468x60 Ads


Thursday, November 15, 2012

ဒါဟာ ဟာသပုံမဟုတ်ပါဘူး ကြေကွဲဖွယ်ရာ မြင်ကွင်းလေးပါ...

အသက် ၂၅နှစ် အရွယ်ရှိတဲ့ ဗြိတိန် စစ်သား Barry Delaney ဟာ အရောင်တောက်တောက် အစိမ်းရောင်ကြိုးတစ်ချောင်းဂါဝန်နဲ့ပန်းရောင်ခြေအိတ်ရှည်ကိုဝတ်ဆင်ပြီးသူ့ရဲ့သေဖော်သေဖက်သူငယ်ချင်း Kevin Elliott ရဲ့ နောက်ဆုံးခရီးစဉ်ဖြစ်တဲ့ ဈာပနာ တစ်ခုမှာ ငိုကြွေးနေတဲ့ပုံပါ...
သူတို့နှစ်ယောက်ဟာအာဖဂန်စစ်မြေပြင်မှာအတူတူတာဝန်  ထမ်းဆောင်ခဲ့ကြတဲ့သူ ငယ် ချင်းကောင်း နှစ်
ယောက်ပါ။ သူတို့ အချင်းချင်း ကတိတစ်ခုပေးထားကြတယ်... အခန့်မသင့်လို့တစ်ယောက်ယောက် ကများ လူ့ဘ၀ကနေ အရင်ဆုံးထွက်ခွာသွားရမယ်ဆိုရင် ကျန်ခဲ့တဲ့ တစ်ယောက်က အမျိုးသမီး ၀တ်စုံကို ၀တ်ပြီး သူ့ရဲ့ ဈာပနာကို လာရမယ်... ဒီမည်းမှောင်မှုတွေ ဖုံးလွမ်းနေတဲ့ မီးခိုးရောင် နယ်မြေ အတွက် အရောင်တောက်ပမှုလေး သယ်ဆောင်လာမယ်လို့ ကတိပြုခဲ့ကြတယ်...မြင်ရသူ အဖို့တော့ ရင်ကို ဆူးနစ်စေတယ်ဗျ... သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းကတိစကားတည်ခဲ့ပါပေတယ်....

မြန်မာစစ်တပ် တပ်မ (၈၈)မှ စစ်သားတစ်ဦး ကလေး ၃ ယောက်မိခင်တစ်ဦးအား အဓမ္မပြုကျင့်

ကချင်ပြည်နယ်မိုးကောင်းမြို့နယ်တွင်မြန်မာအစိုးရတပ်မ၈၈စစ်သားတစ်ဦးမှ ခဆန် (Hka San) ကျေးရွာမှ ကလေး ၃ ယောက် မိခင် အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံများပြောသည်။
အင်အား(၅၀)ခန့်ရှိသောအစိုးရတပ်ဖွဲ့သည်ကားမိုင်း နှင့် မိုးကောင်းကြားရှိ ခဆန် (Hka San) ကျေးရွာတွင် ၀င်ရောက်လာချိန်အောက်တိုဘာလ(၃၀)ရက်နေ့တွင်ထိုအမျိုးသမီးကိုအဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ဒေသ
ခံများပြောသည်။
ယခုချိန်ကားမိုင်းနယ်မြေတွင်လှုပ်ရှားနေသောအစိုးရတပ်ဖွဲ့များသည်ကချင်အမျိုးသမီးများကိုအဓမ္မပြုကျင့်ခြင်း သာမက ဒေသခံ ယောင်္ကျား မိန်းကလေး မရွေး စစ်ဆေးမြေးမြန်းပြီး နှိပ်စက်မှုများ၊ ကြိုက်ရာပစ္စည်း လုယက်မှုများပြုလုပ်နေကြောင်းသိရသည်။
ထိုသို့အစိုးရစစ်သားများဖမ်းဆီးနှိပ်စက်မှုအမျိုးမျိုးကြောင့်ခဆန်နှင့်အနီးတ၀ိုက်မှကချင်ကျေးရွာပြည်သူများ
သည်  ရွာပြင်သို့ထွက်ရန် စိုးရိမ်ကြောက်လန့်နေပြီး ယခုချိန် ပွင့်လင်းရာသီဖြစ်၍ သစ်သီးဝလံနှင့်လယ်ယာ စပါး ရိတ်သိမ်းချိန်ဖြစ်သော်လည်း စပါးများရိတ်သိမ်းဖို့သွားရန် ကြောက်နေကြောင်း သိရသည်။
အစိုးရကျောင်းသူ/သားများအတွက်လည်းအောက်တိုဘာ သီတင်းကျွတ်ကျောင်းပိတ်ပြီးနောက် နိုဝင်ဘာလ ၅ ရက်နေ့မှ ကျောင်းပြန်ဖွင့်ပြီဖြစ်သော်လည်း အစိုးရစစ်တပ်ဖွဲ့များ လှုပ်ရှားနေခြင်းကြောင့် ခဆန် (Hka San)ကျေးရွာနှင့်အနီးတ၀ိုက်ကျေးရွာများတွင်မူလတန်းကျောင်းများမဖွင့်နိုင်သေးကြောင်း ဒေသခံများမှသိရ
သည်။
ယခုလိုရွာထဲသို့အစိုးရတပ်ဖွဲ့များဝင်ရောက်လာသောကြောင့်၎င်းကျေးရွာဒေသခံများအားလုံးသည်နီးစပ်ရာ
ကျေးရွာများဖြစ်သောနားဟိုင်ခေါ်နမ်ရှဲန်(NamSheng)ရွာသိုထွက်ပြေးတိမ်းရှောင်လာပြီးထိုကျေးရွာရှိရိုမန်
ကက်သလစ်ဘုရားကျောင်းတွင်ခိုလုံနေကြောင်းကားမိုင်းဒေသခံတစ်ဦးပြောသည်။နားဟိုင်ရွာတွင်ထွက်ပြေး
ရောက်ရှိနေသော ဒုက္ခသည်များသည် အိမ်ခြေ ၅၇ မှ လူဦးရေ ၃၀၀ ကျော်ဖြစ်ကြောင်း သိရသည်။ ယခုချိန်သူတို့အားခရစ်ယာန်အသင်းတော်များမှအစားအသောက်နှင့်နေစရာနေရာများကိုစီစဉ်ပေးနေကြောင်း သိရသည်။
အခက်ခဲများကိုကူညီဖြေရှင်းပေးနိုင်ရန်UNကူညီရေးအဖွဲ့များထံလည်းဆက်လက်အကူအညီ တောင်းထားကြောင်း သိရသည်။

ကားမိုင်းနှင့် ပူတာအိုလမ်း တိုက်ပွဲတွင် မြန်မာစစ်သား ၇ ဦးကျ

ကချင်ပြည်နယ်ကားမိုင်းမြို့နယ်ခွဲနှင့်ပူတာအိုသွားလမ်းသီးခြားနှစ်နေရာတွင်ယမန်နေ့ကကချင်လွတ်မြောက်
ရေးတပ်ဖွဲ့KIAနှင့်တိုက်ပွဲဖြစ်ပွားခဲ့ရာမြန်မာအစိုးရတပ်ဘက်မှ၇ဦးသေဆုံးပြီးတချို့ဒဏ်ရာရရှိကြောင်း  ရှေ့
တန်း KIA အရာရှိများမှသိရသည်။
တိုက်ပွဲများသည်နိုဝင်ဘာလ၁၁ ရက်နေ့မှစတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး မြစ်ကြီးနား-ပူတာအိုလမ်း တယန်ဇွပ် (Tayang Zup) နှင့် ဆွပ်ခါ (Sup Hka) ကြားတွင်လည်း အစိုးရစစ်ကား တစ်စီးမှောက်၍ စစ်သား ၄ ဦးသေဆုံးကာ တချို့ဒဏ်ရာရရှိခဲ့ကြောင်း ရှေ့တန်း KIA အရာရှိ တစ်ဦးပြောသည်။
ယခု ပစ်ခတ်မှုသည် မကြာသေးခင်က မြစ်ကြီးနားမြို့မှ စစ်ကား ၃၆ စီးဖြင့် ပူတာအိုသို့ ချီတက်လာသော အစိုးရတပ်ဖွဲ့ နှင့် KIA တပ်မဟာ (၁) တပ်ဖွဲ့တို့ဖြစ်သည်။
ဖားကန့်ကျောက်စိမ်းမှော်သွားလမ်းရှိကားမိုင်းအနီး KIA တပ်ရင်း (၆) တပ်ဖွဲ့နှင့် အစိုးရတပ်ဖွဲ့တို့ တိုက်ပွဲတွင်အစိုးရဘက်မှ၃ ဦးသေဆုံးပြီး တချို့ဒဏ်ရာ ရရှိကြောင်း ရှေ့တန်းသတင်းရပ်ကွက်မှပြောသည်။
ပြီးခဲ့သည့်အပတ်တွင်းအောက်မြန်မာပြည်မှစစ်အင်အားသစ်ထောင်ချီကိုရထား(၃)စီးဖြင့် ကချင်ပြည်နယ်သို့ သယ်ပို့ခဲ့သည်။ ၎င်းစစ်ကူများ နိုဝင်ဘာလ ၈ ရက်နေ့တွင် မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ ရောက်ရှိလာပြီး ထိုမှ ကချင်ပြည်နယ် အရှေ့ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက် KIA တပ်စခန်းများ ရှိရာသို့ တဖန်ထွက်ခွာသွားသည်။
ပြီးခဲ့သည့်ပတ်အတွင်း KIO ဗဟိုဌာနချုပ် လိုင်ဇာမှ ၁၀ မိုင်အကွာရှိ အစိုးရစစ်စခန်းများတွင် စစ်အင်အားသစ် ၁၀၀၀ ခန့် ရောက်ရှိလာကြောင်း လိုင်ဇာမှ KIA အရာရှိတစ်ဦးဆိုသည်။
ဤကဲ့သို့ကချင်ပြည်နယ်သိုအစိုးရစစ်အင်အားထပ်မံတိုးချလာခြင်းသည်မြန်မာအစိုးရနှင့်ကချင်လွတ်မြောက်
ရေးအဖွဲ့(KIO)နှစ်ဖက်ကိုယ်စားလှယ်များအောက်တိုဘာ၃၀ရက်နေ့တရုတ်နိုင်ငံရွှေလီမြို့မအောင်မြင်သော
တွေ့ဆုံပွဲအပြီးနှင့်အမေရိကန်သမ္မတအိုဘားမားမြန်မာနိုင်ငံသို့လာရောက်ရန်ဆယ်ရက်အလို ပြုလုပ်ခြင်းဖြစ်
သည်။

အိုဘာမား ခရီးစဉ်အတွက် လုံခြုံရေး စိတ်မချ ရလျှင် ခရီးစဉ် ဖျက်သိမ်းမည်...


