆောင်ထားတဲ့ ‘နောင်ဂျိန်’ ဇာတ်ကားလေးထွက်လာပါ တယ်။ဒီဇာတ်ကားက စံရတီမိုးမြင့်ရဲ့ပထမဆုံးထွက်လာတဲ့ ဇာတ်ကားပါ။ ကြော်ငြာမှာလည်း ချစ်စဖွယ်သရုပ်ဆောင်ခဲ့တဲ့ အတွက် ပရိသတ်တွေသဘောကျခဲ့ပြီး ဗီဒီယို ဇာတ်ကားတွေကိုလည်း ပရိသတ်ကစောင့် မျှော်နေခဲ့ပါတယ်။ ပထမဦးဆုံးရိုက်ကူးခဲ့တဲ့ ဒီဗီဒီဇာတ်ကားလေးကတော့  ရုံမတင်ရသေး ပါဘူး။ တတိယမြောက်ရိုက်ကူး တဲ့’နောင် ဂျိန်’ ဇာတ်ကားက အရင်ဆုံးထွက်ရှိတာ ဖြစ် ကြောင်းသိရပါတယ်။ ပထမဦးဆုံး ထွက်ရှိလာ တဲ့ကားဖြစ်တဲ့ အတွက် စိုးရိမ်မှု တွေရှိနေပြီး ကိုယ် တိုင်ပြန် ကြည့် တဲ့အခါမှာလည်း လိုအပ်ချက်တွေ အများကြီး တွေ့ ရကြောင်း၊ ပရိ သတ် တွေ ကကြိုက်ကြပြီး အား ပေးကြတဲ့အတွက် လည်းကျေးဇူးအများ ကြီးတင်မိကြောင်း စံရ တီမိုးမြင့်က ပြော ပါတယ်။ ‘နောင်ဂျိန်’ ဇာတ်ကားမှာ အပြင်ပုံစံ အတိုင်း သရုပ်ဆောင် ခဲ့ကြောင်းပြောတဲ့ စံရတီ မိုးမြင့်က”ပျော်ဖို့ကောင်းပါတယ်။ အိစိကွေးတို့၊ ယွန်းယွန်း တို့၊ ကျန်တဲ့ကလေးတွေနဲ့လည်း အော်ကြီးဟစ်ကျယ်ပြော ကြပြီး ရိုက်ရတဲ့ကားလေးပါ။ တခြားရိုက်ရတဲ့ ဇာတ်ကားတွေနဲ့ မတူဘူး။ ကလေးတွေနဲ့ ဝုန်းဒိုင်းကြဲ အပြင် မှာနေတဲ့ပုံစံအတိုင်းရိုက် ထားတာ၊ ပျော်ဖို့လည်း ကောင်းတယ်။ဦးသိန်း ဟန်က စရိုက်ကတည်းက အပြင်မှာနေတဲ့ပုံစံမျိုး လေးပဲလို့ပြောပြီး သရုပ်ဆောင်ခိုင်းတာ ပါ”လို့ပြောပါတယ်။အနုပညာရှင်တစ်ယောက်အနေနဲ့အနည်းနဲ့ အများ ကြုံလာရတတ်တဲ့ ကောလာဟလတွေကို  ခေါင်းထဲထည့် မနေပါဘူးဆိုတဲ့ စံရတီမိုးမြင့်က” အဓိ ကကတော့ ကိုယ်ဖြစ်ချင်တဲ့ စိတ်တစ်ခုတည်းကိုပဲ ခေါင်း ထဲမှာထားပါတယ်။ ဒါကကိုယ်တစ်ယောက်တည်းမှ မဟုတ်ပါဘူး။ အနုပညာ လောကသားတိုင်း အနည်းနဲ့ အများတော့ ကြုံရတာပဲလေ။ ဒီလိုကြုံတဲ့ အခါ စိတ်ထဲမှာ ကိုယ်ဖြစ်ချင် တဲ့အလုပ် တစ်ခုကိုပဲ ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ပဲ ခေါင်းထဲမှာ ထည့်ထားပါ တယ်၊၊ ကျန်တာ ဘာမှမရှိတော့ပါဘူး၊ကောလာဟလက တစ်နေ့ ပျောက်သွားမှာ ပါပဲ” လို့ပြောပါတယ်။
မိုးဟေကို ပြောတဲ့ သူ့အကြောင်း