အမေရိကန်သမ္မတအိုဘားမား၏မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍လုံခြုံရေးစိုးရိမ်မှုမှာ မြောက်ကိုရီးယားဖြစ်
ကြောင်းသံတမန်သတင်းရပ်ကွက်တခုကပြောသည်။သမ္မတအိုဘားမား၏အတွက် လုံခြုံရေးကို အမေရိကန် SecretServiceများက၎င်းတို့ဘာသာလုပ်ဆောင်ခွင့်မြန်မာဘက်ကပေးထားပြီးလက်နက်များပါမိမိအစီအစဉ်
ဖြင့်သယ်ယူတင်သွင်းခွင့်ပြုထားကြောင်းလည်းနေပြည်တော်သတင်းရပ်ကွက်တခုကဆိုသည်။“ယခုအချိန်အ
ထိ သမ္မတအိုဘားမား ဘယ်မှာတည်းမယ်။ နေရာ အတိအကျတွေကို အမေရိကန်ဘက်က မပေးဘူး”ဟု အဆိုပါသတင်းရပ်ကွက်ကပြောသည်။မြောက်ကိုရီးယားပညာရှင်အချို့မြန်မာနိုင်ငံထဲတွင်ရှိနေဆဲဖြစ်သည်
ဟုအကဲခတ်များကထင်မြင်ချက်ပေးထားကြသည်။မြန်မာနိုင်ငံသို့အမေရိကန်သမ္မတအနေဖြင့်  ပထမ   ဆုံး
ရောက်လာမည့်ခရီးစဉ်အတွင်းရန်ကုန်မြို့သို့သွားရောက်မှာဖြစ်သည်ဟုအိမ်ဖြူတော်ကထုတ်ပြန်ထားသော်
လည်းနေပြည်တော်သို့သွားရောက်မည်မသွားရောက်မည်ကိုမူလျို့ဝှက်ထားဆဲဖြစ်သည်။သီးခြားအတည်မပြု
နိုင်သော်လည်းသတင်းရပ်ကွက်များအရသမ္မတအိုဘားမားမှာမြန်မာသမ္မတဦးသိန်းစိန်၊အတိုက်   အခံခေါင်း
ဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့်ပါတွ့ဆုံမည်ဟုဆိုသည်။ရန်ကုန်မြို့မင်္ဂလာ
ဒုံလေဆိပ်သိုနိုဝင်ဘာလ၁၉ရက်နေ့နံနက်တွင်ရောက်ရှိလာမှာဖြစ်ပြီးထိုနေ့မွန်းလွဲပိုင်းတွင်ပင်လေဆိပ်မှပြန်
လည်ထွက်ခွာမည်ဟုရန်ကုန်ရှိအမေရိကန်သံရုံးထုတ်ပြန်ချက်တွင် တွေ့ရအိုဘားမားခရီးစဉ်တွင်လုံခြုံရေးစိုး
ရိမ်ရလျှင်ဖျက်သိမ်းရန်အထိပါစဉ်းစားထားသော်လည်း မြန်မာဘက်ကတော့နေပြည်တော်ကိုအရောက်လာ
စေချင်သည်ဟုသံတမန်သတင်းရပ်ကွက်ကပြောသည်။၁၉၈၃ခုနှစ်က မြန်မာနိုင်ငံသို့အလည်အပတ်ရောက်
ရှိလာသောတောင်ကိုရီးယားသမ္မတချန်ဒူးဝှမ်ကိုလုပ်ကြံသတ်ဖြတ်ရန်မြောက်ကိုရီးယားကလျို့ဝှက်စေလွှတ်
ကာလုပ်ဆောင်ခဲ့ရာတွင်တဦးကိုလက်ရဖမ်းမိခဲ့သည်။သူကမြောက်ကိုရီးယားစစ်ဘက်အရာရှိဖြစ်ကြောင်းဝန်
ခံထွက်ဆိုခဲ့သည်။ရန်ကုန်မြို့အာဇာနည်ကုန်းတွင်ဗုံးခွဲလုပ်ကြံမှုကြောင့်တောင်ကိုရီးယားအစိုးရအဖွဲ့ဝင်များအ
ပါအဝင်၂၁ဦးသေဆုံးပြီး၄၆ဦး ဒဏ်ရာရရှိခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည် ဂျဝါဟာလာနေရူး အထိမ်းအမှတ် ဟောပြော မှု အစအဆုံး

နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၁ဝ မိနစ်မှ စတင်၍ နာရီဝက်ကျော်ကြာ ပြောကြားခဲ့သော ဂျဝါဟာလာနေရူး အထိမ်းအမှတ် ဟောပြောပို့ချချက်အပြီးတွင် မြန်မာ့ဒီမိုကရေစီအရေးမှာ မပြီးဆုံးသေးဘဲ အိန္ဒိယ ပြည်သူများအနေဖြင့် ဆက်လက် ကူညီအားပေးကြရန် တိုက်တွန်းပြောကြားသွားသည်။
“အစိုးရဆိုသည်မှာ အပြောင်းအလဲ ရှိနိုင်တာဖြစ်တဲ့အတွက် ပြည်သူချင်း ဆက်ဆံရေးကို ပိုမိုခိုင်မြဲအောင် တည်ဆောက်ဖို့ လိုပါတယ်” ဟု ပြောဆိုသွားသည်။
ဧည့်ပရိသတ် တထောင်ကျော် တက်ရောက်သော အဆိုပါ ဟောပြောပို့ချပွဲသို့ နေရူးအထိမ်းအမှတ်အဖွဲ့နှင့် ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ မစ္စဆိုနီရာဂန္ဓီ၊ ကွန်ရက်ပါတီ အတွင်းရေးမှူး ရာဟူးလ်ဂန္ဓီတို့ အပါအဝင် အစိုးရဝန်ကြီးများ အိန္ဒိယနိုင်ငံရေး အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များလည်း တက်ရောက်လာကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ဟောပြောချက်တွင်ဂျဝါဟာလာနရူးနှင့်မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲ ဆက်စပ်နေ မှု၊ ဒေါ်အောင်ဆန်းစုကြည် ၁၆ နှစ်သမီးအရွယ်က နေရူးအား နယူးဒေလီဘူတာရုံတွင် ပထမဆုံး တွေ့ဆုံခဲ့ပုံ တို့ကိုလည်း ထည့်သွင်း ပြောကြားသွားသည်။
ထို့ပြင် နေရူး၏ ဇနီး ကမလာ မမာမကျန်းဖြစ်နေစဉ်က နေရူးမှာ အင်္ဂလိပ် ကိုလိုနီသမားတို့၏ အကျဉ်းထောင်တွင်းကျရောက်နေရပြီးခတ္တလာတွေ့စဉ်ဇနီးကပင်၎င်းအားပြန်လည်အားပေးကာလွတ်လပ်ရေ
တိုက်ပွဲအားဆက်စေခဲ့ခြင်းကိုပြောပြသွားသည်။ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်တွင်ကျခံနေရစဉ် ခင်ပွန်း မိုက်ကယ်အဲရစ် ကင်ဆာဝေဒနာ ခံစားခဲ့ရခြင်းနှင့် နှိုင်းချင့် ကိုယ်ချင့်ကာ စဉ်းစားဖွယ်ဖြစ်သည်။
ထို့ပြင်မြန်မာ့ဒီမိုကရေစီအရေးထာက်ခံအားပေးခဲ့သူအိန္ဒိယနိုင်ငံသားများလည်းတက်ရောက်ခဲ့ကြကာ မြန်မာ
နိုင်ငံသား ၁ဝဝ ကျော်လည်း လာရောက်နားထောင်ခွင့်ရခဲ့ကြောင်း သိရသည်.။

မြန်မာနိုင်ငံထက် နှစ်ပေါင်း ၂၃ နှစ် နောက်ကျပြီးမှ ပါကိစ္စတန် လက်အောက်မှ လွှတ်မြောက်လာသော ဘင်္ဂလာဒေခ်ျ့နိုင်ငံသည် မြို့ရော တောပါ မကျန် နိုင်ငံ အ၀န်း လျှပ်စစ် မီးရရှိ

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ (၂) နိုင်ငံအကြား ယခင်က သဘောတူညီထားသော မြန်မာ လျှပ်စစ်ဓာတ်အား ဘင်္ဂလာသို့ ရောင်းချရေးကို မြန်မာဘက်က ပယ်ဖျက်လိုက်သည်ဟု သိရသည်။
(၆) ကြိမ်မြှောက်နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ကော်မရှင် အစည်းအဝေးတွင် ထိုသို့မြန်မာဘက်က ပယ်ဖျက်လိုက်ခြင်းဖြစ်သည်ဟု ဘင်္ဂလာဒေခ်ျ့ ကုန်သွယ်ရေး ၀န်ကြီးဌာန အတွင်းဝန် မဟာဘူလ် အာမတ်က သတင်းထောက်များသို့ ပြောသည်။
နိုဝင်္ဘာလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့ထိ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့တော်တွင် ပြုလုပ်ခဲ့သော မြန်မာ- ဘင်္ဂလာ ကုန်သွယ်ရေး ဆိုင်ရာ (၂) ရက်တာ အစည်း အဝေးတွင် မြန်မာ အနေဖြင့် သူ့နိုင်ငံတွင် လျှပ်စစ် ဓာတ်အားကိုဘင်္ဂလာသို့ရောင်းမည့်အစီအစဉ်မှာဖြစ်နိုင်တော့မည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း လျှပ်စစ်ဓာတ်အာားမလုံလောက်မူနှင့်ရင်ဆိုင်ကြုံတွေ့နေရသည်ဟုဘင်္ဂလားကိုယ်စားလှယ်များကို  ပြောဆို
ခဲ့သည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် တည်ဆောက်နေသော စိုင်းတင် ရေအား လျှပ်စစ်နှင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် အကြားတွင် တည်ဆောက်နေသော လေးမြို့ ရေအားလျှပ်စစ် စီမံကိန်းတို့မှ ကီလိုဝပ် ၅၀၀ ၀ယ်ယူရန် မြန်မာနှင့် ပမာဏ သဘောတူညီမူ ရှိခဲ့သည်။
ထိုသို့ သဘောတူညီမူ အရ ဘင်္ဂလာဒေခ်ျ့ ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ သွားရောက်ပြီး လျှပ်စစ် ဓါတ်အား ၀ယ်ယူရေးကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်စိုင်းတင်ရေအားလျှပ်စစ်မှာ၂၀၁၄-၂၀၁၅ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပြီး လေးမြို့ ရေအားလျှပ်စစ် စီမံကိန်းမှာ ၂၀၁၈ ခုနှစ်တွင် ပြီးစီးမည်ဟု သိရသည်။ဘင်္ဂလာဒေခ်ျ့ နိုင်ငံသည် သူ့နိုင်ငံ အတွင်း လျှပ်စစ်ဓာတ်အားမလုံလောက်မူကိုမြန်မာအပြင်အိမ်နီးချင်းနိုင်ငံများကြသောဘူတန်၊အိန္ဒိယနှင့်နီပေါနိုင်ငံတို
မှ တင်သွင်းရန် ကြိုးပမ်းနေသည်။
မြန်မာနိုင်ငံထက် နှစ်ပေါင်း ၂၃ နှစ် နောက်ကျပြီးမှ ပါကိစ္စတန် လက်အောက်မှ လွှတ်မြောက်လာသော ဘင်္ဂလာဒေခ်ျ့နိုင်ငံသည်မြန်မာနိုင်ငံထက် လျှပ်စစ် ဓာတ်အား သုံးစွဲမူ ပမာဏ များပြားပြီး မြို့ရော တောပါ မကျန် နိုင်ငံ အ၀န်း လျှပ်စစ် မီးရရှိသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသည် မြန်မာမှ လျှပ်စစ် ဓာတ်အား ၀ယ်ယူရန် လမ်းစ ပိတ်သွားပြီ ဖြစ်သော်လည်း တိုက်ရိုက်လေကြောင်းလိုင်းနှင့်ရေကြောင်းလိုင်းများကိုတိုးချဲ့ပြီးနှစ်နိုင်ငံကုန်သွယ်ရေးကိုတိုးမြှင့် ဆောင်ရွက်
သွားမည် ဟု သိရသည်။

e-Government စစ်တမ်းအရ မြန်မာ နိုင်ငံသည် အာဆီယံဒေသ အတွင်းတွင် အဆင့် ၁၀ သို့ရောက်ရှိ

"နိုဝင်ဘာလ အတွင်းမှာပဲပြင်ပါ။ ဒီနှစ်မကူးမီ အပြီးပြင်ကြပါ။ Update ဖြစ်အောင်လုပ်ကြပါ။ ကိုယ့်ဌာန Website လည်းကိုယ်ပြန် ကြည့်ကြပါ။ တချို့ဌာနတွေရဲ့ Website တွေဆို အရင်အစိုးရ လက်ထက်က နိုင်ငံတော် အလံနဲ့တွေ့နေရတယ်" ဟု ဝန်ကြီးက ဆိုသည်။ လူအင်အား အများအပြား အသုံးပြုခြင်းထက် IT နည်းပညာကို အသုံးပြုခြင်းက ကုန်ကျစရိတ် ပိုသက်သာ သကဲ့သို့ လူလည်းသက် သာကြောင်း ဝန်ကြီးကပြောဆိုသည်။
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနက အခြေခံ အဆောက်အဦများ တည်ဆောက်ပေး ထားပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာများက ထိထိရောက်ရောက် အသုံးချဖို့သာ လိုအပ်ကြောင်းနှင့် ယခုအချိန်အထိ ကိုယ်ပိုင် Website မရှိသောဝန်ကြီးဌာန ကိုးခုအထိရှိနေ သေးကြောင်း ဆက်သွယ်ရေးကျောင်းအုပ် ကြီး ဦးကျော်စိုးက ပြောကြားသည်။ e-Government စနစ်အောင်မြင် မှုရှိမရှိကို အဆင့်ငါးဆင့်ဖြင့် တိုင်း တာနိုင်ပြီး လက်ရှိမြန်မာနိုင်ငံရှိ အစိုးရ ဝန်ကြီးဌာန Website များတွင် အခြေခံ အဆင့်ဖြစ်သော အဆင့်တစ်တွင် ၁၇ ဌာန၊ အဆင့်နှစ်တွင် ၁၂ ဌာနနှင့် အဆင့် သုံးတွင် သုံးဌာနသာရှိနေပြီး ကိုယ်ပိုင် Website မရှိသောဌာနမှာ ကိုးခုအထိ ရှိနေကြောင်း ၄င်းကရှင်းပြသည်။ ကုလသမဂ္ဂ၏ ၂၀၁၂ ခုနှစ် e-Government စစ်တမ်းအရ မြန်မာ နိုင်ငံသည် အာဆီယံဒေသ အတွင်းတွင် အဆင့် ၁၀ သို့ရောက်ရှိနေပြီး အောက် တွင် တီမော တစ်နိုင်ငံသာကျန်ရှိကာ ကမ္ဘောဒီးယားနှင့် လာအိုတို့အောက် တွင် တည်ရှိနေသည်။

သမ္မတ အိုဘားမား မလာခင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမည်....

မြန်မာအစိုးရအနေနဲ့ အကျဉ်းထောင်တွေထဲက အကျဉ်းသား ၄၅၂ ဦး ကို အမေရိကန်သမ္မတ အိုဘားမား မလာရောက်ခင်ပြန်လွှတ်ပေးမယ်လို့မြန်မာ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ကိုမြန်မာနိုင်ငံ အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။ ဒါပေမဲ့ ဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါမယ်၊ မပါဘူးဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး Amnesty International ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ မစ္စတာ T Kumar က အခုလို ပြောကြားလိုက်ပါတယ်။
“အခု လွှတ်ပေးမယ်ဆိုတဲ့ ၄၅၀ ထဲမှာ ရာဇဝတ်သားတွေ ဘယ်လောက် ပါနေသလဲဆိုတာ ကျနော် တို့ မသိပါဘူး၊ ဒါကြောင့် အစိုးရအနေနဲ့ ဘယ်သူတွေကို လွှတ်ပေးမယ်၊ ဘယ်သူတွေကို လွှတ်ပေး တယ် ဆိုတာကို တရားဝင် ထုတ်ပြန်ပေးဖို့ လိုပါတယ်။ ယုံကြည်မှုကြောင့် အကျဉ်းကျနေ သူတွေ ဘယ်လောက်ပါနေတယ်ဆိုတာကိုဒီလိုထုတ်ပြန်တဲ့အခါမှသာနော်တို့သိနိုင်တာဖြစ်ပါတယ်။အခုအချိန်အထိ သူတို့ဟာ ဘာကြောင့် အားလုံးကို မလွှတ်ပေးနိုင်ဘူးလဲဆိုတာကို ကျနော်တို့ သိပ် နားလည်ရ ခက်ပါတယ်။”
သမ္မတအိုဘားမားသွားရောက်မယ့် ခရီးဟာမြန်မာနိုင်ငံအတွက် အတော် အကျိုးရှိမဲ့ ခရီးစဉ်ဖြစ်တဲ့ အတွက် ဒီခရီးစဉ်မတိုင်ခင် ယုံကြည်မှုကြောင့် အကျဉ်းကျနေသူ အားလုံးကို လွှတ်ပေးသင့်တယ် လို့လည်း မစ္စတာ ကူးမားရ်က ဆက်ပြောပါတယ်။
“သမ္မတအိုဘားမားသွားရောက်မယ့် ခရီးစဉ်ဟာ မြန်မာနိုင်ငံအတွက် သိပ်ကို အရေးပါတဲ့၊ ကြီးမဉ်ားတဲ့ အင်အားပေးမှု တရပ်ဖြစ်ပါတယ်။ ဒီအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ယုံကြည်မှုကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ လိုအပ်ပါတယ်။ ဒါကို ကျနော်တို့ အမြဲတမ်းတောင်းဆိုနေခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ဆီမှာ မှတ်သားထားတဲ့ စာရင်းဇယားအရ ယုံကြည်မှုကြောင့် အကျဉ်းကျနေတဲ့ လူတွေရဲ့ အရေအတွက်ဟာ အများကြီး ရှိနေပါတယ်။
..ဆိုတော့ အခုလွှတ်ပေးလာတဲ့ စာရင်းအတိုင်း ကျနော်တို့ နှိုင်းယှဉ်စစ်ဆေး ကြည့်ပြီးတဲ့အခါမှ ဘယ်နှစ်ယောက် ကျန်သေးတယ်ဆိုတာကို ကျနော်တို့ ပြောနိုင်မှာဖြစ်ပါတယ်။”
ဒီလို နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမယ်ဆိုတဲ့သတင်းကိုတော့ နိုဝင်ဘာလ ၁၅ ရက်နေ့ ထုတ် အစိုးရသတင်းတွေမှာ တရားဝင် ကြေညာမယ်လို့ ဦးဇော်ဌေးကို ကိုးကားပြီးမန်မာ အခြေစိုက် သတင်းဌာနတွေကဖော်ပြနေကြပါတယ်။နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက မစ္စတာ အိုဘားမားမြန်မာနိုင်ငံကို သွားရောက်တဲ့အခါ တိုင်းရင်းသား ပဋိပက္ခတွေဖြေရှင်းရေးနဲ့အတူ အကယုံကြည်မှုကြောင့် အကျဉ်းကျခံနေရသူတွေ အားလုံး လွတ်မြောက်ရေးကိုလည်း တောင်း ဆိုနေကြတာ ဖြစ်ပါတယ်။

Wednesday, November 14, 2012

အိန္ဒိယကို လာရောက်ရခြင်းမှာ "ကျွန်မအတွက် ဘာမျှော်လင့်ချက်မှ မရှိပါဘူး ဆိုတဲ့" မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်အတွက် ဂန္ဓီလက်ဆောင်များ
 နယူးဒေလီမြို့သို့ရာက်ရှိနေသောမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒ်ါအောင်ဆန်းစုကြည်သည်အိန္ဒိယနိုင်ငံေ
တော် ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း၏ နေအိမ်သို့ နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲက စတင်၍ သွားရောက်တွေ့ဆုံနေပြီ ဖြစ်သည်။
ယခု တွေ့ဆုံခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး မေလ ၂၉ ရက်နေ့က ရန်ကုန်မြို့သို့ မန်မိုဟန်ဆင်း လာရောက်စဉ် ကလည်း ဒေါ်အောင်ဆန်းစုကြည်က သွားရောက် တွေ့ဆုံခဲ့ဖူးသည်။
ခရီးစဉ်အတွင်း မျှော်လင့်ချက်များနှင့် ပတ်သက်၍ “ကျမအနေနဲ့ သီးသီးခြားခြား မျှော်လင့်ထားချက်ရယ်လို့ မရှိပါဘူး။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် နည်းလမ်းတွေ ရှာဖွေဖို့ ရောက်လာတာ ဖြစ်ပါတယ်။ ချစ်ကြည်ရင်းနှီးမှုအတွက်ပါ” ဟု နံနက်ပိုင်းက သတင်းထောက်များအား ပြောကြားထားသည်။
ထိုသို့ မတွေ့ဆုံမီ နံနက် ၁၀ နာရီခွဲခန့်ကလည်း အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Ranjan Mathai ကဒေါ်အောင်ဆန်းစုကြည်တည်းခိုရာLeelaPalaceဟိုတယ်သို့လာရောက်တွေ့ဆုံ ဆွေးနွေးသွားခဲ့သေးသည်။

မဟတ္တမဂန္ဓီ အထိမ်းအမှတ် ဂူဗိမာန်သို့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံတက် ၈ နာရီ ၅ဝ မိနစ်က ဒေါ်အောင်ဆန်းစုကြည် လာရောက်ဂါရဝပြု အဖြူရောင် ပန်းခွေချပြီးနောက် ဂူဗိမာန် တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ လက်ဆောင်များထဲတွင် ဂန္ဓီကြီး၏ အထ္ထုပ္ပတ္တိ စာအုပ်များနှင့် ဂန္ဓီကြီး ရေးသားခဲ့သောစာအုပ်များ၊ ဂန္ဓီကြီး၏ ကိုယ်တပိုင်း ရုပ်တုနှင့် ဂန္ဓီကြီး၏ ‘လူမှုဒုစရိုက်တရား ၇ ပါး’ စာတမ်းများ ရေးထားရာ စာလိပ်ကြီးတခုလည်း ပါဝင်သည်။
အိန္ဒိယနိုင်ငံသို့ခြောက်ရက်ကြာခရီးစဉ်အဖြစ်ရောက်ရှိလာသည်မှာနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအတွက်ဖြစ်
ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ကျမအနေနဲ့ သီးသီးခြားခြား မျှော်လင့်ထားချက်ရယ်လို့ မရှိပါဘူး။ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေ အတွက်နည်းလမ်းတွေ ရှာဖွေဖို့ ရောက်လာတာ ဖြစ်ပါတယ်။ ချစ်ကြည် ရင်းနှီးမှု အတွက်ပါ” ဟုနိုဝင်ဘာလ ၁၄ရက်နေ့ကမဟတ္တမဂန္ဓီဂူဗိမာန်သို့လာရောက်ဂါရဝပြုစဉ်သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြား သွားခဲ့သည်။
လိုဒီးဥယျာဉ်သို့ သွားရောက်လည်ပတ်အင်္ဂါနေ့ နေ့လည်က ဒေါ်အောင်ဆန်းစုကြည်သည် နယူးဒေလီရှိ ထင်ရှားလူသိများသောခရီးသွားများလာရောက်လေ့ရှိရာရှေးဟောင်းသုတေသနဌာနကထိန်းသိမ်းထားသော လိုဒီးဥယာဉ်သို့ သွားရောက်လည်ပတ်ခဲ့သည်။
အိန္ဒိယနိုင်ငံ နယူးဒေလီရှီ မဟတ္တမဂန္ဒီ အထိမ်းအမှတ် ဂူဗိမာန် Gandhi Samadhi တွင် ကွယ်လွန်သူ အိန္ဒိယနိုင်ငံ ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီအား ရည်စူး ဂါရဝ ပြုကာ လွမ်းသူ့ပန်းခွေချနေသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။