‘တတိယမြောက် ပထမသတို့သား’ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပြီး ဒီဇာတ်ကားမှာ အမေ့အတွက် ကလဲ့စားချေတဲ့ ကောင်မလေး တစ်ယောက်အဖြစ် သရုပ်ဆောင်   နေတဲ့ မိုးဟေကိုက အပြင်မှာတော့ အငြိုးအတေး ထားပြီး ပူလောင်နေတဲ့ဘဝမျိုးကို မလိုချင်ဘဲ အငြိုးအတေး ထားရလောက်အောင် မုန်းလောက်တဲ့သူလည်း မရှိဘူးလို့ ဆိုလာပါတယ်။ ရှိခဲ့ရင်လည်း အဲဒီလို အငြိုးထား လိမ့်မယ်လို့ မထင်ဘဲ အချိန်တန်ရင် အားလုံးကပြီး သွားကြမယ့် အရာတွေပဲဖြစ်တဲ့အတွက် ပူလောင်မှုတွေကို ကိုယ်နဲ့ အချိန် အကြာကြီး မသိမ်းဆည်း ထားတတ်ဘူး။ အေးအေး ချမ်းချမ်းပဲ နေချင်တယ်လို့ပြောတဲ့ မိုးဟေကိုက…  ”ကိုယ့်ခံစားမှုနဲ့ကိုယ်ပျော်ရွှင်အောင် နေတယ်။ တတ်နိုင် သမျှ စိတ်ညစ်စရာ၊စိတ် ခံစားရတာတွေ လုံးဝမရှိအောင်နေတယ်။ အလုပ်ထဲမှာပဲ ၂၄နာရီ လည်ပတ်နေတဲ့သူ  တစ်ယောက်ဆိုတော့ ဒီဟာတွေကို အချိန် ပေးပြီး မစဉ်း စားမိတာတော့ အမှန်ပါပဲ။ ခေါင်းထဲကို ဘယ်အရာမှ အဝင်မခံဘူး။ လူဆိုတာ လောကကြီးမှာတော့  နေတတ်ရင် ကျေနပ်စရာချည်းပဲလေ၊ အားလုံးနေတတ်တဲ့ သူတွေ ထဲမှာ မိုးဟေလည်း တစ်ယောက်အပါ အဝင်ပါပဲ။ ကျေနပ်တယ်၊ ပျော်ရွှင်တယ်ဆို တာထက် ကိုယ်နေတဲ့ဘဝကို ကိုယ့်ဘာသာ ဖန်တီး ယူထားတဲ့အတွက်   ပျော်ရွှင်ပါ တယ်။ လူငယ် တစ်ယောက်လည်း ဖြစ်တော့လေ”လို့ ပြောပြပါတယ်။  အနုပညာအလုပ်ကို အောင်မြင်ရမယ် ဆိုတဲ့စိတ်နဲ့ လုပ်တာထက်ကို ဝါသနာပါလို့ လုပ်ကြည့် တာပဲဖြစ်ကြောင်းကို”လုပ်ကြည့် တာက ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် နဲ့ လုပ်တာပါ။ လုပ်ရင်းနဲ့ပိုပြီး လေးလေး နက်နက်ဖြစ်လာတယ်။ အဲဒီကတစ်ဆင့် ကိုယ့်ရဲ့ ရည်မှန်းချက်တွေက တိုးတက်လာတယ်။ မိုးဟေကိုယ်တိုင် တစ်နှစ်နဲ့တစ်နှစ် ပြီးခဲ့တဲ့နှစ်၊ ရှေ့ဆက်ရမယ့် နှစ်တွေကိုရော ပြန်ကြည့်ပြီး ပိုတာတွေ၊လိုတာတွေကို စဉ်းစား တယ်။ ကိုယ်သွားလာ လှုပ်ရှားတဲ့ ပတ်ဝန်းကျင် တစ်ခုလုံးကို စဉ်းစားပြီး လုပ်တယ်။ ဒါက မိုးဟေမှ မဟုတ်ပါဘူး။ လူတိုင်းက ဒီလိုပဲလို့ ထင်ပါတယ်”လို့ မိုးဟေကိုက   ပြောပြပါတယ်။