အိန္ဒိယနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် Gandhi Samadhi ၌ အိန္ဒိယနိုင်ငံ၏ ကွယ်လွန်သူ ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီအား ရည်စူး၍ နိုဝင်ဘာ ၁၄ ရက် ဗုဒ္ဓဟူးနေ့ နံနက်က လွမ်းသူ့ပန်းခွေ ချကာ ဂါရဝ ပြုခဲ့သည်။ ထိုသို့ဂါရဝ ပြုရာတွင် အောက်လွှတ်တော် အမတ် ကိုဖြိုးဇေယျာသော်၊ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး အရာရှိ ဒေါက်တာ တင်မာအောင် နှင့် ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ကိုဘန်းနီတို့လည်း လိုက်ပါခဲ့ကြသည်။




အိုက်တင် ကိုပဲ အဓိကထားတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်..

လတ်တလောမှာ သင်ဇာဝင့်ကျော်က ဒါရိုက်တာ မောင်မောင်မြင့်လွင် ရိုက်ကူးနေ တဲ့ “မော်ဒန်နိုက်(စ်) လူကြမ်း” ဇာတ်ကားကို သူထူးစံ၊ မင်းဦး တို့နဲ့အတူ ပါဝင် သရုပ်ဆောင် နေပါတယ်။ သင်ဇာဝင့်ကျော်က ဇာတ်လမ်း အဆန်း လေးတွေလည်း ရိုက်ဖြစ်နေတာနဲ့ ပတ်သက်ပြီး “ကိုယ့်ကို ဇာတ် တစ်ပုဒ် လာငှားပြီဆိုရင် ဇာတ်ကို အရင် ဖတ်တယ်။ ပြီးရင် မင်းသမီး ဘယ်နှယောက်ပါလဲ ကြည့်တယ်။ ဇာတ်ကားရိုက်ပြီ ဆိုရင်လည်း တစ်ကား နဲ့တစ်ကား အိုက်တင် မထပ်အောင် ဂရုစိုက် ပါတယ်။ အဓိကက ကာရိုက်တာ မှာ မု(ဒ်)ဝင်သွားတယ်၊ အိုက်တင်လည်း ကောင်းတယ်ဆိုရင် ပရိသတ်တွေ ကလည်း ကြည့်ရတာ ရိုးမှာ မဟုတ်ပါဘူး။
သင်ဇာတို့ကအဝတ်အစားပိုင်းမှာလည်းသိပ်ပြီးတော့ပြောင်းလဲလို့မရဘူး။ကာရိုက်တာပေါ်မူတည်ပြီး ပြောင်း
ပေမယ့် အဓိကကတော့ အိုက်တင်ပိုင်း ကိုပဲ အဓိက ထားပြီးလုပ်ဖြစ်တယ်” လို့ ပြောပါ တယ်။ သင်ဇာဝင့်ကျော်က သီလရှင်ဝတ်ပြီး ထွက်လာတဲ့ နောက်ပိုင်းမှာ ဇာတ်ကားထဲက ကာရိုက်တာ နဲ့လိုက်အောင် ကိုယ်ကြိုက်တဲ့ ဆံပင်တု ပုံစံမျိုးကို တပ်ပြီး သရုပ်ဆောင် ရတဲ့ အခါမှာပိုပြီးတော့အဆင်ပြေတယ်လို့ ဆိုပါတယ်။
သင်ဇာ ဒီအနုပညာ လောကထဲ ရောက်တဲ့ အချိန်မှာ ရန်ကုန်မှာ ပြုလုပ်တဲ့ အကယ်ဒမီပွဲကို တစ်နှစ်ပဲ တက်ခဲ့ ဖူးတယ်။ အဲဒီတုန်းက သင်ဇာက မော်ဒယ်ပဲ ရှိသေးတယ်။ သရုပ်ဆောင်တောင် မဖြစ်သေးဘူး။ နောက်နှစ် လည်းကျရော သင်ဇာက ဗန်းကိုင် ဖြစ်သွားတယ်။ အဲဒီနှစ်မှာပဲ နေပြည်တော် မှာကျင်းပတော့ သင်ဇာက နှစ်တိုင်း နေပြည်တော်ပဲ တက်နေရတယ်။
ဒီနှစ်က ရန်ကုန် မှာပြန်ဖြစ်တဲ့ အခါဆိုတော့ သင်ဇာ့အနေနဲ့ စိတ်ခံစားမှုက အသစ်ပြန်ဖြစ် မယ်ဆို တာတော့ သေချာတယ်။ နောက်ပြီး သရုပ်ဆောင် တစ်ယောက် အနေနဲ့ ရန်ကုန် မှာ ပြုလုပ်တဲ့ အကယ်ဒမီပွဲ ကိုတော့ ဒါပထမ ဦးဆုံး တက်ဖြစ် မှာပါ” လို့ အကယ် ဒမီ ရင်ခုန်သံကို ပြောပြခဲ့ပါတယ်။

သံသယ စိတ်လေး တစ်ခုကြောင့် လူတစ်ယောက်ကို သတ်မိခဲ့သူ..

မတ္တရာမြို့နယ်၊ အုတ်ဖိုလေး ကျေးရွာ ယာစောင့် တဲတွင် အောက်တိုဘာ ၂၉ရက် နံနက်က လူသတ်မှုဖြစ်ပွား ခဲ့သည်။ ယင်းကျေးရွာနေ ဦးမြင့်အောင် က ထိုနေန့ နံနက် ၆နာရီ ခန့်က ယာမြေကွက်သို့ ပဲမျိုးစေ့ချရန် သွားရောက်ရာတွင် ၄င်း၏ မွေးစားသားသည် ဝဲဘက်ရင်အုံနှင့် ဝဲလက်ဖျံတို့၌ ဓား ဒဏ်ရာများဖြင့် သေဆုံး နေကြောင်း တွေ့ရ၍ ဆည်တော်ကြီး ရဲစခန်းသို့ သွားရောက် အမှုဖွင့်တိုင်ကြားခဲ့သည်။
အဆိုပါလူသတ်မှုကို မတ္တရာမြို့နယ် ရဲတပ်ဖွဲ့ မှူးနှင့် ရဲစခန်းမှူး တို့က စစ်ဆေး ဖော်ထုတ် ရာတွင် ပတ်ဝန်းကျင်သက်သေထွက်ဆိုချက်များအရလူသတ်မှုကျူးလွန်သူ မောင်ကျော်(ခ)ကျော်မောင်နှင့် ညွန့်မင်း
တို့အား အောက်တို ဘာ၃၁ရက် ည၁၁နာရီ အချိန်တွင် မတ္တရာမြို့နယ် တံတား ဖြူကျေးရွာတွင်ပြစ်မှု ကျူးလွန်ရာတွင်သုံးသည့်အရိုးအသွား ၁၆ လက်မရှိ ဓားဦးချွန်နှင့် အတူ ဖမ်းဆီး ရမိခဲ့သည်။
အမှုဖြစ်စဉ်မှာ အောက်တိုဘာ၂၈ရက် ညနေ ၄နာရီက သေဆုံးသူ နေထိုင်သည့် ယာတဲနှင့် ကပ်လျက်နေထိုင်သည့်ကိုကျော်(ခ)ကျော်မောင်က၄င်း၏ဇနီးနှင့်သဆုံးသူ တို့ လူမှုရေးဖောက်ပြန်သည်ဟု မသင်္ကာဖြစ်ရာမှ စကားများ ရန်ဖြစ်ကြသည် ဟုဆိုသည်။
ထိုသို့ စကားများပြီး အောက်တိုဘာ ၂၉ ရက်တွင် တင်ဇော်ထွန်း အသတ် ခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ လူသတ်မှုနှင့် ပတ်သတ်၍လူသတ်မှုတွင်ပါဝင် ပတ်သက်သူ ကိုကျော်(ခ) ကျော်မောင်နှင့် ညွန့်မင်း တို့အား ဆည်တော် ကြီးရဲစခန်းမှ (ပ) ၂၄/၂၀၁၂ ပုဒ်မ - ၃၀၂ အရ အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။

ပြေတီဦးမွေးနေ့မှာ အိန္ဒြာကျော်ဇင် ဘာလက်ဆောင်ပေးမှာလဲ...

ဒါရိုက်တာ ဟိန်းစိုးရိုက်ကူးတဲ့ ‘ပြိုင်ဘက်’ ဇာတ်ကားမှာ လူမင်းနဲ့အတူ သရုပ်ဆောင်နေတဲ့ အိန္ဒြာကျော်ဇင်က သီတင်းကျွတ် လပြည့်နေ့မှာ နှစ်ဖက်လူကြီး မိဘတွေကို မိသားစုနဲ့အတူ လိုက်ကန်တော့ဖြစ်ခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာ၃ဝရက်နေ့မှာကျရောက်မယ့် ပြေတီဦးရဲ့မွေးနေ့အတွက် လက်ဆောင်ပေးဖို့ ဘာစီစဉ်ထားပြီလဲလို့ အိန္ဒြာကျော်ဇင်ကို မေးတော့ ”ဘာပေးရင် ကောင်းမလဲတော့ စဉ်းစားနေတယ်။ ပစ္စည်းတစ်ခုက ကိုယ်လိုချင်တဲ့ အရာကိုပေးရင် ပိုကြိုက်တတ်ကြတယ်လေ။ ကိုယ်လိုချင်တဲ့ အရာကိုပေးရင် အဆင်လည်းပြေတယ်။ ပိုလည်းကြိုက်တတ်ကြတော့ အစ်မက အဲဒီလိုမျိုးလေးဖြစ်စေချင်တယ်။ကိုယ့်ဟာကိုပေးတယ်ဆိုတာထက်သူဘာလိုချင်မလဲ၊ဘာလိုအပ်မလဲဆိုတာ
ကို မေးပြီး ပေးချင်တာ။ သူကတော့ တင်းနစ်နဲ့ ပတ်သက်တာကို လိုချင်တယ်ပဲပြောမှာပဲ”လို့ ပြောပြီး မနှစ်က မွေးနေ့မှာတော့ တင်းနစ်ဖိနပ်လေးကို လက်ဆောင် ပေးခဲ့တာ ဖြစ်ပါတယ်။
ပြေတီဦးရဲ့မွေးနေ့မှာနှစ်ရက်ခွဲပြီးကျင်းပမယ့်ပြေတီဦးဖောင်ဒေးရှင်းရန်ပုံငွေပွဲမှာပါဝင်မယ့်အိန္ဒြာကျော်ဇင်က “လူကြီးတွေနဲ့meetingပြန်ထိုင်ပြီး ဘယ်လိုပုံစံလေး လုပ်မယ်ဆိုတာ တိုင်ပင်ဆွေးနွေး ကြရဦးမှာလေ။ နှစ်တိုင်း လုပ်နေတယ်ဆိုတော့ အရင်နှစ်နဲ့မတူအောင် ထူးခြားအောင် ဘာလုပ်ကြမလဲလို့ အကုန်လုံးက ခေါင်းထဲမှာ ရှိကြတယ်။ မတူအောင်တော့ လုပ်ကြမှာပါ”လို့ ပြောပြပါတယ်။

၂၀၁၂ အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဘယ်သူလဲ

 ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုနဲ့ နည်းပြဆုအတွက် ဆန်ကာတင် စာရင်းကို ဖီဖာအဖွဲ့ချုပ်က မနေ့ကကြေညာလိုက်ပြီဖြစ်ပါတယ်။ ဆန်ကာတင် လူစာရင်းထဲမှာ ယူရို ၂၀၁၂ ချန်ပီယံ စပိန်အသင်းသားတွေ အများစုပါဝင်လာပြီး အလွန်ဆို၊ ဘက်စကွက်၊ ပီကေး၊ ရာမို့စ်၊ ဇာဗီ၊ ကာဆီးလက်၊ အင်နီယေစတာတို့ အားလုံးပေါင်း ၇ ယောက်တိတိ ပါဝင်လာခဲ့ပါတယ်။
အလားတူ စပိန်အသင်းရဲ့ အောင်မြင်မှုကို ဖော်ဆောင်ပေးခဲ့တဲ့ ဒယ် ဘော့စကေးဟာလည်း အကောင်းဆုံး နည်းပြစာရင်းမှာ အီတလီ အသင်းနည်းပြ ပရန်ဒယ်လီနဲ့ အတူ ပါဝင်လာခဲ့ပါတယ်။ စပိန်နဲ့ အီတလီ အသင်းတို့ ဟာ ယူရို ပြိုင်ပွဲတုန်းက ဖိုင်နယ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ နှစ်သင်းဖြစ်ပါတယ်။ ၂၀၁၁ တုန်းက အကောင်းဆုံးဆုရခဲ့တဲ့ လီယွန်နယ် မက်ဆီဟာ ဆန်ကာတင်စာရင်းမှာ ပြန်လည်ပါဝင်လာပြီး ဒုတိယဖြင့်သာကျေနပ်ခဲ့ရတဲ့ရော်နယ်ဒိုဟာလည်းဆန်ကာတင်စာရင်းမှာပြန်လည်ပါဝင်လာပြီးဆုရဖို့ ရေပန်း
စားနေပါတယ်။ နောက်ထပ် ရေပန်းစားနေတဲ့ ကစားသမားကတော့ အန်ဒရေ ပီယာလို ဖြစ်ပြီး ဂျူဗင်တပ် အသင်းနဲ့အီတလီနိုင်ငံအတွက်အကောင်းဆုံးစွမ်းဆောင်ပေးထားတဲ့ကစားသမားဖြစ်ပါတယ်။ ရှေ့ တန်းကစား
သမားတွေထဲက နာမည်ကြီး ၀ိန်း ရွန်းနီနဲ့ အတူ ကိုလံဘီယာ ကစားသမား ဖယ်ကာအိုနဲ့ ဘရာဇီး ကစားသမားနေမာတိုလည်းပါဝင်လာပါတယ်။ ရွန်းနီဟာ အင်္ဂလိပ်ကစားသမားတွေထဲက တဦးတည်းသော ဆန်ကာတင်စာရင်းမှာ ပါဝင်လာတဲ့ ကစားသမားဖြစ်ပြီး ၂ နှစ်ဆက်တိုက် ဆန်ကာတင်စာရင်းထဲ ပါဝင်ထားပါတယ်။
ပရီးမီးယားလိဂ်က ကစားသမားတွေထဲက ယမန်နှစ် ဂိုးသွင်းအများဆုံး ကစားသမား ဗန်ပါစီနဲ့ လက်ရှိချန်ပီယံ မန်စီးတီး အသင်းမှာ ဘာလော့တယ်လီ၊ အဂူရိုနဲ့  ယာယာ တိုရေး တို့ လည်း ဆန်ကာတင်စာရင်းမှာ ပါဝင်လာပါတယ်။ နည်းပြ စာရင်းထဲမှာတော့ ဆာအဲလက်စ် ဖာဂူဆန်က မန်စီးတီး အသင်းကို နှစ် ၄၀ ကြာကျော်ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ကို ပြန်လည်ယူဆောင်ပေးခဲတဲ့ မန်ချီနီနဲ့ အတူ ပါဝင်နေပြီး မထင်မှတ်ဘဲ ၂၀၁၂ ရဲ့ နာမည်အကျော်ကြားဆုံး နည်းပြစာရင်းထဲ ၀င်သွားတဲ့ ရော်ဘတ်တို ဒီ မက်တီယို ဟာလည်း ချယ်ဆီးအသင်းကို ပထမဦးဆုံး ချန်ပီယံလိဂ်ဖလား အိမ်မက် ယူဆောင်ပေးခဲ့တာကြောင့် ဆုရဖို့ ရေပန်းစားနေပါတယ်။
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၇ ရက်နေ့မှာ အခမ်းအနားနဲ့ ကြေညာကာ ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
ဆန်ကာတင် ကစားသမားများ
အဂူရို၊ အလွန်ဆို၊ ဘာလော့တယ်လီ၊ ကာရင် ဘန်ဇီမာ၊ ဘက်ဖွန်၊ ဘက်စကွက်၊ ကာဆီးလက်၊ ရော်နယ်ဒို၊ ဒရော့ဘာ၊ ဖယ်ကာအို၊ အီဗရာဟီမိုဗစ်၊ အင်နီယေစတာ၊ မက်ဆီ၊ နူအာ၊ နေမာ၊ အိုဇေးလ်၊ ပီကေး၊ ပီယာလို၊ ရာမို့ စ်၊ ရွန်းနီ၊ ယာယာ တိုရေး၊ ဗန်ပါစီ၊ ဇာဗီ
ဆန်ကာတင် နည်းပြများ
ဘော့စကေး၊ ရောဘတ်တို ဒီမက်တီယို၊ အဲလက်စ် ဖာဂူဆန်၊ ဂါဒီယိုလာ၊ ဂျက် ဟေးနက်၊ ဂျာဂန် ကလော့၊  ဂျုချင်လို၊ မန်ချီနီ၊ မော်ရင်ညို၊ ပရန်ဒယ်လီ

ပြန်ကြားရေး ၀န်ကြီးဌာန က စာနယ်ဇင်းကောင်စီကို သတိပေးပြီ..




တရုတ်ဟာ မဟာအင်အားကြီးနိုင်ငံ ဖြစ်လာတော့ မှာလား


တရုတ်နိုင်ငံ၏ သဘာဝတောတောင် ကန္တာရများနဲ့ ထွက်ပေါက်လမ်းများပြပုံ

တရုပ်နိုင်ငံကိုနောင်တက်လာမည့်မဟာအင်အားကြီးနိုင်ငံတခုအဖြစ်ကမ္ဘာ့မီဒီယာတွေကပြောဆိုနေကြတယ် တရုပ်နိုင်ငံဟာကမ္ဘာပေါ်မှာရှေ့အကျဆုံးသောယဉ်ကျေးမှုပေါ်ထွန်းလာခဲ့သည့်နိုင်ငံတွေအနက်ကတခုဖြစ်ပါ
တယ်။လူဦးရေကအဆမတန်များပြားနေပြီး၊ဒုတိယစီးပွားရေးအကြီးဆုံးနိုင်ငံတစ်ခုအဖြစ် ပေါ်ထွန်းလာနေတ
တယ်။
တရုပ်နိုင်ငံအကြောင်းကိုမီဒီယာတွေကပြောဆိုနေဒါတွေနဲ့ပကတိ ဖြစ်ပျက်နေဒါတွေတို့ကို နှိုင်းယှဉ်ကြည့်
ပါကလုံးဝမတူညီကြီးမားစွာကွာခြားနေဒါကိုတွ့ရှိရမှာဖြစ်တယ်။တရုပ်နိုင်ငံ၏အားဟာစီးပွားရေုးုဖြစ်တယ်လို့ လူအများကထင်နေကြတယ်။ကမ္ဘာပေါ်မှာအမေရိကန်ပြီးလျင်တရုပ်စီးပွားရေးဟာဒုတိယလိုက်နေဒါကိုတွေ့
ရှိရမှာဖြစ်တယ်။ဒါပေမယ့်တရုပ်နိုင်ငံ၏အမျိုးသားတစ်ဦးချင်းဝင်ငွေဟာဂျပန်နိုင်ငံ၊အမေရိကန်ပြည်ထောင်စု
တို့နဲ့နှိုင်းယှဉ်လိုက်လျင်(၁၀)ဆကျော်လောက်လျော့နည်းနေဒါကိုတွေ့ရှိရမှာဖြစ်ပြီး၊လူနေမှု့အဆင့်အတန်း
ကိုကြည့်လိုက်လျင်နိုင်ငံ၏(၈၅)ရာခိုင်းနှုန်းရှိသောပြည်သူတွေ၏လူနေမှု့အဆင့်အတန်းကများစွာနိမ့်
ကျစွာနေထိုင်နေရတုန်းပါပဲ။ဒီအချက်ကအာဖရိကရှိနိုင်ငံတွေနဲ့လွယ်လွယ်ကလေးနှိုင်းယှဉ်လို့ရနေပါတယ်။ လူဦးရေ၏ထက်ဝက်ကျော်မှာကျေးလက်ဒေသတွေမှာနေနေကြရတုန်းဖြစ်တယ်။အများစုကအခြေခံကျသော လိုအပ်ချက်များဖြစ်သည့်သောက်သုံးရေရရှိမှု၊ကျမ္မာရေးစောင့်ရှောက်မှု(သို့မဟုတ်)အခြေခံပညာသင်ကြား
နိုင်မှုများ မရှိကြပါဘူး။ မြို့ပြအဖြစ်သို့ပြောင်းလဲလာသည့် ရာခိုင်နှုန်းကို ကြည့်လိုက်ပြန်လျင် သက္ကရာဇ် (၂၀၁၀)မှ(၂၀၃၀)အတွင်းကိုတွက်ဆကြည့်ပါကနှစ်စဉ်(၁)ရာခိုင်နှုန်းလောက်ပဲတိုးတက်နေတယ်။ဒီနှုန်းဖြ
ဖြင့်ဆက်သွားပါကတရုပ်နိုင်ငံအနေဖြင့်နောက်ထပ်ဆယ်စုနှစ်ပေါင်းအနည်းဆုံး(၃)ခုလောက်ကြာသည့်
အခါမှ့ နိုင်ငံ၏ လူဦးရေ၏ (၄)ပုံ ပုံလျင် (၁)လောက်ကိုပဲ အကျိုးသက်ရောက်စေမှာဖြစ်တယ်။ အဲဒီလို လူနေမှု့ရေးအဆင့်အတန်းနိမ့်ကျမှုတွေကနိုင်ငံ၏စီးပွားရေးကိုများစွာသက်ရောက်စေပါတယ်။အကြောင်းက
 ပြည်တွင်းစားသုံးမှုနှုန်းကသိပ်ကိုကျဆင်းနေသောကြောင့်ပြည်ပသို့ကုန်များတင်ပို့နိုင်ရေးကိုသာအားထား
နေရတယ်။ပြည်ပသို့တင်ပို့သည့်စီးပွားရေးလုပ်ငန်းများအပေါ်မှာသာမှီခိုနေရသောအချက်ကတရုပ်နိုင်ငံအ
တွက် အဓိကအချက်တရပ်ဖြစ်၍ လာတယ်။ အခြေခံအားဖြင့် တရုပ်နိုင်ငံ၏ စီးပွားရေးဟာ ပြည်ပသို့ ပို့ကုန်တင်ပို့သည့် စီးပွားရေးဖြစ်နေသောကြောင့် တရုပ်နိုင်ငံအနေဖြင့် ပြည်ပသို့ ကုန်တင်ပို့ခြင်းဖြင့် ၎င်းတို့၏စီးပွားရေးကို ကမ္ဘာ့ကုန်သွယ်ရေးနယ်ပယ်ထဲသို့ တိုးဝင်လာတော့တယ်။ ထို့ကြောင့် တရုပ်နိုင်ငံဟာ နိုင်ငံခြားကုန်သွယ်ရေးစနစ်ကို မှီခိုအားထားနေရတယ်။ အဆမတန်များပြားနေသော အနောက်နိုင်ငံတွေမှ စားသုံးသူများအပေါ်မှာ များစွာ မှီခိုလာရပြီး၊ အဓိကစားသုံးသူတွေကတော့ အမေရိကန်ပြည်ထောင်စုဖြစ်နေတယ်။နောက်တချက်ကတရုပ်၏ထွက်ကုန်တွေကိုသယ်ယူပို့ဆောင်ရေးအ
တွက်ကမ္ဘာ့ရေကြောင်းကိုအသုံးပြုနေရတယ်။ဒီကမ္ဘာ့ရေကြောင်းကိုအမေရိကန်ရေတပ်ကလွှမ်းမိုးထားတ
တယ်။ဒီအချက်ကတရုပ်နိုင်ငံအတွက်စိန်ခေါ်မှု့တရပ်အဖြစ်ရှိလို့နေဒါပေါ့။အကြောင်းကအမေရိကန်အနေ
ဖြင့်ကမ္ဘာရေးကြောင်းကိုပိတ်စို့ချင်လျင်ပိတ်စို့လို့ရနေတဲ့အချက်ကတရုပ်နိုင်ငံအတွက်စိတ်မသက်မသာဖြစ်
နေရတယ်။အကယ်၍များတရုပ်ကယူဆထားသလိုအမေရိကန်အနေဖြင့်သူတို့ကို ရေကြောင်းပိတ်စို့မှုတွေ လုပ်လာလျင်တော့၊ တရုပ်အတွက် အကြီးမားသော အခက်အခဲများ ရင်ဆိုင်လာရမှာ ဖြစ်တယ်။ ဒါကြောင့် တရုပ်နိုင်ငံအနေဖြင့်ခေတ်မှီသောရေတပ်အင်အားကိုတည်ဆောက်ပြီး၊ မိမိ၏ ကုန်သွယ်ရေးအကျိုးစီးပွားကို ကာကွယ်ရန်လိုအပ်လာတယ်။တကယ်လို့တရုပ်အနေဖြင့်၎င်းတို့၏ ရေတပ်ကို ခေတ်မှီတိုးတက်အောင်လုပ်
ရလျင်၊စစ်သင်္ဘောတွေရယ်၊၎င်းစစ်သင်္ဘောတွေအတွက်ဆိပ်ကမ်းနေရာများရယ်၊မစ်ဆိုင်းလက်နက်တွေရယ် စသည်များကိုလိုအပ်လာပါမယ်။အဲဒီရေတပ်မျိုးကိုတည်ဆောက်ဖို့ဆိုဒါဟာတရုပ်နိုင်ငံအတွက် နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာကြာမှ့အမေရိကန်ရေတပ်ကိုယှဉ်ပြိုင်နိုင်မှာဖြစ်တယ်။ကဲ...စီးပွားရေးနဲ့ ရေ
တပ်တည်ဆောက်ရေးတို့ကို ခဏဘေးဖယ်ထားကြည့်ပါစို့။
တရုပ်နိုင်ငံဟာပြည်တွင်းရေးကိစ္စများစွာကိုရင်ဆိုင်နေရတယ်။ပထ၀ီအနေအထားကိုကြည့်လျင်တရုပ်နိုင်ငံ
ဟာသဘာဝတောတောင်တွေကနိုင်ငံကိုကာကွယ်ပေးထားပါတယ်။ တရုပ်နိုင်ငံ၏ မြေပုံကိုကြည့်လိုက်လျင် ဂိုဘီသဲကန္တာရကိုထင်ရှားစွာတွေ့ရှိနိုင်ပါတယ်။နောက်ပြီးတော့တိဖက်ကုန်ပြင်မြင့်ရယ်၊ဟိမန္တာတောင်ကြော
တွေနဲ့ဗမာယူနန်သစ်တောအုပ်များကိုပါတွေ့ရှိရမှာဖြစ်တယ်။တိဖက်ကုန်မြေမြင့်နဲ့ဂိုဘီသဲကန္တာရအကြားရှိ ပိုးလမ်းမဟာတရုပ်နိုင်ငံကနေပြီးကာကစ္စတန်နိုင်ငံဖက်မှတဆင့်ဥပရောပအထိခရီးပေါက်နေတယ်။ နောက်
ပြီးတော့ဗီယက်နမ်နယ်စပ်နားတ၀ိုက်နဲ့ဗမာယူနန်လမ်း(တရုတ်မြန်မာလမ်းမ)က နောက်ထပ်လမ်းတပေါ
ပေါက်ရှိနေတယ်။အဲဒီလိုသဘာဝတောတောင်တွေကနိုင်ငံ၏နေရာဒေသများစွာကိုကာကွယ်ပြုပေးထားတယ်။
တရုပ်နိုင်ငံ၏ အမျိုးသားဝင်ငွေများတနေရာနဲ့တနေရာခြားနားမှုများပြပုံ

ဒါပေမယ့် တကယ့် အပေါက်က မန်းချူးရီးယားက လမ်းပေါက်ဖြစ်တယ်။ မွန်ဂိုလီယားနဲ့ ရုရှားတို့ဖြင့် နယ်နိမိတ်ချင်း ထိစပ်နေသောနေရာဖြစ်တယ်။ (၁၃) ရာစုနှစ်လောက်က ဒီလမ်းပေါက်ကနေပြီး  ဂျင်းဂျစ်ခန်း၏မွန်ဂိုတပ်တွေဟာတရုပ်ပြည်ကိုအောင်မြင်စွာကျူးကျော်ဝင်ရောက်လာနိုင်ခဲ့ဒါကို တွေ့ရှိရမှာ
ဖြစ်တယ်။ဒုတိယကမ္ဘာစစ်အချိန်မှာလည်း ဂျပန်တွေက အဲဒီလမ်းပေါက်ကိုပဲ အသုံးပြုပြီး၊ တရုပ်ပြည်ကို ကျူးကျော်လာခဲ့ပြန်တယ်။တရုပ်တွေအတွက်ပြည်ပကဘယ်လိုကျူးကျော်မှုမျိုးမဆိုလာလျင်ဒီလမ်းပေါက်ကိုပဲ အဓိက အသုံးပြုပြီးတော့၊ ကျူးကျော်လာခဲ့ဒါကို သမိုင်းစဉ်တလျောက်မှာတွေ့ရှိရမှာဖြစ်တယ်။ လူဦးရေက သိပ်ကို ထူထပ်များပြားနေသောကြောင့် တရုပ်ပြည်ကို ကျူးကျော်ဖို့ကလည်း ခက်ခဲပါတယ်။ ကျူးကျော် သိမ်းပိုက်ထားဖို့ဆိုရင်တော့ပို၍တောင်ခက်ခဲနေတယ်။ပထ၀ီအနေအထားအရတရုပ်ပြည်ဟာ နေရာဒေသ၏ အလယ်ဗဟိုမှာ တည်ရှိနေတယ်။ လူဦးရေဘီလီယံလောက်ရှိနေသော ဟန်လူမျိုးတရုပ်တွေဟာ လယ်ယာစိုက်ပျိုးရေးဒေသများမှာ နေထိုင်ကြပါတယ်။ ဝေးလံပြီး ခက်ခဲစွာ သွားလာရသော ဒေသများတွင် ဥဂရက်မူဆလင်၊မွန်ဂိုနဲ့တိဘက်တန်လူမျိုးတွေနေထိုင်ကြပါတယ်။တရုပ်နိုင်ငံဟာလူမျိုးပေါင်းစုံ နေ
ထိုင်သော နိုင်ငံဖြစ်နေတယ်ဆိုဒါကို နားလည်ထားရပါမယ်
တရုပ်နိုင်ငံ၏ လူဦးရေသိပ်သည်းမှု့အနည်း အများပြပုံ
ရုပ်နိုင်ငံကိုအနောက်ပိုင်းနဲ့ အရှေ့ပိုင်းရယ်လို့ ခွဲခြားကြည့်ပါက အနောက်ဘက်မှာ ဥဂရက်မူဆလင်တွေ၊ တိဖက်တွေက အနောက်တောင်နဲ့ မွန်ဂိုတွေက အနောက်မြောက်မှာ ရှိနေပြီး၊  အရှေ့ဘက်မှာလည်း ခွဲထွက်လိုသော စိတ်သဘောထားရှိသည့် လူနည်းစုတို့ ရှိနေကြတယ်။ တရုပ်နိုင်ငံ၏ သမိုင်းစဉ်တလျှောက်လုံးမှာ အရှေ့ဘက်နဲ့ အနောက်ဘက် နယ်မြေတွေကို ထိန်းချုပ်ထားနိုင်ရေးအတွက် အမြဲတမ်း ကြိုးပမ်းအားထုတ် ရုန်းကန်နေရတယ်။ ဒီအချက်က အနာဂတ်ကာလမှာ ဆက်လက်ပြီး ရှိနေပါလိမ့်မယ်။
ထိုသို့သော အချက်များကြောင့် တရုပ်ခေါင်းဆောင်တွေက ကွန်မြူနစ်ဝါဒကို ရွေးချယ်ခဲ့ကြဒါပါ။ နိုင်ငံ၏ အရှေ့ဘက်နဲ့အနောက်ဘက်စ်ဘက်စလုံးကိုချိန်ခွင်လျှာမျှအောင်လုပ်ထားနိုင်ရန်ဖြစ်တယ်။ နောက်ပြီးအရှေ
ဘက်ကို ဆက်လက်၍ ထိန်းချုပ်ထားနိုင်ရေးအတွက်  ငွေတန်ဖိုးဘီလီယံပေါင်းများစွာကို စီးပွားရေးမှာ ရင်းနှီးမြုပ်ထားရပြီး၊ နိုင်ငံ၏ တည်ငြိမ်ကို ထိန်းသိမ်းထားနိုင်ဖို့ဖြစ်တယ်။
တရုပ်နိုင်ငံအပေါ်ရှိနေသော ဒေသဆိုင်ရာဖိအားများပြပုံ
ရင်းနှီးမြုပ်နှံမှုတွေဟာနိုင်ငံ၏လမ်းပန်းဆက်သွယ်ရေးနဲ့အခြားလိုအပ်ချက်များ၊တည်ဆောက်ရေးလုပ်ငန်း
များ၊အလုပ်အကိုင်ရေးရာများတို့မှာဖြစ်ပြီး၊တခြားကြီးမားသောရင်းနှီးမြုပ်နှံ့ထားမှုတွေကစစ်ရေးနဲ့လုံခြုံရေး အင်အားများအတွက်ဖြစ်တယ်။အဲဒါမှ၎င်းတို့၏ပိုင်နက်နယ်မြေတွေနဲ့နိုင်ငံ၏အချုပ်အချာအာဏာတို့
ကိုဆက်လက်တည်မြဲအောင်ထိန်းချုပ်ထားနိုင်ဖို့ဖစ်ပြီး၊ဒီကိစ္စကတရုပ်နိုင်ငံ၏စီးပွားရေးမှာဝန်ထုတ်ဝန်ပိုးဖြစ်
နေစေပါတယ်။
ပြည်တွင်းရေးရာကိစ္စတွေပြီးတော့၊ တခြားကိစ္စကို ဆက်ကြည့်ကြစို့။
အမေရိကန်နဲ့မတူညီဒါက တရုပ်ဟာ ပြင်ပက ဖိအားများစွာကို ရင်ဆိုင်နေရတယ်။ ဂျပန်၊ ရုရှားနဲ့ အိန္ဒိယတို့လို အင်အားရှိတဲ့နိုင်ငံတွေနဲ့ ရယ်။ ထိုနိုင်ငံများသာမက တိုင်ဝမ်၊ တောင်ကိုရီယား၊ အင်ဒိုနီးရှား၊ ပါကစ္စတန်တို့လို နိုင်ငံငယ်တွေနဲ့ရယ်၊ ထိုအပြင့် ဗီယက်နမ်တောင်ပါ လိုက်သေးတယ်။ ထိုသို့ရင်ဆိုင်နေခြင်းဖြင့် တရုပ်ဟာ မိမိပိုင်နက်မြေတွေတည်တံ့ရေးအတွက် စစ်ရေး၊ စီးပွားရေးတို့ဖြင့် အသုံးချနေရတယ်။ ဒါတွေဟာ တရုပ်၏ ပထ၀ီနိုင်ငံရေးဖြစ်တယ်။
အဲဒါတွေကြောင့်တရုပ်ဟာနောင်တက်လာမည့်မဟာအင်အားကြီးနိုင်ငံတခုမဖြစ်လာနိုင်ပါဘူး။ ဒေ
သဆိုင်ရာအတွင်းမှာသာ အင်အားတခုအနေဖြင့် ရှိနေမှာဖြစ်တယ်။ ဘာကြောင့်လည်း ဆိုတော့ အမေရိကန်အနေဖြင့်ဒသတွင်းတခြားနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်နိုင်သောအခွင့်အရေးများ ရှိနေပြီး၊ တရုပ်၏ သြဇာကြီးမားမလာနိုင်ရေးကို ထိန်းချုပ်ထားနေသောကြောင့်ဖြစ်တယ်။
တရုပ်အနေဖြင့် ကမ္ဘာစီးပွားရေးအင်အားကြီးနိုင်ငံ တခုအနေဖြင့်ဖြစ်မှာ ဖြစ်ပြီး။ တခြားသော ကုန်သွယ်ရေး အင်အားကြီး နိုင်ငံတွေလို ဖြစ်လာပါမယ်။ စစ်ရေးနဲ့ စက်မှုကုန်သွယ်ရေးတွေဟာ နိုင်ငံ၏ အုပ်ချုပ်ရေးအာဏာတည်မြဲရေးအတွက် အမြဲတမ်း လိုအပ်နေမှာဖြစ်တယ်။ နိုင်ငံ၏ အရှေ့မှာ ညီမျှမှုတွေရှိနိုင်ပေမယ့်၊ အနောက်ဖက်မှာတော့ မညီမျှမှုတွေ ဆက်ဖြစ်နေမှာပါ။ အနာဂတ်မှာ တရုပ်အနေဖြင့် မိမိပိုင်နက်နယ်မြေတွေကို ဆက်လက်ထိန်းချုပ်ထားနိုင်ရန်နဲ့ အချုပ်အခြာအာဏာ ဆက်လက်တည်မြဲနိုင်ရန် အလို့ဌာ စစ်ရေးတွင် အကြီးအမာဆုံး ရင်းနှီးမြုပ်နှံ့ရမှာဖြစ်တယ်။ ထို့ကြောင့် အရှေ့ကို တက်လှမ်းဖို့ လုပ်လိုက်တိုင်းမှာ အနောက်ကို ပြန်ပြန်ကြည့်နေရမှာဖြစ်တယ်။
                                      @@@@@@@@@@@@
ဘာသာပြန်သူ၏အမြင်နဲ့သုံးသပ်ချက်။။။။တရုပ်နိုင်ငံ၏စီးပွားရေးသည် ပြည်တွင်းကုန်ထုတ်ရေးဖြင့် ပြည်
ပပို့သို့တင်ပို့သော စီးပွားရေးဖြစ်နေ၍ တရုပ်နိုင်ငံ၏ လျှပ်စစ်၊ ဓါတ်ငွေနဲ့ လောင်စားဆီ လိုအပ်ချက်များ ကြီးထွားလာသည့် အတွက် မြန်မာနိုင်ငံ၏ မြစ်ချောင်း အင်းအိုင် တောတောင် ကမ်းခြေ ပင်လယ်တွေက သံယံဇာတများအားလုံးကို တရုပ်အစိုးရပိုင်ကုပဏီတွေက ယခင်စစ်အုပ်ချုပ်ရေး သမားတွေနဲ့ စီးပွားရေးစာချုပ်ချုပ်ဆိုပြီး၊ သွယ်ဆောင်နေကြသည်ကို မြန်မာပြည်သူတွေအားလုံးအသိဖြစ်တယ်။ တရုတ်စီးပွားရေး ကုပဏီတွေ ဒီလိုမလုပ်နိုင်အောင် တားဆီးရန်အလို့ဌာ၊ နိုင်ငံ၏အစိုးရမှာ တာဝန်ရှိနေတယ်။ ပြည်သူလူထု၏ နိုးကြားမှုက အစိုးရကို ဖိအားပေးသလိုဖြစ်နေ၍ အရေးကြီးတယ်။ တရုပ်၏စီးပွားရေးကြီးထွားမှု့သည် ကျွန်တော်တို့မြန်မာနိုင်ငံအတွက် အနုတ်လက္ခ္စဏာဖြစ်ပေါ်စေသည်ကို သက်သေအဖြစ် ဧရာဝတီမြစ်ဆုံ ဆယ် တည်ဆောက်ရေးကိစ္စတွေလိုမျိုးက သက်သေထူနေတယ်။ ဧရာဝတီအပါအ၀င်မြန်မာ့သံယံဇာတများနဲ့တိုင်းပြည်ကိုကာကွယ်စောင့်ရှောက်ရန်၊ မြန်မာနိုင်ငံသူ မြန်
မာနိုင်သား အားလုံး၏ မွေးရာပါ တာဝန်တရပ်ဖြစ်တယ်။
                                           @@@သုတေသနပြုအဇာဘိုင်ဂျန်ကျောင်းသားလူငယ်တစ်စု၏လ့လာသုံးသပ်ချက်များကိုမြန်မာလို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်@@@

အိန္ဒိယမှာ ဒေါ်အောင်ဆန်းစုကြည်ပြောသော နိုင်ငံတော် သမ္မတ အကြောင်း..

မြန်မာနိုင်ငံ၏အဓိကအတိုက်အခံပါတီဖြစ်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
ကအိန္ဒိယတင်းစာThe Hindu နှင့်အောက်တိုဘာလ ၃၁ ရက် တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့်စစ်တပ်သည်သီးခြားစီသာဖြစ်ကြောင်းပြောကြားခဲ့သည်။''အမှန်ကတော့ သမ္မတက စစ်တပ်နဲ့ အတော့်ကို သီးခြားပါ။ စစ်တပ်ကစစ်တပ်ပါ။အုပ်ချုပ်ရေးက အုပ်ချုပ်ရေးပါ။ ကျွန်မ ဆိုချင်တာ  ကတော့ဖွဲ့  စည်းပုံအခြေခံဥပဒေကဒီမိုကရက်တစ်ကျဖိုအနိုင်နိုင်ဆိုတာပါပဲ။ဒါကြောင့်လည်းစစ်တပ်ကပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်နောက်မှာအပြည့်အ၀ ရှိနေတယ်ဆိုတာကို ကျွန်မတို့ မသိမချင်း ဘာလို့လဲဆိုတော့ သမ္မတကစစ်တပ်ကိုလုံးဝကိုယ်စားမပြုတဲ့အတွက်ကြောင့်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ နောက်ပြန်မ
သွားဘူးလို့ကျွန်မတို့မပြောနိုင်ပါဘူး''ဟုဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။ပြုပြင်ပြောင်းလဲရေးလုပ်  ငန်းစဉ်သည်နောက်ကြောင်းမပြန်နိုင်ဘူးဆိုသည်ကိုယုံကြည်လက်ခံရန်မည်သည့်အရာသည် စမ်းသပ်မှုဖြစ် မလဲဆိုသည့်မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒီမိုကရက်တစ်မ ကျသည့် ပုဒ်မများကိုပြင်ဆင်ရန်အတွက်စဉ်းစားရန်၎င်းတို့၏အသင့်ရှိမှုသည်စမ်းသပ်မှုဖြစ်လိမ့်မည်ဟုမိမိထင်ကြောင်း
ဖြေကြားခဲ့သည်။ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင်သမ္မတဦးသိန်းစိန်၏အခန်းကဏ္ဍနှင့်စပ်လျဉ်း၍မည်မျှအ
မှတ်ပေးလိုသလဲဆိုသည့်မေးခွန်းအပေါ်ဒေါ်အောင်ဆန်းစုကြည်က''သူ့ကိုတော့အမှတ်ပေးရမယ်လိုကျွန်မထင်
ပါတယ်။ဒါပေမယ်လို့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဖြစ်ပေါ်လာတာကတော့သူတစ်ဦးတည်းကြောင့်လို့တော့ ကျွန်မမထင်ပါဘူး''ဟုပြောကြားခဲ့သည်။ထို့ပြင်ဒေါ်အောင်ဆန်းစုကြည်က၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ
သည်စစ်တပ်ကိုအာဏာအလွန်အကျွံပေးထားကြောင်းစစ်တပ်ကလိုအပ်သည်ဟု၎င်းတို့ထင်ပါကအစိုးရထံမှ
အာဏာများကိုသိမ်းယူနိုင်ကြောင်း၊အမျိုးသားအဆင့်နှင့်ပြည်နယ်အဆင့်ရှိလွှတ်တော်များ၏၂၅ရာခိုင်နှုန်းကို
 ရွေးကောက်တင်မြှောက်ထားခြင်းမဟုတ်သည့်စစ်တပ်ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားကြောင်း၊ပြည်နယ်
နှင့်တိုင်းဒေသကြီးအစိုးရများသည်အမှန်တကယ်အာဏာမရှိကြောင်း၊ဗဟိုချုပ်ကိုင်သည့်စနစ်ပဲရှိသေးကြောင်း
၊ယင်းကဲ့သို့ဗဟိုချုပ်ကိုင်သည့်စနစ်သည်ဒီမိုကရက်တစ်တန်ဖိုးများကိုအထောက်အကူပြုမည်မဟုတ်ကြောင်း၊
ယင်းထက်ပိုအရေးကြီးသည်မှာလူမျိုးစုသဟဇာတဖြစ်မှုကိုအားပေးမည်မဟုတ်ကြောင်းအိန္ဒိယတင်းစာThe
Hinduနှင့်တွ့ဆုံမေးမြန်းခန်းတွင်ပြောကြားခဲ့သည်။ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများတောင့်တင်းခိုင်
မာစေရေးကိုလည်းအိန္ဒိယအစိုးရအနေဖြင့်အာရုံစိုက်စေလိုကြောင်း၊ မြန်မာနိုင်ငံသည်များပြားလှသည့်လူမျိုး
စုများနှင့်ပါဝင်သည့် ပြည်ထောင်စုတစ်ခုဖြစ်ကြောင်း၊ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့်ပြည်ထောင်စုတစ်ခုအ
နေဖြင့်အားလုံးပိုမိုနီးကပ်လာစေရေးကိုအာရုံစိုက်စေလိုကြောင်း၊တစ်ချိန်တည်းမှာပင်ဖွံ့ဖြိုးတိုး တက်မှုသည် ဒီမိုကရေစီအတွက်အစားထိုးရန်မဟုတ်ဆိုသည်ကိုလုံးဝသတိမူရန်လိုကြောင်း၊ကျွန်မတို့လူမျိုးစုများ၏ရည်မှန်း
ချက်သည်ဖွံ့ဖြိုးတိုးတက်မှုမျှသာမဟုတ်ဘဲယင်းထက် ကျော်လွန်ကြောင်းဒေါ်အောင်ဆန်းစုကြည်ကပြောကြား
ခဲ့သည်။အိန္ဒိယနိုင်ငံခရီးစဉ်မှနိုင်ငံရေးအရမျှော်မှန်းထားမှုမှာနှစ်နိုင်ငံပြည်သူများကြားပိုမိုရင်းနှီးသည့်ဆက်ဆံ
ရေးကိုထူထောင်လိုခြင်းဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည်သည်အိန္ဒိယနိုင်ငံသို့နိုဝင်ဘာလ၁၂ရက်ညပိုင်းကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ
ထိုင်းလေကြောင်းဖြင့်ထွက်ခွာသွားပြီးနိုဝင်ဘာလ၁၃ရက်နေ့မွန်းလွဲပိုင်းတွင်ထိုင်းနိုင်ငံမှတစ်ဆင့်အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။တစ်ပတ်ခန့်ကြာမြင့်မည့်ဒေါ်အောင်ဆန်းစုကြည်၏အိန္ဒိယနို
နိုင်ငံခရီးစဉ်အတွင်းအိန္ဒိယ၀န်ကြီးချုပ်မန်မိုဟန်ဆင်း၊လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး နေရူးအထိမ်း
အမှတ်ဟောပြောပွဲသို့တက်ရောက်ဟောပြောမည်ဖြစ်သည်။

Monday, November 12, 2012

ရွန်နီ ဂိုး(၂၀)အထက် သွင်းမည်ဟု ဖာဂူဆန် ယုံကြည်

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ဝိန်းရွန်နီသည် အသင်းအတွက် ယခုရာသီ ဂိုး(၂၀)မျှ သွင်းပေးနိုင်မည်ဟု ထောက်ခံ ပြောကြားလိုက်သည်။
ရွန်နီသည် တိုက်စစ်တွင် ရော်ဘင် ဗန်ပါစီ၏ ခြေစွမ်းပြမှု အရိပ် ထိုးခြင်းကို ခံနေရသလို ယခုရာသီတွင် တိုက်စစ်နေရာထက် ကွင်းလယ်ကို အားပြုသော Playmaker ပုံစံမျိုး ပိုမို အားပြု ကစားလာခဲ့သည်။ ထိုအနေအထားတွင် ရွန်နီ၏ ဂိုးသွင်းနှုန်း ကျဆင်း သွားမည်ဟု ခန့်မှန်းမှုများ ရှိနေသော်လည်း ဖာဂူဆန်ကမူ အင်္ဂလန် လက်ရွေးစင် တိုက်စစ်သမားသည် မန်ယူအတွက် ဂိုး(၂၀) သွင်းပေးမည်ဟု ခိုင်ခိုင်မာမာ ပြောဆိုသွားသည်။ ရွန်နီသည် ယခုရာသီ တတိယမြောက် သွင်းဂိုးကို စပို့တင်း ဘရာဂါနှင့် ချန်ပီယံလိဂ် ပွဲစဉ်၌ ပင်နယ်တီမှ တစ်ဆင့် ရရှိခဲ့သည်။ထိုအတော အတွင်း ဗန်ပါစီက မန်ယူအတွက် (၁၁)ဂိုး၊ဟာဗီးယားဟာနန်ဒက်ဇ်က(၆)ဂိုးစီသွင်းယူပေးထားပြီးဖြစ်သည်။ဖာဂူဆန်က"ရွန်နီဟာဂိုး (၂၀)နဲ့အ
ထက်သွင်းပေးမှာပါ။ဒါကိုကျွန်တော်သေချာပေါက်ပြောရဲတယ်"ဟုဆိုသည်။"ကျွန်တော်တို့ရဲ့တိုက်စစ်ပိုင်းမှာ အားကောင်းမောင်းသန်ပေါင်းစပ်မှုမျိုးရှိနေတာပါ။ဗန်ပါစီကအတွေ့အကြုံရင့်ကစားသမား တစ်ယောက်ဖြစ် ပါတယ်။သူနဲ့တွဲကစားနေတာဟာရွန်နီအတွက်ဂိုးသွင်းခွင့်တွေပိုပြီးဖြစ်ပေါ်စေပါတယ်"ဟုလည်း ဖာဂူဆန်က မှတ်ချက်ပြုခဲ့သည်။
၎င်းက "လက်ရှိ အသင်းတိုက်စစ်မှာ ဗန်ပါစီက (၁၁)ဂိုးနဲ့ ဟာနန်ဒက်ဇ်က (၆)ဂိုး သွင်းပေးထားပါတယ်။ ဒါဟာ ဟာနန်ဒက်ဇ်ရဲ့ ပုံစံကောင်း ပြန်ရလာတာပါ။ တစ်ဖက်က ကြည့်ရင် နွေရာသီမှာ အပြည့်အဝ အနား ရခဲ့တာကသူ့ရဲ့ခြေစွမ်းပြန်တက်လာဖို့အထောက်အကူဖြစ်ခဲ့တယ်ထင်ပါတယ်"ဟုလည်း ပြောဆိုသွားသည်။

ကုလား လည်း ဟာသ ပြောတတ်တယ်ဗျ...

 အခုရခိုင်မှာလ၀ကကနေပြီးသန်းခေါင်စာရင်းလိုက်ကောက်ကုလားရွာတွေရောက်တောသူတို့ကို လ၀က က ဘင်္ဂလီဆိုပြီးရေးတယ် ။ အဲဒါကို ကုလားတွေက လက်မခံဘူး ရိုဟင်ဂျာ လို့ ထည့်ခိုင်းတယ် ။ မရတော့ကုလားတစ်ရွာလုံးဆန္ဒပြတယ်။အဲဒါဆိုရင်ရိုဟင်ဂျာဖြစ်ကြောင်းသမိုင်းအထောက်အထားနဲ့ပြပါဆို
တောတော်တော်ခိုင်လုံတဲ့အထောက်အထား ပြနိုင်တယ်ဗျ။ဘာလဲဆိုတော့သူတို့အဖိုးမသေခင်ကပြောသွား
တယ်တဲ့တို့ကရိုဟင်ဂျာတဲ့။ဒေါက်တာသန်းထွန်းတောင် သူတို့နဲ့တွေ့ရင်စိတ်လေသွားမယ်ထင်တယ်...။

ကဲ ကြင်ယာရှာနေပြီ... အပျိုကြီးများ စိတ်ဝင်စားလျှင် ဆက်သွယ်ပါ

ရှားရှားပါးပါးရောဂါတစ်မျိုးကြောင့်ခေါင်း၊ခြေ၊လက်များကြီးကာရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့်လူငယ်တစ်ဦး
သည်သူ၏ကြင်ဖက်ကိုရှာဖွေလိုကြောင်း DMသတင်းဌာန၌ မေလ ၃၀ ရက်နေ့တွင် ဖော်ပြသည်။စိန်းမန်  တက်ဇ်(၂၂နှစ်)သည်ProteusSyndromeဟုခေါ်သောရှားရှားပါးပါးရာဂါတစ်မျိုးကြောင့်သူ၏ခန္ဓာကိုယ်  အ
စိတ်အပိုင်းများသည်နေရာကွက်၍အဆက်မပြတ်ကြီးထွားလာနေသည်။သူသည်ပါကစ္စတန်နိုင်ငံလာဟိုးမြို
့ဆင်ခြေဖုံးနေထိုင်ပြီးယခုအခါဟိုဟိုသည်သည်သွားလာဖို့ပင်ခက်ခဲ၍လာသည်ဟုဆိုသည်။သူသည် ကလေး ဘ၀မှစတင်၍ယင်းရောဂါကိုခံစားရခြင်းဖြစ်သည်။ဘ၀၌နေထိုင်ရခက်ခဲ၍လာသော်လည်းမိတ်ဆွေ များနှင့် မိသားစု၏ အားပေးထောက်ပံ့မှုကြောင့်သူသည် ဘ၀ကို ရဲဝံ့စွာ ဖက်တွယ်ထားနိုင်ခဲ့သည်။စိန်းနှင့် သူ၏မိသားစုသည်သူ့အတွက်ကြင်ဖက်ရရှိစေရန်အတွက် ဆေးကုသမှုတစ်ရပ်ကို မျှော်လင့်   လျက်ရှိသည်။
သူ၏ဖခင်ဖြစ်သူဝါဇာအလီကသူ၏သားသည်တစ်နေ့၌ရောဂါပျောက်ကင်းကာ ဆိုက်ကားလုပ်ငန်း တစ်ခုကို ထူထောင်လျက် ဇနီးတစ်ယောက်ကို ရှာဖွေနိုင် လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

မြန်မာ စစ်ဗိုလ်များ အနေ နဲ့  အတု ယူ စရာ

သမ္မတ က နေ ရွေးချယ် ပြီး လွှတ်တော် က အတည် ပြု ရင် ရာထူး တာဝန်ထမ်း ဆောင် ခွင့် ရှိ တဲ့ ဗဟို ထောက်လှမ်း ရေး ညွှန်ကြား ရေး မှုးဟာ သူ့ ရဲ့  အိမ်ထောင်ဖက် နဲ့  ပေါင်းသင်း နေစဉ် အတွင်း မှာ တစ်ယောက်ထက်အချစ်ပိုမိခဲ့လိုသူဟာဆက်လက် တာဝန်ထမ်းဆောင်ဖို့ မသင့် တော် တော့ ကြောင်း သူ့  ရဲ့  နှုတ် ထွက် စာ ကို ဒီနေ့  သမ္မတ ဆီ တင် သွင်း ခဲ့ ပါတယ်။သူ့ ရဲ့  ကိုယ်ရေး ကိုယ်တာ ဖြစ်ပေမယ့် သိက္ခာရှိ စွာ နှုတ်ထွက် ခြင်းဟာမြန်မာစစ်တပ် က အရာ ရှိ တွေ အနေ နဲ့  အတု ယူ သင့်ပါတယ်။